>a Burmese motorbike driver dies in Malaysia

>

ဆိုင်ကယ်မောင်းသူ မြန်မာတဦး မလေးရှားတွင် သေဆုံး
Bernama သတင်းဌာန
ဒီဇင်ဘာ ၂၇၊ ၂၀၁၀


ယမန်နေ့က Ipoh-Taiping လမ်းမပေါ်ရှိ အလှဆင်ပန်းအိုးများကို ဆိုင်ကယ်တစီး ၀င်ရောက် တိုက်မိပြီး ဆိုင်ကယ် မောင်းနှင်သူ မြန်မာတဦး သေဆုံးသွားသည်။

ရဲအရာရှိ Supt Wan Abdullah Ishak ၏ အဆိုအရ သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ် ဒိုးလေး ဆိုသူ ဖြစ်သည်ဟု သိရသည်။ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရပြီး Kuala Kangsar ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသည်။

မတော်တဆမှုသည် ည ၉း၂၅ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း၊ Jalan Kuala Kangsar အရပ်ရှိ ဘိလပ်မြေ စက်ရုံမှ အလုပ်သိမ်းပြီး Padang Rengas ရှိ နေအိမ်သို့ အပြန်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူက တောင်ကုန်းအဆင်းမှာ ဆိုင်ကယ်ကို မထိန်းနိုင်ဘဲ အိုးတွေကို တိုက်မိတာပါ” ဟု ရဲအရာရှိက ပြောသည်။