>Thet Khaing

>

သက်ခိုင် လာပြီ
မင်းဒင်

နိုဝင်ဘာ ၁၈၊ ၂၀၁၀စာဖတ်သူများသို့ လေးစားစွာ သတင်းစကား ပါးအပ်ပါသည်။


ကျနော် ၂ နှစ်ကျော်မျှ ကြာအောင် ကြိုးကြားအားထုတ်မှုဖြင့် ရေးသားခဲ့သော မင်းဒင်ရဲ့သက်ခိုင် ဇာတ်လမ်းကို ပုံနှိပ်စာအုပ်အဖြစ် လာမည့် ဒီဇင်ဘာလဆန်းတွင် ထုတ်ဝေတော့မည် ဖြစ်ပါသည်။ အဆိုပါ စာအုပ်၌ www.mindin.info တွင် ဖော်ပြထားပြီးဖြစ်သည့် အခန်း ပေါင်း (၈၈)ခန်းအပါအဝင်၊ ဇာတ်သိမ်းခန်း အတွဲ(၄) အဖြစ် ကျန် ၁၃ ခန်း ကိုပါ ထည့်သွင်း ဖော်ပြထားပါသည်။