>Baggio Wins Special Award for his longtime efforts in charities, including pressing for the freedom of Daw Suu

>

ဒေါ်စု လွတ်မြောက်ရေး ကြိုးပမ်းသူ ဘောလုံးချန်ပီယံ ဘက်ဂီယို ဂုဏ်ပြုခံရ
မိုးမခအထောက်တော် အမှတ် ၀၀၈
နိုဝင်ဘာ ၁၀၊ ၂၀၁၀
ဒေါက်တာစိန်ဝင်း နှင့် တွေ့ရသော အီတလီ ဂန္ထ၀င် ကစားသမား ဘက်ဂီယို


နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ စုပေါင်း ပေးအပ်သည့် ယခုနှစ်အတွက် အထူးဂုဏ်ပြုဆုကို အီတလီ တိုက်စစ်မှူးဟောင်း ရောဘတ်တို ဘက်ဂီယို ရရှိသွားသည်။

ထိုသို့ ရွေးချယ်လိုက်ခြင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမှု အပါအ၀င် နှစ်ပေါင်းများစွာ စေတနာ့ဝန်ထမ်း လှုပ်ရှား ဆောင်ရွက်မှုများကြောင့် ဖြစ်သည်ဟု ကမ္ဘာ့နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ ညီလာခံဆိုင်ရာ ရုံးက အင်္ဂါနေ့တွင် ကြေညာသည်။

အီတလီ၏ အကောင်းဆုံး ဘောလုံးသမား ဘတ်ဂီယိုသည် ဆေးရုံများ ရန်ပုံငွေ ရရေး၊ ဟေတီ ငလျှင်ဒဏ် ခံရသူများကို ကူညီရေး၊ ငှက်တုပ်ကွေး ကုသရေး တို့အတွက်လည်း လှုပ်ရှားခဲ့သူ ဖြစ်သည်။

ယခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ ညီလာခံကို သောကြာနေ့တွင် ဟီယိုရှီးမားမြိုတွင် ပြုလုပ်ရန် စီစဉ်နေသည်။ ထိုမြို့သည် အမေရိကန်က ဒုတိယကမ္ဘာစစ် အဆုံးသတ်ရန် အနုမြူဗုံး ကြဲချသဖြင့် လူ ၁၄၀ ၀၀၀ ၀န်းကျင် သေဆုံးခဲ့ရသည့်မြို့ ဖြစ်သည်။ ယခင်နှစ် ညီလာခံများကို ဥရောပတွင် ကျင်းပသည်။

ဘက်ဂီယိုက မြန်မာပြည်အကြောင်းကို ရေးသားကာ နာဂစ်မုန်တိုင်းတိုက်ပြီး ၃ ပတ်အကြာ သူ၏ အင်တာနက် စာမျက်နှာတွင် တင်လိုက်ရာ စာဖတ်သူတို့၏ မှတ်ချက်ပေါင်း ၂၄၀၀ ကျော် ရရှိသည်ကို တွေ့ရသည်။

http://www.robertobaggio.com/en/2008/05/roberto_baggio_on_burma.html


၂၀၀၈ တွင် အီတလီနိုင်ငံ ရောမမြို့တော်က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးသော ဆုကို ဘက်ဂီယိုက ကိုယ်စား တက်ရောက် လက်ခံခဲ့သည်။

နောက်ပိုင်းတွင် ထိုဆုကို ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင် ဒေါက်တာစိန်ဝင်းသို့ လွဲအပ်ခဲ့သည်။