>AI USA host vigil for DASSK & Burma Freedom in San Francisco

>

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး ဆုတောင်းပွဲ ဆန်ဖရန်မြို့တော်ခန်းမရှေ့မှာ ကျင်းပ
မိုးမခဓာတ်ပုံသတင်း
နိုဝင်ဘာ ၆၊ ၂၀၁၀
ယမန်နေ့က အေအိုင် (နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး – အမေရိကန်အဖွဲ့ခွဲ) ရဲ့ နှစ်ပတ်လည်ညီလာခံ ရက်သတ္တပတ်အဖြစ် နိုဝင်ဘာ ၆၊ ၇ – ၂၀၁၀ ကို ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပဖို့ အကြိုအဖြစ် မြန်မာပြည်နဲ့ အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်တို့ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး ဆုတောင်းချီတက်ဆန္ဒ̔ပြပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။
ယူစီဟေးစတင်း ဥပဒေကောလိပ်ကျောင်းကနေ မြို့တော်ခန်းမအထိ လူအင်အား ၃၀၀ လောက်က ချီတက်ပြီး အခမ်းအနား ပြုလုပ်ပါတယ်။ အမေရိကန်ကျောင်းသားတွေ ပြည်နယ်အသီးသီးက လာရောက်ကြတဲ့ ညီလာခံအကြိုလှုပ်ရှားမှုမှာ မြန်မာအင်အား ၅၀ ခန့်က ပူးပေါင်း ကြတာကို တွေ့ရပါတယ်။
ကြေညာထားတဲ့အတိုင်း မြို့ခံ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ မယယ်စမင်ဗင်ယ၊ ကိုမောင်မောင်လတ်၊ ကိုတိုးလွင်နဲ့ ကိုညွန့်သန်းတို့က အမှတ်တရ စကားတွေ ပြောကြပါတယ်။ အေအိုင်ရဲ့ မြန်မာပြည်ဆိုင်ရာ မှတ်တမ်း ရုပ်သံတွေကို ပရိုဂျက်တာထိုးပြီး ပြသခဲ့ပါတယ်။ မြန်မာဆယ်ကျော်သက် မိန်းကလေး ၂ ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာကို ရွတ်ဆိုပါတယ်။ မြန်မာ့စောင်းပညာရှင် အဆိုတော် မဆုဝေက တေးဂီတနဲ့ ဖြော်ဖြေပါတယ်။