>Abhisit visits Shwe Dagon

>

ထိုင်းခေါင်းဆောင် အဖိဆစ် ရွှေတိဂုံကျောက်စိမ်းဆင်းတု ဖူးမျှော်
ဓာတ်ပုံသတင်း
အောက်တိုဘာ ၁၂၊ ၂၀၁၀ယမန်နေ့က မြန်မာပြည်သို့ သွားရောက် လည်ပတ်သော ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ရွှေတိဂုံရှိ ကျောက်စိမ်းဆင်းတုရှေ့တွင် ရောက်ရှိစဉ် AP သတင်းဌာနက မှတ်တမ်းတင်ထားသည်။ နိုင်ငံတကာမှ ခေါင်းဆောင်များ မြန်မာပြည်သို့ အလည် ရောက်တိုင်း ဗိုလ်ချုပ်ကြီးတို့က ထိုဆင်းတုရှေ့သို့ အရောက် ပို့တတ်သည်။ ထိုဆင်းတု၏ မျက်နှာတော်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မျက်နှာနှင့် ဆင်တူစေရန် ရည်ရွယ်ချက်ရှိရှိ ထုလုပ်ထားသည်ဟု လူအများအပြားက ယုံကြည်နေကြသည်။