>
ပြည်သူ့ဂုဏ်ရည် ပြန်ကြားရေး
အောက်တိုဘာ ၇၊ ၂၀၁၀
မိတ်ဆွေများအားလုံးကို အခုလို ဖိတ်ကြားလိုက်ပါတယ်။
ဂီတဆည်းဆာညချမ်းနှင့် ရသာစုံ မြန်မာ့အစားအစာများကို ရောင်းချ၍ ရရှိသည့် ရန်ပုံငွေများကို မြန်မာပြည်တွင်း လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ဆောင်နေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသို့ အမေရိကန်နိုင်ငံ အခြားမြို့များရှိ ပြည်သူ့ဂုဏ်ရည် အသင်းများနှင့် ပူးပေါင်း၍ ထောက်ပံ့ကူညီရန် ကျင်းပသောပွဲဖြစ်သည်။
ဤပျော်ပွဲရွှင်ပွဲတွင် ရသာစုံမြန်မာအစားအစာများကို ဝယ်ယူအားပေးနိုင်ရုံမက စိတ်ပါဝင်စားသူ အဆိုဝါသနာရှင်များအတွက်လည်း မြန်မာကာရာအိုကေ သီချင်းအပုဒ်ရေ တစ်သောင်းကျော်ထဲမှ နှစ်သက်ရာကို အခမဲ့ ရွေးချယ်သီဆိုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာမိသားစုများအားလုံး တက်ရောက်ပါဝင် အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
သန့်ရှင်းလတ်ဆတ်သော အောက်ပါမြန်မာအစားအစာများကို အားပေးဝယ်ယူသုံးဆောင်နိုင်ပါသည်။
ခေါက်ဆွဲသုပ်၊ လက်ဖက်ရည်၊ မုန့်ဟင်းခါး၊ ကြာဇံကြော်၊ ဖာလူဒါ၊ ဆာတေး (ကြက်၊ ဝက်)၊
ပြည်သူ့ဂုဏ်ရည် အမှတ်တရ တီရှပ်များကိုလည်း ရောင်းချပေးသွားပါမည်။
နေ့ရက် ။ ။ အောက်တိုဘာလ (၃ဝ) ရက် (စနေနေ့)
အချိန် ။ ။ ညနေ ၅ နာရီမှ ၁၂ နာရီအထိ
နေရာ ။ ။ 3925 Sauceda Lane, Las Vegas, NV 89103
ဝင်ကြေး ။ ။ $၁ဝ (လူကြီး)၊ အခမဲ့ (ကလေး) (ငွေလက်ငင်း ချေရန်)
အသေးစိတ် အချက်အလက်များအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (702) 308-0667, (702) 273-8715
သည်နေရာမှာ ဖိတ်ကြားလွှာကို ရယူပါ။ သည်နေရာမှာ ဗေးဂတ်စ်မိသားစု လက်ကမ်းစာစောင်ကို ရယူပါ။
