>
ကျော်ထိုက်အောင် ခေါ် မလေးရှားရောက် မြန်မာတဦး ရန်ပွဲတွင် သေဆုံး
BERNAMA သတင်းဌာန
စက်တင်ဘာ ၁၄၊ ၂၀၁၀
BERNAMA သတင်းဌာန
စက်တင်ဘာ ၁၄၊ ၂၀၁၀
Balakong အရပ်ရှိ စက်ရုံတခုတွင် ပါကစ္စတန် နိုင်ငံသားတယောက်နှင့် ရန်ဖြစ်ပြီး မြန်မာပြည်သား တဦး ယနေ့ သေဆုံးသွားသည်။
ရန်ပွဲသည် နံနက် ၃ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း Serdang ဒေသ ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ DSP Lam Chien Fei က ပြောသည်။ အသက် ၂၁ နှစ်အရွယ် လုံခြုံရေး ၀န်ထမ်း ကျော်ထိုက်အောင်က စက်ရုံမှ ၀န်ထမ်းတဦးကို ဘုရားရှိခိုး အနားယူချိန် ကြာလွန်းသည်ဟု ပြောကြားရာမှ ရန်ပွဲ အစပြုခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီ၂ယောက် ရန်ဖြစ်တယ်၊ ကျော်ထိုက်အောင်က သံချောင်းနဲ့ အရိုက်ခံရတယ်။ နေရာမှာတင် သေသွားတယ်” ဟု ရဲအရာရှိက BERNAMA သတင်းဌာနကို ပြောသည်။
လူသတ်မှု ကျူးလွန်သည်ဟု သံသယ ဖြစ်ခံရသူသည် အသက် ၂၄ နှစ် ရှိပြီ ဖြစ်သည်။ စက်ရုံလုံခြုံရေး တာဝန်ရှိသူများက သူ့ကို ဖမ်းပြီး ရဲလက်သို့ အပ်လိုက်ခြင်း ဖြစ်သည်။
သူ့ကို လူသတ်မှုဖြင့် စစ်ဆေးနေသည်ဟု ရဲအရာရှိက ပြောသည်။