>Friends of Citizen of Burma formed local chapters in Buffalo, NYC and SF Bay while LA chapter to host Fund Raising

>

ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘတ်ဖဲလိုး၊ နယူးယောက် နှင့် ဆန်ဖရန်ဘေးဧရိယာတို့တွင် မြို့နယ်အလိုက် လုပ်အားပေးအဖွဲ့များ ဖွဲ့စည်း၊ အယ်လ်အေက စက်တင်ဘာ ၂၅ မှာ ရန်ပုံငွေပွဲတော် ကျင်းပမည်
မိုးမခအထောက်တော် ၀၀၂နဲ့ ပြည်သူ့ဂုဏ်ရည်ပြန်ကြားရေး
စက်တင်ဘာ ၁၄၊ ၂၀၁၀
၂၀၁၁ ခုနှစ် မေလ ပတ်ဝန်းကျင်တွင် မြန်မာပြည်တွင်းရှိ စေတနာဝန်ထမ်း လူမှုလုပ်ငန်းစွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်မည့် အစီအစဉ်နှင့် အခမ်းအနားကို ပြည်သူဂုဏ်ရည် လုပ်အားပေးများ၊ စေတနာရှင်များ၊ မိတ်ဆွေများ စုပေါင်းပြီး ကျင်းပကြမည် ဖြစ်သည်။
၂၀၁၀ ခုနှစ်အတွင်း အမေရိကန်ပြည်တ၀ှမ်းရှိ မြန်မာပြည်သားများအတွင်း ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်ပြီး အားလုံး၏ ၀ိုင်းဝန်းကူညီပံ့ပိုးမှုများ ရရှိစေရန် မြို့နယ်အလိုက် စည်းရုးံမှုများ၊ မြန်မာ့ လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင် လှုပ်ရှားပြီး ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။
ယခင်လများအတွင်း ဘတ်ဖဲလိုးမြို့နယ်၊ နယူးယောက်မြို့နယ် နှင့် ဆန်ဖရန်ဘေးဧရိယာမြို့နယ်များတွင် မြို့နယ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းခဲ့ကြရာ စည်းရုံးရေး၊ ပြန်ကြားရေး၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် စာရင်းစစ်နှင့် စည်းကမ်းထိန်းသိမ်းရေး စသည့် ကော်မီတီ ၄ ရပ်ကို အခြေခံပြီး ဖွဲ့စည်းခဲ့ကြသည်ကို တွေ့ရသည်။ သည်နေရာမှာ အဖွဲ့အင်အားများကို တွေ့နိုင်ပါသည်။
အယ်လ်အေ မြို့နယ်ကလည်း ၎င်းတို့ ကော်မီတီအင်အားစာရင်းကို မကြာမီ ထုတ်ပြန်မည် ဖြစ်ပြီး ယခုလာမည့် စက်တင်ဘာ ၂၅ နေ့တွင် ပြည်သူ့ဂုဏ်ရည် ရန်ပုံငွေ လှုပ်ရှားမှုအဖြစ် “ဆိုကြမယ်၊ လှူကြမယ်” ဆိုသည့် ဂီတဆည်းဆာနှင့် ရသာစုံပွဲတော်တခုကို ဖိတ်ခေါ်ထားသည်။ သည်နေရာမှာ ကြော်ငြာ ထားပါသည်။
နယူးယောက်မြို့နယ်က လက်ရှိလုပ်အားပေးများ၊ စေတနာရှင်များနှင့် လစဉ် ငါးဒေါ်လာ ရန်ပုံငွေ လှုပ်ရှားမှုကို လှုံဆော်လျက်ရှိပြီး ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ခြင်းနှင့် အခမ်းအနားကျင်းပနိုင်ရန်အတွက် ရန်ပုံငွေများ စတင် စုဆောင်းလျက် ရှိသည်။ ဒီနေရာမှာ သူတို့ ဖိတ်ခေါ်စာကို ကြည့်နိုင်ပြီ။
ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြို့နယ် လုပ်အားပေးများ၊ စေတနာရှင်များက လက်ရှိတွင် မြို့နယ်တွင်းရှိ ဘာသာရေး၊ လူမှုရေး အလှူပွဲများတွင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ အများပြည်သူတို့ သိရှိလာအောင် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။