>
လမ်းပြကြယ် ရုပ်သံမှတ်တမ်း
စက်တင်ဘာ ၆၊ ၂၀၁၀
ပဲခူးမြို့မှာ လူငယ်နှစ်ယောက် စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လို့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ တမြန်မနေ့က စနေနေ့ညမှာ မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော် အပါအဝင် လူငယ်တချို့နဲ့ အရက်အမူးလွန်နေတဲ့ စစ်ဘက် အရာရှိတဦးနဲ့ ရိုးရိုးစစ်သား တဦးတို့ သာမန်ခိုက်ရန်ဖြစ်ပွားခဲ့ရာက စပြီင်္း ထိုလူငယ် ၂ ဦးကို စစ်တပ်က ရပ်ကွက်တွင်းအထိ လိုက်လံရှာဖွေပြီး သေနတ်နဲ့ ပစ်သတ်သွားပါတယ်။ ရ့ပ်ကွက်နေ ပြည်သူတွေကိုလည်း ခြိမ်းခြောက် ရန်စသွားတာတွေ ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။ အဲသည် အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံမှတ်တမ်းကို လမ်းပြကြယ်ကတဆင့် မိုးမခ က တင်ဆက်ထားပါတယ်။