>Aung Way – Myint San Aung

>

သားကြီး မြင့်ဆန်းအောင်
အောင်ဝေး
ဇွန် ၂၉၊ ၂၀၁၀
မြင့်ဆန်းအောင်တို့ အမေ
တက္ကသိုလ်ရိပ်သာလမ်းမှာနေတယ်။

မြင့်ဆန်းအောင်တို့ အမေ
ဧရာဝတီကို ချစ်
ဒေါင်းကို ချစ်တယ်။

တခုသော နွေဦး
မုန်တိုင်း ခူးလို
မြင့်ဆန်းအောင်တို့ အမေ
မျက်ရည်ပန်းတပွင့်ကြွေဖူးတယ်။

သားကြီးမြင့်ဆန်းအောင်
သိမ်းမြစ်ကမ်းက
သူ့ အဖေအုတ်ဂူမှာ
သူ့ အမေကိုယ်စား
လွမ်းသူ့ ပန်းခွေချခဲ့တယ်လေ။        

(To Alexander)
အောင်ဝေး – ဇွန် ၂၇၊ ၂၀၁၀