>U Aye Myint (Guiding Star) talked about Child Soldier – Abduction

>

၂၃ ဦးမြောက် ကလေးစစ်သား မောင်ပြည့်ဖြိုးအောင် အကြောင်း ဦးအေးမြင့် နှင့် မိဘများ ကိုယ်တိုင်ပြော
သတင်းရင်းမြစ် – ဦးအေးမြင့်၊ လမ်းပြကြယ်
ဇွန် ၁၈၊ ၂၀၁၀
မြန်မာပြည်ရှိ ကျေးလက်နှင့် နယ်ပိုင်းတွင် နေထိုင်ကြသော မိဘများက မိမိသားငယ်များ အသက် ၁၃ မှ ၂၀ အတွင်း စစ်တပ်က ပြန်ပေးဆွဲပြီး စစ်တပ်တွင်း သွတ်သွင်းခြင်း မခံရအောင်၊ ကလေးစစ်သားအဖြစ်မှ ကာကွယ်ရန်အတွက် ကလေးသူငယ်များ ကျောင်းသွား ကျောင်းပြန် ဓါးထမ်းပြီး လိုက်ပါ စောင့်ရှောက်ကြရန် လိုအပ်နေပြီ ဟု ထုတ်ဖော် ပြောဆိုလိုက်သည်။
          ၂၀၁၀ ခုနှစ်အတွင်း ၂၃ ဦးမြောက် ကလေးစစ်သား မောင်ပြည့်ဖြိုးအောင်ကို နယ်မြေခံ စစ်သားတဦးက ငွေကြေးဖြင့် စစ်သားစုဆောင်းရေးသို့ ရောင်းချခဲ့ကြောင်း၊ မိဘများက လိုက်လံ ရွေးထုတ်ရန် ကြိုးစားရာတွင် အမှန်ကို မပြောဘဲ လိမ်ညာခဲ့ကြောင်း၊ အတားအဆီးမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း မိဘများကိုယ်တိုင်က ထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။