>East Lothian’s Campie support Burmese democracy movement

>

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဗြိတိန်မှ ကလေးများ အကျယ်ချုပ် ကျခံမည်
မိုးမခအထောက်တော် အမှတ် ၀၀၆
ဇွန် ၁၅၊ ၂ဝ၁ဝ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် မူလတန်းကျောင်း၏ ဘလော့တွင် ထိုင်းမြန်မာနယ်စပ်မှ မြန်မာစာသင်ကျောင်းတခုနှင့် ချိတ်ဆက်ထားကြောင်း တွေ့ရသည်။


ဗြိတိန်နိုင်ငံ East Lothian ဒေသမှ Campie အမည်ရှိ စာသင်ကျောင်းတခုက မကြာမီ ကျရောက်တော့မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ထူးထူးခြားခြား ကျင်းပရန် ပြင်ဆင်နေကြသည်။

မွေးနေ့ မတိုင်မီ တရက်အလို လာမည့် သောကြာနေ့တွင် မူလတန်း ကျောင်းသား တချို့က တဲထိုးပြီး မိနစ် ၂၀ ကြာ ကိုယ်တိုင် အကျယ်ချုပ် ကျခံကြမည်ဟု ဆိုသည်။

ထိုဒေသတွင် ခိုလှုံနေကြသော မြန်မာပြည်သားတချို့လည်း ထိုအစီအစဉ်သို့ သွားရောက် ပူးပေါင်းကြမည်ဖြစ်ပြီး သိလိုသည်များကို လာရောက် မေးမြန်းနိုင်ကြောင်း ဒေသခံများ သိရှိစေရန် ထိုကျောင်း၏ အင်တာနက် စာမျက်နှာ http://edubuzz.org/blogs/campie/ တွင် လှုံ့ဆော်ထားသည်။

“ထိုအစီအစဉ်သည် ၎င်းတို့အတွက် ပျော်ရွှင်ဖွယ် ကောင်းမည်ဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာပြည်သားများအတွက် အလွန် အဓိပ္ပာယ်ရှိမည့် အစီအစဉ် ဖြစ်ကြောင်း” ထို စာမျက်နှာတွင် ရေးထားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ရှိ နေအိမ်တွင် အကျယ်ချုပ် ကျနေသည်။

ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း အကျယ်ချုပ် ကျခံနေရသည့် သက်တမ်းမှာ ၁၄ နှစ် ကျော်ပြီ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးများက သူ့ကို ဤနှစ်အတွင်း ပြန်လွှတ်ပေးဖွယ် မရှိဟု အများက ယူဆနေကြသည်။