>9th June 2010 – Burmese Journal Digest

>

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုဟ် သာဂိ
ဇွန် ၉ ၊ ၂၀၁၀
မြန်မာပြည်က နောက်ထပ် ပြတ်တောက်မှုတမျိုး – ရတနာပုံ အေဒီအက်စ်အယ် အင်တာနက်လိုင်းပြတ်နေပြီ
ကျောင်းတွင်း “ဘေးရန်ကာဆီး စီမံခန့်ခွဲမှု” ဆရာဖြစ်သင်တန်း ပေးနေပြီ ဆိုပါကလား !
ခိုးကူးခွေမိက ထောင်ချမည်၊ ကျေအေးခွင့် ပေးမည် မဟုတ်။
သီရိမင်္ဂလာဈေး ဘာလဲ၊ ဘယ်လဲ – ဈေးသည်တို့ စောင့်မျှော်နေကြပြီ။
မီးလောင်ကျွမ်းသော မင်္ဂလာဈေးက ဆေးဆိုင်များ ယာယီဈေးသစ်ကို ရွှေ့။
၂ လုံးထီကို စင်္ကာပူစတော့အိတ်ချိန်းဖြင့်ပြောင်းကစားပြီ၊ တရက် ၂ ကြိမ်၊ စနေ တနင်္ဂနွေပါ အပြည့်ကစားနိုင်ပြီ။ ( ၇ ရက်အတွင်း ဆက်တိုက် သူဌေးဖြစ်၊ ခွေးဖြစ် လောင်းရန်၊ နားရက်မရှိ)
ထိုင်းမြန်မာများအတွက် ယာယီပတ်စ်ပို့ရုံး ရနောင်းသို့ ရွှေ့။
မင်္ဂလာဈေး ဆုံးရှုံးမှု ကျပ် ဘီလျံ နှစ်ဆယ် ကျော် ရှိ။
လမ်းတံတားကြေးများ သတ်မှတ်နှုန်းအတိုင်း ကောက်ကျရန် သက်ဆိုင်ရာက ပြောကြား။
ရန်ကုန်မြို့တွင်း အမှန်တကယ်စီးခွင့်ရှိ ဆိုင်ကယ်စီးရေမှာ ၂၀၀ သာ ရှိသည်။
နေပြည်တော်မှာ ဒေသမှတ်ပုံတင် ဆိုင်ကယ် ၂၀ % သာ ရှိသည်။ နယ်ကျော်က ၈ ထောင်၊ နယ်ခံက ၂ ထောင် ရှိနေကြောင်း။
မိုးရွာသွန်းမှုကြောင့် အင်းလေးမှာ ရေပြင်ပြန်တက်၊ ၁ လက်မ ပြန်တက်လာပြီ။
မြန်မာပြည်မှာ ဖုန်းပညာရှင်များ ရှားပါးလာပြီ။ ပညာရှင်များ တလ ၁ သိန်း၊ ၂ သိန်း ရနေပြီ။
ဗိုလ်ချုပ်ဈေးသစ် ဆိုင်ငှားခ ၂ ဆ၊ ဆိုင်ရောင်းဈေး လည်း ၂ ဆ တက်။ တလ ငှားခ ၁ သိန်း၊ ရောင်း သိန်း ၁၀၀။
ဧရာဝတီဆားများ ဦးပိုင်က ၀ယ်ယူ၊ ၁ ဧက ပိသာချိန် ၃ ထောင် နှုန်း၊ တပိသာ ၅၅ – ၆၀ ဈေး ပေးမည်။ ပြင်ပဈေးမှာ တပိသာ ၂၀ ကျပ်သာ ရှိနေ။
မင်္ဂလာဈေးမီးက ဆိုင်ခန်းပေါင်း ၈၄၅ ခန်းကို ဖျက်ဆီး၊ မီးသတ်က ရေဂါလံ ၃ သိန်းခွဲ သုံးစွဲ ခဲ့။ (ကျပ်ဘီလျံ ၂၀ ဘိုး ဆုံးရှုံးတယ် ဆိုတော့ – မီးသတ်၏ ရေတဂါလံကို မြန်မာကျပ်ငွေ ၅သောင်းခွဲ ကျော် တန်တယ် ဆိုတဲ့ သဘောပေါ့)
ဆရာကြီးဇေယျ (ဦးယော) နှစ် ၁၁၀ပြည့် မွေးနေ့ အထိမ်းအမှတ် ကျင်းပမည်
မိုးနှောင်း၊ မိုးလွန် ကာလ ချင်းတွင်း၊ ဧရာဝတီ ရေကြီးမည် ၊ မြေပြိုမည်။
၂၀၁၀ နှင့် အလွန်ကာလ အမြင်နှင့် သဘောထားများ – နိုင်ငံရေး ပြောင်းရင်၊ စီးပွားရေးလည်း ပြောင်းမည်။
မြန်မာဂျီအက်စ်အမ် ဖုံး ပြည်ပမှာလည်း သုံးစွဲနိုင်ရမည်။ ယခု အိတ်ချိန်းပေါင်း ၈၈၇၊ ကြိုးနဲ့ ကြိုးမဲ့ဖုံးပေါင်း ၇ သိန်း ၃ သောင်း ၄ ထောင် ၂ ရာ ၁၉ လိုင်း ရှိပြီ။ လူဦးရေက သန်း ၅၀။
နာရေးကူညီမှုအသင်း (ရန်ကုန်) က ဆေးရုံများသို့ ဆေးကုသစရိတ်များ လှူဒါန်းလျက်ရှိ – ၂၀၁၀ ခုနှစ်အတွင်း လူနာပေါင်း ၅ ထောင် ၆ ရာ ကို ကူညီပေးနိုင်ခဲ့ပါကြောင်း။
ဒါရိုက်တာ ကြည်စိုးထွန်းနဲ့ တွေ့ဆုံခြင်း – ဇင်မာစိုးဝင်း
ကိုသုမောင်၏ နောက်ဆုံးခရီး – မြတ်ဆွေ
နယ်စည်း မခြားတဲ့ မန်းလူမှု နာမှု ကူညီရေးအသင်းများ – ၄၂ သင်း
မောင်သစ်လွင် (လူထု) နဲ့ အင်တာဗျုး – စိုင်းယဉ်ကျေး
နိုင်ငံရေးပါတီများ မိတ်ဆက် – စုစည်းမှု