>Ragoon under the first Rains on May 17th 2010

>

ရန်ကုန်မိုး – သတင်းဓာတ်ပုံများ

မေ ၁၈၊ ၂၀၁၀
တစ်လကျော် ကြာ အပူပြင်းထန်ပြီးနောက် ပထမဆုံး အကြိမ် ရန်ကုန်တွင် မိုးရွာသွန်း 
မိုးမခအထောက်တော် -ရန်ကုန်။ မေ ၁၇၊ ၂၀၁၀
တစ်လကျော် ကြာ ပြင်းထန်လွန်းတဲ့ အပူဒဏ်ခံ ခဲ့ရတဲ့ ရန်ကုန်မြို့မှာ ပထမဆုံး မိုးရွာချလိုက်တာကြောင့် အပူဒဏ်အနည်းငယ် သက်သာသွားသည်ကို တွေ့ရသည်။ မိုးရိပ်မိုးသား လုံးဝမရှိပဲ နေ့စဉ်ရက်ဆက် အပူရှိန် ပြင်းထန်လွန်းခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများရှိ သောက်သုံးရေတွင်း ရေကန်များ ခန်းခြောက်ကုန်ပြီး ရန်ကုန်မြို့နေသူများမျာမူ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးနေကြရခြင်း အပူဒဏ်သင့်ပြီး မူးမေ့သည့် ဝေဒနာများခံစားနေကြရသည်။ 

နေ့စဉ်ဆေးရုံ ဆေးခန်းများသို့ အပူဒဏ်ကြောင့် ဖြစ်သည့် လူနာများ ရောက်ရှိလာနေပြီး အချို့မှာ ဦးနှောက်သွေးကြော ပြတ်ခြင်း၊ အပူရှပ်ခြင်းကြောင့် အသက်ဆုံးရှုံးနေကြရသည်။ ထိုအပူဒဏ်ကို ထပ်ဆင့်လောင်းသည့် အချက်က လျှပ်စစ်မီး ဆိုးဝါးစွာ ပြတ်တောက်မှု ဖြစ်သည်။ 

 (အထက်ပါ ဓာတ်ပုံများ – မိုးမခအထောက်တော် (ရန်ကုန်))

မြို့ တော်ရန်ကုန်မှာ ရွှေထက်တန်ဖိုးကြီးတဲ့ ရွှေမိုးရွာလေပြီ
ဘားမားပါပါရာဇီ၊ မေ ၁၇၊ ၂၀၁၀

          ယနေ့ မေလ ၁၇ ရက် နေ့ နံနက် ၁၀း ၃၅ အချိန်ခန့်တွင် လူအများတောင့်တ လျှက်ရှိသော မိုးမင်းကြီးသည် ရုတ်တရက် မိုးတိမ်များ မည်းမှောင်လာပြီး အင်အားပြင်းထန်စွာဖြင့် သဲသဲမဲမဲ ရွာသွန်းပါတော့သည်။ မိုးရွာသွန်းမှုကြောင့် အချိန်ကြာမြင့်စွာနှိပ်စက်ခဲ့သော အပူဒဏ်သည်လည်း လျော့ပါးသွားခဲ့ပါသည်။
“ကျွတ်ကျွတ်အိတ်တွေနဲ့ အမှိုက်တွေကတော့ ရေစီးထဲ မျောနေလိုက်တာ – ဧရာဝတီမြစ်ထဲက သဘောင်္တွေလိုပဲ။ မြို့ခံအချို့က နာမည်ပြောင်ပေးထားတဲ့ လမ်းတ၀က်တပျက်ခင်း အောင်သိန်းလင်း ဆိုတဲ့ ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့ မြို့တော်ဝန်ကတော့ သူ့ဝန်ထမ်းတွေကို ဘာမှ ညွှန်ကြားချက် ထုတ်သေးပုံ မရဘူး” ဟု ပရိသတ်တဦးက ဆိုသည်။
          (ဓာတ်ပုံများ – ဘားမားပါပါရာဇီ)