>

“ပြည်သူ့ဂုဏ်ရည်  ကိုကျော်သူ”ရဲ့ ပထမဦးဆုံး စကား
မိုးမခ
ဧပြီ ၂၅၊  ၂၀၁၀
အခုလိုမျိုး ကျနော့်ကို မြန်မာပြည်တွင်း ပြည်ပက  မြန်မာမိသားစုတွေက အခုလိုမျိုး ဂုဏ်ပြုချီးမြှင့်ကြတဲ့အတွက် ၀မ်းသာ  ဂုဏ်ယူမိပါတယ်။
ကျနော်ပေးနိုင်တဲ့ ဂတိစကားကတော့ ကျနော် ဒီထက်ပိုပြီး  ပေးဆပ်သွားမှာ ဖြစ်ပါတယ်။
ဒီမှာ … အကိုရဲ့ လိပ်စာက ၇ မိုင်၊  ပြည်သူ့လမ်းမှာ နေပါတယ်။ ၇ ရက်သားသမီးတွေ အတွက် ကျနော် ဆက်လက်ပြီး  ပေးဆပ်သွားမှာဖြစ်တယ်လို့ ကျနော့်ကို ချစ်ခင်ပြီး အားပေးထောက်ခံမှု ပြသကြသူ  မြန်မာပြည်သူတွေအားလုံးကို ကျနော် ဒီကနေပြီး ပြောလိုက်ပါတယ်။
ဒီလိုမျိုး  ဆုချီးမြှင့်လိုက်တာဟာ မြန်မာပြည်တွင်းက လူမှုလုပ်ငန်းလုပ်ကိုင်နေသူတွေ  အားလုံးကို ပိုမိုပြီး အင်အားတွေ ရှိစေပြီး ပိုမိုပြီး တွန်းအားပေးလိုက်တာ  ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။