>
ကလေးအတွက်   ခေတ်သစ်အိပ်ရာဝင်ပုံပြင်
ဆောင်းယွန်းလ
မတ်  ၂၃၊ ၂၀၁၀
ဒီတညလည်း…
ကြယ်တွေမစုံနိုင်ခဲ့ကြသေးဘူး ကလေးရေ…
ကြယ်တွေမစုံနိုင်ခဲ့ကြသေးဘူး ကလေးရေ…
ကြယ်မလာ လမသာတဲ့   ကောင်းကင်ယံမှာ
ဘယ်လိုနတ်ဆိုးရဲ့  ဗျပ်စောင်းသံမျိုးကမှ
ငါတို့အလင်းနှစ်တွေအတွက်
ငြိမ်းချမ်းရေး စကားသံတွေအဖြစ်
ငြိမ်းချမ်းရေး စကားသံတွေအဖြစ်
တံတားစစ်စစ်ခင်းနိုင်မယ်မဟုတ်ပါဘူးကွယ်  …  
ဟောဒီ ကြယ်တွေမစုံတဲ့ ကမ္ဘာမှာ
အသက်တရာ မနေရခြင်းအတွက်
ဘယ်ပဉ္စလက်ဆရာကိုမှလည်း 
လက်ညှိုးညွှန်ပြ  အပြစ်ပုံမချလိုပါဘူး ကလေးရယ်…
ခေတ်မှီစွာနဲ့ အသက်တိုခြင်းတရားထဲမှာ
စိတ်၏ချမ်းသာမှုတွေ ရှည်လျားနေခဲ့ရင်ပဲ 
ဒီသံသရာကြီးက  တင်ဆက်ပြသတဲ့ပွဲကို 
ငါတို့ … ကျေနပ်စွာ ကြိုဆိုနေခဲ့မိမှာပေါ့ ကလေးရဲ့ …
အခုတော့…
အခက်တရာမကတဲ့ အမှုကုဋေပွေခြင်းအတွက်
အခက်တရာမကတဲ့ အမှုကုဋေပွေခြင်းအတွက်
ကံကြမ္မာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
ပိုးစိုးပက်စက်  ရိုးမယ်ဖွဲ့တတ်ခဲ့ရမတဲ့လား!
ကလေးရေ..
ဟောဒီ…တညလောက်ဖြစ်ဖြစ်
မျက်စိနဲ့ကြားနေရတဲ့ သီချင်းသစ်တပုဒ်အတွက်
ပိတ်ထားတဲ့ တံခါးရွက်တွေကို  ပွင့်စေချင်ပါရဲ့
နားရွက်နဲ့ဖတ်နေရတဲ့ ကဗျာသစ်တပုဒ်အတွက်
ကြယ်သာ လထွက်တဲ့ကမ္ဘာမှာ
ကလေးကို စိတ်ချလက်ချ  အိပ်ပျော်စေချင်ပါရဲ့ကွယ် …
ဒါပေမယ့်လည်းကလေးရေ
လိပ်ပြာမလုံသူတွေရဲ့ ကောင်းကင်မြို့ရိုးမှာ
အတ္တမြူခိုးတွေ ဝေသီဖုံးလွှမ်းနေသေးလို့
ဟောဒီတညအဖို့လည်း
ကြယ်တွေ မစုံနိုင်ကြသေးဘူးကွဲ့ … ။ ။
		ကြယ်တွေ မစုံနိုင်ကြသေးဘူးကွဲ့ … ။ ။