>
မိုးဟေကို ရန်ကုန်တွင် စားသောက်ဆိုင်ဖွင့်ပြီ
မိုးမခအထောက်တော် အမှတ် ၀၁၀
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၀
၂၀၀၉ ဇွန်လက ရန်ကုန်မြို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အနုပညာ ပြပွဲတခုတွင် တွေ့ရသည့် မိုးဟေကို (ဓာတ်ပုံ – မိုးမခ)
မိုးမခအထောက်တော် အမှတ် ၀၁၀
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၀
၂၀၀၉ ဇွန်လက ရန်ကုန်မြို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အနုပညာ ပြပွဲတခုတွင် တွေ့ရသည့် မိုးဟေကို (ဓာတ်ပုံ – မိုးမခ) မင်းသမီး မိုးဟေကိုက ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းတွင် စားသောက်ဆိုင်တဆိုင် ဖွင့်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးသားထားသည်။
မိုးဟေကို၏ စားသောက်ဆိုင် ဖြစ်သော်လည်း ဆိုင်အမည်မှာ ထူးထူးခြားခြား မဟုတ်ပေ။ ဆိုင်၏ အမည်ကို မြန်မာပြည်အနှံ့အပြားတွင် တွေ့ရတတ်သည့် အမည်ဖြစ်သည့် “မိဘမေတ္တာ”ဟု ပေးထားကြောင်း သိရသည်။
ယခုလ ၁၂ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်ဟု ဆိုသော စားသောက်ဆိုင်၏ အပေါ်ထပ် (၂ထပ်မြောက်)တွင် M Fashion ဟု အမည်ပေးထားသော အရောင်းဆိုင်၊ ၃ ထပ်မြောက်တွင် “မိသားစုနဲ့ အေးအေးဆေးဆေး သီးသန့်စားသုံးလိုသူများအတွက်” အခန်းများ ရှိသည်ဟု အလင်းတန်းတွင် ဖော်ပြထားသည်။
အပေါ်ဆုံးထပ်တွင် သူ၏ချစ်သူ ကိုညီညီထွန်း၏ ရုံးခန်း တည်ရှိမည်ဟု ဆိုသည်။
ထိုလုပ်ငန်းများတွင် နာမည်ကျော် မင်းသမီး မိုးဟေကိုက မည်သည့်နေရာမှ ပါဝင် ဆောင်ရွက်မည် ဆိုသည်ကို မသိရသေးပေ။
မန္တလေးသူ မိုးဟေကိုသည် ၂၀၀၀ ပြည့်နှစ်တွင် မော်ဒယ်လ် တဦးအဖြစ် လှုပ်ရှားခဲ့ပြီး ၂၀၀၆ တွင် သရုပ်ဆောင်တဦး ဖြစ်လာသည်။
မြန်မာပြည်မှ သရုပ်ဆောင် အများအပြားကဲ့သို့ပင် မိုးဟေကိုကလည်း သီချင်းဆိုဦးမည်ဟု သိရသည်။ တကိုယ်တော် စီးရီးထုတ်ရန် အစီအစဉ် ရှိသည်ဟု ရန်ကုန်မှ ဂျာနယ်များတွင် ရေးထားသည်။