>
BBC မြန်မာပိုင်းက ၀က်ဆိုက်အတွက် Myanmar 3 သုံးပြီ
မိုးမခ အထောက်တော် အမှတ် ၀၀၈
မိုးမခ အထောက်တော် အမှတ် ၀၀၈
ကြာသပတေးနေ့က စတင်ပြီး BBC မြန်မာပိုင်း၏ အင်တာနက် စာမျက်နှာကို Myanmar3 စာလုံးဖြင့် မွမ်းမံလိုက်သဖြင့် ကွန်ပြူတာရှေ့မှ BBC ပရိသတ်များ အလုပ်များသွားကြသည်။
Myanmar3 စာလုံးရှိမှ ဖော်ပြ တင်ဆက်ထားမှုများကို ဖတ်ရှုနိုင်မည်ဖြစ်ပြီး၊ ယခင် အသံလွှင့်ချက် တချို့ကို ပြန်လည်နားဆင်ရေး လွယ်ကူနိုင်မည် ဖြစ်သောကြောင့် Myanmar3 စာလုံးကို ကွန်ပြူတာအတွင်းသို့ စနစ်တကျ ရောက်ရှိစေရန် လုပ်ဆောင်ကြလေသည်။
ပထမဦးစွာ ဖောင့်ရယူရန် ဟု ရေးသားထားသည့် အနီရောင် အကွက်ကို နှိပ်ရသည်။
နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ရန် အဆင့်များကို တွေ့ရသည်။ 
စာလုံး သွင်းယူနည်း လမ်းညွှန် စာမျက်နှာ http://www.bbc.co.uk/burmese/help/2010/02/000000_burmese_keyboard.shtml တွင် မည်သို့ မည်ပုံ လုပ်ဆောင်ရမည်ကို ရှင်းပြထားသည်။
ထိုရှင်းပြချက်ကို နားမလည်ပါက သို့မဟုတ် ကိုယ်တိုင်ကြိုးစားသော်လည်း အလုပ်မဖြစ်ပါက မိမိထက် ကွန်ပြူတာ နည်းပညာ ပိုမို နှံ့စပ်သူတဦးဦးကို အားကိုးရန် စီစဉ်ရတော့မည်ဖြစ်သည်။
