>
စိမ်းလန်းသော အချစ်ဦး
အောင်ဝေး
ဇန်န၀ါရီ ၂၁၊ ၂၀၁၀
အောင်ဝေး
ဇန်န၀ါရီ ၂၁၊ ၂၀၁၀
“အတွတ်နဲ့ မွှေး” တို့လည်း
ဒီလမ်းကလေးပေါ်
လျှောက်ခဲ့ဖူးတယ်။
လယ်ကွင်းတွေထဲ
လရောင်ကလေး
မပြယ်ခင်
ငယ်အိပ်မက်တွေလည်း
မပြယ်သေးဘူးခင်။
အချစ်လမ်းကလေးလေ
မြစ်ကမ်းနံဘေးက
ခင်နှင်းယုည။
မျက်လုံးကို ဖွင့်ကြည့်လိုက်တော့
တိတ်တိတ်ကလေး
“သော်က” ဘုရားက
ဆည်းလည်းသံ
ဝင်လာတယ်။
“ဝေးပြီ မွှေးရယ်”
အရင်က
ကုက္ကိုပင်တန်းကို
လွမ်းတယ်။
(၂၀၀၃ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကွယ်လွန်သူ စာရေးဆရာမကြီး ခင်နှင်းယုသို့)
[မူရင်း – ၂၀၀၃ ဧပြီ လထုတ် မဟေသီမဂ္ဂဇင်း]