>Moe Sal Nay – the return

>

အပြန်လမ်း
မိုးစဲနေ
ဇန်န၀ါရီ ၂၀၊ ၂၀၁၀
 ဒုက္ခစက်လက်ကို
ရင်နဲ့ထမ်းရတဲ့ အချိန်တွေပါ။
အရာရာမှာ
သားသတ်သမားက
သားကောင်ကို တစိမ့်စိမ့်ကြည့်သလို။
မရှိခြင်းဆိုတာ
ခြေတဖက်ဆာနေတဲ့ အရပ်ပျက်မရဲ့
ဝမ်းစာလို။
ရယ်မောခြင်းမှာ
အောင်ပွဲရ စစ်သားတွေက
သုံ့ပမ်းစစ်သားအိုကြိးကို လှောင်ရယ်ကြသလို။
လက်လှုပ်တိုင်း ပါးစပ်မလှုပ်နိုင်တဲ့ဘ၀တွေပါ။
နေညိုညို အိမ်ပြန်လမ်းမှာ
ဘတ်စ်ကားအိုကြီးထဲ
အရာရာ မရှိတဲ့ ရယ်မောခြင်းတွေနဲ့
ဘေးတိုက်ကြီးပါသွားတယ်
နောက်ပြန်ကြီးပါသွားတယ်
နှမချင်းစာနာပြီးပါသွားတယ်
ဖရုဿဝါစာ တရားနာပြီးပါသွားတယ်။
အမေရယ်
ပျော်စရာကဗျာ သားစပ်ချင်တယ်.
ခု..အလုပ်က လူလျှော့ဦးမယ်တဲ့..။         ။
ဇန်န၀ါရီ ၁၄၊ ၂၀၁၀