>Burmes in Singapore to celebrate Shan New Year Festival to benefit their natives

>

အဆိုတော်စိုင်းဆိုင်မောဝ်၊ အယ်ဆိုင်းဇီ တို့နှင့်အတူ 
စင်္ကာပူက မြန်မာများ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမည်
မိုးမခရွာဆော်ကြီး
နိုဝင်ဘာ ၈၊ ၂၀၀၉

          နိုဝင်ဘာလ ၁၄ ရက်၊ စင်္ကာပူနိုင်ငံ၊ ခရီတာအေယာ ကဇာတ်ရုံကြီးတွင် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းအမျိုးသား ဂီတ၊ အလှ၊ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုများ၊ ရှမ်းရိုးရာ အစားအသောက်မျိုးစုံတို့ဖြင့် ကျင်းပမယ့်အကြောင်း ဖိတ်ခေါ်ထားပါတယ်။ ပွဲတော်မှ ရရှိတဲ့ လက်မှတ်ရောင်းရငွေများကို ခွဲခြမ်းပြီးတော့ ကလေးသူငယ်များအတွက် ပညာရေး၊ သက်ကြီးရွယ်အိုများအတွက် အထောက်အပံ့၊ သာသနာရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေး အကူအညီများအတွက် ပို့ဆောင်လှူဒါန်းသွားမယ်လို့ ရည်ရွယ်တယ်လို့ ပွဲတော်စီစဉ်သူ လူငယ်များက ရည်ရွယ်ပါတယ် တဲ့။
           မိုးမခမှာ ကြော်ငြာတွေ့လို့ လက်မှတ်လာဝယ်တာလို့ ပြောပြီး ၀ယ်ပါက လက်မှတ် ၅ စောင်ဝယ်ရင် နောက်ထပ် ၁ စောင် မေတ္တာလက်ဆောင် ပေးလိုက်ကြပါလို့ ပွဲစီစဉ်သူတွေကို မိုးမခရွာဆော်ကြီးက တိုက်တွန်းလိုက်ပါတယ်။ အောင်မြင်ကြပါစေ။