>Nwe Aye – A Poem for Pyone Cho

>

ဘုန်းမော်မှအစ …

အမှောင်ကျ ၂၆ နှစ် ရှစ်လေးလုံး အရေးတော်ပုံ

တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ သည်ခေတ်မှာ

သင် ဘာလုပ်မလဲ….



ခေတ်စနစ် ဗမာပြည်နောက်ခံ

တော်လှန်ကဗျာရှည်



ပြုံးချို ဖတ်ဖို့ ကဗျာ

နွယ်အေး

မတ် ၁၃၊ ၂၀၀၉

(ဘုန်းမော်နေ့ ၂၁ နှစ် အထိမ်းအမှတ်)

(၁)

ရင့်ကြွေဟောင်းသည်

အဟောင်းစွန့်ပစ် ဘ၀သစ်သို့

သနစ်ပြောင်းမည် ဖူးသစ်ချီသည်

အနီထဲက ကြယ်ဖြူပွင်…

(မတ်လတော်လှန်ရေး)

ဒဂုန်တာရာ၊ တာရာမဂ္ဂဇင်း ၁၉၄၇

ကောင်းကင်မှာ

အပြာရောင်ဆေးထူ ပျစ်ချွဲ

အရိပ်မဲ့စွန်းကွက် အနောက်ရပ်ကွက်ကြို့ကုန်း

ဟုန်းခနဲ မီးတောက်ထ မြို့ပြရန်ကုန်

တုန်လှုပ်ချောက်ချား ကျောင်းသားပြက္ခဒိန်သစ်

စနစ်ကိုပြောင်း နီမောင်းသွေးဆူ

ပြည်သူအုံကြွ တပေါင်းလ …

၈၈ မတ်လ ၁၂

မာကျူရီ မီးတွေ

ထိန်ညီး ဝေလက် ညနက် ကိုးနာရီ

စည်ကားရှုပ်ထွေး ကြို့ကုန်းဘူတာဘေးမှာ

စန္ဒာဝင်း လဘက်ရည်ဆိုင်

ထိုင်ဖူးပါသလား

ရမ်းကားမူးယစ်ခြင်းမှ အစ

အင်းစိန်လမ်းမ စစ်မြေပြင်

မော်တော်ယာဉ် မီးသတ် မ၀င်ရ

ဒေါသအမျက် စက်မှုကျောင်းသား

တားဆီးပိတ်ဆို့ ကြို့ကုန်းအနောက် သ/မ

ပြာကျမီးလောင် ရန်စောင်မီးပွား

ကျောင်းသားနဲ့ လူထု လူစုကွဲရန်

ရီမင်တန် တလုံးပြူး

ကျည်စူးအားပြင်း

ဖောက်ထွင်း မီးကျည်

မျက်ရည်ယိုဗုံးတွေ

ဖုန်းမော် … စိုးနိုင်

သွေးအိုင်ထဲမှာ လဲခဲ့ပြီ …

RIT ကျောင်းသားဖုန်းမော်

မတ်လတော်လှန်ရေး သွေးမော်ကွန်းသစ်

တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချပစ်ရန်

တော်လှန်အုံကြွ မဟာဗန္ဓုလပန်းခြံကိုသိမ်း

စိမ်းရောင်ထဲက ကြယ်နီပွင့်….



၈၈ မတ်လ ၁၅

စက်မှု တက္ကသိုလ်ည

ဈာပနသတင်း မုန်တိုင်းပြင်းမွှေ

ကျောင်းသားတွေဆန္ဒ ပင်မ တက္ကသိုယ်

အရေးဆို ချီတက်ပွဲ လူစုခွဲပြန်

အင်းလျားကန် တံတားဖြူ

ကျောင်းသူ ကျောင်းသားသွေး

နီစွေး စွတ်စို

ခွပ်ဒေါင်းပျို အောင်လံတလွင့်လွင့်

စုံစမ်းရေးကော်မရှင်

အစီရင်ခံစာ လေ့လာဆုံးဖြတ်

သုံးသပ်မှုမပြုနိုင် …

အင်းစိန်ထောင်သို့

အချုပ်သားပို့ယာဉ် ငါးပိ ငါးချဉ်သိပ်

မွန်းပိတ်အသက်ရှုရပ် လူချင်းထပ်လျက်

မျက်ရည်ယိုဗုံးသင့် ရင်နင့်စရာ

အမိန့်ကြော်ငြာ ၉၇/၈၈…. ၉၈/၈၈

ထုတ်ပယ်ပစ်ရုံမှ ဘာမှမဆိုင်….

၈၈၊ မေလ၊ ၉

နူးညံ့ချိုစိမ့်

အိုကေ အောင်ကြီးကိတ်မဟုတ်

ကိုင်း အခုတော့

ကောင်းကြသေးရဲ့လား

အင်းလျားကန်ဘောင်ပြဿနာ

စိမ်းချောင်း မြေနီကုန်း

ရတနာပုံရုပ်ရှင်ရုံရှေ့

ကျနော်တို့

နှစ်ဦးအတွက်သာဖြစ်သည် …

လူ့အခွင့်အရေး

အပြည့်အ၀ ရရှိရေးကိစ္စ …

၈.၆.၈၈

၂၂.၆.၈၈

၉.၇.၈၈

၁၉.၇.၈၈ နေ့စွဲဖြင့် ဖြန့်ဝေသောစာများ

….

(ဆက်လက်ဖော်ပြပါမည်)