>Nyan Si – Myit Kyi Nar – 8

>

မြစ်ကြီးနား – ၈

ညံစီ

မတ် ၈၊ ၂၀၀၉

ခရမ်းချဉ်သီးတွေ ဈေးကျတယ်

လဘက်ရည် တခွက် တရာ့ငါးဆယ်

လေးဖြူ လေးသောင်းနဲ့

စတိတ်ရှိုး ဆိုကောင်းတုန်း။

ရေနံဈေး ကျတယ်

ဒေါ်လာဈေး ကျတယ်

ကားတွေ ဈေးကျတယ်

တီဗီတွေ ဈေးကျတယ်

ပရီးမီးယားလိဂ်က ကန်လို့

ကောင်းနေတုန်း။

ရေးကြပါစေ

ဂျာနယ်တွေမှာ မျက်နှားဖုံးဆောင်းပါး

တယ်ရှားနေတာကိုး။ ။

(ဖေဖော်ဝါရီ ၁၀၊ ၂၀၀၉)