88 Generation in 2007 – 19 year anniversary

 လွန်ခဲ့တဲ့ ၂၀၀၇၊ ရွှေဝါရောင်တော်လှန်ရေးမတိုင်မီ၊ ၈လေးလုံး ၁၉ နှစ်ပြည့်က ၈၈မျိုးဆက်များ

မိုးမခရုပ်သံ၊ ဇူလိုင် ၁၃၊ ၂၀၁၃
ရန်ကုန်မြို့၊ သာသနသိပ္ဗံကျောင်း၊ ၂၀၀၇ သြဂုတ်လ ၈၊ မှာ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ၈လေးလုံး ၁၉  နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးနဲ့ အခမ်းအနား ပြောကြားချက် ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။ ယခု နောက် ၆ နှစ် အကြာ ၈လေးလုံး အရေးတော်ပုံ ငွေရတုအတွက် ပြင်ဆင်နေချိန်မှာ ဟိုးတုန်းက ၈၈ မျိုးဆက် ခေါင်းဆောင်တွေ၊ မျိုးဆက်သစ်တွေ၊ စစ်အာဏာရှင်လက်အောက်က နိုင်ငံရေးလှုပ်ရှားသူတွေ ရပ်တည် ရင်ဆိုင်နေမှုများရဲ့ အောက်မေ့ဖွယ်ရာ မြင်ကွင်းများ ပြန်လည်တင်ဆက် လိုက်ပါတယ်။ 
၈လေးလုံးစိတ်ဓာတ်နဲ့ ၈လေးလုံးမျိုးဆက်တွေ ခွပ်ဒေါင်းနဲ့အတူ မုန်တိုင်းကြီးထဲ ဖြတ်သန်းပြီး ၈လေးလုံး အရေးတော်ပုံကြီး မုချအောင်ရမယ် (သခင်အုန်းမြင့်၊ ၈။၈။၀၇)