>Burmese Junta collecting the list of political prisoners from outside source

>

အကျဉ်းသားများ စာရင်းကို စစ်အစိုးရထောက်လှမ်းရေးက ပြန်လည်ကောက်ခံ

မိုးမခ အထောက်တော် (ရန်ကုန်)

ဖေဖော်ဝါရီ ၆၊ ၂၀၀၉

ပြည်တွင်းက ဝေးလံတဲ့ ဒေသများက အကျဉ်းထောင်များအနှံ့ နိုင်ငံရေးအကျဉ်းသားများကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့တဲ့ စစ်အာဏာပိုင်များက ၎င်းတို့ရဲ့ အကျဉ်းသားစာရင်းကို ပြန်လည်စုဆောင်း ကောက်ခံနေတယ်လို့ သိရပါတယ်။ အချို့ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဆုံခေါ်ယူ မေးမြန်းမှုတွေလည်း ပြုလုပ်တယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ အိုင်စီအာရ်စီက ကောက်ခံထားတဲ့ စာရင်းကိုလည်း ရယူတိုက်ဆိုင်ကြည့်တယ်လို့လည်း အတည်မပြုနိုင်တဲ့ သတင်းတရပ်က ဆိုပါတယ်။