>Mar Mar Aye poem on 61th Independence Day

>

လွတ်လပ်ပြီးရင်း လွတ်လပ်အောင်
မာမာအေး
ဇန်နဝါရီ ၄၊ ၂ဝဝ၉


အဖေ ဗမာ
အမေ ဗမာ
ကိုယ်လည်း ဗမာ
ကိုယ့်နားမှာလည်း ဗမာ
အားလုံး တို့ ဗမာ
ဗမာတွေ စု
သာဓုခေါ်လို့ချည်း မပြီး
လွတ်လပ်ပြီးရင်း လွတ်လပ်
ကျောချင်းကပ် ရင်ချင်းကပ်
တို့အချစ်တွေ ပေါင်းစပ်
မျိုးချစ်စိတ်နဲ့ ရပ်။ ။