>Ko Pauk’s poem 01

>

ပွဲကြည့်သွားသူတယောက်

ကိုပေါက်

စက်တင်ဘာ ၁၃၊ ၂၀၀၈

ကြွေမယ်မှန်းသိရင်

အစကတည်းက မဝေခဲ့ပါဘူး။

အပျံသင်ရင်း စားသုံးရင်း

အခန့်မသင့်တဲ့ မြိုချခြင်းတွေက

သောက်ဖူးတဲ့ ဝိုင်တကျိုက်လို

အဆင်မပြေလိုက်ပုံများ

ငါငိုနေတာ မင်းမြင်လား။

တောက် …

အကြောင်းကြောင်းတွေကြောင့်ပေါ့ကွာ

မက်ခွင့်မရတဲ့ အိပ်မက်

ရေစုန်မျောမျောသွားတဲ့ မနက်ဖြန်တွေနဲ့

သန်မာတဲ့ ငါ့လက်နှစ်ဖက်တောင်

မင်းမျက်နှာက မှဲ့လောက်မှ

အိနြေ္ဒမရလိုက်တာ

တူးခါးခါး ဘဝအရည်တွေ

လည်မျိုမှာ တစ်ဆို့ဆို့နဲ့

ဆန္ဒနဲ့ဘဝ တထပ်တည်းမကျလိုက်ပုံက

ကြည့်ချင်တာ မင်းသား

ပွဲထွက်တော့ လူရမ်းကား။