>Mar Mar Aye (236)

>

 ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (အမှတ် ၂၃၆)

အာဇာနည်နေ့
မာမာအေး
ဇူလိုင် ၁၈၊ ၂၀၀၈

ယခုတပတ် ဒေါ်မာမာအေး၏ ရေဒီယိုဆောင်းပါးသည် အာဇာနည်နေ့ဝန်းကျင်တွင် ပြုလုပ်ခဲ့ခြင်းကြောင့် အာဇာနည်နေ့အထူးအစီအစဉ်ဖြစ်သည်။ ဘီဘီစီ မြန်မာဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်လွှင့်ခဲ့ပြီးဖြစ်သော်လည်း နားဆင်ရန် အခွင့်အရေး မရခဲ့သူများ၊ ပြန်လည်နားဆင်လိုသူများ၊ လေ့လာလိုသူများအတွက် မိုးမခက ပြန်လည် တင်ဆက်လိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးချိန်တွင် ကဗျာဆရာကြီးတင်မိုး(၁၉၉၃-၂၀၀၇)က အသက် ၁၄ နှစ်အရွယ်ဖြစ်သည်။ ယင်းကာလအတွင်း ပေါ်ထွက်ခဲ့သော သီချင်းတစ်ပုဒ်ကို ဆရာကြီးက သီဆို အသံသွင်းထားခဲ့ဖူးသည်။ ဆရာကြီး၏ပြောဆိုချက်များမှာ ဒေါ်မာမာအေးထံတွင် ရှိနေသည်။

ထို့ကြောင့် ဤရေဒီယိုဆောင်းပါးတွင် ကွယ်လွန်သူ ဆရာကြီးတင်မိုး၊ တေးသံရှင် ဒေါ်မေလှမြိုင်၊ ဒေါ်မာမာအေး တို့၏ အာဇာနည်နေ့အကြောင်း တေးသီချင်းများ၊ ပြောကြားချက်များ ပါဝင်သည်။ “မာအေးက ဂီတသမားမို့ သီချင်းလေးတွေနဲ့ ဦးညွတ် အလေးပြု ကန်တော့တာပေါ့။” ဟု ဒေါ်မာမာအေးက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိုတို့နှင့်ပတ်သက်သည့် (ဒေါ်)မာမာအေး၏ ပြောပြချက်များလည်း ပါဝင်သည်။

(အပြည့်အစုံ နားဆင်ရန် ဤနေရာကို နှိပ်ပါ။)