>Burmese Military Junta to build roads over Nargis hit Delta

>

စစ်အစိုးရက မြစ်ဝကျွန်းပေါ် မုန်တိုင်းမြေကိုဖြတ်ပြီး လမ်းဖောက်စီမံကိန်း ချပြီ
ဓာတ်ပုံသတင်း
ဇွန် ၈၊ ၂၀၀၈

စစ်အစိုးရက သူ့အတိုင်းအတာနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း ယမန်နေ့များက သတင်းစာတွင် မြစ်ဝကျွန်းပေါ်ကို လမ်းကွန်ယက်ဖော် စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်မံကြေညာလိုက်သည်ကို တွေ့ရသည်။

မုန်တိုင်းကြောင့် ပျက်စီးသော ရပ်ရွာဒေသများကို ဖြတ်သန်းပြီး လမ်းသစ်များ ဖောက်မည်ဖြစ်ရာ မုန်တိုင်းခံ ပြည်သူတို့အတွက် ပြန်လည်နေရချထားရေးကို အကျယ်ဆွေးနွေးခြင်း မတွေ့ရပေ။

လယ်ယာနှင့် ငါးလုပ်ငန်းများ ပျက်စီးသဖြင့် အလုပ်လက်မဲ့ဖြစ်နေသော ဒုက္ခသည်များကို စစ်အစိုးရက ၄င်းထုံးစံအတိုင်း စီမံကိန်းများတွင် ချွေးတပ်ဆွဲပြီး လုပ်အားပေးခိုင်းမည်လားဟု ဒေသခံများက စိုးရိမ်နေကြသည်။