>မောင်စမြ်းရည် – ကဵေနာ္တိုႚ အေမ

>

ကျနော်တို့ရဲ့ အမေ ဘ၀တပါး ပြောင်းသွား ကွယ်လွန်ခဲ့ပေမယ့်
မောင်စွမ်းရည်

မေ ၁၊ ၂၀၀၈


ကျနော်တို့ဆိုတာ ပြည်ပ(အမေရိကန်ပြည်ထောင်စု) ကို ရောက်လာကြတဲ့ မန္တလေးတက္ကသိုလ်ထွက်၊ လူထုတိုက်ထွက် စာပေသမားတွေကို ဆိုလိုပါတယ်။ အသက်အကြီးဆုံးကစပြီးပြောရရင်မောင်သာရ၊ တင်မိုး၊ ၀င်းဖေ၊ မောင်စွမ်းရည်တို့ ၄ ဦး ဖြစ်ပါတယ်။ မောင်သာရ ကို ရန်ကုန် ရှုမ၀မဂ္ဂဇင်းကြီးက စင်တင်ပေးလိုက်လို့ မောင်သာရရယ်လို့ ကလောင် တလက် ဖြစ်လာရပေမဲ့ သူလဲ မန္တလေးမှာ နေစဉ်က လူထုဂျာနယ်မျာ ကဗျာရေး ပြီး ကလောင်သွေးခဲ့သူဖြစ်ပါတယ်။ သူ ပြည်ပကို ထွက် မလာခင်က ဒုလ္လဘ ရဟန်းဝတ်ချင်တယ်ဆိုတော့လဲ သူ့ ကို အမေလူထုဒေါ်အမာကပဲ သင်္ကန်းစည်းပေးခဲ့တာပါ။ ရဟန်းအမ ဖြစ် ခဲ့ပါတယ်။

ကိုဝင်းဖေကတော့ အမျိုးသားကျောင်းဆရာကြီး ရွှေပြည်ဦးဘတင်ရဲ့သားပါ။ ဦးဘတင်က သမိုင်းပညာရှင်၊ စာပေပညာ ရှင်၊ မဟာ ဂီတပညာရှင်ကြီးတဦးလဲဖြစ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်ကြီးဟာ အမေမာရဲ့ ဆရာရင်းပါ။ ကိုဝင်းဖေက လူထုသတင်းစာမှာ ပေါ်ဦးသက်နဲ့အတူ လူထု ပန်းချီဆရာ၊ ကာတွန်းဆရာအဖြစ် လခစား လုပ်ခဲ့တဲ့အပြင် နိုင်ငံခြားသတင်း အယ်ဒီတာအဖြစ် အမေ လူထုဒေါ်အမာက လွှဲပေးတာကိုလဲ ခေတ္တခံယူဖူးပါ တယ်။ လူထုတိုက်မှာ သားတယောက်လိုနေခဲ့တာပါ။

တင်မိုးက လူထုဂျာနယ်မှာ ၁၉၄၇ လောက်ကတည်းက မောင်ဘဂျမ်း၊ ကိုရင်ဂျမ်း၊ ကန်မြဲနန်းမြင့်နွယ် စတဲ့ အမည် အ မျိုးမျိုးနဲ့ ကဗျာတွေရေးခဲ့ပြီး လူထုသတင်းစာ တနင်္ဂနွေအချပ်ပိုမှာ ကဗျာကဏ္ဍကို ကိုင်ရသူဖြစ်ပါတယ်။ ကျနော်က လူထုမှာ ကဗျာတွေနဲ့ စာပေဆောင်းပါးတွေရေးပြီး လူထုစာအုပ်စင် ကဏ္ဍတခုကို တာဝန်ယူရင်း စာအုပ် ဝေဖန်ချက်တွေ ရေးလာခဲ့သူဖြစ် ပါတယ်။ ဒါကြောင့် အမေလူထုဒေါ်အမာက ကျနော်တို့အပေါ်မှာ သံယောဇဉ်ကြီးပြီး ကျနော်တို့ကလဲ အမေနဲ့ အဆက် မပြတ်ခဲ့ ပါဘူး။ အမေက မဂ္ဂဇင်းတွေမှာ စာမရေးနိုင်ပေမဲ့ ကျနော်တို့ ဆီကို လူကြုံနဲ့စာရေးခဲ့ပါတယ်။မင်းတို့အသံတွေကို ငါတနေ့မ ပြတ်နား ထောင်နေတယ်ဆိုတာကို စာနဲ့လဲရေး၊ ဖုန်းနဲ့လဲပြောပါတယ်။ သူ့စာနိဂုံးချုပ်ရင်ငါတို့တနေ့ ပျော်ပျော်ပါးပါး ပြန်ဆုံကြ မယ်ဆိုတာပါ ရှိမြဲပါ။ ဒါက ကျနော်တို့လေးဦးနဲ့ အမေမာတို့ မိသားစုဆက်ဆံရေးအကြောင်းသက်သက်ဖြစ်ပါတယ်။

အမေလူထုဒေါ်အမာကို ကျနော်တို့နဲ့တကွ အများပြည်သူက အမေအဖြစ်ဘာကြောင့်လေးစားရသလဲဆိုရင် ဗိုလ်ချုပ် အောင်ဆန်းဘွဲ့၊ သီချင်းတပုဒ်ထဲကရာဇ၀င် အတ္ထုပ္ပတ္တိလဲရှိရမယ်၊ မော်ကွန်းလဲထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင် ဆန်းရယ်” – ဆိုတဲ့အတိုင်းရာဇ၀င် အတ္ထုပ္ပတ္တိရှိလို့ပါပဲ။

() အမေလူထုဒေါ်အမာဟာ ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းစတဲ့ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားများ နဲ့အတူ သပိတ် မှောက်ရာမျာ ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ဖွဲ့စည်းရာမှာလဲ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်လို့ တကသ မိခင် ဗကသ မိခင်တဦးအဖြစ် ရာဇ၀င် အတ္ထုပ္ပတ္တိရှိခဲ့ သူဖြစ်ပါတယ်။

() လူထုဦးလှနဲ့ အကြောင်းပါစမှာပဲ ဖက်ဆစ်တော်လှန်ရေးကြီးဖြစ်ပေါ်လာလို့ မန္တလေးမှာ လူထုဦးလှက ဖဆပလ ခေါင်း ဆောင်၊ အာရှလူငယ်ခေါင်းဆောင်အဖြစ် မြေပေါ်မြေအောက်လုပ်ငန်းများဆောင်ရွက်တဲ့အခါ အမေ လူထုဒေါ်အမာလဲ လူထုဦး လှရဲ့ ပါရမီဖြည့်ဖက်အဖြစ် ဆောင်ရွက်ရင်း တော်လှန်ရေးသမားဖြစ်လာခဲ့ပါတယ်။

() လူထုဦးလှနဲ့ အတူ လူထုဂျာနယ်၊ လူထုသတင်းစာတည်ထောင်ထုတ်ဝေပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာ လက်ရုံးသဖွယ် စာ ပေနဲ့တိုက်ပွဲဝင်ခဲ့ရာက ဗိုလ်ချုပ်တို့ကျဆုံးပြီး ပြည်တွင်းစစ်ဖြစ်လာတဲ့အခါ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ သားသမီးများ အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးလုပ်ငန်းတို့မှာ လူကိုယ်တိုင်ရော သတင်းစာပါပါဝင်ဆင်နွဲခဲ့ပါတယ်။ လူထု သတင်းစာက ဆရာကြီးရွှေဥဒေါင်းနဲ့ လူထုဦးလှတို့ အဖမ်းဆီးခံရ၊ သတင်းစာတိုက်ကို ဗုံးခွဲခံရ မီးလောင်ခံရတဲ့အခါတွေမှာ သတင်းစာကို ကိုယ်တိုင်ဦးဆောင်ပြီး သေတ္တာ မှောက် ဆောင်ရွက်လုပ်ကိုင်ခဲ့သူလဲဖြစ်ပါတယ်။

() တော်လှန်ရေးကိစ္စတွေပြီးသွားတဲ့အခါ ဦးလှရဲ့ ကြီးပွားရေးမဂ္ဂဇင်းမှာ ၁၉၃၆ ကတည်းက ခင်လ၀င်း ကလောင်အမည်နဲ့ ဘာ သာပြန်စာပေ၊ မြမဉ္ဇူ ကလောင်အမည်နဲ့ ဘ၀သရုပ်ဖေါ် ၀တ္ထုတွေရေးခဲ့ပြီး၊ သပိတ်မှောက်ရာက မန္တလေးကိုပြန်တဲ့အခါ အမျိုး သားကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးရာဇတ်က တာဝန်လွှဲအပ်ချက်အရဘာသာပြန်လုပ်ငန်းကို လုပ်ရတဲ့အခါ (မ အမာသပိတ်မှောက်ကျောင်းသူ) ကလောင်ဘွဲ့ ခံ ခဲ့ပါတယ်။ အဲဒီအခါကစပြီး ဗမာ့စာပေလောကနဲ့ ဗမာနိုင်ငံရေးလောကအတွက် အထူးအကျိုးရှိမယ့် ဘာသာပြန်စာအုပ်တွေကို ရေးသားထုတ်ဝေခဲ့ပါတယ်။

() ဗမာမင်းများရဲ့ နောက်ဆုံးမင်းနေပြည်လဲဖြစ်၊ ဗမာ့ယဉ်ကျေးမှုအချက်အချာလဲဖြစ်တဲ့ မန္ထလေးမြို့မှာ မွေးဖွားကြီးပြင်းသူဖြစ် တဲ့အတွက် ဗမာ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ ဇါတ်သဘင်နဲ့ မဟာဂီတ စတာတွေကို အစွမ်း ကုန် သုတေသနပြုရင်း ဗမာ့ယဉ် ကျေးမှုထိန်းသိမ်းရေးနဲ့ မြှင့်တင်ရေးတို့ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

() သဘင်သည်တွေ၊ ပန်းချီပန်းပု အနုပညာရှင်တွေ၊ စီးပွားရေးသမားတွေကအစ၊ ရဟန်းသံဃာတော်ကြီးတွေအထိ မန္ထလေး ၀န်းကျင်နယ်ပယ်အသီးသီးက ထင်ရှားသူတွေရဲ့ အတ္ထုပတ္တိအရှည်အတိုများကိုလဲ ရသမြောက် အတ္ထုပတ္တိ စာပေများအဖြစ်ရေး သားရင်း မြန်မာစာပေ တခန်း တကဏ္ဍကို မြှင့်တင်နိုင်ခဲ့သူလဲဖြစ်ပါတယ်။ ဒီလို အတ္ထုပတ္တိ ရေးသားရာမှာ ပြည်သူ့အမြင်၊ အရပ် သားအမြင်၊ အရပ်သားစကားများကို အခြေပြုပြီး ခေတ်မီတဲ့ အမြင်သစ်နဲ့ ဝေဖန်သုံးသပ်တင်ပြရေးသားတာတွေဖြစ်လို့ ရေးသမျှ စာများကဆွဲဆောင်မှုလည်း ရှိ ရှေ့ဆောင်မှုလည်း ရှိတဲ့စာပေတွေဖြစ်လာပါတယ်။

() ဒီလို စာရေးဆရာ သတင်းစာဆရာမကြီးအဖြစ်နဲ့ ကမ္ဘာ့ငြိမ်းချမ်ရေးညီလာခံတွေ၊ ကမ္ဘာ့အမျိုးသမီးညီလာခံတွေကို ဖိတ် ကြားခံရပြီး ကမ္ဘာ့ငြိမ်းချမ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသမီးဘ၀လွတ်မြောက်ရေးလုပ်ငန်းတွေမှာလဲ ပါဝင်ဦးဆောင်နိုင်ခဲ့ပါ တယ်။

ဒီလို ရာဇ၀င် အတ္ထုပတ္တိတွေရှိခဲ့တာကြောင့် ဗကသ မိခင်၊ ငြိမ်းချမ်းရေးမိခင်ကြီး တဦးအဖြစ် အများပြည်သူက တန်ဖိုး ထားလေးစားခြင်းခံခဲ့ရပါတယ်။ တိုင်းပြည်မှာ ပြဿနာတွေကြုံတိုင်း သတင်းဋ္ဌာနတွေကမေးလာတဲ့ အခါမှာလည်း ပြည်သူ့ဘက် က ရပ်တည်တဲ့ ပြတ်သားတဲ့အမြင်များကို ရဲရဲဝံ့ဝံ့ တင်ပြခဲ့တာချည်းဖြစ်လို့ ပြည်သူတွေက အားထားကြပါတယ်။

ဒါကြောင့် ဗမာပြည် တ၀န်းလုံးက စာရေးဆရာ၊ သတင်းစာဆရာတွေ၊ ကျောင်းသားခေါင်းဆောင် အဟောင်း အသစ် တွေ၊ နိုင်ငံရေးသမား အဟောင်းအသစ်တွေ၊ ပန်းချီပန်းပု အနုပညာရှင်တွေဟာ အမေလူထုမွေးနေ့တွေမှာ အမေလူထု ဒေါ်အမာ က ကျင်းပဖိတ်ကြားတာမဟုတ်ဘဲ ဒေါင့်စုံ နယ်စုံက လာရောက်ကြပြီး အမေလူထု ဒေါ် အမာ အသက်ရာကျော်ရှည်ပါစေလို့ လာ ရောက်ဆုတောင်းကြရင်း အမေလူထုဒေါ်အမာထံက သြ၀ါဒကထာ၊ သြသဓ အားဆေးများကို လာရောက်သုံးဆောင် အားဖြည့်ကြတာဖြစ်ပါတယ်။ ခုအခါ အမေလူထုဒေါ်အမာ ကွယ်လွန်ပြီဖြစ်ပေမဲ့ အမေလူထုဒေါ်အမာရဲ့ ဂုဏ်သတ္တိများက ပျောက် ကွယ်သွားမည်မဟုတ်ပါ။ အမေ့သတ္တိ၊ အမေ့ စေတနာ၊ မေတ္တာ၊ အမေ့အတွေးအမြင်များက ကျနော်တို့ပြည်သူများကို ဆက်လက်အားပေးရှေ့ဆောင် သွားမှာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

အမေလူထုဒေါ်အမာရဲ့ သားတဦးဖြစ်သူ
မောင်စွမ်းရည်

၂၀၀၈ ဧပြီ ၂၂၊ နယူးယောက်