>သီးလေးသီိးံငြ့် ဆေးရောင်စုံ အူငိမ့်ူပည်ပတငြ် လညြ့်လည်မည်

>

သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့် မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ကပြဖျော်ဖြေမည်
မိုးမခ အထောက်တော် (စင်္ကာပူ)

ဒီဇင်ဘာ ၂၈၊ ၂၀၀၇

ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပဖျော်ဖြေခဲ့ပြီးနောက် ပြောင်မြောက်သော နိုင်ငံရေး ပြက်လုံးများကြောင့် မြန်မာပြည်သူလူထုအကြား အားပေးမှုကို အထူးပင် ရရှိလျက်ရှိသော “သီးလေးသီးနှင့် ဆေးရောင်စုံ” အငြိမ့်အဖွဲ့သည် ယခုအခါ ပြည်ပသို့ ရောက်ရှိလာပြီး မလေးရှား၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများတွင် လှည့်လည် ကပြမည်ဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စတင်ဖျော်ဖြေမည်ဖြစ်သည်။

ဒုတိယပွဲ အနေဖြင့် မလေးရှားနိုင်ငံ ပီနန်မြို့တွင် ဇန္န၀ါရီလ ၆ ရက်နေ့တွင် ဆက်လက်ကပြမည်။

ထို့နောက် ဆေးရောင်စုံ အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်းကောင်း၊ စင်ကာပူနိုင်ငံတွင်လည်းကောင်း သွားရောက်ဖျော်ဖြေကပြမည်ဟု သိရသည်။

ဆေးရောင်စုံ အငြိမ့်အဖွဲ့တွင် ခေါင်းဆောင်မင်းသမီး ချောစုမျိုး၊ ရှေ့ထွက်မင်းသမီး မြစပယ်ငုံနှင့်အတူ လူရွှင်တော်များဖြစ်ကြသော ဂေါ်ဇီလာ၊ စိန်သီး၊ ကြယ်သီး၊ ပန်းသီးနှင့် ဆီးသီးတို့ ပါဝင်ကြသည်။

အဆိုပါ ဖျော်ဖြေပွဲများအတွက် အထူးစိတ်ဝင်စားဘွယ် ဖျော်ဖြေရေးအစီအစဉ်များ ပါရှိကြောင်းသိရှိရသည်။

အဆိုပါ ဖျော်ဖြေပွဲများအတွက် သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် ထိုင်ခုံလက်မှတ်များကို စတင်ရောင်းချနေပြီ ဖြစ်ရာ ကြည့်ရှုအားပေးလိုသော ပရိသတ်အနေဖြင့် မြန်မာစုရပ်နေရာများတွင် မေးမြန်းစုံစမ်း ၀ယ်ယူနိုင်ကြောင်းသိရသည်။

ဇန်န၀ါရီလ ၁၇ ရက်နေ့ ကြော်ငြာ ပိုစတာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts