88 Leader Min Zeya raise flag in Berkeley

၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းဇေယျ ဆန်ဖရန်ဘေးဧရိယာတွင် ခွပ်ဒေါင်းအလံလွှင့်တင်
မိုးမခဓာတ်ပုံသတင်း၊ ကျော်နိုင်၊ သြဂုတ် ၃၊ ၂၀၁၃
ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ Berkeley မြို့ တွင် ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့ ရောက်တိုင်း နှစ်စဉ် Burma Day ဟု ဆိုကာ မြန်မာ့အလံနှင့် ခွပ်ဒေါင်းအလံတော်အား Berkeley City Hall ရှေ့တွင် လွှင့်ထူလေ့ရှိရာ ယ္ခုနှစ်  အရေးတော်ပုံငွေရတုအကြို အဖြစ် ယမန်နေ့က မြန်မာပြည်မှခေတ္တရာက်ရှိနေသော ၈၈ မျိုးဆက် ခေါင်းဆောင်ကိုမင်းဇေယျာက ဦးဆောင်၍ ခွပ်ဒေါင်းအလံတော်အား လွှင့်ထူခဲ့သည်။ ထိုပွဲတွင် ဘေးဧရိယာတွင် အခြေချနေထိုင်နေကြသော မြန်မာအမေရိကန်မိသားစုများ တက်ရောက်ခဲ့ကြသည်။ ကိုမင်းဇေယျသည် မြန်မာပြည်တွင် ကျင်းပမည့် ၈လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနားသို့ အချိန်မီ တက်ရောက်ရန် သြဂုတ်လ ၄ ရက်တွင် မြန်မာပြည်သို့ ပြန်မည် ဖြစ်သည်။