Maung Maung Kyaw (မောင်မောင်ကျော်)
Dublin Core
Description
Moemory of him when he passed away August 23, 2026. around 11 PM USA time.
============================================
သီဟလတ် (Thiha Latt)
မနှစ်က နိုင်မြန်မာ ဆုံးတာသိသိချင်း မက်ဆင်ဂျာကနေ မင်းဆီ သတင်းပို့ပေးခဲ့တယ်။ တလောက ၁၉၉၀ မန္တလေး ၆၄ ယောက်အဖွဲ့ထဲက ထွက်သွားတဲ့သူနဲ့ ကျန်တဲ့သူစာရင်းတွေ မင်းလုပ်နေတော့လည်း စာရင်းတွေ ကူဖြည့်ပေးလိုက်သေးတယ်။ မင်း အခုလိုထွက်သွားလိမ့်မယ်လို့ ဘယ်ထင်ခဲ့မလဲ။ အခုတော့ ထွက်သွားတဲ့သူစာရင်းထဲ မင်းကိုဖြည့်ရတော့မယ်။ ငါ အရမ်းစိတ်မကောင်းဘူး မောင်မောင်ကျော်ရာ . . .

Zar Ni ( ဇာနည်)
“”(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ညီအကိုတော် ရဲဘော်မောင်မောင်ကျော်သို့..””
———————————————————
ဒီနေ့မနက်နောက်ဆုံးရတဲ့သတင်းအရဆိုရင် (၂၃-၈-၂၆) တနဂ်နွေနေ့ည (၁၁:၁၅) မိနစ်မှာ ကျနော်တို့ရဲ့ ချစ်လှစွာသော ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် “မောင်မောင်ကျော်” ဟာ ဘဝတပါးသို့ကူးပြောင်းသွားပါပြီ။
ကျနော်တို့ ၈၈ မျိုးဆက်တွေဆီမှာ သူနဲ့ပတ်သက်တဲ့အမှတ်ရစရာပုံရိပ်တွေကိုအမြောက်အများကျန်ရစ်ခဲ့မှာပါ။
သူဟာ (၁၉၈၈) ဇွန်လရဲ့မိုးစက်ပွင့်တွေနဲ့အတူ ကျနော်တို့ရဲ့နှလုံးသားထဲကိုရောက်လာခဲ့ပြီး (၃၈)နှစ်အကြာ (၂၀၂၆) ဩဂုတ်လရဲ့မိုးရေစက်တွေနဲ့အတူ ကျနော်တို့ကိုခွဲခွါသွားခဲ့ပါပြီ။ ရုပ်ခန္ဓာအရ သူမရှိတော့ပေမဲ့ ကျနော်တို့ထံပါးမှာ
တော့ကျနော်တို့နဲ့အတူ သူအစဉ်အမြဲဆက်ရှိနေဦးမှာပါ။
သူဟာ (၈၈၈၈) ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့သမိုင်းပုံရိပ်တွေနဲ့အတူ ကျနော်တို့ ၈၈ မျိုးဆက်တွေရဲ့နှလုံးသည်းပွတ်ထဲမှာရှိနေဦးမှာပါ။
တချိန်က သူဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေထဲမှာ အထင်ရှားဆုံး “Pionneer” ကျောင်းသားခေါင်းဆောင်တဦးလဲဖြစ်ခဲ့ပါတယ်။
(၈၈၈၈) ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဦးတည်စေခဲ့တဲ့ အရေးပါဆုံးကျောင်းသားလှုပ်ရှားမူ့တွေထဲကတခုဖြစ်တဲ့ (၁၉၈၈) ဇွန်လ ကျောင်းသားသပိတ်မှာ သူဟာရှေ့ဆောင်စည်းရုံးလှုံဆော်ခဲ့သူတဦးဖြစ်ခဲ့ပါတယ်။ ရန်ကုန်
တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ် ပထမဆုံးစင်ပေါ်တက်တရားဟောခဲ့သူလည်းဖြစ်ပါတယ်။ ဇွန်လကျောင်းသားသပိတ်ကာလမှာဖွဲ့စည်းခဲ့တဲ့ “ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ်တပ်ဦး” ( B Y L F) ကျောင်းသားလူငယ်အဖွဲ့အစည်းရဲ့ဥက္ကဌလည်းဖြစ်ခဲ့ပါတယ်။ တကယ်တော့ (၈၈၈၈) ရှစ်လေးလုံးတိုက်ပွဲကာလ(၂၈-၈-၈၈)နေ့မှာ ပထမဆုံးပြန်လည်
ဖွဲ့စည်းခဲ့တဲ့ “ဗကသများအဖွဲ့ချုပ်” ရဲ့ဥက္ကဌလည်းဖြစ်ရမဲ့သူတဦးဖြစ်ပါတယ်။ သို့သော်လည်း ထိုအချိန်က ကျနော်တို့ကျောင်းသားလူငယ်တွေရဲ့ လက်နက်ကိုင်တော်လှန်းရေးနဲ့ဗကသပြန်လည်ဖွဲ့စည်းရေးအတွက်မြေအောက်လှိုဝှက်အစည်းဝေးတွေမှာ တိမ်းရှောင်နေရတဲ့ “မောင်မောင်ကျော်” လူကိုယ်တိုင်မတက်ရောက်နိုင်တာကြောင့် အဝေးရောက်ဗဟိုအလုပ်အမူ့ဆောင်အဖြစ်ထည့်သွင်းဖွဲ့စည်းခဲ့ရတာလည်းဖြစ်ပါတယ်။ ထိုစဉ်က (မဆလ)တပါတီအာဏာရှင်စနစ်လက်အောက်မှာ ယခုခေတ်လို ဆက်သွယ်ရေးနည်းပညာတွေလည်းမရှိတာကြောင့်အခက်အခဲများစွာရှိခဲ့ပါတယ်။
ကိုမောင်မောင်ကျော်ရဲ့ဖခင်”ဂန္တဝင်မောင်ဝိုင်း” ဟာလည် အဖိနှိပ်ခဲပြည်သူ့ဘက်သားစာရေးဆရာတယောက်ဖြစ်ခဲ့သလို ဗကပပါတီမြေအောက်
လှုပ်ရှားမူ့အမူ့တွဲ နိုင်ငံရေးအကျဉ်းသားတဦးလဲဖြစ်ခဲ့ပြီး (မဆလ) ခေတ်က သက်ြန်သံချပ်အဖွဲ့တွေကိုလည်းဦးဆောင်ခဲ့သူ စစ်အစိုးဆန့်ကျင်ရေးပြည်သူ့လှုပ်ရှားမူ့တွေမှာ ပါဝင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ ထုံးစံအတိုင်း(မဆလ) စစ်အာဏာရှင်ခေတ်မှာ ကိုမောင်မောင်ကျော်တို့မိသားတစုလုံးဟာ အဖိနှိပ်ခံတွေအဖြစ် ချို့ငဲ့စွာရုန်းကန်ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပါတယ်။
တော်လှန်မျိုးဆက်တဦးဖြစ်ခဲ့တဲ့ “ကိုမောင်
မောင်ကျော် “ဟာ နိုင်ငံရေးအကျဉ်းသားတဦးလည်းဖြစ်ခဲ့ပြီး သူ့ဘဝတလျှောက်လုံး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ အဖိနှိပ်ခံလူ့မျိုးပေါင်းစုံပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် သူ့ပုခုံးပေါ်တင်ပေးခဲ့တဲ့ခေတ်သမိုင်းတာဝန်တွေကို သူ့ဘဝတလျှောက်လုံးရင်းနှီပေးဆပ် သယ်ပိုးထမ်းဆောင်သွားခဲ့ပါတယ်။
“ပြည်သူချစ်သောအနုပညာရှင်များ” စာအုပ်ထဲမှာ “ဆရာမြို့မငြိမ်း”အကြောင်း အမေ”လူထုဒေါ်အမာ” ပြောခဲ့သလိုပင် အရှင်းရှင်စနစ်ရဲ့ဆိုးဝါးပြင်းထန်တဲ့ဖိနှိပ်မူ့တွေအောက်မှာ ဆရာငြိမ်းဟာ သူ့ခေါင်းကို အုပ်တင်ကားဘီးအောက်ကို ခေါင်းထိုးပေးပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ရသလို.. ကျနော်တို့ရဲ့ချစ်လှစွာသော “ပြည်သူချစ်သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်” ကိုမောင်မောင်ကျော်ဟာလဲ ကမ္ဘာ့အကြီးဆုံးအရင်းရှင်နိုင်ငံကြီးတခုမှာ ပစ္စည်းမဲ့အလုပ်သမားတဦးအဖြစ်နဲ့သူ့ဘဝကိုနိဂုံးကမ္မတ်အဆုံးသတ်သွားခဲ့ပါပြီ။
တခါက ဇွန်လရဲ့မိုးရေစက်တွေနဲ့အတူ အဓိပတိလမ်းမပေါ်မှာကြွေကျနေတဲ့ စိန်ပန်းပွင့်နီနီတွေရယ်..ဘွဲ့နှင်းသဘင်ခန်းမရှေ့ကခြသ်ေ့ကြီးနှစ်ကောင်ရယ်..သစ်ပုတ်ပင်အိုရယ်.. အာစီအပန်းဖြေရိပ်သာလေးရဲ့ပေါင်းမိုးချွန်လေးရယ်..အင်လျားကန်ရေပြင်ပေါ်ကလှိုင်းကြပ်
ခွပ်လေးတွေရယ်.. မိုးစက်ပွင့်တွေနဲ့အတူ လေအဝှေ့မှာ တဖြုတ်ဖြုတ်ကြွေကျနေတဲ့ တက္ကသိုလ်ပုရဝုဏ်ထဲ့က ကန့်ကော်ပန်း ခရေပန်းတွေနဲ့အတူ တက္ကသီလာရန်ကုန်တက္ကသိုလ်ကြီးတည်ရှိနေသမျှကျနော်တို့ရဲ့ညီအကိုတော် “ရဲဘော်မောင်မောင်ကျော်”သည်လည်း ကျနော်တို့ ၈၈ မျိုးဆက် တွေအားလုံးရဲ့ရင်ထဲမှာ တည်ရှိနေပါလိမ့်မည်။။
“သွားနှင့်တော့ညီရဲဘော်ရေ…”
ဇာနည်။
(၂၄-၈-၂၀၂၆)

======================================
ရဲဘော်အောင်မှိုင်း ( မှိုင်းရာပြည့် မန္တလေးတက္ကသိုလ် ) (Ko Aung Hmine)
ရဲဘော်မောင်မောင်ကျော်
( ကျောင်းသားခေါင်းဆောင် ၈၈၈၈ အရေးတော်ပုံ )
စစ်အာဏာရှင်အဆက်ဆက်ကိုဖြုတ်ချဘို့
မျိုးဆက်အလိုက်ကျောင်းသားတိုက်ပွဲသမိုင်းတွေမှာ
ကျောင်းသားရဲဘော်အပေါင်းဟာ မိမိခေတ်က
တင်ပေးလိုက်တဲ့ သမိုင်းတာဝန်တွေကို ကျေပွန်စွာ
သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့ကြတယ်။
ရဲဘော်မောင်မောင်ကျော်ဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့
သမိုင်းဆိုင်ရာ မှတ်ကျောက်ဖြစ်သလို ကျောင်းသားလှုပ်ရှားမှုရဲ့
ခေါင်းဆောင်တဦးဖြစ်ခဲ့တယ်။
ကိုယ်ကျိုးစွန့်အနစ်နာခံရင်း ကျောင်းသားတိုက်ပွဲသမိုင်းကို သံမဏိ
သားတင်ခဲ့တယ်။
ရဲဘော်မောင်မောင်ကျော်ကို ဒီနေရာကနေ အလေးအနက်
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
အလေးပြုလိုက်ပါတယ် ရဲဘော်ရေ။
ရဲဘော်အောင်မှိုင်း ( မှိုင်းရာပြည့် မန္တလေးတက္ကသိုလ် )
=======================================

==================================
မောင်မောင်ဝမ်း (Maung Maung One)
၈၈ ကျောင်းသားခေါင်းဆောင်မောင်မောင်ကျော်သို့........
ကျော်ကြီးရေ ရင်ထဲပြောမပြတတ်အောင်ခံစားရပါတယ်။ အာဏာမသိမ်းခင်ကိုယ်ကနယူးယောက်ကနေဘတ်ဖဲလိုးမြို့အပြန် ဂျွှန်အက်ဖ်ကနေဒီလေဆိပ်ကော်ဖီဆိုင်မှာစကားတွေတနာရီကျော်လောက်ပြောခဲ့ကြတယ်။ ( အဲဒီတုန်းကသူက လေဆိပ်မှာအလုပ်လုပ်နေတာ ) နောက် လေဆိပ်အတွင်းထဲထိလိုက်လာပြီး ကျနော်ထွက်ခွာချိန်အထိ စကားတွေပြောဖြစ်ခဲ့ကြတယ်။ ဒါနောက်ဆုံးတွေ့ဆုံခြင်းဖြစ်လိမ့်မယ်လို့မထင်မိခဲ့ဘူး။
နောက်ဆုံးအမှတ်တရကတော့ စစ်အာဏာသိမ်းလို့လူထုအရေးတော်ပုံဖြစ်ဖို့ ကျနော်တိုက်တွန်းနေချိန်ဝိုင်းတီးတာခံရတယ်။ မိမိဖက်က ရပ်တည်ပေးမဲ့သူဆိုတာ တကယ့်နည်းနည်းလေးအချိန်မှာပေါ့ ဖေ့ဘွတ်ကနေသူ့ဆီက မက်ဆေ့တစောင်လက်ခံရရှိခဲ့တယ်။ ( ရဲဘော်ဝမ်း ပြောတဲ့ မြန်မာ့နွေဦးတော်လှန်ရေး ဆိုတဲ့ ခေါင်းစဉ်လေးကြိုက်တယ်တဲ့ )။စိတ်တွေပျက်၊ ဒေါသတွေထွက်နေချိန် သူ့ဆီက မက်ဆေ့လေးက ခွန်အားဖြစ်ခဲ့တယ်။ အမုန်းခံရှေ့ဆက်ခဲ့တယ်။ ဒီစာကြောင်းလေးက သူနဲ့ကျနော် သံသရာခရီးရဲ့နောက်ဆုံးအမှတ်တရလေးပါ။
ရဲဘော်ကျော်ကြီးကောင်းရာသုဂတိလားပါစေ။
သင့်ရဲဘော်
မောင်မောင်ဝမ်း
===============================================

===================================================
ရှစ်လေးလုံးကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးအတွက် အစောဆုံးကြိုးပမ်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော် ကွယ်လွန်
သြဂုတ် ၂၄၊ ၂၀၂၆
၈၈မျိူးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမောင်မောင်ကျော်ဟာ ဒီနေ့ အမေရိကန်ပြည်ထောင်စု ဒေသစံတော်ချိန် ၁၁နာရီ၁၈မိနစ်မှာ ကွယ်လွန်သွားပြီလို့ မိသားစုဝင်တွေကအတည်ပြုပါတယ်။
ကိုမောင်မောင်ကျော်ဟာ လုပ်ငန်းခွင်အတွင်း လှေကားပေါ်ကပြုတ်ကျပြီး ဦးခေါင်းထိခိုက်ရာကနေ ရက်အတော်ကြာမေ့မြောခဲ့ပါတယ်။ ဆရာဝန်တွေက လက်လျှော့လိုက်ပြီလို့ မနေ့ကကြေညာခဲ့ပြီးတဲ့နောက် ဒီနေ့ကွယ်လွန်သွားတာဖြစ်ပါတယ်။
ကိုမောင်မောင်ကျော်ဟာ စာရေးဆရာ ဒါရိုက်တာ ဂန္ထဝင်မောင်ဝိုင်းရဲ့ သားဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဗေလုဝရဲ့ တူတော်စပ်သူပါ။
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ကနဦးလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ၁၉၈၈ ဇွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေမှာဦးဆောင်ခဲ့ပြီး မောင်မောင်ကျော်အမည်နဲ့ တရားဟောတာတွေ၊ ကြေညာချက်ထုတ်ပြန်တာတွေပြုလုပ်ခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ ကာလအတွင်းမှာပဲ KNU ထိန်းချုပ်ရာဒေသကို အစောဆုံးထွက်လာခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုကို ဟန်ချက်ညီညီပေါင်းစပ်ဖို့ကြိုးစားခဲ့ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအတွက် BYLF (Burma Youth Liberation Front) ကိုတည်ထောင်ခဲ့ပြီး နဝတစစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရသူပါ။
ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ အခြေချခဲ့ပြီး ၂၀၁၃ ခုနှစ်ကျမှ မြန်မာနိုင်ငံကို ခေတ္တပြန်ရောက်ခွင့်ရခဲ့ပါတယ်။
ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်ဟာ ကံ့ကော်မြေမှသည် ဒေါနတောင်တန်းဆီသို့ (ပထမတွဲ) ၊ (ဒုတိယတွဲ) နဲ့ တိုင်းရေးပြည်ရာဆောင်းပါးများဆိုတဲ့ စာအုပ်တွေလည်းရေးသားထုတ်ဝေခဲ့ပါတယ်။
ကိုမောင်မောင်ကျော်ရဲ့ အမည်အရင်းမှာ ဦးကျော်စွာထွဋ်ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၉ နှစ်ရှိပြီဖြစ်ပါတယ်။
ဓါတ်ပုံ - ၈၈မျိုးဆက် ကိုမောင်မောင်ကျော် ( ၁၉၆၈ - ၂၀၂၆ )
သတင်း - မောင်ဘိုး
သတင်း - ဆီသို့ သတင်းဌာန
====================================================

==================================================
၈၈ ကျောင်းသားခေါင်းဆောင်နှင့်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမောင်မောင်ကျော်(ခ)
ကျော်ကြီး(ဘ)ဂန္ထဝင်
မောင်ဝိုင်းသည် ၂၃.၈.၂၀၂၆ ရက်နေ့
အမေရိကန်စံတော်ချိန် EST ၁၁း၁၈ PM မှာ
ကွယ်လွန်သွာပြီးဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်၊ရဲဘော် ရဲဘက်နှင့်မိတ်ဆွေသင်္ဂဟ
အပေါင်းအား အသိပေး အကြောင်းကြားအပ်ပါသည်။
ကျန်ရစ်သူ မိသားစုနဲ့အတူ
ထပ်တူထပ်မျှ ဝမ်းနည်း
ကြေကွဲရပါတယ်။
ရဲဘော်ကျော်ကြီး...ကောင်းရာသုဂတိ
လားပါစေ...
================================================

=================================================
ကိုမောင်မောင်ကျော်ကွယ်လွန်ခြင်းအတွက် ဗကသများအဖွဲ့ချုပ်ရဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာ။

ဗမာပြည်ကို နောက်ဆုံးအချိန်အထိ ချစ်သွားတဲ့
ကျမအကိုကြီး
၈၈ မျိုးဆကိ
ကျောင်းသားခေါင်းဆောင်
မောင်မောင်ကျော် USA
ဆုံးသွားပါပြီရှင်
ကိုကြီးနောက်ဆုံးအချိန်မှာ ညီမလေး
ဘာမှမလုပ်ပေးလိုက်နိုင်ဘူး
မကူညီပေးလိုက်နိုင်ဘူး
တကယ်ဝမ်းနည်းရပါတယ် ကိုကြီးရယ်
အဖေဆုံးတာ ၈လပိုင်း ၁၆ရက်
အကိုအငယ်ဆုံး ဆုံးတာ ၈လပိုင်း ၁၁ရက်
အကိုအကြီးဆုံး ဆုံးတာ ၈လပိုင်း ၂၄ရက်
တနင်္လာသားကြီးက တနင်္လာနေ့
မွေးတဲ့အချိန်နဲ့ ဆုံးတဲ့အချိန် တူတူပဲ
မြင့်မြတ်ရာဘုံဘဝကိုရောက်ရှိမယ်ဆိုတာ
အကြွင်းမဲ့ယုံကြည်ပါတယ် ကိုကြီးရယ်
လူသေလူဖြစ်ဝါဒကို ကိုင်စွဲထားတဲ့ကိုကြီး
ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့တိုင်းပြည်မှာပဲ လူပြန်ဖြစ်ပါစေ ကိုကြီးရယ်
ညီမလေး ကိုကြီးအပေါ်
ကာယကံ ၊ဝစီကံ၊မနောကံ သုံးပါးနဲ့
ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါလို့
ကန်တော့ပြီး တောင်းပန်လိုက်ပါတယ်
ညီမလေးနာမည်ကို ဗီယက်နမ်မလေး
ထွမ်းအိလို့ပဲ နောက်ဆုံးသတိကောင်းတဲ့အချိန်အထိ ခေါ်သွားပေးလို့ ကျေးဇူးပါ
ကိုကြီးရယ်။
D D Ma D D Ma Zann
Ko Ko Pyae
Mdam Mgwyne
#Moe Maung Maung
Moe Moe Maung Maung

(မိုးသီးဇွန်)
ကျော်ကြီးရေ စောလွန်းတယ်ကွာ။
ငါကို ပြဇာတ် တွေ အကြောင်းပြော
ပြမဲ့ သူမရှိတော့ ဘူးပေါ့ကွာ။

==============================
Graphics Ko Myo
ကိုမောင်မောင်ကျော်ရေ……. နှုတ်ဆက်ထွက်ခွါသွားပြီပေါ့…
စိတ်မကောင်းခြင်းများစွာနဲ့ နှုတ်ဆက်အလေးပြုပါတယ်ကိုမောင်မောင်ကျော်ရေ…
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလများအစပြုကတည်းက မော်လမြိုင် ရန်ကုန်လှုပ်ရှားမှုတွေကနေ နယ်စပ်တော်လှန်ရေးနှစ်ကာလ၊ ပြည်ပနိုင်ငံရေးလှုပ်ရှာမှုတွေအထိ ညီအစ်ကိုရဲဘော်တွေ အတူလက်တွဲလှုပ်ရှားလာခဲ့ကြရတဲ့အချိန်တွေအထိ အမြဲအမှတ်ရသိတ်ရနေမိမှာပါ ငြိမ်းချမ်းပါစေကိုမောင်မောင်ကျော်ရေ….
ကောင်းမွန်ငြိမ်းချမ်းရာသုခဘုံဘသစ်မှာ ငြိမ်းအေးချမ်းသာစွာအနားယူပါတော့နော် ကောင်းရာသုဂတိလားပါစေ။
=====================================

================================
(သီရိညွန့်)
၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ မဆလအစိုးရရဲ့ နိုင်ငံတော်ကောင်စီ ဆိုတာကြီးကနေ အမိန့်အမှတ် ၁/၁၉၈၇ နဲ့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲကြောင်း ရုတ်တရက် ကြေညာခဲ့တယ်
.
မြန်မာနိုင်ငံမှာ အယုတ်အလတ်အမြတ်မရွေး လူတန်းစားပေါင်းစုံရဲ့ ကိုယ်ပိုင်ငွေတွေ သဲထဲရေသွန်ဖြစ်သွားခဲ့ရတယ်
ဗိုလ်နေဝင်းနဲ့မဆလပါတီအစိုးရရဲ့ ပြည်သူကို ဂရုမစိုက် တာဝန်ယူမှု တာဝန်ခံမှုမရှိကြောင်း ပြသလိုက်မှုဟာ သူတို့ ကျရှုံးဖို့ အဓိကအချက်တစ်ခု ဖြစ်သွားခဲ့ရတယ်
.
အဲဒီနောက် ၁၉၈၈ ခုနှစ်၊ မတ်လ ဇွန်လကစလို့ နောက်ဆုံး သြဂုတ်လ ၈ လေးလုံး လူထုအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ ဇွန်လမှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (RASU)ထဲမှာ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော်ကို စသိခဲ့ရတယ်
၁၉၈၈ ခုနှစ်၊ ဇွန်လ(၁၄)ရက်မှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (RASU)ထဲမှာ သူ့ရဲ့ဟောပြောမှုကို စတင်နားထောင်ခဲ့ရတယ်
အဲဒီအချိန်က အုပ်စိုးနေတဲ့ အစိုးရကို လူလုံးပြ ဆန့်ကျင်ရဲတဲ့သူ နည်းပါးနေသေးချိန်
.
၁၉၈၈ စက်တင်ဘာလ (၁၈)ရက် - စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ ကိုမောင်မောင်ကျော်တို့က ထိုင်း-မြန်မာ နယ်စပ်ကိုရောက်နေပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကြတော့မယ်ဆိုတာ သိရတယ်
.
အဲဒီကိုမောင်မောင်ကျော် ဆိုတာက
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်(နောင် BYLF တပ်ဦးခေါင်းဆောင်) ကိုမောင်မောင်ကျော်(ခေါ် )ကိုကျော်စွာထွဋ်
.
ဇွန်လ(၃၀)ရက်နေ့က အလုပ်ခွင်မှာ သူအလုပ်လုပ်ရင်း ပေ ၃၀ အမြင့်လောက်ကနေ ပြုတ်ကျလို့ နံရိုးတွေကျိုး တင်ပါးဆုံရိုးပါထိခိုက်ပြီး ဆေးရုံရောက်တယ်
အခု ၂၀၂၆ ခုနှစ်၊ သြဂုတ်လ(၂၃)ရက်၊ အမေရိကန်စံတော်ချိန် ည ၁၁နာရီ ၂၁ မိနစ်မှာ Ascension St. Vincent Hospital, Indianapolis ဆေးရုံမှာ ဆုံးသွားပါပြီ
.
စိတ်မကောင်းပါဘူး ကိုမောင်မောင်ကျော်
လူတိုင်း မလွန်ဆန်နိုင်ကြတာ သိပေမယ့် နှမျောမိတာအမှန်ပါ
ကျွန်တော်တောခိုခဲ့တာက သူ့ကို ယုံကြည်လို့ဆိုတဲ့ အချက်တစ်ချက်လည်း ပါပါတယ်
အခုတော့ သူချစ်တဲ့တိုင်းပြည်ကိုကော အားလုံးကိုပါ စွန့်ခွါထွက်သွားခဲ့ပြီ
ကောင်းရာသုဂတိလားပါစေ!
.
#ကျောင်းသားခေါင်းဆောင်မောင်မောင်ကျော်သို့
(သီရိညွန့်)
၂၀၂၆ ခုနှစ်၊ သြဂုတ်လ(၂၃)ရက်
.
(ပြည်တွင်း ပြည်ပ နိုင်ငံရေး၊ တော်လှန်ရေးလုပ်သူတွေအတော်များများ ကိုမောင်မောင်ကျော်ကို သိကြပေမယ့် မသိကြသေးတဲ့ ကျွန်တော့်မိတ်ဆွေတွေက မေးလို့ သူတို့သိအောင် ကိုမောင်မောင်ကျော့်အကြောင်း အတိုချုပ်လေး ရေးပြတာဖြစ်ပါတယ်)
.
ဓါတ်ပုံကို ကိုအောင်မြင့်ထွန်းဆီကနေ ရယူပါတယ်
BYLF= Burma Youth Liberation Front
ဗမာပြည်ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦး
RASU = Rangoon Arts and Science University
ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
====================================

===================================
ကိုမောင်မောင်ကျော်၏သမိုင်း ပုံရိပ်တချို့
==========================
"ဇွန်အရေးအခင်း၏ နောက်ဆုံးနေ့များ "
အောင်ဒင်
အခန်း(၇ -တတိယပိုင်း)
နွေတညမှ အစပြု၍
■
ဇွန်လ ၁၄ရက်နေ့ကနေ ၁၇ရက်နေ့အထိတစ်ပတ်လုံး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားလှုပ်ရှားမှုတစ်ရပ်ကို အောင်မြင်စွာဖော်ဆောင်ခဲ့ပြီးတဲ့နောက် စနေ၊ တနင်္ဂနွေနှစ်ရက် ကျောင်းပိတ်ပြီး ဇွန်လ ၂ဝ ရက်နေ့မှာ ကျနော်တို့တွေ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာပြန်ဆုံပြီး လှုပ်ရှားမှုကိုဆက်ကြပါတယ်။ ဒီနေ့မှာတော့ ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော် ရောက်မလာတော့ပါ။ တောင်ဥက္ကလာပမြို့နယ်က သူ့အိမ်ကို ထောက်လှမ်းရေးက ညဘက်ဝင်စီးရာကနေ လွတ်မြောက်သွားပြီးဘေး
လွတ်ရာနေရာတစ်ခုမှာ ပုန်းအောင်းနေတယ်လို့ သိရပါတယ်။ ဒီနေ့မှာ စင်ပေါ်ကိုရောက်ရှိလာတဲ့ အဟောအပြောကောင်းသူ လူသစ်သုံးယောက်ကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း မိုးသီးဇွန်၊ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုသံတုတ်နဲ့ သမိုင်းချည်မျှင်နဲ့အထည်စက်ရုံက အလုပ်သမား ကိုမျိုးချစ်တို့ ဖြစ်ကြပါတယ်။ ဒီနေ့မှာပဲ စင်မြင့်ပေါ်မှာ ကျောင်းသားအရေးသီးသန့်ကိုပဲ တောင်းဆိုချင်ကြသူတွေနဲ့ တစ်နိုင်ငံလုံးရဲ့အရေး၊ နိုင်ငံရေးပြောင်းလဲမှုနဲ့ ဒီမိုကရေစီအရေးတွေကိုပါ တောင်းဆိုချင်ကြတဲ့ကျောင်းသားအုပ်စုနှစ်စု အပြန်အလှန် ငြင်းခုံဟောပြောကြပြီး စင်အောက်ကကျောင်းသားထုရဲ့ သဘောထားကို တောင်းဆိုကြပါတယ်။ ကျောင်းသားထုက မိုးသီးဇွန်နဲ့ ကိုသံတုတ်တို့ဦးဆောင်တဲ့ နိုင်ငံရေးပြောင်းလဲမှုနဲ့ ဒီမိုကရေစီအရေးတွေကိုပါ တောင်းဆိုရေးကို တစ်ခဲနက် ထောက်ခံလိုက်ကြပါတယ်။
ဇွန် ၂ဝ ရက်နေ့ဟာ ရန်ကုန်
တက္ကသိုလ်မြေမှာ ဇွန်လကျောင်း
သားလှုပ်ရှားမှုရဲ့ နောက်ဆုံးနေ့ဖြစ်ခဲ့ပါတယ်။ အဲဒီညမှာ အစိုးရရဲ့ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ရန်ကုန်တက္ကသိုလ် (ပင်မ)နဲ့ လက်
အောက်ခံ လှိုင်နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ ကြည့်မြင်တိုင်နယ်မြေများ အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်းကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
■
သွေးစွန်းသော ဇွန်လ ၂၁ရက်နေ့
ဇွန်လ ၂ဝ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ လက်အောက်ခံနယ်မြေ သုံးခုကို ပိတ်လိုက်ပေမဲ့ ရန်ကုန်စက်မှုတက္ကသိုလ်အပါအဝင် တခြားတက္ကသိုလ်၊ ကောလိပ်များမှာ ကျောင်းသားလှုပ်ရှားမှုတွေ မဖြစ်ပေါ်တာကြောင့် သက်ဆိုင်ရာပါမောက္ခချုပ်များက ကျောင်းများကို မပိတ်ပါ။ ဒါဟာဖြင့် စက်မှုတက္ကသိုလ်ကျောင်းသားများ၊ ဆေးတက္ကသိုလ်ကျောင်းသားများအတွက် အခံရခက်စရာ ဖြစ်လာပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်မှာ မတ်လက စခဲ့တဲ့ပြဿနာဟာ ရန်ကုန်တက္ကသိုလ်ကိုပါ ကူးစက်ပြီး အခုရန်ကုန်တက္ကသိုလ်မှာ ဆန္ဒပြပွဲတွေဖြစ်လို့ ကျောင်းပိတ်လိုက်ရတဲ့အချိန် ရန်ကုန်စက်မှုတက္ကသိုလ်မှာ စာသင်မပျက် ကျောင်းဖွင့်လျက်ရှိနေတယ်ဆိုတာ ကျနော်တို့အတွက်တော့ ရှက်စရာပါ။ ဒါကြောင့် ကျောင်းသားဆန္ဒပြမှုကို မဖြစ်ဖြစ်အောင် စည်းရုံးဖို့ ရည်ရွယ်ချက်နဲ့ ကျနော် ရန်ကုန်စက်မှုတက္ကသိုလ်
ဝင်းထဲကို ဇွန်လ ၂၁ ရက်နေ့မှာ ပြန်ရောက်ခဲ့ပါတယ်။ ကျနော်က
တောင် နောက်ကျနေပါသေးတယ်။ ကျနော်ကျောင်းကို ရောက်ချိန်နေ့လယ် ၁၂ နာရီလောက်မှာ ပင်မအဆောက်အအုံကြီးရဲ့ တိုင်လုံးကြီးတွေအလယ်က ကွက်လပ်မှာ ညီငယ်၊ ညီမငယ်တွေက ဆန္ဒပြပွဲကို စတင်ဦးဆောင်နေကြပါပြီ။
ရန်ကုန်စက်မှုတက္ကသိုလ် စာသင်ခန်းတွေထဲက ကျောင်းသားတွေကို အခုအချိန်မှာ စာသင်ခန်းထဲက ထွက်ဖို့စည်းရုံးရတာ သိပ်မခက်ခဲလှပါ။ အားလုံးမှာက နာကျင်မှုတွေနဲ့ပါ။ မတ်လအရေးအခင်းမှာ အဖမ်းခံရသူတွေ၊ ကျောင်းထုတ်ခံရသူတွေ၊ ပျောက်ဆုံးနေကြသူတွေထဲမှာ ရန်ကုန်စက်မှုတက္ကသိုလ်က အများဆုံးပါ၊ ကျောင်းသားပေါင်း လေးထောင်ကျော်လောက်ပဲရှိတဲ့ကျောင်းမို့ လစ်လပ်နေတဲ့ ခုံနေရာတွေက စာသင်ခန်းတိုင်းမှာ သိသာထင်ရှားလှပါတယ်။ ခြောက်ကပ်နေတဲ့ စာသင်ခန်းတွေမှာ ကျောင်းသားတွေရော ဆရာတွေပါ စာသင်ချင်စိတ်ကင်းမဲ့နေကြတာပါ။ မြန်မာပြည်ရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်ပြီး နောင်တစ်ချိန်မှာ ဝင်ငွေကောင်းတဲ့ အင်ဂျင်နီယာဘဝကိုရောက်မဲ့ အခြေအနေမျိုးကို မစွန့်ရဲလို့သာ မခံချင်စိတ်တွေကို ကြိတ်မှိတ်မျိုသိပ်ထားကြရပေမဲ့ အခုလို ရန်ကုန်တက္ကသိုလ်ကို အာဏာပိုင်တွေက ပိတ်လိုက်ပြီး စက်မှုတက္ကသိုလ်ကို ဆက်လက်ကျောင်းဖွင့်ထားတာဟာ အားလုံးရဲ့မခံ
ချင်စိတ်တွေကို လှုပ်နှိုးပေးလိုက်သလိုပါပဲ။ ဆရာ၊ဆရာမများကလည်း စာသင်ခန်းတွေကို လိုလို
လားလားပိတ်ပေးကြသလို ကျောင်းသားတွေကလည်း စာသင်ခန်းထဲက လိုလိုလားလားထွက်ခဲ့ကြပါတယ်။ ဆရာမတစ်ယောက်က မျက်ရည်တွေဝဲပြီး
“သတိတော့ထားကြပါ သားတို့ သမီးတို့ရယ်” လို့ ငိုသံနဲ့ ပြောလိုက်ပါသေးတယ်။
ဆရာမ ငိုသလို ကျနော်တို့လည်း ငိုချင်ကြပါတယ်။ အနည်းဆုံးတော့ ရင်ထဲမှာ တိတ်တိတ်ကလေး အသံမထွက် မျက်ရည်မကျဘဲ ငိုနေမိတာပါ။ အင်ဂျင်နီယာဖြစ်ဖို့ ၆ နှစ်တက်ရတဲ့ကျောင်းမှာ ကျနော်က ၉ နှစ်တောင် တက်နေရပြီး အခုမှ နောက်ဆုံးနှစ်ရောက်တာပါ။ ဒါပေမဲ့ မတ်လအရေးအခင်းက ကျနော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲပစ်လိုက်ပါပြီ။ လက်တစ်ကမ်းမှာရောက်နေတဲ့ အင်ဂျင်နီယာဘွဲ့နဲ့ ဝေးရတော့မှာပါ။ နောင်တမရပေမယ့် ဝမ်းနည်းမိတာတော့အမှန်ပါ။
ပင်မအဆောက်အအုံက သပိတ်စခန်းမှာ ဦးဆောင်ဟောပြောနေကြသူတွေက အတန်းငယ်များက ညီငယ်၊ ညီမငယ်များပါ။ သူတို့လေးတွေဟောပြောတာကို နားထောင်ရင်း ဒီမျက်နှာလေးတွေကို ရန်ကုန်တက္ကသိုလ် (ပင်မ) ဝင်းထဲမှာ အရင်အပတ်က မြင်ဖူးခဲ့တာကို မှတ်မိလာပါတယ်။ သူတို့လေးတွေလည်း ကျနော့်လိုပဲ ရန်ကုန်တက္ကသိုလ်ကို သွားရောက် လှုပ်ရှားခဲ့ကြတာကိုး။
တချို့ ကျနော်မှတ်မိသလောက် ဇော်ဝင်းနိုင် (ဘိုးတော်)၊ ဇော်ရဲဝင်း၊ စည်သူထွဋ်၊ သက်မွန်၊ မောင်မောင်ဝင်း (မောင်ရစ်/မိုးမခ) တို့ပါဝင်ကြပါတယ်။ သူတို့ အားလုံးနောက်ပိုင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ခေါင်းဆောင်များဖြစ်လာကြပါတယ်။ နောက်ဆုံးနှစ် ကျောင်းသားကြီးတွေကတော့ စင်မြင့်နဲ့ လူအုပ်ပတ်လည်မှာ လုံ
ခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးတာဝန် ယူကြပါတယ်။ နေ့လယ်ပိုင်းမှာ ဘီပီအိုင်ခေါ် မြန်မာ့ဆေးဝါးထုတ်လုပ်မှု စက်ရုံ၊ အင်းစိန်သံမဏိစက်ရုံ၊ ရွာမမီးရထားစက်ရုံများမှ အလုပ်သမားများ၊ အနောက်ကြို့ကုန်းရပ်ကွက်နဲ့ သမိုင်း၊ အင်းစိန်၊ လှိုင်မြို့နယ်များမှ ပြည်သူများ၊ အင်းစိန်စက်မှုသိပ္ပံနဲ့ တိမွေးကုတက္ကသိုလ်က ကျောင်းသားများပါ ရောက်ရှိလာလို့ အင်အားပိုပြီးကောင်းလာပါတယ်။ အင်းစိန်ဂျီတီအိုင်က လာကြတဲ့ ကျောင်းသားတွေထဲမှာ ကျနော်နဲ့ ညီအစ်ကိုလို ခင်မင်ရင်းနှီးတဲ့ အောင်မျိုးဇော်ပါလာလို့ သူ့ကို ကျနော့်အနားခေါ် ထားလိုက်ရပါတယ်။
နေ့လယ် ၃နာရီလောက်မှာ မိုးသီးဇွန်နဲ့ ကိုသံတုတ်တို့ ရောက်လာကြပါတယ်။ သူတို့ရဲ့ နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝတဲ့ ဟောပြောမှုတွေက ကျောင်းသားထုကို ပိုပြီး
နိုးကြားစေခဲ့ပါတယ်။ အဲဒီအချိန်လောက်မှာပဲ ကျောင်းဝင်းအဝမှာ လုံခြုံရေးတာဝန်ယူထားသူတွေက လုံထိန်းတပ်ဖွဲ့တွေ သမိုင်းဘက်ကရော အင်းစိန်ဘက်ကပါ ချီတက်လာနေတဲ့အကြောင်း၊ မကြာခင် ကျောင်းကိုဝင်စီးတော့မှာဖြစ်
ကြောင်း လာပြီးသတင်းပေးလို့ ဟောပြောပွဲတွေကို ရပ်ဆိုင်းပြီး အားလုံးပြေးလွှားဖို့ ပြင်ကြပါတယ်။
ဆရာ၊ ဆရာမများက စနစ်တကျ လူစုခွဲကြဖို့မေတ္တာ ရပ်ခံကြပါတယ်။ ကျနော်လည်း အောင်မျိုးဇော်ကိုခေါ်ပြီးကျောင်းရဲ့ အနောက်ဘက် အုတ်တံတိုင်းဆီကို ပြေးထွက်ခဲ့ပါတယ်။ နောက်ကို လှည့်ကြည့်တော့ မိုးသီးဇွန်နဲ့ ကိုသံတုတ်တို့ ဘယ်ကိုပြေးရမှန်းမသိ ဖြစ်နေတာတွေ့ရလို့ ကျနော်တို့နဲ့ လိုက်ခဲ့ဖို့ခေါ်တော့ သူတို့ လိုက်လာပါတယ်။ ကိုသံတုတ်က စက်မှုတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ ဒီလမ်းတွေကို ကျွမ်းကျင်ပုံမရပါ။ မိုးသီးဇွန်ကတော့ ကျနော်တို့ ကျောင်းဝင်းထဲ ဘယ်မှ သွားတတ်ပုံမရပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက် ကျနော်တို့နဲ့ အတူပါလာပြီးကျောင်းရဲ့ အနောက်ဘက်အုတ်တံတိုင်းကို ကျော်တက်လို့ အရှေ့ကြို့ကုန်းရပ်ကွက်ထဲရောက်ခဲ့ပါတယ်။ အဲဒီမှာပဲ ကျနော်တို့ လမ်းခွဲကြပါတယ်။ ကျနော်နဲ့ အောင်မျိုးဇော်က အင်းစိန်ဘက်ကို ဦးတည်ထွက်ခွာပြီး မိုးသီးဇွန်နဲ့ ကိုသံတုတ်တို့က မရမ်းကုန်းမြို့နယ်ဘက်ကို ထွက်ခွာသွားကြပါတယ်။
လမ်းခွဲပြီး အတော်ကြာမှ ကျနော့်လက်ထဲမှာ မိုးသီးဇွန်ရဲ့ လွယ်အိတ်ကျန်ရစ်ခဲ့တာ သတိရပါတယ်။ အုတ်တံတိုင်းပေါ် ကျော်တက်တုန်းက ခဏကိုင်ထားပေးတာပါ။ အတော်လှမ်းသွားကြပြီမို့ ပြန်လိုက်ပေးဖို့လည်း မဖြစ်နိုင်တော့ပါ။ အဲဒီအိတ်ထဲမှာ သူ့ရဲ့ မှတ်စုစာအုပ်တစ်အုပ်၊ တခြားတိုလီမိုလီပစ္စည်းတွေနဲ့ သူ့ဓာတ်ပုံနဲ့ ရန်ကုန်တက္ကသိုလ်တက်တုန်းက ကျောင်းသားကတ်ကို တွေ့ရပါတယ်။ ဒီတော့မှ သူ့နာမည်အမှန်က ‘မိုးသီးဇွန်’ မဟုတ်ဘဲ ‘မျိုးသန်းထွဋ်” ဖြစ်ကြောင်းနဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေကြောင်းသိရပါတယ်။အဲဒီလွယ်
အိတ်ကို ဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်း၊ ဆူးလေဘုရားအနီးက ရွှေနန်းတော် လက်ဖက်ရည်ဆိုင် အပေါ်ထပ်မှာပြုလုပ်တဲ့ ကျောင်း
သားသမဂ္ဂ ဖွဲ့စည်းရေးဆွေးနွေးပွဲမှာ မိုးသီးဇွန်နဲ့ ပြန်တွေ့ကြတော့မှ ပြန်ပေးလိုက်ပါတယ်။
ကျနော်တို့နှစ်ယောက် အင်းစိန်လမ်းမကြီးပေါ်ရောက်တော့မှ အလောင်းသယ်လာတဲ့ လူအုပ်ကြီးနဲ့ တည့်တည့်တိုးပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ရန်ကုန်တက္ကသိုလ်ကို ဇွန်လ ၂ဝ ရက်နေ့မှာ ပိတ်လိုက်ပြီးတဲ့နောက် ကျောင်းသားသပိတ်ဟာ ဇွန်လ ၂၁ ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်အပြင် ပြည်လမ်းက ဆေးတက္ကသိုလ် (၁) ကိုပါ ပျံ့နှံ့သွားတာပါ။ ကျနော်တို့က ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းအတွင်းမှာ ဆန္ဒပြလှုပ်ရှားနေကြချိန်မှာ ဆေးတက္ကသိုလ် ကျောင်းသားများကလည်း ပြည်လမ်းက ကျောင်းဝင်းထဲမှာ ဆန္ဒပြကြပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အပြင် စမ်းချောင်း၊ ကမာရွတ် မြို့နယ်များအထက်တန်းကျောင်းသားများ ပူးပေါင်းပါဝင်ကြလို့ ဆန္ဒပြသူ အင်အားထောင်နဲ့ချီပြီးရှိခဲ့ပါတယ်။ အဲဒီခေတ်က ဆေး တက္ကသိုလ်
(၁)ကို နယ်မြေနှစ်ခု ခွဲထားပါတယ်။
နောက်ဆုံးနှစ် အပိုင်း(က)နဲ့ အပိုင်း(ခ) အတန်းကြီးသမားတွေက ရန်ကုန်မြို့လယ်ကောင်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအနီးက ပင်မနယ်မြေမှာ တက်ကြရပြီး ပြည်လမ်းက လိပ်ခုံအဆောက်အအုံမှာက ပထမနှစ်ကနေ တတိယနှစ်အထိ အတန်းငယ်ကျောင်းသားတွေ တက်ကြတာပါ။ ပြည်လမ်း ဆေးတက္ကသိုလ်ဝင်းထဲက ဆန္ဒပြကျောင်းသားတွေ အင်အားငါးထောင်ကျော် ဇွန်လ ၂၁ ရက်နေ့ နေ့လယ် တစ်နာရီလောက်မှာ ကျောင်းဝင်းထဲကထွက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနီးက ဆေးတက္ကသိုလ် ပင်မဆီ ပြည်လမ်းမကြီးတစ်လျှောက် ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြပါတယ်။ ဖြတ်သန်းရာလမ်းမှာရှိတဲ့ အထက်တန်း
ကျောင်းများက ကျောင်းသားများလည်း သူတို့ရဲ့ ဆရာ၊ ဆရာမတွေ တားမြစ်တဲ့ကြားက ပိတ်ထားတဲ့ ကျောင်းဝင်းတံခါးကို ကျော်ခွပြီး ဆန္ဒပြသူများနဲ့ ပူးပေါင်းချီတက်ကြပါတယ်။
ဒါပေမဲ့ စစ်သားတွေ၊ လုံထိန်းရဲတွေက မြေနီကုန်းလမ်းဆုံမှာ လမ်းကို ပိတ်ဆို့လိုက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်တိုက်ခိုက်ပါတယ်။ စစ်သားတွေ၊ လုံထိန်းတွေရဲ့ သေနတ်နဲ့ပစ်ခတ်မှု၊ နံပါတ်တုတ်များနဲ့ ရိုက်နှက်မှုကြောင့် ကျောင်း
သားတွေ သေကျေကြ၊ ဒဏ်ရာရကြပြီး ဘေးတစ်ဖက်တစ်ချက်
က ရပ်ကွက်တွေထဲကို အလု
အယက် ထွက်ပြေးကြရပါတယ်။ စစ်တပ် လော်ရီကားကြီးတစ်စီးက ကျောင်းသားထုထဲကို အတင်းမောင်းနှင်ဝင်ရောက်လာရာမှာ ကျောင်းသားငယ်လေးတွေ ကားတိုက်ခံရပြီး နေရာမှာတင် နှစ်ယောက်သေဆုံးပါတယ်။ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက လက်
နက်မဲ့ ကျောင်းသားများအပေါ် ရက်ရက်စက်စက် အကြမ်းဖက်တာကို မျက်ဝါးထင်ထင်မြင်တွေ့နေကြရတဲ့ ရပ်ကွက်ပြည်သူများက သည်းမခံနိုင်ခြင်းများနဲ့ စစ်သားများ၊ လုံထိန်းများကို ရရာတုတ်၊ ဓားလက်နက်များနဲ့ တိုက်ခိုက်
ပြီး ကျောင်းသားများကို ကယ်တင်ဖို့ကြိုးစားကြပါတယ်။ ကျောင်းသားတချို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြေနီကုန်းလမ်းဆုံမှာရှိတဲ့ စမ်းချောင်းမြို့နယ် ရဲစခန်းကို ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးပြီး ဖမ်းဆီးခံကျောင်းသားများကို ကယ်ထုတ်ကြပါတယ်။ ဒီတိုက်ခိုက်မှုမှာ ကျောင်းသား၊ ပြည်သူ ၈ဝ လောက်ကျဆုံးပြီး အစိုးရဘက်ကလည်း ရဲ ၆ဦးသေဆုံးတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ဇွန်လ ၂၁ ရက်နေ့ဟာ စမ်းချောင်း၊ မြေနီကုန်းမှာ သွေးစွန်းခဲ့ပါတယ်။
ဒေါသထွက်နေတဲ့ လူတချို့က ရင်ဝကိုဖောက်မှန်သွားတဲ့ သေနတ်ဒဏ်ရာနဲ့ အူတွေပွင့်ပြီး သေဆုံးသွားရရှာတဲ့အထက်တန်းကျောင်းသားလေး တစ်ယောက်ရဲ့အလောင်းကို လေးဘီးကားတစ်စီးပေါ်တင်ပြီး ပြည်လမ်းမကြီးအတိုင်း သယ်ဆောင်လာကြပါတယ်။ လှည်းတန်းလမ်းဆုံအရောက်မှာ အင်းစိန်လမ်းမကြီး
အတိုင်း အင်းစိန်မြို့နယ်ဘက်ကို ဆက်လက်သယ်ဆောင်လာတာ ကျနော်တို့ကျောင်းရှေ့ကို နေ့လယ်သုံးနာရီခွဲလောက်မှာ ရောက်ပါတယ်။ ဒါကို လုံခြုံရေးတာဝန်ကျသူတွေက လုံထိန်းတွေ ကျောင်းကိုဝင်စီးဖို့လာနေပြီထင်ပြီး အော်ဟစ် သတိပေးလို့ ကျနော်တို့အားလုံး ကျောင်းဝင်း သပိတ်စခန်းကနေ ထွက်ပြေးခဲ့ကြတာပါ။ အခုတော့ အဲဒီ အလောင်းသယ်လာတဲ့ကားနဲ့ မြေနီကုန်း အကြမ်းဖက်မှုက လွတ်မြောက်လာကြသူများနဲ့ အင်းစိန်လမ်းမကြီးပေါ်မှာ တွေ့ဆုံရမှ အဖြစ်အပျက်အမှန်ကို သိကြရပါတယ်။
သေဆုံးနေတဲ့ ကျောင်းသားလေးဟာ အသက် ၁၄နှစ်လောက်ပဲ ရှိပါဦးမယ်။ အသက်မဲ့နဲ့ ပွင့်ဟနေတဲ့ သူ့မျက်လုံးတွေမှာ သူအခုလိုဖြစ်ရတာအပေါ် မယုံကြည်နိုင်မှုတွေကို အထင်းသားပြနေပါတယ်။ ဒီနေ့မနက် အိမ်ကထွက်လာကတည်းက သူ့အမေက ကျောင်းမှာ သိပ်အလွန်အကျွံမကစားဖို့ မှာလိုက်မှာပါ။ သူဟာ သူ့ဆရာမက တားမြစ်တဲ့ကြားက ကျောင်းဝင်းတံခါးကို ကျော်တက်လို့ နောင်တော်ကျောင်းသားကြီးများနဲ့ ရင်ခုန်သံတူပူးပေါင်းခဲ့သူပါ။ သူ့ဘဝရဲ့ အိပ်မက်ကလည်း ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးဖြစ်ချင်မှာပါ။ အခုတော့ သူ့အမေကပေကျံမှာစိုးတဲ့ ကျောင်းစိမ်းလုံချည်လေးနဲ့ ရှပ်အင်္ကျီ အဖြူလေးဟာ သွေးတွေ၊ ဖုန်မှုန့်တွေနဲ့ ညစ်ပေနေပါပြီ။ ဒါပေမဲ့ သူ့အမေက သူ့ကို မဆူနိုင်တော့ပါ။ ဆရာမကလည်း သူ့ကို အပြစ်မပေးနိုင်တော့ပါ။ အကြမ်း
ဖက်သမားတွေ ကြီးစိုးတဲ့ မိုး
ကောင်းကင်မှာ ဖြူစင်သူတွေရဲ့ အနာဂတ်ဆိုတာ ခဏတာတည်ရှိတဲ့ လေပူဖောင်းလေးတွေလိုပါပဲ။
ဒီလိုနဲ့ ဇွန်လ၂၁ရက်နေ့ညမှာ မဆလအစိုးရက ကျန်ရှိနေသေးတဲ့တက္ကသိုလ်၊ ကောလိပ်များအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ကြေညာပါတယ်။ ပြီးတော့ ရန်ကုန်မြို့တော်စည်
ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ်များမှာ ပုဒ်မ ၁၄၄ နဲ့ ည ၆နာရီမှ မနက် ၆နာရီ အတွင်း ညမထွက်ရ အမိန့်များကို ထုတ်ပြန်လိုက်ပါတယ်။
■
(စျ) ဗမာပြည် ပြည်သူ့လွတ်
မြောက်ရေးလူငယ့်တပ်ဦး မွေးဖွားခြင်း
ဇွန်လ ၂၄ ရက်နေ့မှာ အောင်မျိုးဇော်နဲ့ ပြန်တွေ့ပါတယ်။ သူက ကျနော့်ကို လိုက်ရှာပြီး သူ့အိမ်ကိုခေါ်သွားပါတယ်။ သူ့အိမ်က တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနဲ့ မေတ္တာလမ်းထောင့်က နှစ်ထပ်အိမ်ပါ။ သူ့မိဘများဖြစ်ကြတဲ့ ဒေါက်တာဦးမျိုးမြင့်နဲ့ အန်တီ ဒေါ်သဲရွှေတို့က ကျနော်တို့ မိဘတွေနဲ့ အရမ်းရင်းနှီးကြပါတယ်။ အဲဒီအိမ်မှာ မောင်မောင်ကျော်နဲ့ ကျနော်ပြန်ဆုံရပါတယ်။ မောင်မောင်ကျော်နဲ့အတူ သူ့ရဲ့ကိုယ်ရေးအရာရှိလိုဆောင်ရွက်နေတဲ့ ခင်သိန်းလွင် (ခေါ်) လွင်လွင်ကိုလည်း တွေ့ရပါတယ်။
မောင်မောင်ကျော်ရဲ့အဖေ ဦးနေဝင်းက တောင်ဥက္ကလာပမြို့နယ်က မူလတန်းကျောင်း တစ်ခုမှာ စာပြနေပြီး “ဂန္ထဝင်မောင်ဝိုင်း' လို့ထင်ရှားတဲ့ အနုပညာရှင်၊ဒါရိုက်
တာ၊ သင်္ကြန်မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ နှစ်တိုင်း သင်္ကြန်ကာလမှာ သူဦးဆောင်တဲ့
“မောင်မောင်ဆိုလေ ထီးရိုးရှည်”၊ “မဟာရန်ကုန် သုံးရာခြောက်ဆယ့်ငါး” စတဲ့ သံချပ်ပြိုင်ပွဲဝင်အဖွဲ့တွေက ရန်ကုန်မြို့တွင်းမြို့နယ်များက ဆုပေးမဏ္ဍပ်တွေမှာ ဆုတွေသိမ်း
ကျုံးရယူနိုင်ခဲ့တာပါ။ ဦးနေဝင်းက ကျနော်တို့အိမ်ကို မကြာခဏလာရောက်ပြီး ဖေဖေနဲ့ စကားဝိုင်းဖွဲ့တတ်သူမို့ ကျနော်ကဦးနေဝင်းနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး မောင်မောင်
ကျော်ဖြစ်လာတဲ့ ကျော်စွာထွဋ် အကြောင်းကိုလည်း ကြားဖူးပြီးသားပါ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဇွန်လကျောင်းသားလှုပ်ရှားမှုမှာ မောင်မောင်ကျော်ရဲ့ ရဲရင့်တက်ကြွတဲ့ ဦးဆောင်လှုပ်ရှားမှုတွေကြောင့် လေးစားမိပါတယ်။ သူကလည်း သူ့အဖေကတစ်ဆင့် ကျနော့်အကြောင်းကြားဖူးပြီးသားပါ။ ကျနော်တို့နှစ်ယောက် သူပုန်းခိုနေတဲ့ အောင်မျိုးဇော်ရဲ့အိမ်မှာ ပြန်ဆုံကြတော့ ချက်ချင်းဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်ကြ၊ ရင်းနှီးကြပါတယ်။
တွေ့တွေ့ချင်းပဲ မောင်မောင်ကျော်က
“ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလူငယ့်တပ်ဦး” (Burma Youth Liberation Front/BYLF) ဖွဲ့စည်း တည်ထောင်မယ့်ကိစ္စကို ဆွေးနွေးပါတယ်။ တက္ကသိုလ်မြေကစခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို ကျောင်းတွေပိတ်တာနဲ့အမျှ ကျောင်းဝင်းထဲမှာ မြှုပ်နှံချန်ထားခဲ့လို့မရပါ။ ကျောင်းသားတွေက ကျောင်းဝင်းထဲကနေ ပြည်သူလူထု ကြားထဲကို ပြန်ရောက်လာကြပါပြီ။ ကျောင်း
သားအရေးကိုသာ တောင်းဆိုကြတဲ့ ကျောင်းသားလှုပ်ရှားမှုကနေ ပြည်သူတွေပါဝင်တဲ့ လူထုလှုပ်
ရှားမှုတွေနဲ့ နိုင်ငံရေး အပြောင်းအ
လဲကို တကယ်ရယူနိုင်အောင် ဆက်လက်ဆောင်ရွက်ရမှာပါ။ အစိုးရကိုဆန့်ကျင်တယ်ဆိုတာ၊ ပြည်သူလူထုကို စည်းရုံးတယ်ဆိုတာလည်း သူငယ်ချင်းတွေစုပြီး အဆင်ပြေသလို လှုပ်ရှားလို့မရပါ။ ယုံကြည်စိတ်ချရသူများ အချင်း
ချင်းစုဝေးလို့ အဖွဲ့အစည်းတစ်ခု လျှို့ဝှက်ဖွဲ့စည်းပြီး စနစ်တကျ ပြင်ဆင်လှုပ်ရှားကြရမှာပါ။
ဒီလို အစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းတစ်ခု လျှို့ဝှက်ဖွဲ့စည်းပြီး မြေအောက်လုပ်ငန်းတွေလုပ်ပြီဆိုမှဖြင့် ကျနော်တို့မှာ အောင်မြင်ဖို့ဆိုတာ အင်မတန်မျှော်လင့်ချက်နည်းပြီး ထောင်ကျပြီး ညှဉ်းပန်းနှိပ်စက်ခံရဖို့ (သို့မဟုတ်) အသတ်ခံရဖို့က ပိုပြီးသေချာနေတာပါ။ ဒါကြောင့် ကျနော်အစပိုင်းမှာ အနည်းငယ်
တွေဝေမိပါတယ်။ ဒါပေမဲ့လည်း ဘာမှဆက်မလုပ်ဘဲ နားလိုက်လို့လည်း ကျနော်တို့ လုံခြုံရေးကို ဘယ်သူမှတာဝန်မယူနိုင်ပါ။ ကျနော်တို့မှာ ရပ်တန့်ဖို့၊ နောက်ဆုတ်ဖို့မရှိ။ ရှေ့ကိုပဲ ဆက်လက်ရွေ့လျားကြရမှာပါ။
ဒါပေမဲ့ ကျနော်မရှင်းတာ တစ်ခုရှိပါတယ်။ မောင်မောင်ကျော်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ရတကသ)ရဲ့ ဥက္ကဋ္ဌအဖြစ် ဇွန်အရေးအခင်းတိုက်ပွဲဝင် ကျောင်း
သားများက ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။ အခု ကျောင်းဝင်းထဲကထွက်ပြီး ပြည်သူတွေကြား ရောက်နေပေမဲ့ သူ့အနားမှာ ကျနော်အပါ
အဝင် ဇွန်အရေးအခင်းမှာ ပါဝင်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေ စုဝေးရောက်ရှိနေကြတာပါ။ ‘ရတကသ” တံဆိပ်တုံးလည်း ကျနော်တို့ လက်ထဲမှာ ရှိပါတယ်။ ဘာကြောင့် ကျနော်တို့ ကျောင်းသားသမဂ္ဂအမည်နဲ့ မလှုပ်ရှားနိုင်ရမှာလဲ။ ဘာကြောင့် “ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလူငယ့်တပ်ဦး”ဆိုပြီး အဖွဲ့သစ်တစ်ခု ထောင်ကြမှာလဲ။
မောင်မောင်ကျော်က ရှင်းပြပါတယ်။ ကျောင်းသားသမဂ္ဂဆိုတာကျောင်းသားထုကိုပဲ ကိုယ်စားပြုတာမို့ အခုလို လူထုကြားထဲရောက်ရှိပြီး လူထုကို စည်းရုံးတိုက်ပွဲဖော်ဆောင်ရမဲ့ အချိန်မှာကျောင်းသားတွေတင်မကဘူး၊ အရပ်သား
လူငယ်တွေကိုပါ စည်းရုံးခေါ် ဆောင်ဖို့အတွက် ကျောင်းသား သမဂ္ဂမဟုတ်တဲ့ အဖွဲ့တစ်ခုလိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ ကျောင်းသား သမဂ္ဂဆိုတာကျောင်း
သားထုရှိရာမှာသာ တည်ရှိရမယ့် အဖွဲ့အစည်းဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆက်စပ်ရတော့မယ်ဆိုရင် မသင့်တော်ကြောင်း ပြောပါတယ်။
မောင်မောင်ကျော်က လူထုအုံကြွမှုတစ်ခုတည်းနဲ့ မဆလ အစိုးရကို ဖြုတ်မချနိုင်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပေါင်းစပ်မှသာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကို ကျနော်လည်း ယုံကြည်ပါတယ်။ သူ့ရဲ့ရှင်းပြချက်ကို ကျနော်လက်ခံရင်း နောင်မှာ‘ဘီဝိုင်’လို့ အတို ကောက်ခေါ်ဆိုကြတဲ့
“ဗမာပြည် ပြည်သူ့လွတ်မြောက်
ရေးလူငယ့်တပ်ဦး'”မှာ ပါဝင်ဖို့ သဘောတူလိုက်ပါတယ်။
အဲဒီအချိန်မှာ မောင်မောင်ကျော်က ပြည်ပရောက် ‘စီအာဒီဘီ”လို့ အတို
ကောက် ခေါ်တဲ့ မြန်မာပြည် ဒီမိုကရေစီပြန်လည်ထွန်းကားရေးကော်မတီ (Committee to Restore Democracy in Burma/CRDB) က ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူတို့နဲ့ သူ့အဖေဦးနေဝင်းကတစ်ဆင့် အဆက်အသွယ်ရနေပါပြီ။ အဲဒီအချိန်တုန်းက ကျနော်တို့ရဲ့ နား
လည်မှုက ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူတို့နဲ့အတူ စီအာဒီဘီမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဦးအောင်ဆန်းဦးလည်း ပါဝင်တယ်လို့ပါ။ ဒါကြောင့် ဦးအောင်ဆန်းဦး၊ ဦးတင်မောင်ဝင်းတို့ အကူအညီနဲ့ လက်နက်ကိုင် တော်လှန်ရေး
အတွက် နိုင်ငံတကာအထောက်အပံ့တွေ၊ အခြေအနေကောင်းတွေရနိုင်တယ်လို့ ယုံကြည်မိကြပါတယ်။ မောင်မောင်ကျော်အနေနဲ့လည်း ပြည်တွင်းမှာ နေထိုင်ဖို့မလုံခြုံတော့လို့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ခွာဖို့ ကြိုးစားနေချိန်ပါ။
“ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလူငယ့်တပ်ဦး” ကို ကျနော်တို့အတူ ဇူလိုင်လ
၇ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ပြီး မဆလအစိုးရကို ဆန့်ကျင်တော်လှန်ဖို့ ကျောင်းသားများ၊ လူငယ်များပါဝင်တဲ့ “ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလူငယ့်တပ်ဦး” ဖွဲ့စည်းကြောင်း ကြေညာ
စာတမ်းတစ်စောင်ကို ထုတ်ပြန်ပါတယ်။ အဲဒီနောက် ဇူလိုင်လကုန်လောက်မှာ မောင်မောင်ကျော်က ကိုချစ်ကြည်နဲ့အတူ မော်လမြိုင်က တစ်ဆင့် ထိုင်း-မြန်မာနယ်စပ်ကို လျှို့ဝှက်စွာ ထွက်ခွာသွားပါတော့တယ်။ ကျနော်က ပြည်တွင်းမှာ အဖွဲ့အစည်းနဲ့ ကျန်ရစ်ခဲ့ပြီး လူထုလှုပ်ရှားမှုများကို စည်းရုံးရင်း နယ်စပ်ရောက် မောင်မောင်ကျော် လိုအပ်သမျှကို နောက်ပိုင်းက ကူညီပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ တကယ်လို့ လက်နက်ကိုင်တော်လှန်ရေးအတွက် အကူအညီတွေရပြီဆိုရင် စစ်သင်တန်းတက်မဲ့ ကျောင်းသားလူငယ်တွေကို ကျနော်က ပြည်
တွင်းကနေ စီစဉ်စည်းရုံးပြီး မောင်မောင်ကျော်ထံ အရောက်ပို့ပေးရမှာပါ။
ကိုချစ်ကြည်က အစိုးရစက်မှုသိပ္ပံ (ဂျီတီအိုင်) ကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး မြို့တော်စည်ပင်
သာယာရေးကော်မတီမှာ ဒုလက်
ထောက်အင်ဂျင်နီယာဖြစ်နေပါပြီ။ သူကလည်း ဝင်ငွေအလွန်ကောင်းတဲ့ သူ့အလုပ်ကိုစွန့်ပြီး တော်လှန်
ရေးထဲ ခြေစုံပစ်ဝင်ရောက်ခဲ့သူပါ။
နောက်ရက်တွေမှာ မောင်မောင်ကျော်ရဲ့ ရဲဘော်တွေကို ဆက်လက်တွေ့ဆုံပြီး အဖွဲ့အစည်းဖွဲ့စည်းမှုကို ပိုပြီးစနစ်ကျအောင် ဆောင်ရွက်ကြပါတယ်။ အားလုံးက ဇွန်လအရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေပါ။ ခင်သိန်းလွင် (ခေါ်) လွင်လွင်၊ ကြည်ဝင်း (ခေါ်) ချမ်းအေး၊ တေဇာလင်း(ခေါ်) မီးတုတ်မောင်တေ၊ အေးကျော်၊ တင်တင်ဦး၊ မိုးကလျာဦး၊ ညွန့်ညွန့်ဝေ၊ အောင်နိုင်စိုး၊ အကြီးကောင်နဲ့ အငယ်ကောင်လို့ ခေါ်ကြတဲ့ ကျော်စိုးဝင်းနဲ့ ကျော်စိုးလင်း အမြွှာညီအစ်ကို၊ ဆန်းဝင်း၊ ဖိုးချွန်၊ ထွန်းထွန်း၊ ဇေယျာကျော်၊ မီးမီး၊ ကိုလှဟန်(ခင်ဝင့်ဝါရဲ့ ဖခင်)၊ အောင်မိုးလှိုင်၊ ဥက္ကာ (မောင်မောင်ကျော့်ညီ)၊ ကိုနိုင်၊ ကျော်ကျော်ထွေး၊ ဇော်မင်းသိန်း၊ ကြည်ကြည်ဝင်း၊ ဌေးဌေးဝင်း၊ သောင်းညိုမင်း၊ ထွေးကို၊ စည်သူဝင်း၊ အောင်မျိုး
ဇော်၊ ရွှေဘုန်းလူ၊ မောင်မောင်ကြွယ်၊ ဘုန်းသက်ပိုင်၊ ကိုဘိုဘိုထွန်း၊ ခင်စန္ဒာမိုး၊ လက်ျာဝင်း၊ ဆန်းတင့်၊ ထွန်းထွန်းဦး၊ ကိုဟန်မြင့်၊ တိတ်စိန်၊ အောင်နိုင်၊ စောရန်ရှင်း၊ ဇော်ဝင်းထွန်း၊ ဇော်ကြီး၊ စည်သူ စတဲ့ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသား လူငယ်တစ်စုဟာ သူတို့ရဲ့ အနာ
ဂတ်အိပ်မက်တွေကို လွယ်အိတ်ထဲမှာ ထည့်သိမ်းပြီး အမိမြေကို စစ်ဘီလူးတွေ လက်ထဲက ပြန်လည်လုယူဖို့၊ မသေချာမှုများစွာနဲ့ပြည့်နှက်နေတဲ့ မုန်တိုင်းကို ဖြတ်သန်းဖို့ “ဗမာပြည် ပြည်သူ့ လွတ်မြောက်
ရေးလူငယ့်တပ်ဦး” အလံကို ဇူလိုင်မိုးရေတွေထဲမှာ စတင်လွှင့် ထူလိုက်ကြပါတယ်။
မောင်မောင်ကျော်နဲ့ ကိုချစ်ကြည်တို့ မော်လမြိုင်ကိုထွက်သွားပြီး နောက်တစ်ရက်မှာပဲ “ဘီဝိုင်’ ရဲ့ ဒုတိယ ကြေညာချက်၊ ပြည်သူသို့ ပန်
ကြားချက်ကို ဇူလိုင်လလယ်မှာ ဖြန့်ချိပါတယ်။ မဆလအစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အတွက်ပိုပြီးကောင်းမွန်တဲ့ နိုင်ငံရေး အပြောင်း
အလဲကို ဖန်တီးရာမှာကျောင်းသား၊ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ကြဖို့ လှုံ့ဆော်တဲ့ ကြေညာချက်ကို မောင်မောင်ကျော်က ဥက္ကဋ္ဌအဖြစ်၊ ကျနော်က အတွင်းရေးမှူးအဖြစ် လက်မှတ်ထိုးပါတယ်။ အဲဒီကြေညာချက်ကစလို့ ကျနော် ‘အောင်ဒင်” ဆိုတဲ့ အမည်ကို ခံယူလိုက်ပါတယ်။ နာမည်တွေပြောင်း
လဲ ယူကြတာက တကယ်တော့ ကျနော်တို့ကို အစိုးရ ထောက်လှမ်းရေးများက အလွယ်တကူ ခြေရာမခံနိုင်အောင်လို့ပါ။ ဒါပေမဲ့ ကျနော်တို့က ဗကသ၊ တကသကျောင်းသား သမဂ္ဂများအပေါ် အင်မတန်သံယောဇဉ်ကြီး လေးစားကြလွန်းလို့ တစ်ခေတ်တစ်ခါက ကျောင်း
သား ခေါင်းဆောင်များရဲ့ အမည်ကိုရွေးချယ်ခံယူကြပါတယ်။ ကျော်စွာထွဋ်ခံယူတဲ့ ‘မောင်မောင်ကျော်” ဆိုတာ ၁၉၄၉ ခုနှစ် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌပါ။ နောက်ပိုင်းမှာ ရှေ့နေကြီးဒေါက်တာ ဦးမောင်မောင်ကျော်ဖြစ်လာပြီး ကျနော်နဲ့ အင်းစိန်
ထောင်ထဲမှာ တွေ့ဆုံရပါတယ်။ ကျနော်ခံယူတဲ့ ‘အောင်ဒင်” က ၁၉၂ဝပြည့်နှစ် ပထမတက္ကသိုလ် ကျောင်း
သားသပိတ်ကို ဦးဆောင်တဲ့ သပိတ်မှောက်ကျောင်းသားကြီး ၁ဝဦးထဲက တစ်ဦးဖြစ်ပါတယ်။
ဒီကြေညာချက်ကို ကျနော်ကရေးပြီး ဘီဝိုင် အမှုဆောင်အဖွဲ့က အတည်ပြုပြီးတဲ့နောက် လက်
ရေးလှတဲ့ အေးကျော်က ဖယောင်း
စက္ကူပေါ်မှာ ကညစ်နဲ့ ရေးပါတယ်။ ပြီးတော့ မီးချောင်း နှစ်ချောင်းနဲ့ ပုံနှိပ်မင်ကိုသုံးပြီး မိတ္တူတွေကူးကြပါတယ်။ စာကူးစက်တွေ မသုံးနိုင်ပါ။
တောင်ဥက္ကလာပမြို့နယ်၊၅ရပ်
ကွက်က ကိုလှဟန်ရဲ့ အိမ်ခန်းကျဉ်းကလေးထဲမှာ တစ်ညလုံး အိမ်ရှေ့တံခါးကို အပြင်ကသော့
ခတ်ပြီး မိတ္တူကူးကြတာ မနက်ပိုင်းမှာ စောင်ရေ ၅၀၀ လောက်ရပါတယ်။ အဲဒီကြေညာချက်တွေကို ဘီဝိုင်အဖွဲ့ဝင်တွေက လွယ်အိတ်ထဲမှာ၊ ခါးကြားမှာ လျှို့ဝှက်စွာသယ်
ယူပြီး ဈေးထဲမှာ၊ ရုပ်ရှင်ရုံအဝမှာ၊ ကျောင်းတံခါးဝတွေမှာ၊ လက်ဖက်
ရည်ဆိုင်ရဲ့ စားပွဲတွေပေါ်မှာ၊ ဘတ်စကားထိုင်ခုံတွေပေါ်မှာချလို့ စွန့်စွန့်စားစား ဖြန့်ချိကြပါတယ်။

Mya Aye
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော် ဟာယနေ့အမေရိကန်နိုင်ငံတွင်ဒေသစံတော်ချိန်ည၁၁:၁၈၌ကွယ်လွန်သွားကြောင်းသိရှိရပါတယ်။စိတ်ထိခိုက်ခံစားရပါတယ်။ကိုမောင်မောင်ကျော်ကောင်းရာမွန်ရာဘဝမှာအေးချမ်းစွာနားခိုပါစေ။
=================================================
Mya Aye
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော် ဟာယနေ့အမေရိကန်နိုင်ငံတွင်ဒေသစံတော်ချိန်ည၁၁:၁၈၌ကွယ်လွန်သွားကြောင်းသိရှိရပါတယ်။စိတ်ထိခိုက်ခံစားရပါတယ်။ကိုမောင်မောင်ကျော်ကောင်းရာမွန်ရာဘဝမှာအေးချမ်းစွာနားခိုပါစေ။
=================================================
===============================================
အောင်သူငြိမ်း
ကိုမောင်မောင်ကျော်ကို လက်လွှတ်လိုက်ရတယ်လို့ ကြားပါတယ်။ ကောင်းရာ သုဂတိ လားပါစေ။
သူမဆုံးခင် လပိုင်းမှာပဲ ကိစ္စ ၂ ခု ပြောဖြစ်သေးတယ်။ တခုက ကျနော် ဝေဝါးနေလို့ ကျနော်ထင်တာ သူက ထိုင်း-မြန်မာနယ်စပ်ကနေ အမေရိကန်ကို ပြောင်းရွှေ့အခြေချသွားတယ် ထင်မိတာ။ သူရေးနေတာက မြန်မာပြည်ထဲ ထောင်ကျဖူးသလိုလို တွေ့နေတော့ မေးမိတယ်။ သူက ထိုင်း-မြန်မာနယ်စပ်မှာ လုံခြုံရေး အခြေအနေမပေးတော့လို့ ပြန်ဝင်၊ ပြည်တွင်းရောက်မှ အဖမ်းခံ ထောင်ကျတာ။ အမေရိကန်ကို ပြောင်းရွှေ့အခြေချတာ နောက်ပိုင်း ပြန်လွတ်လာပြီးမှ ဆိုတာ ရှင်းပြတယ်။
ဒုတိယတခုက သင်္ကြန်သံချပ်တွေမှာ သူ့ညီအဆိုတော် ဒီဥက္ကာကို မြင်နေရတော့ မေးမိတာ။ မထွက်လာစေချင်ဘူးဗျာလို့ ပြောဖြစ်သေးတယ်။ သူက ထိုင်းကိုလာလည်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆိုတယ်။ နေ့မြင်ညပျောက်။
===================================================
အောင်သူငြိမ်း
ကိုမောင်မောင်ကျော်ကို လက်လွှတ်လိုက်ရတယ်လို့ ကြားပါတယ်။ ကောင်းရာ သုဂတိ လားပါစေ။
သူမဆုံးခင် လပိုင်းမှာပဲ ကိစ္စ ၂ ခု ပြောဖြစ်သေးတယ်။ တခုက ကျနော် ဝေဝါးနေလို့ ကျနော်ထင်တာ သူက ထိုင်း-မြန်မာနယ်စပ်ကနေ အမေရိကန်ကို ပြောင်းရွှေ့အခြေချသွားတယ် ထင်မိတာ။ သူရေးနေတာက မြန်မာပြည်ထဲ ထောင်ကျဖူးသလိုလို တွေ့နေတော့ မေးမိတယ်။ သူက ထိုင်း-မြန်မာနယ်စပ်မှာ လုံခြုံရေး အခြေအနေမပေးတော့လို့ ပြန်ဝင်၊ ပြည်တွင်းရောက်မှ အဖမ်းခံ ထောင်ကျတာ။ အမေရိကန်ကို ပြောင်းရွှေ့အခြေချတာ နောက်ပိုင်း ပြန်လွတ်လာပြီးမှ ဆိုတာ ရှင်းပြတယ်။
ဒုတိယတခုက သင်္ကြန်သံချပ်တွေမှာ သူ့ညီအဆိုတော် ဒီဥက္ကာကို မြင်နေရတော့ မေးမိတာ။ မထွက်လာစေချင်ဘူးဗျာလို့ ပြောဖြစ်သေးတယ်။ သူက ထိုင်းကိုလာလည်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆိုတယ်။ နေ့မြင်ညပျောက်။
===================================================
======================================
ဇော်မင်း(၈၈)
မောင်မောင်ကျော်ရေ--------ကနေ့ကတော့---ငါတကယ်မပျော်တဲ့နေ့ပါကွာ.......ငါ့ညီတယောက်ကောင်းမွန်ရာဘုံဘဝသို့ရောက်ပါစေကွာ-----
ဇော်မင်း(၈၈)
၂၀၂၆ ၈လပိုင်း ၂၃ရက်နေ့
============================================
ဇော်မင်း(၈၈)
မောင်မောင်ကျော်ရေ--------ကနေ့ကတော့---ငါတကယ်မပျော်တဲ့နေ့ပါကွာ.......ငါ့ညီတယောက်ကောင်းမွန်ရာဘုံဘဝသို့ရောက်ပါစေကွာ-----
ဇော်မင်း(၈၈)
၂၀၂၆ ၈လပိုင်း ၂၃ရက်နေ့
============================================
============================================
ကျော်ဝဏ္ဏ
၁၉၈၈ ဇွန်လ ၁၄ရက်နေ့က
မတရားမှုကို ခေါင်းငုံ့လည်စင်းပေးရိုး ထုံးစံမရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိလမ်းမပေါ်မှာ စပြီး သိခဲ့ရသူ။
သပိတ်မှောက်ကျောင်းသားတွေထဲမှာ မျက်နှာကို ဖုံးအုပ်မထားဘဲ၊ ဗိုလ်အောင်ကျော် အထိမ်းအမှတ်ရှေ့က ကာရံထားတဲ့ စည်းရိုးရဲ့ အုတ်ဘောင်ပေါ်ကိုတက်ပြီး၊ ရဲရဲရင့်ရင့် စကားထွက်ပြောခဲ့တဲ့ သူဟာ ကျနော်တို့ရဲ့ သူရဲကောင်းတယောက် ဖြစ်ခဲ့တယ်။
ဇွန်လရဲ့ မိုးရေတွေကြားက ဝါးခမောက်လေးဆောင်းထားတဲ့ "မောင်မောင်ကျော်" ရဲ့ပုံရိပ်ဟာ ကျနော်တို့နှလုံးသားထဲမှာ စွဲကျန်နေပါမယ်။
အင်းစိန်အုပ်စုက ရဲဘော်တွေ မင်းကို နှုတ်ဆက်၊ အလေးပြုလိုက်ပါတယ်။
စိတ်ထိခိုက်စွာဖြင့်
ကျော်ဝဏ္ဏ
၀၈/၂၄/၂၀၂၆

===========================================
စံ ညိမ်း ဦး
" ငါတို့ခေတ်မှာမနိုင်ရင်..
ငါ့သားတို့ခေတ်မှာ နိုင်ရမယ်ဟေ့....''
( သို့ မ ဟုတ် )
တခါက
နေ့စွဲများသို့ အမှတ်ရခြင်း
၁။
မဆလခေတ် တပါတီအာဏာရှင်စနစ် ဖီဆန်တော်လှန်ရေးကို ဦးဆောင်ခဲ့ကြတဲ့ကျောင်းသားလူငယ်များစွာထဲက တယောက်လည်းဖြစ်၊ BYLF .( ဗမာပြည် ပြည်သူ့လွတ်မြောက် ရေး လူငယ်တပ်ဦး) ထူ ထောင်တိုက်ပွဲဝင်ခဲ့သူ တယောက်လည်းဖြစ်တဲ့ ကိုမောင်မောင်ကျော်ကို မူလက ကျနော်မသိခဲ့ပါဘူး။
၈၈ သြဂတ် ၈ အရေးတော်ပုံကြီးကာလမှာ အစောဆုံး တောခိုသူလို့လည်း ပြောလို့ရပြန်တာက အရေးတော်ပုံကာလအတွင်း ထိုင်းနယ်စပ်ဘက်ထွက်ပြီး လက်နက် ကိုင်တော်လှန်ရေး လုပ်နိုင်ဖို့အတွက် အကူညီသွားရှာတဲ့ကိစ္စဖြစ်မယ်ထင်မိတယ်။
ထိုကာလ သပိတ်စာစောင်တွေထဲ သတင်းများမှာ သူ့နာမည်ကိုတွေ့ရတတ်တယ်။ဗိုလ်ချုပ်သား အောင်ဆန်းဦးတို့ ဝင်လာမလိုတွေလည်း သတင်းထွက်တယ်။ကိုမောင်ကျော်ကတော့ ဦးနုခေတ်က လက်ကျန်နိုင်ငံရေးသမား ကြီးတွေ (ပြည်ချစ်အုပ်စု)နဲ့ ထိတွေ့ခဲ့ပုံပါ။
ကိုမောင်မောင်ကျော့်ဖခင်ကြီးက ဆရာ ဂန္ထဝင်မောင်ဝိုင်းပါ။စာရေးဆရာ ၊ကဗျာဆရာအပြင် အသံထွက်ဇာတ်လမ်း တိတ် ခွေ တခေတ် ထင်ရှားတဲ့ ဆရာလည်းဖြစ်ပါတယ်။
{ကိုမောင်မောင်ကျော်အကြောင်း ဆက်စပ်တော့ ၈၈၈၈ အခြေခံပညာတိုက်ပွဲဝင်ကျောင်းသား လူငယ်များ ဖြစ်တဲ့မိတ်ဆွေ ကဗျာဆရာ ကိုလူဆန်းတို့၊ ကိုထက်ရာဇာတို့၊ကိုနေလ [ အန်ကယ်ဦးအောင်ခင်(ရာဇာကြီး)ရဲ့သားကြီး၊ ဂုရု(ခ)မြင့်အောင်(ခ)မြင့်ဇေ(ခ)ပွင့်သစ်-ကရိန်ကန်]တို့ကိုလည်း သတိရစရာတွေဖြစ်ပါတယ်}
ဆရာဂန္တဝင်မောင်ဝိုင်းဟာ မဆလ စစ်အုပ်စုရဲ့ ဖိနှိပ်မှုကို ခုခံအန်တုကာ ကိုယ်က အလံနီပေမင့် ဗမာပြည်ကွန်မြူနစ်ပါတီကို တန်ဖိုးထားခဲ့တဲ့နိုင်ငံရေး အသွေးအသားရှိသူ တဦးလည်းဖြစ်တယ်လို့ ကွယ်လွန်သူ ဆရာမောင်စိမ်းနီ က ပြောပြဖူးပါတယ်။
ကျနော်ဟာ ဆရာဂန္ထဝင်မောင်ဝိုင်းကွယ်လွန်ပြီး ရက် လည် ဆွမ်းကပ် အခမ်းအနားလုပ်တော့ ဆရာမောင်စိမ်းနီနဲ့အတူ ရောက်ရှိခဲ့ကြတယ်။
ကဗျာဆရာပိုင်၊ ထွန်းဝေမြင့်၊ ခန့်မင်းထက်(ကွယ်လွန်)၊ ကိုလူထွန်း(ကွယ်လွန်)တို့လည်း လိုက်ပါခဲ့ကြတယ်။
ရန်ကုန်မိုးသားများအောက်မှာ ၂၀၀၅ ဩဂုတ်လကြီးထဲ မနက်ခင်းတခု။ ရန်ကုန်ရောက်တာနဲ့အောင်မင်္ဂလာကွင်းကနေမာန်ပြေလမ်းထဲ တန်းသွားဖြစ်ပါတယ်။
ကဗျာဆရာထွန်းဝေမြင့် ၊ ပိုင် တို့လည်းရောက်ရှိနေပြီး ဆရာစိမ်းက ကျနော့်မြင်တာနဲ့"အတော်ပဲ...မင်းရောက် လာတာ၊ ငါတို့ ဂန္တဝင်မောင်ဝိုင်း ရက်လည် သွားမလို့၊ တခါတည်းလိုက်ခဲ့''ဆိုတော့ ရပ်ထားတဲ့ လိုက်ထရိုက်ကားပေါ် တက်လိုက်ခဲ့တာပါပဲ။
တောင်ဒဂုံလား၊တောင်ဥက္ကလာလား ကျနော်လည်း ဝိုး တဝါးပါပဲ။ ရန်ကုန်မိုးကလည်း .. ထုံးစံအတိုင်း .. ဟိုနားရွာပြီး .. ဒီနားကျဘာမှမဟုတ်သလိုပေမယ့်အုံ့တော့နေတာပေါ့။
အိမ်လေးတလုံးရှေ့ရောက်တော့ ဆရာလှကျော်နေကို တွေ့ရပါတယ်။နောက် မျက်မှန်နဲ့ခပ်သွယ်သွယ်ပိန်ပါးပါး အန်တီတယောက်က ထွက်ကြိုပြီး ဆရာဂန္တဝင်မောင်ဝိုင်း ဇနီးလို့သိရပါတယ်။
မျက်နှာခပ်သွယ်သွယ်နဲ့ တလှုပ်လှုပ် လူငယ်တယောက်ကို ဆရာဂန္တဝင်မောင်ဝိုင်းရဲ့သား အဆိုတော် ဒီဥက္ကာလို့ ဆရာစိမ်းက ပြောပြပါတယ်။ကျနော်တို့အိမ်အပေါ်ထပ်ကို တက်လိုက်သွားကြပါတယ်။
ဆရာမောင်စိမ်းနီရဲ့မိတ်ဆွေ သတင်းသမား ကျော်သီဟ လည်း ပါခဲ့ပြီး တဖျတ်ဖျတ်နဲ့မှတ်တမ်းတွေ ရိုက်နေပါတယ်။ သူ့ကင်မရာကျေးဇူးနဲ့ ထိုနေ့ကအမှတ်တရ ဓါတ်ပုံတပုံကို လက်ဆောင်ရရှိပြီး ကျနော်လည်း အမှတ်တရ သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။ပုံက ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ ကျနော်တို့လူတသိုက်နဲ့ ဂန္ထဝင်မောင်ဝိုင်းမိသားစု ထိုင်နေကြတဲ့ဂရုပုံပေါ့။
ဖျတ်ခနဲ ဖုန်းသံတခုမြည်လာပါတယ်။အမေရိကားကနေ မိသားစုဆီ ဖုန်းတခုဝင်လာတော့.. အန်တီ့ပြောသံကို ကြားပြီး သားဖြစ်သူ ကိုမောင်မောင်ကျော် ဆီကဖုန်းလို့သိလိုက်ကြရပါတယ်။
ပြန်လာလို့မရတဲ့ ပြည်ပြေးတနယ်တကျေးအဝေးကသားနဲ့ ပူပူနွေးနွေး မုဆိုးမ မိခင်တဦးတို့ ဘာတွေပြောတယ်မမှတ်မိတော့ပေမယ့် ကျနော်က အန်တီကို ငေးကြည့်နေရင်းစိတ်ထိခိုက်နေခဲ့မိတာကို အမှတ်ရ နေမိပါတယ်။ဆွေးစရာအခင်းအကျင်းကြီးလည်းဖြစ်ပါတယ်။
ကျနော်က ကိုဒီဥက္ကာလာပေးတဲ့ သူ့ဖခင်ရဲ့ ပန်းဖလက် လေးကို ဖတ်ကြည့်နေမိပါတယ်။ တဖက်ကလည်း စ ကားပြောသံများက ဝင်လာလိုက်ထွက်သွားလိုက်နဲ့ပါပဲ။
၂။
ဂန္တဝင်မောင်ဝိုင်း (၁၉၄၆-၂၀၀၅)(ခ)ဦးနေဝင်း-(၆၀)နှစ်၊ ၁၉၄၆ ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ဝါးတန်း ကမ်းနားလမ်းနေ၊ သစ်ကုန်သည် ဦးစည်သူ + ဒေါ်ခင်စိန် တို့မှမွေးဖွားခဲ့။ မွေးချင်း ၅ ယောက်အနက် သားအကြီးဆုံးဖြစ်။
၁၉၅၂ - ၁၉၆ဝ ကြည့်မြင်တိုင် ဒေါ်တင်ရီ A.Middle School တွင် ၇ တန်းအောင်ထိ ပညာ သင်ကြား။ ၁၉၆၃ တွင်ရန်ကုန်မြို့ ဗဟိုစံပြကျောင်း Central ၌ ၈ တန်း ၉ တန်း ပညာသင်ကြား။ ၁၉၆၄ တွင် တက္ကသိုလ်ဝင်တန်းကိုစိတ်ကြိုက်မြန်မာစာဖြင့် အ.ထ.က (၁) သာယာဝတီမှ အောင်မြင်ခဲ့။ ၁၉၆၅ မှစ၍ ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္က သိုလ်မှာ ပါဠိဘာသာသင်ကြားခဲ့ ၁၉၆၆ မှာ လုပ်သားကောလိပ်တက်ရင်း ကျောင်းဆရာလုပ်ခဲ့။မောင်ကျောက်ခဲ (စိတ်ပညာ)ကလောင် အမည်ဖြင့် ကဗျာများရေးခဲ့။
၁၉၇၅ တွင် စိတ်ပညာအဓိကဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့။ ၁၉၇ဝရန်ကင်းလူငယ်ရေးရာညကျောင်းတွင် (၁၀) တန်း သ မိုင်းဘာသာရပ်ကို စေတနာ့ဝန်ထမ်းကျောင်းဆရာအ ဖြစ်သင်ကြားခဲ့။ မဟာဝိဇ္ဇာဥပဒေ ပညာတို့အတွက် (၁၉၈၀) ထိ ပညာတော်သင်စေလွှတ်ခြင်းခံရ၊
၁၉၈၁ မှစ၍အနုပညာလောကထဲသို့ ဇောက်ချဝင်ရောက်ရင်း စာရေးဆရာ၊ ပန်းချီဒီဇိုင်းဆရာ၊ သီချင်းရေးဆရာ၊ကက် ဆက်ခွေဒါရိုက်တာ၊ တေးသံသွင်းဆိုင်ပိုင်ရှင်၊ ရုပ်ရှင်ဇာတ် ညွှန်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ဗီဒီယိုဒါရိုက်တာအလုပ် များဖြင့် အသက်မွေးခဲ့။ ကျန်း မာရေးအရ ဒါရိုက် တာအလုပ်မှ အနားယူက ဇာတ်ညွှန်းရေးသားခြင်း၊ကဗျာစာပေးရေးသားခြင်းအလုပ်များဖြင့် ရပ်တည်ရင်း (၁၆.၈. ၂ဝဝ၅) အင်္ဂါနေည(၈) နာရီ(၅)မိနစ်တွင်ကွယ်လွန်ခဲ့၊သား သမီး (၈)ဦးကျန်ခဲ့...........။
ကျနော်က ပန်းဖလက်ကို အကြမ်းလေးဖတ်လိုက်ပြီး စကားဝိုင်းထဲ စိတ်ကိုပြန်ပြီး အာရုံသွင်းဖြစ်ပါတယ်။ တကယ်တော့ မန္တလေးက လာကတည်းက ကားပေါ်တညလုံးသောက်ထားခဲ့တော့လူက မအီမသာကြီးလည်းဖြစ်နေပြန်တာပါ။ မနားရသေးတာလည်း.. ပါပါတယ်။
တဖက်မှာ သားဖြစ်သူ ကိုမောင်မောင်ကျော်နဲ့ အန်တီတို့ပြောနေရင်းကနေ ကိုမင်းကိုနိုင်တို့ဆီ ဖုန်းထိုးပေးလိုက်တော့ သူတို့ သူငယ်ချင်းတွေ၊ရဲဘော် ရဲဘက်တွေ နှစ် သိမ့်သံ၊ ဖေးမသံ၊ အားပေးသံ စကားလုံးတွေဟာ ဘေးက ကျနော်တို့အဖို့ မင်သက်ပြီး ရင်ထဲနှုံးနေသလိုဖြစ်ရပါတယ်။
၃။
ထိုစဥ်က အမေရိကားနေ ကိုမောင်မောင်ကျော်ကိုလည်း တလေးတစားနဲ့မိတ်ဆွေဖြစ်လာမယ်လို့ ဘယ်လိုမှ မမျှော်လင့်ခဲ့သလို ကိုဒီဥက္ကာနဲ့လည်း ခင်မင်ရမယ်လို့ မတွေးမိခဲ့ပါဘူး။
ဖြစ်ချင်တော့ ပန်းဆိုးတန်းဘက် တညသားမှာ ခန့်မင်းထက်(ကွယ်လွန်)နဲ့အတူသောက်ဖြစ်ခဲ့ရာက ကိုဗေလုဝ နဲ့ပါ သိကျွမ်းခဲ့ရတယ်။
အစ်ကို မောင်မောင်ကျော်နဲ့ကတော့ အတော် နောက်ကျမှ သိရတာ။ ၂၀၁၆ မေလ နောက်ဆုံးအပတ်လောက်ဖြစ်မယ်ထင်မိပါတယ်။သူ့''ကံ့ကော်မြေမှသည် ဒေါနတောင်တန်းဆီ” စာအုပ်မိတ်ဆက်လာလုပ်တုန်းကပါ။ ဆရာညီစေမင်း(ကွယ်လွန်)၊မောင်မှိုင်းလွင်(အင်းဝ/ကွယ်လွန်)၊ဆရာညီပုလေး (ကွယ် လွန်)၊ဆရာနေဦးဝေတို့နဲ့ စာအုပ်မိတ်ဆက်အခမ်းအနားကို မန္တလေးကွန်မြူနတီစင်တာမှာပြုလုပ်တယ်။
မန္တလေးရောက်လာတော့ ၈၁ လမ်း ၂၆ လမ်းဘက် ပန်းချယ်ရီ ဟိန္ဒူထမင်းဆိုင်မှာ စားဖြစ်ကြတယ်။အဲ့ဒီတုန်းက မတကသ-ရဲဘော်ဟောင်း ကိုဉာဏ်လင်းအောင်(ကိုတည်း/ ကွယ်လွန်) လည်း ပါပါတယ်။
ကိုမောင်ကျော်က ဖခင်ဖြစ်သူ ကိုယ်တိုင်က အလံနီကွန်မြူနစ်ပါတီနဲ့ပတ်သက်ခဲ့သလို ငယ်စဥ်ကတည်းက ကျွမ်းဝင်မှုဖြစ်တော့ ထိုကာလ ကြားနေရတဲ့ ကွန်မြူနစ် ဆန့်ကျင်ရေးလှိုင်းသစ်တွေဟာ ရှေးမူမပျက် ရှိနေတာနဲ့ ဆက်စပ်ပြီး ပြောဖြစ်ကြတယ်။
သူ့ရဲ့ ဗမာပြည်နိုင်ငံရေးမှာ ဗကပ ကို မစော်ကားကောင်းဘူးဗျ ဆိုတဲ့စကားကိုလည်း ကျနော့်အဖို့ အမြဲသတိတရရှိနေမိရပါတယ်။
နောက်တရက်တော့ ဆရာမောင်မှိုင်းလွင်(ကွယ်လွန်) အပါ အဝင် မန္တလေးနိုင်ငံရေး အင်အားစုတွေနဲ့ ၈၄ လမ်း မန်းမြို့ တော်ကဖေးဆိုင်အပေါ်ထပ်မှာ ဝိုင်းဖွဲ့စကား ပြောကြဆုံကြဖို့ စီစဉ်ပေးဖြစ်ခဲ့ပါတယ်။
ရန်ကုန်က အစ်ကို ကိုဗသက်အောင်၊ ကိုရဲကျော်စွာ တို့လည်းပါတယ်ထင်ပါတယ်။လွမ်းမောစရာတွေပါပဲ။ကွယ်လွန်သူ ရဲဘော်ကျော်မြ(၄၈၂၈)၊ ကိုဝေလင်းလည်း တက်ရောက်ပါတယ်။အောက်မေ့စရာပါ။
နောက်ပိုင်း မြင်းခြံကိုဒေါ်လာ မန္တလေး ဆေးရုံတက်ရတုန်းကရော၊ကဗျာဆရာမောင်ဆွေဆက် (ဟံလွင်- မီး မောင်း)(ကွယ် လွန်) မကျန်းမာစဉ်ကရော အဝေးကနေ ကူညီပေးတာကိုလည်း ကိုမောင်မောင်ကျော်ကို အမှတ် ရစရာဖြစ်ရပါတယ်။
ဒီနေရာမှာ မမေ့မလျော ပြောဖို့က ဆရာနိုင်မြန်မာ(ကွယ်လွန်)ရေးပြီး ကိုဒီဥက္ကာရဲ့ ''ဒို့အမျိုးသားတိုင်းပြည်''သီချင်းကို ကျနော် အင်မတန်နှစ်သက်ရာမှာ ဒုတိယ”အင်တာနေရှင်နယ်”သီချင်းသဖွယ်လို့ပင် အလွန်အကျူးတင်စားဖို့ကောင်းလောက်အောင် သဘောကျခဲ့ဖူးတယ်ဆိုတာပါ။
ဒို့အမျိုးသားတိုင်းပြည်
xxxလူတစုအတွက် လူထုမျက်ရည်××နေရစ်ခဲ့ခေတ် ဟောင်းတိုင်းပြည်××အကြမ်းဖက်အာဏာစနစ်ကိုလေ××ရှုံ့ချကာနေ××ငါတို့တတွေ××သမဂ္ဂအလံ တော်အောက်မှာလေ××စစ်ဆန့်ကျင်နေ×× ဒို့အမျိုးသားတိုင်းပြည်...××။
××တူမျှတဲ့အခွင့်အရေးအတွက်လေ××လူတိုင်းကအိပ်မက် မက်နေ××ဒိုရဲ့နိုင်ငံသစ်မှာလေ××တောင့်တတာတွေ×××ဒီဘဝတွေ××တရားသဖြင့်ပိုင်ဆိုင်ကြမယ်လေ×××ငြိမ်းချမ်းပါစေ×××ဒို့အမျိုးသားတိုင်းပြည်... ဟေ×××ဒို့အမျိုးသားတိုင်းပြည်××။
xxxလူထုနဲ့ ဒို့ကျောင်းသားတွေ××အလုပ်သမားနဲ့ လယ် သမားထုတွေ××ကျောမွဲပြည်သူများစွာလေ××နိမ့်ကျကာနေ××ဒီဘဝအတွက်×××ရုန်းကြွတော်လှန်ကြသူတွေ××လွတ်မြောက်ရာမြေ××ဒို့အမျိုးသားတိုင်း ပြည်......။
xxxပြည်လုံးကျွတ်ချီတက်ခဲ့လေ×××အမှန်တရားအ တွက်စုဝေးလို့နေ×××အကြမ်းဖက်အာဏာစနစ်ကိုလေ××စစ်ဆန့်ကျင်နေ××ဒို့အမျိုးသားတိုင်းပြည်. ..ဟေ××××ဒို့အမျိုးသားတိုင်း ပြည်××××။''
ဒီသီချင်းလေးဟာ ၂၀၁၅ ဒီမိုကရေစီ ပညာရေးစတုတ္ထကျောင်းသားသပိတ်ထဲ.. လက်ပံတန်းမှာ နားချိန် ဖုန်းတလုံးကနေ တလုံးဆီ ခုန်ပျံ ကူးဆက်ကြရင်း နားထောင်ရင်း အင်မတန် ရဲရင့် တက်ကြွခဲ့စေဖူးပါတယ်။
၄။
ကောင်းကင်အိုကြီး
စဉ်းစားတဲ့လူရယ်
အငြင်းပွားမယ့်သူရယ်
အားပြင်းတဲ့ပေါက်ကွဲမှ
တခုခု
ပြုမလိုဟန်ပြင်နေကြရဲ့။
ကောင်းကင်အိုကြီး
အကိုတို့ဆိုင်သလား
ငါတို့ပိုင်သလား
အငြင်းပွားမနေနဲ့
ဘယ်တရားသူကြီးဆုံးဖြတ်မလဲ။
အဲဒီ...
ကောင်းကင်အိုကြီးမှာ
ပျင်းစရာ လမင်းတခု
ပုန်းစရာ နေမင်းကြီးတခုရယ်
ပြောင်စပ်စပ်ကြယ်ပွင့်တွေ
ဒါတွေနဲ့ဆက်စပ်...
တို့ဘယ်လိုပတ်သက်သလဲ။
တို့ကတော့ချစ်လိုက်ရ
ကြည့်မဝအောင်ပါပဲ
သူကတော့မသိသလို
ဥပေက္ခာမျက်လုံးညိုတွေ
အလို...မျက်ရည်စတွေစိုလို့
တို့ကြောင့်လား...
ကျေးဇူးများစွာတင်ပါတယ်။
ကောင်းကင်အိုကြီးဟာ
ခေါင်းပေါ်မှာမရောက်
နောက်ကျောမှာကပ်နေရင်...
အင်း...ဒါလဲအဆင်မပြေပါဘူးလေ...။
ဒီလိုနဲ့ဆံပင်တွေဖြူဖွေး...
“အာချီ”ဆေးတစ်ပုလင်းနဲ့
“ဗင်းဆင့်ဗန်ဂိုး” ဆီသွားဦးမှ။
ဂန္တဝင်မောင်ဝိုင်း
(၁၉၄၆-၂၀ဝ၅)
အခုတော့ ဆရာမောင်စိမ်းနီလည်းမရှိတော့သလို ခန့်မင်းထက်၊ကိုလူထွန်းအပါဝင် များစွာသော မိတ်ဆွေတွေလည်း ကွယ်လွန်ခဲ့ကြတာကို ပြန်တွေးတော့ ဆွေးစရာပါ။သမိုင်းခေတ်တွေလည်း အဖုံဖုံရွေ့လျားသွားခဲ့ပါပြီ။
လေးစားရတဲ့(စာပေ၊ဂီတ၊ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ၊ဒါရိုက် တာ)ဆရာဂန္ထဝင်မောင်ဝိုင်းရဲ့ ''ငါတို့ခေတ်မှာမနိုင်ရင်..ငါ့သားတို့ခေတ်မှာ နိုင်ရမယ်ဟေ့''ဆိုတဲ့စကားလေးကို နာခံရင်း ကျနော်တို့ဦးခေါင်းထက် ပေါ်ပေါက်လာမယ့် ကောင်းကင်အသစ် စက်စက်ကြီးကိုပါ ပုံဖော်ကြည့်နေမိပါတော့တယ်။
အနာဂတ်မိုးကုပ်စက်ဝိုင်းမှာ လင်းရောင်ခြည်ဟာ မဝေးနိုင်တော့ဘူးလို့လည်း အားတင်းကြည့်စရာဖြစ်ပါတယ်။
စံ ညိမ်း ဦး
၁၂၁၂၅
ကွယ်လွန်သူ အစ်ကိုကြီး ကိုမောင်မောင်ကျော်ကို အောက်မေ့စွာနဲ့ ဒီစာစုအဟောင်းကို ပြန်တင်တာပါ။
အစ်ကိုကြီး ကိုမောင်မောင်ကျော်
ကောင်းမြတ်သောဘုံမှာ အေးငြိမ်းပါစေ
ကောင်းရာသုဂတိပါ ခင်ဗျာ

***၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ ည ၁၁ နာရီ ၂၁ မိနစ်တွင် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်ဆေးရုံကြီးတွင် ကွယ်လွန်သွားသော ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်အတွက် "ဗမာပြည်၊ ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦး (Burma Youth Liberation Front) (၁၉၈၈) ပြည်တွင်း၊ ပြည်ပမှ ရဲဘော်ဟောင်းများ၏ ဝမ်းနည်းကြေကွဲခြင်း သဝဏ်လွှာ***
“ဇွန်လအရေးအခင်း”ဟု သမိုင်းဝင်ခဲ့သော ၁၉၈၈၊ ဇွန်လ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုကြီးအတွင်း သန့်ရှင်းသောမိုးရေစက်များအောက်တွင် ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်ကို ကျနော်တို့ ရရှိခဲ့ပါသည်။ ကျော်စွာထွဋ္ဋ် ဟု ကျနော်တို့ သိရှိရင်းနှီးခဲ့ကြသည့် ငယ်ရွယ်နုပျိုသည့် တတိယနှစ် သင်္ချာအဓိကကျောင်းသားလေးတစ်ယောက်က “မတ်လအရေးအခင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေး၊ ကျောင်းသားသားမဂ္ဂများ တရားဝင်ပြန်လည်ဖွဲ့စည်းခွင့်ရရေးနှင့် တစ်ပါတီအာဏာရှင်စနစ်အဆုံးသတ်ရေး” ရဲရင့်ပြောင်မြောက်စွာ ဦးဆောင်တောင်းဆိုရဲသည့် ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်အဖြစ် ပြောင်းလဲပေါ်ထွန်းလာသည်ကို ကျနော်တို့ ကြိုဆိုလက်ခံရင်း သူ့အား ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ထောက်ခံအသိအမှတ်ပြုခဲ့ကြပါသည်။
သူ၏ ခေါင်းဆောင်မှုကို ယုံကြည်စွာဖြင့် သူဦးဆောင်ဖွဲ့စည်းခဲ့သည့် "ဗမာပြည်၊ ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦး" အလံတော်အောက်တွင် ကျနော်တို့ အတူတကွရပ်တည်ခဲ့ကြပါသည်။ သူနှင့်အတူ ကျနော်တို့ တစ်ပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေးလှုပ်ရှားမှုများကို အန္တရာယ်အမျိုးမျိုးကြားတွင် လှုပ်ရှားခဲ့ကြပါသည်။ သူနှင့်အတူ ၁၉၈၈ ဩဂုတ်လ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာရေး တတပ်တအား စည်းရုံးလှုံ့ဆော်ခဲ့ကြပါသည်။ သူနှင့်အတူ လူထုလှုပ်ရှားမှုနှင့် လက်နက်ကိုင်လှုပ်ရှားမှုများ ဟန်ချက်ညီညီဆက်စပ်နိုင်ရေး ပြည်တွင်း၊ ပြည်ပ ဆက်သွယ်စည်းရုံးခဲ့ကြပါသည်။ ၁၉၈၈၊ စက်တင်ဘာလ စစ်တပ်မှ ဒီမိုကရေစီအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲပြီးသည့်နောက်ပိုင်း သူနှင့်အတူ ကျနော်တို့အားလုံး စစ်အုပ်စု၏ ဂလဲ့စားချေတုန့်ပြန်မှုများကို ခံစားနာကျင်ခဲ့ကြရပါသည်။ မည်သို့ပင်ဖြစ်စေ ၁၉၈၈ မှစ၍ ယနေ့အထိ နှစ်ပေါင်းများစွာ ကျနော်တို့အားလုံး ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ သူနှင့်အတူ ရှိနေခဲ့ကြပါသည်။
သို့သော်လည်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် သူ့ကို ကျနော်တို့ ဆုံးရှုံးလိုက်ရပါပြီ။ အကောင်းကြိုက်တတ်သော သေမင်းက သူ့ကို ကျနော်တို့ထံမှ လုယူခေါ်ဆောင်သွားခဲ့ပါပြီ။
ကျနော်တို့နှင့်အတူ မရှိနိုင်တော့သော ကျနော်တို့၏ခေါင်းဆောင် မောင်မောင်ကျော်အား ဤဝမ်းနည်းကြေကွဲခြင်း သဝဏ်လွှာဖြင့် နောက်ဆုံးအလေးပြုလိုက်ပါသည်။
ပြည်တွင်း၊ ပြည်ပ ရဲဘော်ဟောင်းများ
ဗမာပြည်၊ ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦး (၁၉၈၈)
၂၀၂၆၊ ဩဂုတ်လ ၂၃ ရက်
#credit မူရင်း , ကိုအောင်ဒင်#

ဆွေကို (Swe Ko)
အမေရိကန်စံတော်ချိန် EST 11:18 pm မှာ ကျော်ကြီး(မောင်မောင်ကျော်)ဟာ ကျနော်တို့အားလုံးကို ထားသွားခဲ့လေပြီီ။ကောင်းမွန်အေးချမ်းတဲ့ ဘုံဘဝကိုရောက်ရှိပါစေ.

၈၈ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော် ကွယ်လွန်
ဧရာဝတီ၊ ဩဂုတ်၂၄၊ ၂၀၂၆
ရှစ်လေးလုံး အရေးတော်ပုံ၌ ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော် (၅၉ နှစ်) သည် ယနေ့ နံနက်က အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပိုလစ်တွင် ကွယ်လွန်သွားသည်။
၁၉၈၈ မတ်လ ကျောင်းသားလှုပ်ရှားမှုမှသည် သြဂုတ် ၈ ရက် ရှစ်လေးလုံးအရေးတော်ပုံတိုင်ကာလကို ကြည့်ပါက အဓိကလှုပ်ရှားမှုကြီး ၃ ခုရှိရာ ကိုမောင်မောင်ကျော်က ဇွန်လကျောင်းသားလှုပ်ရှားမှု၏ အဓိကခေါင်းဆောင်ဟု ကျောင်းသားအရေးတက်ကြွလှုပ်ရှားသူများက လက်ခံကြသည်။
ထိုအချိန်က သူ၏ နိုင်ငံရေးတရား ဟောဟန်၊ ပြောဟန်တို့က ရန်ကုန်ကျောင်းသားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကြား ဗိုလ်ချုပ်ကလေး၊ ဂျူနီယာ အောင်ဆန်း ဟု နာမည်ကြီးခဲ့၏။
သူကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ လေယူလေသိမ်း၊ စာရေးဆရာ အောင်သင်း၏ ဟောပြောသည်ဟန်တို့ကို အတုယူကာ နိုင်ငံရေးစင်မြင့်တွင် အသုံးချခဲ့ကြောင်း ဆိုထားသည်။
အမည်ရင်း ကျော်စွာထွဋ်ဖြစ်သော်လည်း ၁၉၆၂ ကျောင်းသားခေါင်းဆောင် ဒေါက်တာ မောင်မောင်ကျော်ကို ကြည်ညိုအားကျ၍ ဇွန်အရေးအခင်းမှစ၍ နိုင်ငံရေးလှုပ်ရှားသောအခါ မောင်မောင်ကျော် ဆိုသည့် အမည်ကို ခံယူခဲ့သည်။
ဖခင်ဖြစ်သူ လက်ဝဲနိုင်ငံရေးသမား စာရေးဆရာ ဒါရိုက်တာ မောင်မောင်နေဝင်း (ဂန္တဝင်မောင်ဝိုင်း) ၏ သားဖြစ်ပြီး သရုပ်ဆောင် ဗေလု၀ (မောင်မောင်မြင့်အောင်) ၏ တူဖြစ်သဖြင့် စာပေနှင့် နိုင်ငံရေးအသိုင်းအဝိုင်းတွင် ကြီးပြင်းရသည့် တောင်ဥက္ကလာသားတဦး ဖြစ်သည်။
သူ၏ နိုင်ငံရေးအစ အတွေ့အကြုံက ၁၉၈၈ မတ် ၁၆ ရက် တံတားနီ အရေးအခင်း ဖြစ်သည်။
မတ်လ ၁၃ရက်နေ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် သေဆုံးရသည့် ဖြစ်ရပ်အပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ဆန္ဒပြရာ မဆလအစိုးရက လုံထိန်းရဲအင်အားသုံး၍ ပြင်းပြင်းထန်ထန်နှိမ်နင်းသဖြင့် ကျောင်းသားများ သေဆုံးဒဏ်ရာရမှု များပြားသည်။
ထို့အတွက် ကျောင်းသားထု မကျေနပ်မှုကို လူစုကွဲငြိမ်သက်သွားစေရန် တပါတီအာဏာရှင် မဆလအစိုးရက ကျောင်းများ ပိတ်လိုက်ပြီးနောက် ဇွန်လဆန်းတွင် အရပ်ဝတ် ထောက်လှမ်ရေးများဖြင့် လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချပြီး ကျောင်းများပြန်ဖွင့်ခဲ့ရာ ကိုမောင်မောင်ကျော်သည် ကျန်ကျောင်းသားအုပ်စုများကို စည်းရုံးကာ တက္ကသိုလ်ပရဝုဏ်အတွင်း မဆလ ဆန့်ကျင်ရေး ဟောပြောပွဲ သပိတ်များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဇွန်ကျောင်းသားများ လှုပ်ရှားမှုများမှစ၍ တပါတီအာဏာရှင်စနစ်ပြုတ်ကျရေး ပိုမိုအားကောင်းလာရာ ရွှေတိဂုံရင်ပြင် ဆန္ဒပြပွဲများ ရှစ်လေးလုံး လူထုအုံကြွမှုကြီးအထိ ဖြစ်ပေါ်သည်။
ကိုမောင်မောင်ကျော်သည် လူထုအုံကြွမှုနှင့် လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်သည့် လမ်းကြောင်းကို ချမှတ်ကာ ဗမာပြည် ပြည်သူ့လွတ် မြောက်ရေး လူငယ်တပ်ဦး (Burma Youth Liberation Front) BYLF ကျောင်းသား ၅ ဦးဖြင့် စတင်ဖွဲ့စည်းပြီး ထိုင်း- မြန်မာနယ်စပ်ရှိ အတိုက်အခံ နိုင်ငံရေးအင်အားစုများဖြင့် ဆက်သွယ်ရန် အစောဆုံး ထွက်ခွာခဲ့သူဖြစ်သည်။
ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြည်ချစ်ပါတီ အင်အားစုဟောင်းများနှင့် BYLF တို့ပေါင်းကာ အမျိုးသား လွတ်မြောက်ရေးပါတီကို တည်ထောင်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင်ဖြစ်သော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) နှင့် တွေ့ဆုံဆွေးနွေးသော်လည်း သူ့အား လက်ဝဲယိမ်းတဦးအဖြစ် အမြင်ရှိသည့်အတွက် အောင်မြင်မှု မရခဲ့ပေ။
ထိုအကြောင်းများကို သူ၏ ကံကော်မြေမှသည် ဒေါနတောင်တန်းဆီသို့ စာအုပ်တွင် ရေးဖော်ပြထားသည်။
နောက်ပိုင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရာ စစ်အစိုးရ၏ ဖမ်းဆီးခြင်းကိုခံရပြီးနောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး လွတ်မြောက်လာသည့်အခါ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခဲ့သည်။

နေသွင်ညိဏ်း - သမိုင်းထဲက လူတယောက် သေဆုံးသွားတာနဲ့ ပတ်သက်၍
မိုးမခ ၊ ဩဂုတ် ၂၉ ၊ ၂၀၂၆
၂၀၀၄-၅ လောက်က ထောက်လှမ်းရေးက မှားယွင်းဖမ်းခံထားတဲ့လူတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာကြတယ်။ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ကို ဗိုလ်ချုပ်သန်းရွှေက ပြန်ဖမ်းလိုက်တယ်။
အဲဒီအချိန်က ကျနော်က နယ်စပ်မှာ ထုတ်တဲ့ မိုးကြိုးသတင်းစာမှာ လက်သင်သတင်းစာသမားဘဝ။ ကျနော်တို့ သတင်းစာတိုက်က ဒိုနာတွေ ဘာတွေ မရှိတော့ ပြည်ပရောက်တွေကို လစဉ် သတင်းစာရောင်းတယ်။ အများစုကိုတော့ မြန်မာ အလုပ်သမားတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ အခမဲ့ ဝေပါတယ်။
ပြောလက်စ ပြန်ကောက်ရရင် ပြန်လွတ်လာတဲ့ နိုင်ကျဉ်းဟောင်းတွေ ပြည်တွင်းမှာ နိုင်ငံရေး ပလက်ဖောင်း မရှိတော့ တတိယနိုင်ငံတွေဆီ ထွက်ကြတယ်။ ကျနော်တို့က မဲဆောက်အခြေစိုက် ဆိုတော့ လူတော်တော်များများက ကျနော့်အသံဖမ်းစက်ကို ဖြတ်ရတယ်။ အဲဒီအချိန်က ကျနော်တို့ကလည်း သမိုင်းကို မှတ်တမ်းတင်ထားဖို့ လိုတယ်ဆိုပြီး နှုတ်ပြောသမိုင်းတွေကို ရသလောက် အသံဖမ်းထားတယ်။ ကျနော်က အသံဖမ်းသမား၊ တခြားလူတွေလည်း ကြုံသလို ဖမ်းကြပါတယ်။
နိုင်ကျဉ်းတွေက ၁၉၈၈ ကို ဖြတ်ခဲ့တဲ့သူတွေ။ ၁၉၈၈ အကြောင်းကတော့ ကျနော် ငယ်ငယ်က စစ်အစိုးရက ထုတ်တဲ့ စာအုပ် ၂ အုပ်၊ (အနီနဲ့ အစိမ်း ထင်တယ်) မှာ ဖတ်ဖူးတယ်။ မယုံပေမဲ့ ကျနော်က အကြိမ်များစွာ ဖတ်ခဲ့တယ်။ အခု အင်တာဗျူးတဲ့အခါ စာအုပ်ထဲက တချို့လူတွေကို အရှင်လတ်လတ်တွေ့ရတယ်။ တချို့လည်း လက်ဝဲနိုင်ငံရေးသမားတွေ။ သူတို့ထဲက ဦးသန်းနိုင်ကို ကျနော် သိပ်မှတ်မိတယ်။ သူက စာအုပ် အနီထဲလား၊ အစိမ်းထဲလား မသိပါတယ်။ ကျန်းမာရေးက အတော် မကောင်းတော့ဘူး၊ အသံဝါကြီးနဲ့ နိုင်ငံရေးသီချင်းဆိုတဲ့အခါ တမျိုးတမည် ခံစားရတယ်။ ဦးသန်းနိုင်က ၈၈ မျိုးဆက်တော့ မဟုတ်ပါဘူး။ မှိုင်းရာပြည့် မျိုးဆက်လောက် ထင်ပါတယ်။
တချို့လည်း ကျနော်နဲ့ တခန်းတည်းမှာ ခဏ နေကြတယ်။ ညဆို စကားတွေ ပြောကြတယ်။ ကျနော်က နားထောင်သူ။ ဦးလှရွှေရဲ့ သား ကိုဆက်နဲ့လည်း ကျနော် ခဏနေဖူးသေးတယ်။ ကျနော်က သူ့ကို လူပုဂ္ဂိုလ်အရ ချစ်ခင်တယ်။ သူလည်း ကျနော့်ကို ကြင်ကြင်နာနာ ဆက်ဆံပါတယ်။ သူ့ဆီက ၈၈ မျိုးဆက်တွေအကြောင်း ကျနော် နားထောင်ရတယ်။ သူတို့ နိုင်ငံရေး အကြောင်းကို မဟုတ်။ လူအဖြစ်ကို။ ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာအဖွဲ့တွေကို ကြိုက်တဲ့ ကျနော်က နိုင်ငံရေးထက် လူကို ပိုစိတ်ဝင်စားတယ်လေ။
ဒီလိုနဲ့ ကိုမင်းကိုနိုင် အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ အကြောင်း သူတို့ရဲ့ လူသားဘဝကို ကျနော် ပုံပြင်လို နားထောင်ခဲ့ရတယ်။ နောက်ထပ်လည်း နိုင်ကျဉ်းဟောင်းတွေ အများကြီး ကျနော် ဆုံပါတယ်။ တချို့လည်း ကျနော်နဲ့ မတိမ်းမယိမ်းဆိုပေမဲ့ ထောင်ထဲ သူတို့ဆုံတဲ့ နောင်တော် ကျောင်းသားတွေအကြောင်း ပြောကြတယ်။ ဒီလိုနဲ့ ကိုမောင်မောင်ကျော် အကြောင်းလည်း ပါတယ်။ ဘယ်သူက ပြောမှန်း ကျနော် မမှတ်မိတော့ပါ။ သပိတ်တုန်းက ဘယ်လို ဘယ်ပုံပေါ့လေ။ နောက်တော့ ကျနော် မေ့သွားတယ်။
ကိုမောင်မောင်ကျော် ဆုံးသွားတဲ့အခါ သူနဲ့ ခေတ်ပြိုင်တွေက ရေးကြတာကို ကျနော် လိုက်ဖတ်ကြည့်ရင်း ကျနော့် ခေါင်းထဲ အတွေးတခု ဝင်လာတယ်။ အရင်တလောက ၈၈ မျိုးဆက် တယောက်ပဲ (ဘယ်သူလဲ ကျနော် မမှတ်မိတော့ပါ) စာတိုလေး ရေးထားတယ်။ သူတို့ မျိုးဆက်ဟာ စစ်အာဏာရှင်ခေတ်မှာ မွေးဖွား၊ စစ်အာဏာရှင်ခေတ်ထဲ လူလားမြောက်ပြီး၊ စစ်အာဏာရှင်ခေတ်အောက်မှာ ဇရာအရွယ် မရဏ အရွယ်ကို ရောက်ရတယ်လို့ ရေးထားတယ်။
ဒီသဘောကို အာရင်ဘတ်က သူ့မှတ်တမ်းမှာ ရေးဖူးတာကို ကျနော် မှတ်မိနေတယ်။
‘ကျနော်သည် နံနက်ဆည်းဆာလား၊ ညနေဆည်းဆာလား ဝေခွဲမရသော အလင်းရောင်ပျပျထဲတွင် ကြီးပြင်း လူလားမြောက်ခဲ့ကာ ထိုအလင်းရောင် ပျပျထဲတွင် တလျှောက်လုံးနေခဲ့ရပြီး ထိုအလင်းရောင်ပျပျထဲမှာပင် ဇရာသို့ ရောက်ခဲ့ရပါသည်။’ (ဆရာမြသန်းတင့် ဘာသာပြန်)
မနေ့က ကျနော် စကားပြောခွင့်ရတဲ့အခါ ကျနော်က လူတယောက် သေသွားတဲ့ အကြောင်းက စလိုက်တယ်။ သူ့နာမည်က ကိုမောင်မောင်ကျော်ပါ။ သူ့နာမည်ကို မိတ်ဆွေတို့ ကြားဖူးလိမ့်မယ် မထင်ဘူးလို့ အစချီပြီး မြန်မာပြည်ရဲ့ အရေးတော်ပုံတွေ အကြောင်း နည်းနည်းမိတ်ဆက်တယ်။ ပြီးတော့ စောစောက ၈၈ မျိုးဆက်တယောက် ပြောတဲ့ စကားကိုပဲ ကျနော် ကိုးကားပြောခဲ့ပါတယ်။
ပြီးတော့ ကိုမောင်မောင်ကျော်ရဲ့ ရှေ့က မျိုးဆက် ကျနော် ဆုံဖူးတဲ့ အသံဝါကြီးနဲ့ သီချင်းဆိုတဲ့ ဦးသန်းနိုင်ကို ကျနော် သတိရတယ်။ ပြီးတော့ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ပြီးတော့ သူတို့မျက်နှာတွေနဲ့ တခြား မျက်နှာတွေ ရောကုန်တယ်။ မျက်နှာတွေ၊ မျက်နှာတွေ။
ကျနော်တို့က သမိုင်းခေတ်ထဲ ဖြတ်သန်းနေရတယ်။ သမိုင်းသင်ခန်းစာတွေလည်း အများကြီး ထုတ်ယူလို့ ရတဲ့ခေတ်တခေတ်ပဲလို့ ကျနော် ထင်တယ်။
ကျနော် အကြိုက်ဆုံးစာတအုပ်ဖြစ်တဲ့ လူများ သက္ကရာဇ်များထဲမှာ ဖောက်ပြန်တဲ့ ပြည်ပြေး ကဗျာဆရာအဖြစ် မတော်မတရား မှတ်တမ်းတင်ခံရတဲ့ ဘဲလမောင့် အကြောင်း ပါတယ်။ ရယ်စရာ ပြောတတ်၊ စတတ်နောက်တတ် လူတွေ ကူညီတတ်ပြီး တော်လှန်ရေးဘက် မပါဘဲ တော်လှန်ရေးကို ရိုးရိုးသားသား နားလည်ဖို့ ကြိုးစားနေတဲ့ မက်စ်ဗိုလိုရှင် အကြောင်းပါတယ်။ ဗိုလိုရှင် အကြောင်းကို ရေးတဲ့စာကို အာရင်ဘတ် နိဂုံးချုပ်ပုံကို ကျနော် သိပ်ကြိုက်တယ်။
‘သူ့ကို သတိရတိုင်း တခါတရံ ရယ်မိပါသည်။ တခါတရံတွင် စိတ်ထိခိုက်ရပါသည်။ သို့ရာတွင် ဂုဏ်ငယ်ရသည့်အခါဟူ၍ကား တခါမျှ မရှိပါ။ ထိုမျှလောက်ဆိုရင် လုံလောက်ပါပြီ’
ကျနော်တို့ ဖြတ်သန်းနေတဲ့ခေတ်ကလည်း လူတွေကို အမျိုးအစားခွဲပစ်လိုက်တယ်လို့ ကျနော် ခံစားရတယ်။ တခါတလေလည်း ကျနော်တို့တွေ တော်လှန်ရေးကို အိပ်မက်မက်တယ်။ နောက် ကမ္ဘာပျက်နေ့ကို အိပ်မက် မက်တယ်။ တချို့လည်း စိတ်ပျက်လက်ပျက်နဲ့ ဘေးထွက်နေလိုက်တယ်။ တချို့လည်း အာဘောင်အာရင်း သန်သန်နဲ့ ငရဲပြည်ကနေ နတ်ပြည်ကို ဖြိုချမယ် ကြိမ်းဝါးနေကြတယ်။ တချို့လည်း ခေတ်ကို ကျိန်ဆဲတယ်။ တချို့လည်းအချင်းချင်း ကျိန်ဆဲတယ်။ မုန်တိုင်းထန်တဲ့ နှစ်တွေ။
ကိုမောင်မောင်ကျော်ရဲ့ နောက်ဆုံးနှစ်တွေ အကြောင်း ကျနော် အသေးစိတ်မသိပါ။ ကျနော်က ကိုမောင်မောင်ကျော် ဆိုတဲ့ လူတယောက် အကြောင်း ပြောဖို့အတွက် သူနဲ့ ရင်းနှီးဖို့ မပြောနဲ့၊ နာမည်ကိုတောင် သေမှ ပြန်သတိရတာမျိုးပါ။ ကျနော် စိတ်ထင်တော့၊ သူ့မိတ်ဆွေတွေ ရေးထားသမျှကို ဖတ်ကြည့်ရသလောက် သူဟာလည်း တခါတလေ ရယ်စရာကောင်းသူ၊ တခါတလေလည်း စိတ်ထိခိုက်စရာ၊ ဒါပေမဲ့ သူ့အတွက် ဂုဏ်ငယ်ရတယ်ဆိုတာ ရှိလိမ့်မယ်မထင်ပါ။ ဒီထက်တောင် ပိုနိုင်ပါတယ်။
သူလို လူတွေနဲ့ ပြောင်းပြန် တချို့လူတွေက သူတို့နားမလည်နိုင်တဲ့၊ ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားနဲ့ မကိုက်တဲ့ သမိုင်းအဖြစ်အပျက်တခု၊ တော်လှန်ရေး တရပ်ကို ကိုယ်လိုသလို အဓိပ္ပာယ်ဖွင့်ပြီး ဆန္ဒစွဲနဲ့ ဒါမှမဟုတ် အချက်အလက်တွေကို ကောက်သင်းကောက်ပြီး သဘောတရားတခု၊ အဘိဓမ္မာတခု ဖန်တီးနေတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ သမိုင်းအဖြစ်အပျက်တွေဆိုတာကို လူတယောက်က ဖန်တီးတာ မဟုတ်ပါဘူး။ လူတယောက်တလေက ဖြစ်သလို စပ်ဟပ်လိုက်တာနဲ့ သမိုင်းဖြစ်မလာနိုင်ပါဘူး။ တချိန်ချိန်မှာ ကိုယ့်အကြောင်းကို တခြားလူတွေက ပြန်ပြောတဲ့အခါ ဂုဏ်ယူစရာ မဖြစ်နိုင်ရင်တောင် ဂုဏ်ငယ်ရတဲ့ အဖြစ်ကိုတော့ ဘယ်သူမှ လိုချင်မယ်လို့ ကျနော် မထင်ပါဘူး။ ကျနော် ပြောလိုတာလည်း ဒီလောက်ပါပဲ။

Source
Social media
https://www.facebook.com/maungmaung.kyaw1
Person Item Type Metadata
Birth Date
Death Date
2026 August
Occupation
Biographical Text
==========================
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုမောင်မောင်ကျော် ဆုံးပြီ
ဒီနေ့(ဩဂုတ် ၂၃/ တနင်္ဂနွေနေ့) အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ည ၁၁နာရီ ၁၈ မိနစ်မှာ Ascension St. Vincent Hospital, Indianapolis ဆေးရုံမှာ ကျနော်တို့ ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက် တိုက်ပွဲဝင် မိတ်ဆွေများ အားလုံးကို နှုတ်ဆက်ထွက်ခွါသွားပါပြီဖြစ်ကြောင်း ရဲဘော်သူငယ်ချင်း အပေါင်းကို ဝမ်းနည်းစွာ အသိပေးအကြောင်းကြားအပ်ပါတယ်။
The 88 Generation Student Leader, Ko Maung Maung Kyaw, has passed away.
We are deeply saddened to inform all our comrades, friends, and fellow fighters that today (Sunday, August 23) at 11:18 PM Eastern Time, he peacefully departed, leaving us all behind, at Ascension St. Vincent Hospital in Indianapolis.
With deep sorrow,
Comrades and Friends
(Zaw Win)
===========================

Collection
Citation
“Maung Maung Kyaw (မောင်မောင်ကျော်),” MoeMaKa Online Library Archives, accessed September 7, 2026, https://moemaka.net/omeka2/items/show/2794.