ဒေါက်တာခင်မောင်ဝင်း (သချာင်္) – MATHS LAB
(မိုးမခ) မေ ၁၇၊ ၂၀၁၇
MATHS LAB လုပ်နည်း
၁။ ခေါင်းစဉ်
၂။ ရည်ရွယ်ချက်
၃။ လိုအပ်သည့် ပစ္စည်းများ -ဥပမာ – ဇယား၊ ဂဏန်းတွက်စက်၊ အကွာအဝေးတိုင်းကိရိယာ
၎။ သီအိုရီ
၅။ ပြုလုပ်ချက်။
၆။ ကောက်ချက်၊ ရလဒ်၊ တွေ့ရှိချက်
TUTORIAL ပုစ္ဆာ နှင့် LAB ပုစ္ဆာနှင့် ကွာခြားပုံ
Tutorial | Lab |
---|---|
Lecturer တွင် သင်ပြီးသားဖြစ်စရာကို ပြန်မေးခြင်းဖြစ်သည် | သင်ပြီးသားဖြစ်စရာ မလို။ သီအိုရီ လိုသလောက်ကို သင်ပေး၍ ကျောင်သားကိုတွက်တွက်ခိုင်းသည်။ |
သင်ရိုးအတိုင်းသွားရသည် | သင်ရိုးအတိုင်းသွားစရာ မလို။ Lab လုပ်လို့ ကောင်းတာပဲ ရွေးလုပ်သည်။ |
သင်ရိုးနဲ့ တိုက်ရိုက်ဆက်စပ်နေသည် | Lab Course ကို သပ်သပ်ဆွဲရသည် |
ကျောင်စားကို ဖြေခိုင်းခြင်း ဖြစ်သည် | ဖြေတတ်အောင်သင်ပေးပြီးမှ ဖြေခိုင်း |
Lab လုပ်၍ ကောင်းသောပုစ္ဆာများမှာ
၁။ အဖြေကို လက်တွေ့စမ်းသပ်၍ ကြည့်နိုင်သောအရာများ
ဥပမာ – အကွာအဝေး၊ ဧရိယာ၊ ပါမြူတေးရှင်း permutation
၂။ အဖြေတစ်ခုတည်းကို တွက်နည်းအမျိုးမျိုးဖြင့် ချိန်ကိုက်နိုင်သော ပုစ္ဆာများ
Example of Lab 1
Find the number of permutations of four different things taken all at a time
၁။ ခေါင်းစဉ် – အရာဝတ္ထု ၄ ခု ၏ အစီအစဉ် ကို ရှာခြင်း
၂။ ရည်ရွယ်ချက် – က ခ ဂ ဆ ဟူသော အရာဝတ္ထု ၄ ခု ၏ အစီအစဉ် အရေအတွက်ကို ပုံသေနည်းဖြင့်တစ်နည်း လက်တွေ့စီကြည့်သောနည်းဖြင့်တစ်နည်း ရှာ၍ ချိန်ကိုက်ရန်။
အရာဝတ္ထု ၄ ခု နေရာတွင် ကြိုက်ရာ သင်္ကေတ ၄ ခု ကိုသုံးနိုင်သည်။ A BC D, # $ % & ။
၃။ လိုအပ်သည့် ပစ္စည်း – စာရွက် ၊ ခဲတံ၊ ဘောပင်။
၎။ သီအိုရီ –
n! = 1.2.3 … … … n
1! = 1
2! = 1.2 = 2
3! = 1.2.3 = 6
2! = 1.2 =2 သည် မတူသောအရာဝတ္ထု နှစ်ခု ကို စီ၍ရသော အစီအစဉ်အရေအတွက်ဖြစ်သည်။
AB, BA
3! = 1.2.3 = 6
၎င်းသည် မတူသော အရာဝတ္ထု ၃ ခုကို စီ၍ရသော အစီအစဉ်အရေအတွက် ဖြစ်သည်။
ကခန
ကနခ
ခကန
ခနက
နခက
နကခ
၅။ ပြုလုပ်ချက်
4! = 1.2.3.4 = 24
မတူသော အရာဝတ္ထု ၄ ခုကို A,B,C,D ဟုခေါ်ပါ။ ၎င်းတို့ကို စီ သော် …
ABCD, ABDC, ACBD, ACDB, ADCB, ADBC, … … … .. 24 ခု
၆။ တွေ့ရှိချက်
မတူသော အရာဝတ္ထု ၄ ခု၏ အစီအစဉ်အရေအတွက်ကို ပုံသေနည်းဖြင့်ရှာခြင်းနှင့် ဧကန်တကယ်စီခြင်းသည် အတူတူဖြစ်သည်။
Example of Lab 2
Find the distance between two given points.
၁။ ခေါင်းစဉ် – အမှတ်နှစ်ခု၏ အကွာအဝေးကို ရှာခြင်း
၂။ ရည်ရွယ်ချက် – (1,4) နှင့် (3,0) တို့၏ အကွာအဝေးကို ပုံသေနည်းသုံး၍ ရှာပြီး ထိုအမှတ် နှစ်ခု၏အကွာအဝေးကို တိုင်းကြည့်ရန်။
၃။ လိုအပ်သည့်ပစ္စည်းများ – ဇယား၊ ဂဏန်းတွက်စက်၊ အကွာအဝေးတိုင်းရန် ကိရိယာ ပေတံ။
၎။ သီအိုရီ
Definitions of x-axis, y-axis, origin, x-coordinate, y-coordinate, point (a,b).
Formula for distance between two points.
၅။ ပြုလုပ်ချက်
အမှတ် A (3,0)နှင့် B (1,4) တို့၏ အကွာအဝေး A B ကို ပုံသေနည်းသုံး၍ ရှာပါ။
ထိုအမှတ်နှစ်ခု၏ အကွာအဝေးကို တိုင်းကြည့်ပါ။
AB = ပုံသေနည်းဖြင့် ရသောအဖြေ
AB = တိုင်းကြည့်၍ ရသောအဖြေ
၆။ တွေ့ရှိချက်။
ပုံသေနည်းဖြင့်ရသောအဖြေသည် ဒသမများစွာ ရှာနိုင်သည်။ သို့သော် ဧကန်တကယ် တိုင်း၍ရသောအဖြေသည် ဒသမနှစ်နေရာလောက်ထက် ပို၍မရပါ။ ထို့ကြောင့် ထိုအဖြေနှစ်ခု တူဖို့ ခက်သည်။
Idea for Lab
∆ ၏ areaကို အမျိုးမျိုးရှာ၍ ချိန်ကိုက်ခြင်းသည် Lab အတွက် ကောင်းသော idea ဖြစ်သည်။
ဥပမာ ∆ = 1/2 a b sinC
= 1/2 b c sinA
= 1/2 c a sinB
= 1/2 (အခြေ) . (အမြင့်)
အောက်ပါ ပေးထားချက်များကို သုံး၍ ∆ABC ကိုဆွဲပါ။
a=5, b=2, ∠C = 50
ပြီးလျှင်
c, ∠A, ∠B တို့ကို တိုင်း၍ ရသောတန်ဖိုးများကို မှတ်ထားပါ။
c=
∠A=
∠B=
∆ = 1/2 ab sinC ဟူသောပုံသေနည်းဖြင့် ∆ ၏ ဧရိယာကိုရှာပါ။
ပြီးလျှင် တိုင်းတာ၍ရသော တန်ဖိုးများကို သုံး၍ ∆၏ ဧရိယာကို 1/2 bc sinA, 1/2 ca sinB တို့သုံး၍ ရှာပါ။ နှိုင်းယှဉ်ကြည့်ပါ။
∆ = 1/2 (အခြေ).(အမြင့်) တွင် ကြိုက်ရာအနားတစ်ခုကို အခြေဟုယူ၍ ၎င်း၏ မျက်နှာချင်းဆိုင်ထောင့်၏ အမြင့်ကို ယူနိုင်သည်။