Myat San (မြတ်စံ)

469806761_3320827358051725_540522838804550982_n.jpg
469378651_10225925967512863_5455321223711050846_n.jpg
469110436_10162411214821473_9023703220525022718_n.jpg
469055591_10162411231521473_1948132791667565173_n.jpg
469468567_1022436393262357_6538626394522937201_n.jpg
469363008_10236260171473337_4335512109355080702_n.jpg
469580163_3821897621359407_5050215795237696968_n.jpg
469400961_3821898048026031_6895192307180719975_n.jpg
469539040_3821897484692754_4273623885862249888_n.jpg
469627063_3821897524692750_4407899445167346758_n.jpg
469407812_604495648687559_1161998628238012104_n.jpg
469502014_604519088685215_8852471614265806508_n.jpg
469501965_604519062018551_7472223284947265691_n.jpg
469370696_604519018685222_821513813909275240_n.jpg
469585966_604518978685226_622012906087671542_n.jpg
469414486_604518955351895_5137656248916984340_n.jpg
469495499_8769038476550064_7242132424652968911_n.jpg
469555296_8769067423213836_2124931953691444341_n.jpg
469613276_8769067183213860_6288737468926208382_n.jpg
469576295_8769068146547097_5459999221599171522_n.jpg
469622051_8769067146547197_2945732506679866881_n.jpg
469777328_8769037413216837_2342495941501674865_n.jpg
469608277_8769038153216763_7743101004890526628_n.jpg
469659306_8769067003213878_5003852911085739972_n.jpg
469634598_8769067289880516_3837128228247831949_n.jpg
469751735_8769068293213749_6510284201762873725_n.jpg
469513914_8769067349880510_8903242332042666990_n.jpg
469620126_8769068253213753_7769920725298172068_n.jpg
469683925_8769066589880586_8387781084861136454_n.jpg
469486047_8769037829883462_6721020600573404519_n.jpg
469792429_8769038163216762_4704395289384925163_n.jpg
469809605_8769066426547269_9057326231864237994_n.jpg
469555174_8769066263213952_4128268385945381464_n.jpg
469495499_8769038476550064_7242132424652968911_n.jpg
469555296_8769067423213836_2124931953691444341_n.jpg
469613276_8769067183213860_6288737468926208382_n.jpg
469576295_8769068146547097_5459999221599171522_n.jpg
469622051_8769067146547197_2945732506679866881_n.jpg
469777328_8769037413216837_2342495941501674865_n.jpg
469608277_8769038153216763_7743101004890526628_n.jpg
469659306_8769067003213878_5003852911085739972_n.jpg
469634598_8769067289880516_3837128228247831949_n.jpg
469751735_8769068293213749_6510284201762873725_n.jpg
469513914_8769067349880510_8903242332042666990_n.jpg
469620126_8769068253213753_7769920725298172068_n.jpg
469683925_8769066589880586_8387781084861136454_n.jpg
469486047_8769037829883462_6721020600573404519_n.jpg
469792429_8769038163216762_4704395289384925163_n.jpg
469809605_8769066426547269_9057326231864237994_n.jpg
469555174_8769066263213952_4128268385945381464_n.jpg

Person Item Type Metadata

Biographical Text

From Mya Aye

စိန့်ပေါလ်ကျောင်းသားဟောင်း၊သုံးရောင်ခြယ်ကျောင်းသားခေါင်းဆောင်ဟောင်း၊10Dနိုင်/ကျဉ်းဟောင်းသူငယ်ချင်းကိုမြတ်စံ ဒီမနက်မှာနှလုံးဖောက်ပြီးကွယ်လွန်သွားပါတယ်။ညီမဖြစ်သူထံမှကြားသိရသလောက်မနက်၄:၃၀မှာအိပ်ယာနိုးလာသေးပြီးပြန်အိပ်ရာမှ၆:၃၀မှာအေးချမ်းစွာဘဝကူးပြောင်းသွားကြောင်းသိရပါတယ်။မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။
<hr>

From Maung YIT
ကိုမြတ်စံ ကွယ်လွန်ကြောင်း သိရ၍ ဝမ်းနည်းမှတ်တမ်းပြုရပါတယ်။
၈၈ တုန်းက ခြံထဲမှာ စာစောင်တွေ ထွက်ဖြစ်အောင် ကူပေးခဲ့တာ
၈၉ တုန်းက အင်းစိန် ၅ တိုက် မှာ ခနရောက်နေတုန်းက ဘေးခန်းကို ဆူဆူညံညံနဲ့ အသံပြဲကြီးနဲ့ ရောက်လာတဲ့ သုံးရောင်ခြယ်တွေထဲက ကိုမြတ်စံ
နောက်တော့ ၂၀၁၃ နောက်ပိုင်း - သူနဲ့ ပြန်ဆုံတယ် ပြန်တွေ့တယ်
ဉာဏ်ဉာဏ်နဲ့ သူနဲ့ အမြဲတမ်းချိန်းပြီး တွေ့ကြတယ်
အခုနောက်ပိုင်းမှာ စကားပြောချင်ပေမယ့် အခြေအနေတွေအရ ဂရုစိုက်ပြီး နေခဲ့ကြတာ
ခုတော့ အရင်ထွက်သွားနှင့်ပြီပေါ့ ကိုမြတ်စံ ရေ ...
ဟေ့ကောင် မောင်ရစ်ရေ ... လို့ ခင်ဗျား ထပ်မပြောတော့ဘူးပေါ့။

From Zar Ga Nar

မိဘချင်းမိတ်ဆွေတွေမို့ သူနဲ့ကျွန်တော် ညီအကိုလိုနေခဲ့တယ်။ကျွန်တော့ထက် ခြောက်နှစ်ငယ်လို့ ညီလေးပေါ့။ကိုရဲခေါင်ရဲ့မေစတူဒီယိုမှာ သူအသံဖမ်းလက်ထောက်လုပ်အားပေးဝင်လုပ်တော့လဲ မကြာခနသူ့ဆီ
ရောက်ဖြစ်သလို ကျွန်တော်ပထမဆုံးစင်ပေါ်တက်ကတဲ့အငြိမ့်ပွဲမှာ ဇာတ်ခုံဘေးက ကူညီခဲ့တာလဲ သူပဲ။
ရှစ်လေးလုံးအရေးတော်ပုံအစမှာ သူဟာသပိတ်မှောက်ကျောင်းသား။သြဂုတ် ၂၅ ဒေါ်အောင်ဆန်းစုကြည်ရွှေတိဂုံအနောက်မုခ်မှာတရားဟောတော့ သူကအန်တီ့ဘေးရောက်သွားရော။နောက်တော့အန်တီ့ခြံထဲက သုံးရောင်ခြယ်မြတ်စံဖြစ်လာတယ်။
ကျွန်တော်ထောင်ထဲရောက်ပြီးခြောက်လလောက်ကြာတော့ သူထောင်ထဲရောက်လာတယ်။ထောင်ထဲမှာထောင်ထပ်ကျပြန်တယ်။တောင်ငူထောင်ကိုရွှေ့ရတယ်။ဒီလိုနဲ့ သံဗုဒ္ဓေ ကိုသက်စေ့ရွတ်ရင်း သက်စေ့နီးပါးထောင်ထဲမှာအချိန်တွေဖြုန်းခဲ့ရတယ်။
ထောင်ကပြန်လွတ်လို့မကြာသေးဖူး ရွှေဝါရောင်နဲ့ထပ်ဖမ်းခံရပြန်တယ်။ကျွန်တော်နဲ့.အင်းစိန်ထောင်မှာကော၊မြစ်ကြီးနားထောင်မှာပါ အတူနေရတယ်။မြစ်ကြီးနားထောင်မှာ သူရယ်၊လှမျိုးနောင်(ကွယ်လွန်)ရယ် ကျွန်တော်ရယ်အတူတူ။မိုးပြာဆရာတော်နဲ့ ဦးဇင်းဝီရသူလည်းရှိတယ်။မနက်တိုင်း သူကဟင်းထမင်းပြင်ပေးတာ။အစပ်အဟပ်တော်တာကိုး။ညညဆို သူ့သီချင်းနဲ့ အလွမ်းဖြေရတယ်။မြန်မာသံရော စတီရီယိုပါသူရတယ်။သူ့သီချင်းနဲ့ ဧရာဝတီမြစ်ကြီးကို စီးစီးပြီး အိမ်ပြန်ခဲ့ရတာ ခနခနပေါ့။
သူအရင်လွတ်ပြီး နောက်မှ ကျွန်တော်လွတ်တယ်။အပြင်မှာပြန်ဆုံကြ။အလုပ်အတူတူလုပ်ကြ။သူ့ကျန်းမာရေးကသိတ်မကောင်း။ခါးရိုးမကြီးထိထားတယ်။ထောင်ထဲကရလာတဲ့ ဒဏ်ရာ။ဗဟိုစည်မှာပြလိုက်၊ရွှေဂုံတိုင်မှာပြလိုက်ပေါ့။
နွေဦးမှာကျွန်တော်ဖမ်းခံရတော့ ကျွန်တော့အိမ် ကို သူမကြာမကြာရောက်တယ်။လွတ်လာတော့တွေ့ကြပြီး အကျိုးအကြောင်းတွေဖလှယ်ကြတာ။တလောကဆေးရုံပေါ်ကျွန်တော်ရောက်တော့ သူစာလှမ်းရေးတယ်။ကျွန်တော်သေလို့မဖြစ်ဘူးတဲ့။အချင်းချင်း သိတဲ့အတွင်းလုံးဆို (အကို အတာမစားနဲ့အုန်းနော်).တဲ့။ခုတော့ သူအတာစားသွားပြီ။
ဘာကိုမှ ပြန်မရချင်သူကိုမြတ်စံ သေခြင်းတရားကိုတော့ သေသေချာချာရသွားပြီ။
မွန်မြတ်အေးချမ်းရာ ဘုံဌာနမှာ စံစားရပါစေ ညီတော်ရေ။

From Zaw Thet Htwe

လူသားတစ်ယောက်ရဲ့ ကိုယ်နံ့မရှိတဲ့တိုင်းပြည်ကနေ...ရုတ်တရက်ထွက်ခွာသွားတာ မလွမ်းတော့ဘူး ကိုယ့်လူရေ..ကိုမြတ်စံက ကိုသူရအတွက်စိုးရိမ်ပြီးဆေးရုံလာမေးချင်ပေမယ့်ခုတော့အရင်ထွက်ခွာသွားခဲ့ပြီပဲ။နောင်ဘဝရှိခဲ့ရင်လေ..အနုပညာထုံမွှမ်းတဲ့အရပ်ဒေသမှာပြန်လည်မွေးဖွားပါစေဗျာ။


Artist Htein Lin

ကိုမြတ်စံမှ အစပြု၊
ပါဖောင်းမန့်သမားတစ်ဦးရဲ့ မှတ်စု။
၂၀၂၄ ဒီဇင်ဘာလ ၆ ရက်ကမနက် ကိုသူရ ဆီ မက်ဆေ့တစ်ခုဝင်လာတယ်။ မြတ်စံဆုံးပြီတဲ့ ။ စာကတိုတောင်းပြီးတိကျတယ်။ သူ့ဆီဖုန်းခေါ်ပြီး အကျိုးအကြောင်းမေးရင်း ကိုသူရက သူနဲ့ကိုမြတ်စံ တို့ မြစ်ကြီးနားထောင်မှာအတူနေခဲ့ကြတဲ့ကာလတွေ အကြောင်းကို ပြန်ပြောင်း ပြောပြလို့နားထောင် ရတယ်။ တကယ်တော့ အဲ့ဒီအကြောင်းကျွန်တော် ကြားဖူးပြီးသားပါ ။ ဒါပေမယ့် ဒီနေ့က ကိုမြတ်စံဆုံးတဲ့နေ့ဖြစ်လို့ ပြန်နားထောင်ရပေမယ့်အသစ်လိုပါပဲ။
ကိုမြတ်စံနဲ့ စခင်ကြတာ ၂၀၀၅ လောက် နိုင်ငံရေးအကျဉ်းသား၊ အားလုံးနီးပါး ပြန်လွတ််ပေးပြီးနောက်ပိုင်း ရန်ကုန်မှာလုပ်ကြတဲ့ စာပေ အနုပညာပွဲ အင်တိုက်အားတိုက်လုပ်ကြတဲ့ကာလမှာ ဆုံခဲ့ကြခင်ခဲ့ကြတာပါ။ နောက်တော့လဲ ကျွန်က အင်္ဂလန်ထွက်သွား သူတို့ကထောင်ပြန်ကျကြနဲ့ ။ ကွဲကွာသွားကြ။ ၂၀၁၃ ကျွန်တော် ရန်ကုန်ပြန်ရောက်တဲ့ အချိန် ပြန်ဆုံဖြစ် ပိုရင်းနှီးဖြစ်ပါတယ်။
သူနဲ့ပါတ်သက်တဲ့အခါ မေ့မရတဲ့အဖြစ်အပျက်တစ်ခု ကတော့ ကျွန်တော့် ရဲ့ A Show Of Hands ပရောဂျက်အတွက်သူ့ လက်ကို ကျောက်ပတ်တီးသွားစည်းခဲ့စဉ်က အဖြစ်အပျက်ပါ။
ကျွန်တော့်က နိုင်ငံရေးအကျဉ်းသားတွေရဲ့လက်ပုံစံကို ပလာစတာမိုဖမ်းယူရတဲ့ အနူပညာပရောဂျက်ကို ၂၀၁၃ ခု ရှစ်လေးလုံးငွေရတု ကာလမှာ စပြီး နိုင်ကျဉ်းတွေရှိရာလိုက်တွေ့ပြီး စုဆောင်းယူပါတယ် ။ ဒီလို ကျောက်ပတ်တီးပုံစံယူနေစဉ်အတွင်း ကာယကံရှင်က သူ့ထောင်တွင်းအတွေ့အကြုံတွေအကြောင်း ၊ ပြောပြတာကိုလဲ ဗီဒီယိုမှတ်တမ်းယူခဲ့ပါတယ် ။ ဒါကို ဗီဒီယိုရိုက်ကူးယူဘို့ ကျွန်တော့် သူငယ်ချင်း၊ တစ်ယောင်မဟုတ်တစ်ယောက်က လိုက်ကူပေးပါတယ်။
ဒီပရောဂျက်အကြောင်း ကိုမြတ်စံသိတဲ့အခါ
သူလဲ ပါဝင်မှာဖြစ်ကြောင်း အဆင်ပြေတဲ့အချိန်တွေ့ကြမယ်တဲ့ ။ ဒါပေမယ့် အဲ့ဒီကာလ က အားလုံးက ကျွန်တော်တို့ဟာ တကယ့် ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်ရောက်နေကြပြီလို့ထင်နေကြတာကြောင့် အားလုံးဟာ ခရေစီဗစ်ဇီးသမားချည်းဖြစ်နေတာမို့အတော် တွေ့ ရခက်ပါတယ်။ အထူးသဖြင့်ကိုမြတ်စံလို သူသိများများ တက်ကြွလှူပ်ရှားသမားကို မိဖို့ကတော့ လင်ပန်းဖင်ကိုလိုက်ဆုပ်ကိုင်ရတာထက်ခက်ပါလိမ့်ဦးမယ်။
ဒီလိုနဲ့ တစ်ရက်မှာကိုမြတ်စံတစ်ယောက်အောက်ပိုင်းသေပြီး ဂရင်းခရော့ဆေးရုံတင်ထားရတယ်ဆိုတဲ့သတင်းကိုကြားရပြီး အတော်စိတ်မကောင်းဖြစ်မိပါတယ်။စုံစမ်းပြီးသွားတွေဦးမှပဲလို့လဲ တေးမှတ်ထားလိုက်ပါတယ်။
နှစ်ရက်လောက်အကြာမှာ ကိုမြတ်စံဆီက ဖုန်းဝင်လာပါတယ်။ သူ ဆေးရုံတက်နေတဲ့အကြောင်း အခု သက်သာလာပြီးဖြစ်ကြောင်း ၊သို့သော် ဆေးရုံမှာပဲနေရဦးမှာဖြစ်ကြောင်း၊ တကယ်လို့ ကျွန်တော့်အနေနဲ့ လက်ပုံစံယူချင်ရင် ဆေးရုံကိုလာယူလို့ရကြောင်း ပြောလာပါတယ် ။
ကျွန်တော်အနေနဲ့အတော့်ကိုစဉ်းစားရပါတယ် ။ @အဲ့ဒီကာလ က ဘဘဦးဝင်းတင်ရဲ့ ဖောင်ဒေးရှင်း အကူအညီနဲ့ နိုင်ကျဉ်း တွေနာမကျန်းဖြစ်တဲ့အခါ ဂရင်းခရော့ က ကုသပေးပါတယ်။ ဒါပေမယ့်ဆေးရုံမှာ ကုသမှူခံယူနေတဲ့သူတစ်ယောက်ကို ကျွန်တော်က ကိုယ့် အနူပညာလက်ရာအတွက်ဆိုပြီး ဘလိုင်းကြီးသွားပြီး ပလာစတာတွေယူဘို့တော့ အတော်မသင့်တာပါ။ ပြီးတော့ ဒီမိုယူတဲ့ကိစ္စက အတော်လေးရှုပ်ထွေးပါတယ် ရေထဲမှာ ပလာစတာလိပ်ကို နှစ်ပြီးလက်ကိုတစ်ချောင်းခင်းပတ်ရတယ် အနည်းဆုံး ဆယ့်ငါးမိနစ်လောက်ကြာပါတယ်။ပြီးရင်လဲ ကျောက်ပတ်တီးခြောက်ဘို့ နာရီဝက်လောက်စောင့်ရပါသေးတယ်။ ပြီးတော့ ကင်မရာနဲ့ တောက်လျောက်လိူက်ရိုက်နေရမှာ သိပ်မလွယ်ဘူးလို့ပြောတော့ သူက ကိစ္စမရှိဘူး ဘယ်အချိန်လောက်မှာ ဆရာဝန်လဲမလာဘူး လူနာမေးသူလဲမရှိဘူးရှင်းတယ် ။ အဲ့အချိန်လာခဲ့လို့ရတယ်တဲ့။
သူကမှအဲ့လို ပြောလာတော့ ကျွန်တော့် ရဲ့ လုပ်ချင်လာရင်ရှေ့မကြည့်နောက်မကြည့် စွပ်လုပ်တတ်တဲ့ ဇာတိကပြလာတာမို့ ။ ကျွန်တော့် သူငယ်ချင်းဇော်လင်း နဲ့ ပလာစတာထုပ်တွေကင်မရာတွေနဲ့ သူပြောတဲ့အချိန် ဂရင်းခရော့ကို ချီတက်သွားကြပါတယ်။
ဆေးရုံအောက်ရောက်ပြီ ဘယ်လာခဲ့ရမလဲလို့ဆက်တော့ အခုမတက်လာနဲ့ဦး အထူးကုလှည့်လာဘို့ရှိနေလို့ အောက်ကပဲခဏစောင့်နေပါတဲ့ ။ ဆေးရုံကလဲ လူနာအတော်များတဲ့ဆေးရုံဆိုတော့ ဆေးရုံမှာစောင့်မဲ့အစားလမ်းတစ်ဖက် က ဂျမ်းရှင်းမော်တင် ရှော့ပင်းစင်တာထဲဝင်ပြီး အပေါ်ဆုံးထပ်က YKKO ကြေးအိုးဆိုင်မှာသွားထိုင်သောက်ရင်းသူ့ဖုန်းကို စောင့်နေလိုက်ပါတယ်။
ကျွန်တော်ထိုင်နေတဲ့စားပွဲက အောက်ကိုလှမ်းကြည့်ရင် ဆေးရုံကို မြင်နေရပါတယ်။ ကျွန်တော့်ပုံစံက ပစ်မှတ်ကရောက်မလာသေးလို့ တစ်ဖက်အဆောက်ဦးကနေ စနိုက်ပါတစ်လက်နဲ့စောင့်နေတဲ့ ကြေးစားလူသတ်သမားနဲ့တူနေတာမို့ အဲ့အကြောင်း သူငယ်ချင်းဇော်လင်းကိုပြောပြီး နှစ်ယောက်သားခွီနေကြပါတယ် ။
ကြေးအိုးတစ်ပွဲကုန်တော့ဖုန်းဝင်လာပါတယ်။ လာလို့ရပြီတဲ့ ။ လာရင်ဂျမ်းရှင်းမော်တင်ရွှေပလ္လင်က လဘက်ရည်ပါဆယ်ဆွဲလာခဲ့တဲ့။ကျွန်တော်တို့လဲသူပြောတဲ့အခန်းကိုတက်သွားတော့ သီးသန့်ခန်းထဲမှာ ဆရာသမားက ဘီးတပ်ကုလားထိုင်ကြီးပေါ်ထိုင်လို့ဗျ။ လည်ပင်းမှာလဲကော်လာကြီးကတပ်လို့ ဆိုတော့ ကျွန်တော်က ဖြစ်ပါ့မလားဆိုတော့ ရတယ်ဘာမဖြစ်ဘူးအေးဆေးတဲ့ ။ လူနာစောင့်က သူ့ခင်ဆုံးသူငယ်ချင်း ကိုဉာဏ်ဥာဏ်ထွန်း ။ ပထမ သူရောဂါကဘာဖြစ်တာလဲမေးကြည့်တော့ ပေါ့ပေါ့တန်တန်မဟုတ်ဘူး။ ခါးရိုးမှာ ကျီးပေါင်းကညယ်သို့ဘယ်ညှာ ဘယ်နာ့ဗ်ကြောဖိလို့ဘယ်ပုံအောက်ပိုင်းလှူပ်မရဖြစ်တာစသည်ဖြင့်ရှင်းပြတယ် ။ ခွဲစိတ်မှုလဲရှိတယ်။ ကြာ်ပြီဆိုတော့ အသေးစိတ်တော့မမှတ်မိတော့ဘူး နားလည်သလောက် ပြန်ပြောပြရရင် အောက်ပိုင်းသေတာက တသက်လုံးလဲဖြစ်သွားနိုင်တယ်တဲ့ ။ အဲ့ဒါများဗျာနောက်မှလုပ်လဲရပါတယ်ဆိုတော့ ။ မဟုတ်ဘူးလေကွာ ဒီကြားထဲပြန်ကောင်းမလာပဲ ငါတစ်ခုခုဖြစ်သွားရင် မင်းလက်တစ်ခုမရလိုက်ပဲဖြစ်သွားမှာပေါ့တဲ့ ။ နောက်သေးတယ်ဗျ။ အဲ့ဒါကိုမြတ်စံပါပဲ ။
ဒီလိုနဲ့ ရေခွက်ခပ်အထုပ်တွေဖြေ ရေဆွတ်ပြီးသူ့လက်ကိုကျောက်ပတ်တီးကိုင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းဇော်လင်းကကင်မရာမှတ်တမ်းယူတယ် ။ ဒီတော့မှ ကိုမြတ်စံအမေက ဆိုဗိယက်ပြန်ဒေါ်ဝင်းဝင်းဝါ အကနည်းပြဆိုတာတွေ ။ ၁၉၉၀ တစ်ဝိုက်က ခြံအမှတ် ၅၄ NLDထူထောင်ကာစကာလတွေက သုံးရောင်ခြယ်လူငယ်အဖွဲ့မှာ သူပါဝင်ခဲ့ပုံတွေပြောပြတယ်။ နောက်တော့သူ့ထောင်တွင်းအတွေ့အကြုံတွေအကြောင်းတွေ ။
ဒီလိုနဲ့ သု့လက်ကိုကျောက်ပတ်တီးကိုင်တာပြီးသွားပြီမို့ နာရီဝက်လောက်ခြောက်အောင်စောင့်ရမယ်လို့ပြောတော့ သူက စောင့်ရတဲ့အတူတူ ဉာဏ်ဉာဏ်ထွန်းလက်ကိုပါမင်းတစ်ခါတည်း ယူသွားလိုက်ပါလားတဲ့ ။ အမှုတွဲတာ ။
ဒီလိုနဲ့ ကိုဉာဏ်ကို ကျွန်တော်ကဆက်ပြီး ကျောက်ပတ်တီးကိုင်ပါသည် သူက ဘီးတပ်ကုလားထိုင်ပေါ်မှာ ပြုံးပြုံးကြီး ။ ထိုခဏမှာ တခါးခေါက်လာပြီး သန့်ရှင်းရေး ဝန်ထမ်းကလေးမတစ်ယောက်ဝင်လာပြီးအမှိုက်တောင်းတွေဖလှယ်ကာ ပြန်ထွက်သွား၏ ။ ကလေးမသည် တောင်းကိုဖလှယ်ရင်း အခန်းထဲမှ ကျွန်တော်တို့ လုပ်နေပုံကိုတွေ့ပြီး အထူးအဆန်းသဖွယ် ကြည့်သွားတာသတိထားလိုက်မ၏။ ဘယ့်နှယ် ခါးအောက်ပိုင်းသေလို့လာကုနေသောလူနာတစ်ယောက်ကိူ အပြင်ကဆရာတစ်ယောက်က ကျောက်ပတ်တီးတွေလက်စည်းယုံမက လူနာစောင့်ကိုပါစည်းနေသောမြင်ကွင်းမှာ ကလေးမအတွက်ထူးဆန််းနေမှာပေါ့ ။ ကလေးမထွက်သွားတော့ ကျွန်တော်က ဇော်ခင်းကို တံခါးကိုသေချာ ဂျက်ချခိုင်းထား၏ ။
သိမကြာပါချေ အပြင်မှ တံခါးကိူ ခပ်ဆတ်ဆတ်ခေါက်သံထွက်လာလေတော့သည် ။ ထုံးစံအတိုင်းကျွန်တော်တို့တွေရုတ်တရက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်၏။ ထောင်မှာ ရုတ်တရက်တလာစီ( အရေးပေါ်ရှာဖွေရေး) ရောက်လာသလိုဝရုန်းသုန်းကားဖြစ်ပါတော့သည်။ ထောင်သက်ပိုရင့်သော ကိုမြတ်စံက ကိူဉာဏ်ကိုမင်းအိမ်သာထဲဝင်ချက်ချထားလိုက် ငါ့ကိုဟိုတဘက်စောင်ပေးဟုဆိုကာ သူ့ကျောက်ပတ်တီးမခြောက်သေးသောလက်ကိုပေါ်မှာ တဘက်စာင်ကိုကန့်လန့်ဖြတ်တင် ကျွန်တော်ကလဲ ပစ္စည်းတွေအကုန်လုံးသိမ်းကြုံးပြီး အိပ်ထဲပစ်ထည့် ဗီဒီယိုကင်မရာကို ကုတင်ပေါ်ကစောင်အောက်ထဲထည့်လိုက်ပြီးချိန် ဇော်လင်းက အင်မတန်မှင်သေလှသောမျက်နှာပေး နဲ့ တံခါးကိုဖွင့်ပေးလိုက်၏ ။
ကိုမြတ်စံကိုတာဝန်ယူကုသပေးနေသော အထူးကုဆရာမကြီး နဲ့နောက်မှာ သူနာပြုဆရာမ ၂ ဦးဝင်လာ၏။ သူတို့မျက်နာများကတခန်းလုံးကိုခြုံငုံအကဲခတ်လျက်။ ဆရာမက ကိုမြတ်စံအခြေအနေဘယ်လိုလဲ ဘယ်ပို့ဘယ်ပုံမေး၏။ ကိုမြတ်စံက မှင်သေသေဖြေသည် ဘာမှထူးခြားမှုမရှိ ။ ကျွန်တော်တို့ဘက်ဝေ့ကြည့်ရင်း အော်သူသယ်ချင်းတွေရောက်နေတာလားဆိုတော့လဲ ကိုမြတ်စံ မှင်သေသေနဲ့ ကျွန်တော်တို့ ဘယ်သူဘယ်ဝါဆိုတာ မိတ်ဆက်ပေးနေသည် ။ အားလုံးကွက်တိ ။ ဆရာမကြီးသည်သူကြားရသည်နှင့် လာခဲရပုံရသော်လည်း ဒီမှာ ဘာမှ ထူးထူးခြားြခါးမရှိသဖြင့် ဇဝေဇဝါဖြစ်နေပုံရ၏ ။ ထိုကြောာင့်ညကိုမြတ်စံဘေရမှာရပ်စကားပြောနေရင်း ကျွန်တော့် လုံချည် အင်ကျီစတွေနဲ့ လက်နေမှပေကျံနေသော အဖြူရောင်အကွက်အစွန်းများကို သတိထားမိသွားပြီး ဘာဖြစ်တာလဲဟုမေးပါသည်။
ကျွန်တော်က ဒီမလာခင် တနေရာကိုအရင်ဝင်ခဲ့ကြောင်း ၊ အဲ့ဒီမှာ အနူပညာပရောဂျက်တစ်ခုကိုလုပ်ခဲ့ ပါကြောင်း ။ နိုင်ကျဉ်းဟောင်းများလက်ကို ပလာစတာမိုလောင်း ၍ အနုပညာဖန်တီးခြင်းဖြစ်ကြောင်း ။နိုင်ငံသမိုင်းကြောင်းတစ်ခုကိူ အနုပညာဖြင့် မှတ်တမ်းပြုခြင်းဟုလည်းယူဆနိုင်ပါကြောင်းစသည်ဖြင့် ဖွဲ့ကာနွဲ့ကာပုံပြင်တွေ ပြောပြီး ဒီမလာခင် လုပ်ခဲ့တဲ့နေရာက ပလာစတာတွေ မှစွန်းထင်းခဲ့တာပါလို့ ရွီးရတာပေါ့။
ဆရာမကြီးက စိတ်ဝင်တစားနားထောင်ရင်းက ဟုတ်လား အတော်ကောင်းတဲ့စိတ်ကူးမျိုးပဲ ။ အဲ့ဒါလုက်ပြီးလို့ ပြပွဲတွေဘာတွေလုပ်တဲ့အခါကျပြောပါဦး ကျွန်မလဲလာကြည့်ချင်လို့လဲပြောရော ကိုမြတ်စံက ရုတ်တရက် အခုလဲကြည့်လို့ရပါတယ်ဆိုကာ တဘက်စောင်အောက်မှ ပလာစတာမိုကိုင်ထားသော လက်ဖြူဖြူကြီးကိူထုတ်ပြီးထောင်ပြလိုက်ရာ အထူးကုဆရာမကြီးလဲ ရုတ်တရက်မို့ လန့်သွားမိပြီး ပြီးမှ တအံ့တဩမြင့် ကြည့်ရင်း ရီမောပါတော့၏ ။ ကိုမြတ်စံက ဟေ့ကောင်ဉာဏ်ထွန်းအိမ်သာထဲက ထွက်ခဲ့ဟု အော်ပြောလိုက်ပြန်တော့ နောက်ထပ် ကျောက်ပတ်တီးလက်တစ်ခု က အိမ်သာထဲကထွက်လာပြန်တော့ ဆရာမကြီး နဲ့သူနာပြုတွေလဲ မျက်လုံးထပ်ပြူးရပြန်တာပေါ့။ ကျွန်တော့်မှာလည်း ခိုးထုပ်ခိုးထည်နဲ့မိထားမိသလိုမျက်နှာနဲ့ပေါ့။
ကျွန်တော်တို့ကံကောင်းသည်မှာ ဆရာမကြီးသည် အင်မတန်သဘောကောင်းသူ အမြင်ကျယ်သူ အတိမ်အနက်ကိုသိမြင်နိုင်သူဖြစ်သောကြောင့် အပြစ်တင်စကားမျိုးတစ်ချက်မှ မပြောပဲ အော်ရှင်တို့တွေက တကယ်ပဲ ကိုယ့်စိတ်ထဲရှိရင် ဘာကိုမှဂရုစိူက်တကယ်လုပ်ကြတဲ့သူတွေဆိုတာ ခုတော့ ကျွန်မကိုယ့်တွေ့ကြုံရသိပါပြီစသည်ဖြင့်ပြောရင်း မပြန်သေးဘဲ ဒါကိုဘယ်လိုဆက်လုပ်မှာလဲဟုဆိုကာ သူကပါပွဲကြည့်ပရိတ်သတ်ဖြစ်လာသဖြင့် ကျွန်တော်တို့မှာ ပစ္စည်းတွေပြန်ထုတ်။ သံဖြတ်လွ ကိုထုတ်ပြီး သွေ့ခြောက်စပြူနေတဲ့ ကိုမြတ်စံလက်ကိူ ဖြတ်ပြီးဆွဲထုတ်ပြီးပြီးတဲ့အထိလုပ်ပြရပါတယ်။ ပြီးတော့မှ နူတ်ဆက်ပြန်ထွက်သွားပါတယ်။
ကိုမြတ်စံနဲ့ပတ်သက်လို့လုံးဝမေ့မရတဲ့ အတွေ့အကြုံတစ်ခုပါ။ အဲ့နောက်ပိုင်း သူပြနန် နလံထူနိုင်လာတာတယ်။ သူလက်ထပ်တော့ ကျွန်တော်ပြပွဲကိစ္စနဲ့ စင်္ကပူရောက်နေခဲ့လိူ့ Vicky ပဲ သွားခဲ့ပါတယ်။ ပန်းချီစန်းဇော်ထွေး မကျန်းမာတော့ အတူသွားသတင်းမေးကြဆေးကုနိုင်ဘို့ကြိုစားကြတာ။ ပန်းရဲ့လမ်းဂီတ ကဗျာ အနုပညာပွဲတွေမှ တက်တက်ကြွကြွပါခဲ့တာတွေ။ စသည်ဖြင့် ပြန်ပြောစရာတွေရှိခဲ့ကြပေမယ့် သူနဲ့ဆုံတိုင်း ပြန်ပြောဖြစ်ကြတာတော့ ဂရင်းခရော့ဆေးရုံပေါ်တုန်းက အကြောင်းကိုပါပဲ ။ လွန်ခဲ့သော ဆယ်နှစ်ကပါ။
ခုတော့ အဲ့တုန်းက အတူရှိခဲ့တဲ့အထဲက ကိုဉာဏ်က အရင်ထွက်သွားပါတယ်။ နေဋက်တော့ သူငယ်ချင်းဇော်လင်း ။ အခုကိုမြတ်စံ ။ ကျွန်တော်လဲ ဘယ်နေ့ ဘယ်အချိန် ဘယ်လိုဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။
သူဆုံးပါးသွားရလို့ မိသားစုနဲ့အတူ သူ့ရဲဘော်ရဲဘက်တွေနဲ့အတူ ကြေကွဲရပါသော်လည်း ငါသေတာ ထိန်ထိန်က ဟိုအကြောင်းလေးတောင် မရေးဘူးလို့ သူအိမ်မက်ပေးနေမှာစိုးပါသဖြင့် နေ့မကူးခင်ကတိုက်ကရိုက်ရေးလို့ဝေမျှလိုက်ပါကြောင်း ။
ရဲဘော်မြတ်စံ ရဲဘော်ဉာဏ်ဉာဏ်ထွန်း နဲ့ သူငယ်ချင်းဇော်လင်းတို့ မြင့်မြတ်သော ဘဝသစ်မှာ ငြိမ်းအေးစွာဖြစ်တည်ပါစေ။

From Zin Mar Aung

ကိုမြတ်စံ - အဝေးကပဲ နှုတ်ဆက် လိုက်ရပါတယ် အကို။
အကိုနဲ့ ပက်သက်တဲ့ အမှတ်ရစရာ လို့ပြောရင်- ဘယ်အချိန် တွေ့တွေ့ နှစ်နှစ်ကာကာ ရယ်မော ပြုံး ရွှင် နှုတ်ဆက်တတ်တာပါပဲ။ ကျန်ရစ်သူ မိသားစု ၊ ရဲဘော်ရဲဘက်များနဲ့တူ ဝမ်းနည်းရပါတယ်။

From Htun Myat Oo ( ပန်းသီး)

"မြတ်စံ ရုတ်တရက်ဆုံပြီးကြားလိုက်ရတယ်၊ သူနဲ့ ကျနော်က တလမ်းတယ်တူတူနေခဲ့ကြတယ်၊ သူအဖေနဲ့အမေကလဲ မိသားစုလို့ဘဲ၊ သူရဲ့ ညီအကိုမောင်နှမတွေကလဲ ရင်းနှီးကျွမ်းဝင်ခဲ့တယ်၊ ၈၈တော်လှန်ရေးဖြစ်တော့လဲ တလမ်းထဲနေခဲ့လို့ အကြောင်းပါပြီး သုံးရောင်ခြည်နဲ့ ပတ်သက်ခဲ့တယ်၊ အံတီစု ခြံထဲမှာ အတူတူနေခဲ့ပြီး ခေတ်တစ်ခေတ်အပြောင်းလုပ်ဖို့ တူတူဖြတ်သန်းခဲ့တယ်၊ သူကအရင်ထောင်ကျတယ်၊ ကျနော်က သူနောက်မှာ ထောင်ကျတယ်၊ သူလဲထောင်မှာ ဖြတ်သန်းရတဲ့ ဒဏ်ရာဒဏ်ချက်‌ေတွ ကြောင့် ကျန်းမာရေးလဲ ထိခိုက်ခဲ့ရတယ်၊
မြတ်စံ အေးငြိမ်းပါစေ။

From Lut Latt Soe

ထားသွားခံရတဲ့ ခံစားမှုဟာ အင်မတန်ဆိုးရွားတယ်၊ ချစ်ခင်ရသူတွေ တနေ့တယောက် ထွက်ခွာနေကြတာတော့ လွန်လွန်းပါတယ်၊
တဘဝလုံးစာ ချန်ထားခဲ့ကြတယ်ဆိုတော့လဲ အေးပါကွာ... ငါလဲ ဘာမှ ပြောစရာစကား ရှာမရအောင် နာကျင်နေပါပြီ၊ မင်းသဘောပဲ သေမင်းရေ၊
ငါ့ ခံနိုင်ရည်ကို ဘယ်ဝိုက် ညာဝိုက်တွေနဲ့ ပွဲသိမ်းချင်နေတာလား။
ညီမကို နောက်နှစ်မွေးနေ့ဆုတောင်း ဘယ်ဘဝက ပေးနေမလဲ ပြောဦး memory တခုတက်တိုင်း လှမ်းပို့တတ်၊ ဖေကြီးနဲ့မေမေ့ရဲ့ အချစ်တော် ငါ့အကို သားသားနဲ့ ဒေါင်ဆိုင်ထိုင်ကြဦးမယ်ဆိုတဲ့ ငါ့အကို Myat San ညီမ လာမနှုတ်ဆက်ဘူး၊ ခွဲခွာသွားတယ်လို့ မသတ်မှတ်ထားလို့နော်

From Aung Way

ညီလေးရေ...
မင်းတို့က သုံးရောင်ခြယ်
ငါတို့က ငါးရောင်ခြယ်
ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံတဲ့နေရာနဲ့
စစ်အာရှင်တွေကိုတွန်းလှန်တဲ့နေရာမှာ
မင်းတို့ငါတို့ကအတူတူပါ။
မင်းထွက်သွားတာ
ငါထွက်သွားသလိုပါပဲ။
အောင်ဝေး

From Mg Ko Oo

ဘာကြာသေးလို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းရှိသေးတယ် လက်ခြိုးရည်ကြည်တာ ကိုးရက်ရှိသေးတာဗျ ထောင်တစ်သက်ခြခံထားရတဲ့ခင်ဗျားနှမလေး ရှင်ဒေဝီကပြောတာ ငါပြန်လာရင်စကားတွေအများကြီးပြောခြင်တဲ့လူစာရင်းထည်းမှာ ကိုမြတ်စံကြီးထိပ်ဆုံးကပါတယ်တဲ့။
တွေ့ရင်ပြောလိုက်ဟာတဲ့ တိုက်တိုက်ဆိုင်ဆိုင်ခင်ဗျား ဆရာသမားနဲ့တမြန်နေ့ကပဲစကားကြာကြာပြောဖြစ်သေးတယ်။
ဒီမနက်ခရစ္စမတ်လက်ဆောင်လေးရလို့ကြည်နူးလိုမှမဆုံးသေးဘူး ခင်ဗျားသတင်းဆိုးကြီးကြားလိုက်ရတယ် ့့့့့့့့့့့့့့့့့့့
နေစမ်းပါဦး ဘာတွေအရေးကြီးနေလို့မပြောမဆိုကောက်ခါငင်ခါ ထွက်သွားရတာလည်း ဟိုတစ်ယောက်နဲ့တွေ့ရင်ကျုပ်ကဘာပြောရမှာလည်း။
မူးနေပြီ ကင်းဗတ်ပေါ်အံခြလိုက်မှ စိတ်သက်သာမှာ မတူဘူးပြောလည်းသိပ်တော့ဂရုမစိုက်ပါဘူး ဝေဒနာနဲ့ရေးတာ ကျုပ်ကမြတ်စံဆိုမြတ်စံပေါ့ ခင်ဗျးနှမလေးသာရှိရင်ပြောင်သလိုလိုပြောဦးမယ် ငါ့ယောက်ကျားရေးတဲ့ပုံတွေက ဝလ ကလ ဝေးလေကောင်းလေလို့ပြောဦးမှာမြင်နေသေးတယ်ကိုယ့်လူ
ငြိမ်းချမ်းစွာနားပါတော့ဗျာ

From San San Tin

သူတာဝန်ကျေသလောက် သူ့အပေါ်တာဝန်မကျေခဲ့ပါ….
သုံးရောင်ခြယ်မြတ်စံဆုံးပြီတဲ့။
သူ့ ဇနီးနဲ့ သူ့သမီးဖူးဖူးလေးကို ထားခဲ့ပြီ၊
လူ့ထုံးစံ တယောက်ယောက်သေပြီဆို လွမ်းပြတဲ့ထဲပါရတော့မယ် မြတ်စံရေ….
တခါတခါ facebook မှာသူပျောက်သွားလို့ သူ့ဆီ message ပို့လည်း ဘာမှ အကြောင်းမပြန်ရင် သူ့ကျန်းမာရေးအတွက် စိတ်ပူပြီး နီးစပ်ရာကို မေးရ။
ခုတော့ သူပေါ်မလာတော့ပြီပေါ့။
အလုပ်အတွက် ပြည်တွင်းနဲ့ ဆက်သွယ်ရခက်ခဲတဲ့ ကာလတွေမှာ သူ့လုံခြုံရေးသူ မငဲ့ဘဲ ကူညီအားပေးတဲ့ မြတ်စံ၊ နှလုံးလှသူက နှလုံးဖောက် ဇီဝန်ပျောက်ရသတဲ့။
သူနဲ့ အပြန်အလှန်ရေးကြတဲ့ထဲမှာ…
အမ တော့ အငြိမ်းစား မယူနဲ့အုံးနော်တဲ့…. (သူ့သတ်ပုံအတိုင်း)
အမ အခု အလုပ်ထဲမှာလား။ကျနော် အခုမှဆေးရုံကပြန်ရောက်လို့ ရေမိုးချိုးပြီး နောက်ထပ် မီနစ် (သူ့သတ်ပုံအတိုင်း )၂၀ လောက်ဆို ကျနော်ရှိနေမယ် အမတဲ့…..
အရှေ့နဲ့ အနောက်အချိန်ကွာဟတဲ့အတွက် သူ့ဆီပြန်မခေါ်ဖြစ်ခဲ့။
နောက်…. စာတစက နည်းနည်းတော့ရှည်တယ်…
သူငယ်ချင်း ကိုညွန့် Chit Kaung ..
တနေ့က ကိုယ့်ရဲ့လက်ရှိကျန်းမာရေးအနေအထားအရ ခါးရိုးဆစ်နဲ့ခြေထောက် ၂ ဖက်စလုံးအတွက် လေ့ကျင့်ခန်းလုပ်ပြီးပြန်လာရင်း နတ်ချောင်းထိပ်က ကို Tin Maung Lwin ဆိုင်မှာသူရယ် Soe Moe ( May-Studio )တို့နဲ့ လဘက်ရည်ဆိုင်ခဏထိုင်ဖြစ်ကြတယ်။စကားစပ်မိရင်း သူငယ်ချင်း လာသွားတဲ့အကြောင်းသိရတယ်။အခုလည်း သူငယ်ချင်းရဲ့သီချင်းနဲ့ အလားတူမျိုး ခါးသထက်ခါးတဲ့ ကဗျာတစ်ပုဒ်ကို ခံစားမိလို့ Share my love ပါသူငယ်ချင်း။ကဗျာရေးသူက အမအရင်းတစ်ယောက်လိုခင်မင်ရင်းနှီးရသူ အမ စမ်းစမ်းတင် Cynthia Tin ပါ..
" ခါးသည်းခြင်းက ကမ်းကုန်ပြီ
beyond the limit "
ကော်ဖီခါးခါး bitter coffee
ကြက်ဟင်းခါး. bitter melon
တမာခါးထက် bitter neen
ခါးသထက်ခါး bitter than the most
နာကျည်းမုန်းတီးခါးသည်းသမျှ of all
စကားစရှာမရ have no words to say how much intense hatred
" ခါးသည်းခြင်းက ကမ်းကုန်ပြီ "
ကော်ဖီခါးခါး
ကြက်ဟင်းခါး
တမာခါးထက်
ခါးသထက်ခါး
နာကျည်းမုန်းတီးခါးသည်းသမျှ
စကားစရှာမရ
စမ်းစမ်းတင်
တခါတော့ သူပူဆာတယ်။
အမ ရေ.. အချိန်ရခဲ့ရင် သီချင်းလေးတစ်ပုဒ်ရဲ့စာသားကို ဘာသာပြန်ပေး ပါအုံး။ကျနော်တို့ကနားလည်တယ်ဆိုပေမဲ့ ရသ မမြောက်ဖူး။ အမ ပြန်တဲ့အခါ စာသားရဲ့လေးနက်မှုကိုပိုပြီးပေါ်လွင်စေလို့ပါ။
(သူအဲဒီလို ပြောတော့ လက်ကတွန့်ပြီ၊ သူပြောသလောက်မှ မဟုတ်တာ)
Bob ရဲ့ သီချင်း Forever young သီချင်းပါ။အမ သိပြီးသား ကြားဖူးပြီးသားသီချင်းပါ တဲ့။
သီချင်းစာသားကို ကြည့်… သူ့ဘဝ ထင်ဟပ်လို့နေ၊
May you always do for others
အဲဒါ… မြတ်စံ… အများအတွက် သူက အမြဲအသင့်….
May you always be courageous
Stand upright and be strong
အဲဒိအပိုဒ်တွေကလည်း မြတ်စံပါပဲ။
မြတ်စံဟာ အမြဲအမြဲ သတ္တိရှိ…
မြတ်စံဟာ မတ်မတ်ရပ်… သန်သန်မာမာ
(တကယ်တော့ သူက မကျန်းမာ၊ သန်တုန်း မြန်တုန်း မာတုန်း နရသိန်စံအိမ် ရောက်တော့ ဒဏ်မပိနေပါ့မလား။ ထောင်တွင်းက ဒဏ်တွေ ခံရ။ )
May you grow up to be righteous
May you grow up to be true
May you always know the truth
သူဟာ မှန်ကန်ဖြောင့်မတ်ခြင်းနဲ့ ကြီးပြင်းလာ
အမှန်တရားနဲ့ ကြီးပြင်းလာ
အမှန်တရားကို အမြဲသိမြင်သူ…
May you stay forever young
Forever young, forever young
May you stay forever young.
အမြဲအမြဲ နုပျိုနေပါစေနော်…. ဒါကဆုတောင်း
ဆုဆိုတာတောင်းတိုင်းမပြည့်ပေမဲ့ သူက ထာဝစဉ်နုပျိုငယ်ရွယ်…
တကယ်ဆို သူနေနိုင်သေးတယ်နော်… ၅၉ နှစ်ဆိုတဲ့ သူ့အရွယ်က သေရမယ့် အရွယ်မဟုတ်။
ဘယ်တတ်နိုင်မလဲ။ သူက အရင်သွားပြီ။
ဘာမှ နောက်ဆံတင်းမနေနဲ့တော့ မြတ်စံရေ….
Bob Dylan သီချင်းစာသား ဘာသာမပြန်ရဲလို့ တာဝန်မကျေခဲ့တာ ခွင့်လွှတ်လက်စ ခွင့်လွှတ်နော်။
ထာရဝနုပျိုမြဲ နပျိုဆဲဆိုတာ ငယ်ငယ်ကတည်းက မတရားမှုကို အံတုတဲ့ စိတ်ကိန်းအောင်းနေသမျှ ထာဝရနုပျို…. ထာဝရအစား အစဉ်ဆိုတဲ့ စကားလုံးတော့ တကယ်မသုံးချင်။
Bob Dylan ရဲ့ သီချင်းစာသားဖတ်ကြည့်လိုရင်လည်း ဖတ်ကြည့်နိုင်ပါတယ်။
စမ်းစမ်းတင်- ဒီဇင်ဘာ ၆ ရက် ၂၀၂၄
"Forever Young"
May God bless and keep you always
May your wishes all come true
May you always do for others
And let others do for you
May you build a ladder to the stars
And climb on every rung
May you stay forever young
Forever young, forever young
May you stay forever young.
May you grow up to be righteous
May you grow up to be true
May you always know the truth
And see the light surrounding you
May you always be courageous
Stand upright and be strong
May you stay forever young
Forever young, forever young
May you stay forever young.
May your hands always be busy
May your feet always be swift
May you have a strong foundation
When the winds of changes shift
May your heart always be joyful
And may your song always be sung
May you stay forever young
Forever young, forever young
မြတ်စံပို့လိုက်တဲ့ ပုံ
May you stay forever young.


From Thida DVB

မိသားစုလိုနေခဲ့ကြတဲ့ သုံးရောင်ခြယ်က အကို မြတ်စံ ရုတ်တရက် ဆုံးသွားတယ်တဲ့။ နှမြောလိုက်တာ အကိုရေ။
မှတ်မှတ်ရရ -- ၁၉၉၃ ဝန်းကျင်လောက်ကထင်တယ်။ သုံးရောင်ခြယ်က ကိုမြတ်စံ အဖမ်းခံရတယ်ဆိုတာ အန်တီစုရဲ့အမျိုးသား အန်ကယ်မိုက်ကယ်လှမ်းပြောတယ်။ အန်ကယ် လှမ်းပြောတာက သီတာ့အဖေ သုံးရောင်ခြယ်က ကိုမြတ်စံ အဖမ်းခံရတယ်လို့ ကြားတယ်တဲ့။
သီတာလည်း အတော်ကြောင်သွားတယ်။ အဖေက စစ်ဧည့်ဂေဟာ ခေါက်တုံ့ခေါက်ပြန်ကနေ ၁၉၉၁ အောက်တိုဘာက ဆုံးသွားပြီလို့ သတင်းကြားထားရတယ်။ (အဲ့အချိန်က အကိုတွေက ထောင်ထဲမှာ) ဒါပေမယ့် သုံးရောင်ခြယ်လည်း ပါနေတာဆိုတော့ ၁၉၈၉ က အန်တီစုခြံထဲမှာ အဖမ်းခံရတဲ့ အကိုတွေများ အမှု ထပ်တိုးတာလား - ဒါမှမဟုတ် ထပ် အဖမ်းခံရတာလား ဆိုပြီး စိတ် အတော်ပူသွားတယ်။ အဲ့အချိန်က အခုလို ဆက်သွယ်ရေးတွေ မကောင်းချိန်ဆိုတော့ အခုလို သတင်းစကားတွေကနေပဲတဆင့် သိရတာ။ တခါတလေ လ နဲ့၊ နှစ် နဲ့ ချီ နောက်ကျပြီးမှ သိရတာ။
ကိုယ်အလုပ်လုပ်နေတဲ့ သတင်းဌာနအတွက်ကလည်း နိုင်ငံရေးအကျဥ်းသားတွေအကြောင်းဆိုရင် Amnesty International (AI) ကို အားကိုးနေရတဲ့ အချိန်ပေါ့။ ရက် သိပ်မကြာပါဘူး ကိုမြတ်စံအကြောင်း AI မှာ ပုံနဲ့တကွ ပါလာတယ်။ အဲ့တော့မှ သဲသဲကွဲကွဲ သိတော့တယ်။ အကိုတွေရဲ့ ရဲဘော်ရဲဘက် သူငယ်ချင်း သုံးရောင်ခြယ်က ကိုမြတ်စံ အဖမ်းခံရတာ။
ကိုယ်ကလည်း ၈၈ ကတည်းက ထွက်လာသူ၊ အိမ်နဲ့လည်း အဆက်အသွယ် မရသူဆိုတော့ အကိုတွေရဲ့ နရသိမ်ဖြတ်သန်းမှုတွေမှာ ဘယ်သူတွေက ေ-သ ဖော် ေ-သဖက်တွေဆိုတာ မသိဘူးလေ။ နောက်မှ အန်ကယ်မိုက်ကယ်နဲ့ ပြန်ပြောပြီး ရယ်ရသေးတယ်။
ရယ်ရဆို သီတာ့ အဖေအမည်ကလည်း ဦးမြစံ ကိုး။ ။
ဒီလိုအမှတ်တရကြီးနဲ့အတူ ဆယ်စုနှစ် ၂ ခု ဖြတ်ပြီးဆုံကြတော့လည်း အကို့ကို အဲ့အကြောင်းတွေပြောပြ၊ သူ့မှာလည်း အဲ့လိုအလားတူတွေ ရှိခဲ့ကြောင်းတွေ ပြောပြီး တကယ့်မိသားစုတွေလို ချစ်ခင်ခဲ့ကြတာ။ အလုပ်တွေလည်း အများကြီး တူတူ လုပ်ဖြစ်ခဲ့ကြသေးတယ်။
သုံးရောင်ခြယ် ကိုမြတ်စံနဲ့ သီတာ့အဖေ ဦးမြစံတို့ အကြောင်း အမှတ်တရတွေ အခုလောက်ဆို အဖေနဲ့ အန်ကယ်မိုက်ကယ့်ကို အကို သွားပြောပြနေလောက်မလား။ ။
ကောင်းရာဘဝ ရောက်နေကြပါစေ။

Bibliography

ကိုမြတ်စံ(သုံးရောင်ခြယ်)(အသက် ၅၈နှစ်) ဒီဇင်ဘာလ ၆ရက်၊ ယနေ့ နံနက် ၆း၃၀နာရီတွင် ကျောက်မြောင်း၊ ဣစ္ဆာသရလမ်း၊အမှတ် ၉၄၊ သုံးလွှာနေအိမ်၌ ကွယ်လွန်သည်။
ဒီဇင်ဘာလ ၈ရက်၊ တနင်္ဂနွေနေ့၊ မွန်းလွဲ ၂း၀၀နာရီမှ ၃း၃၀နာရီအတွင်း ရေဝေး အထူးခန်းမ၌ အသုဘရှု ထားရှိမည်ဖြစ်ပြီး ၃း၃၀နာရီတွင် ရေဝေးသုဿာန်၌ ဂူသွင်းသင်္ဂြိုလ်ပါမည်။

Citation

“Myat San (မြတ်စံ),” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2788.