Pe Maung Sein ဖေမောင်စိမ်း
Dublin Core
Date
Contributor
Open Source
Person Item Type Metadata
Occupation
Biographical Text
အမ ဇွန်ပွင့် ရေး
ဖေမောင်စိမ်း ဩဂုတ်လ ( ၁၉) ရက် နေ့လည် ၂နာရီမှာ ဆုံး ပါတယ်။
Artist Ma Hmwe wrote -
ကာတွန်းဆရာကြီးဦးဖေသိန်းရဲ့ ဆဌမမြောက်သား ဖေမောင်စိမ်း ဆိုတဲ့ကြယ်ကလေး ကြွေလွင့်သွားတယ်တဲ့။ ဝမ်းနည်းကြေကွဲခြင်းများစွာပါမောင်လေးစိမ်းရေ
မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ဖေမောင်စိမ်း ကွယ်လွန်
ဧရာဝတီ၊ ဩဂုတ် ၁၉၊ ၂၀၂၄
ကာတွန်းဆရာကြီး ဦးဖေသိန်း၏ သားဖြစ်သူ မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဖေမောင်စိမ်း (အသက် ၅၀ နှစ်) သည် ယနေ့ နေ့လယ်တွင် ရန်ကုန်မြို့ရှိ ဆာကူရာဆေးရုံ၌ ကွယ်လွန်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။
၎င်း၏ မိသားစုဝင်တဦးက “ဖေမောင်စိမ်း ဩဂုတ် ၁၉ ရက် နေ့လယ် ၂ နာရီမှာ ဆုံးပါတယ်“ ဟု လူမှုကွန်ရက် စာမျက် နှာမှတဆင့် အသိပေးထားသည်။
ရုပ်ရှင် မှတ်တမ်းရိုက်ကူးသူ တဦးဖြစ်သည့် ကိုဖေမောင်စိမ်းကို ၂၀၂၂ ခုနှစ် မေ ၂၈ ရက်တွင် ကယားပြည်နယ်၊ လွိုင် ကော်မြို့ရှိ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ကိုဖေမောင်စိမ်းအား ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်မှုရှိပြီး ၎င်းရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ဧရာဝတီသတင်းဌာန၊ ခေတ်သစ်တို့ကို ပေးပို့ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် လွိုင်ကော်အကျဉ်းထောင်မှတဆင့် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်က ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ကိုဖေမောင်စိမ်းမှာ ရန်ကုန် ရုပ်ရှင်သင်တန်းကျောင်းမှ မှတ်တမ်း ရုပ်ရှင်များစွာ ရိုက်ကူးခဲ့ပြီး ၎င်းရိုက်ကူးထားသည့် The River our Ayeyarwaddy နှင့် ဖခင်ဖြစ်သူအကြောင်း ရိုက်ကူးထားသည့် “ရယ်စရာလို့တော့ မထင်နဲ့“ မှတ်တမ်း ရုပ်ရှင်များမှာ ထင်ရှားခဲ့သည်။
BBC wrote -
ရုပ်ရှင်မှတ်တမ်းဖန်တီးသူတစ်ဦးဖြစ်တဲ့ ( ဦး) ဖေမောင်စိမ်း ဟာ ဒီကနေ့ သြဂုတ် ၁၉ ရက် က ရန်ကုန်မြို့ ဆာကူရာဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ နီးစပ်သူတွေက အတည်ပြုပါတယ်။
ဖေမောင်စိမ်း ဟာ ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီး ကယားပြည်နယ်အတွင်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ဆက်သွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက သူ့ကိုတရားစွဲဆိုထောင်ချခဲ့ပါတယ်။
လွိုင်ကော်အကျဥ်းထောင်မှာ တီဘီရောဂါကူးစက်ခဲ့ပြီး အရိုးတီဘီရောဂါ ရရှိခဲ့တယ်လို့ နီးစပ်သူတချို့ကပြောပါတယ်။ အဲဒီနောက် သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့ပြီး ဆေးကုသပေးပေမဲ့ မသက်သာခဲ့ဘူးလို့ ဆိုပါတယ်။
အင်းစိန်ထောင်ကနေ ၂၀၂၄ ၊ သြဂုတ်လ ၁၆ ရက်မှာ သူ့ကိုလွတ်မြောက်ခွင့်ပေးခဲ့တာကြောင့် ရန်ကုန် ဆာကူရာဆေးရုံမှာ ပြောင်းလဲကုသခဲ့ပါတယ်။
ခါးရိုးတီဘီရောဂါကြောင့် အောက်ပိုင်းမလှုပ်နိုင်တော့တဲ့သူမှာ ဆာကူရာဆေးရုံရောက်တဲ့အချိန်မှာ ကင်ဆာရောဂါပါထပ်တွေ့တယ်လို့ နီးစပ်သူတချို့က လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့သား ဖြစ်တဲ့ ရုပ်ရှင်ဖန်တီးသူ၊ ဒါရိုက်တာ ကိုဖေမောင်စိမ်းဟာ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းကနေ ရုပ်ရှင်မှတ်တမ်းပေါင်းများစွာရိုက်ကူးခဲ့ပြီး ဖခင်ဖြစ်သူ ကာတွန်းဆရာကြီး ဦးဖေသိန်းအကြောင်း ရိုက်ကူးထားတဲ့ "ရယ်စရာလိုတော့ မထင်နဲ့” ရုပ်ရှင်မှတ်တမ်းအပြင် The River our Ayeyarwaddy စတဲ့ထင်ရှားတဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့ နာဂစ်ဆိုတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံတကာ ဆုတွေအများကြီးရခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင်ရုပ်ရှင်မှတ်တမ်းရိုက်ကူးမှုတွေကို မျိုးဆက်သစ်လူငယ်တွေကိုသင်ကြားပေးနေသူလည်းဖြစ်ပြီးနိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်းထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ သူဟာ စစ်အာဏာရှင်ဟောင်းဦးသန်းရွှေရဲ့ စစ်ထောက်လှမ်းရေးက လိုက်လံဖမ်းဆီးတာကြောင့် ထိုင်း- မြန်မာနယ်စပ် မှာရှောင်တိမ်းခဲ့ရဖူးပါတယ်။
Myat San wrote -
Film Maker ဖန်တီးမှုအနုပညာရှင်
ကိုစိမ်း( ဖေမောင်စိမ်း ).....
ဝဿန်ရုပ်ရှင်နဲ့ မှတ်တမ်းရုပ်ရှင်များကိုဖန်တီးခဲ့သူ...
ဝဿန်ရာသီမိုးစက်များနဲ့ အတူ ထွက်ခွာသွားနှင့်ပြီပေါ့..
၂၀၂၀ ခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်နောက်ဆုံးပွဲမှာ ကိုစိမ်း ဖန်တီးခဲ့တဲ့ ဖခင်ကြီးဖြစ်သူ ကာတွန်းဆရာကြီးဦးဖေသိန်း အကြောင်းမှတ်တမ်းရုပ်ရှင်ကားခေါင်းစဥ်လိုပေါ့...
" ရယ်စရာလို့တော့ မထင်နဲ့ "

how he was arrested news record
https://www.facebook.com/100066972790311/videos/1764973723855341/

His video on facebook
https://www.facebook.com/zunpwintma/posts/pfbid07Nm4D46mru3V41FwM27aDEonVSfnWCZHtvF1c8WGGTbYHV2BwjN3Fc7BDWrAzRLAl

Aleksandra Minkiewicz
·
Another tragic loss that has shaken the filmmaking community in Myanmar.
Documentary filmmaker and political prisoner Ko Pe Maung Sein passed away today at Sakura Hospital in Yangon, just three days after being moved there from the notorious Insein Prison.
When we first met in 2014 (or perhaps it was 2013) in Myitkyina, Kachin State, Ko Pe Maung Sein greeted me saying "You look older than in the pictures." Great start as we prepared to co-facilitate a training session for young activists on participatory video techniques and social awareness campaigns.
Ko Pe Maung Sein was arrested in Loikaw, Kayah State, on 18 May 2022 (just few months after the coup), and sentenced to three years in prison. We had all been eagerly anticipating his release.
The funeral service will be held at Yayway Cemetery in Yangon on 21 August.
As we extend our heartfelt condolences to his family, our thoughts are also with our dear sister, Shin Daewe, who remains in Insein Prison, sentenced to life.

Bibliography
Burmese filmmaker Pe Maung Same dies following release from junta prison
He had been diagnosed with tuberculosis and granted medical parole after more than 2 years in jail.
By RFA Burmese
2024.08.19
Share

Documentary filmmaker and political prisoner Pe Maung Same.
Nyein Aye Eain
Burmese documentary filmmaker and political activist Pe Maung Same died Monday at the age of 50 due to complications from tuberculosis, just three days after his medical parole from a junta prison, according to his wife Khin Suu Suu Htay.
The son of prominent cartoonist Pe Thein, Pe Maung Same had served as an editor at the Yangon Film School and directed award-winning documentaries prior to his May 18, 2022, arrest and sentence to three years in Kayah state’s Loikaw Prison for “unlawful association.”
He had been accused of meeting with an ethnic armed group that opposed the junta’s February 2021 coup d’etat.
Khin Suu Suu Htay told RFA Burmese that on April 22, while in Loikaw Prison, Pe Maung Same had “collapsed” and was subsequently “paralyzed below the waist.” He was later diagnosed with tuberculosis – a disease caused by bacterial infection that spreads easily in overcrowded conditions.
“After being transferred several times, he was sent to Insein Hospital [in Yangon] on July 13 via Insein Prison,” she said. He was released on Aug. 16 because of his medical condition while still undergoing treatment and “was moved to a private hospital, where he passed away three days later.”
Prior to being admitted to the private Sakura Hospital on Aug. 16, Pe Maung Same had been “restrained with an ankle iron” at Insein Hospital, she said.

စစ်ကောင်စီ၏ လက်ချက်နဲ့ ကျဆုံးခဲ့သူ အနုပညာရှင် ဖေမောင်စိမ်း ဈာပန ကျင်းပပြီးစီး

ကိုမြင့်သူ ၊ Radio NUG ဩဂုတ် ၂၂၊ ၂၀၂၄
အကြမ်းဖက်စစ်တပ်က သေသည်အထိ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဦးဖေမောင်စိမ်း ဈာပန ကို ကျန်ရစ်သူမိသားစုတွေက ကျင်းပခဲ့ကြပါတယ်။
ထောင်ကလွတ်ပြီး ၃ ရက်အကြာမှာ စစ်ကြောမေးမြန်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားလည်းဖြစ်သူ၊ ထင်ရှားတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အသက် ၅၀ နှစ်အရွယ် ဦးဖေမောင်စိမ်းရဲ့ ဈာပနကို မနေ့က ဩဂုတ်လ ၂၁ ရက်နေ့မှာ ရန်ကုန်မြိုက ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။ သူ ဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေထဲက The River Our Ayeyarwaddy မှတ်တမ်း ရုပ်ရှင်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့အခြေစိုက် စာရေးဆရာတစ်ဦးက အခုလို သတိတရ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“မြန်မာတွေရဲ့ နေ့စဥ်ဘဝ အသက်ရှင်မှုလေးတွေ တွေ့ရတယ်။ လှေလေးတွေနဲ့ ငါးရှာ၊ ဖားရှာတို့ အရောင်းအဝယ် လုပ်ကြတာတို၊ ဒီမြစ်ကြီးရဲ့ ကျေးဇူးတွေ ဘာတွေ ဖော်ပြီးတော့ မျက်ရည်ကျလာတယ်။ ကြည့်ရင်း၊ ကြည့်ရင်းနဲ့ သက်ရှိလူသားတစ်ယောက်လို တို့နိုင်ငံကို ကျေးဇူးပြုတဲ့ မြစ်ကြီးလေ၊ အဲဒါကို ချစ်တာပေါ့။ ချစ်တာလည်း ပါတာပေါ့။ အဲဒါကို ဘယ်သူရိုက်တာလဲ ဆိုတော့ ဖေမောင်စိမ်း ရိုက်တာတဲ့။ ရိုက်ထားတာလေးတွေလည်း ကောင်းတယ်။ မနက်ဘက် လှေသံလေးတွေနဲ့ ခပ်တဲ့ ကျီကျိမော်တော်ဘုတ်လေးတွေ ဖုတ်ဖုတ်နဲ့ သွားတာကအစ၊ နေလုံးထွက်လာတာ၊ ဝေလီဝေလင်းမှာ လှေလေးတွေ ထွက်သွားကြတာက တို့ပြည်သူတွေရဲ့ ဘဝနဲ့ စပ်ဆက်နေတဲ့ မြစ်ကြီးပါလားဆိုပြီး ခံစားရတယ်။”
ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့ သားတစ်ဦးလည်းဖြစ်သူ ဦးဖေမောင်စိမ်းရဲ့ ဈာပနအခမ်းအနားကို စာပေ၊ ပန်းချီနဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတွေ အများအပြား လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ လွိင်ကော်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃ နှစ် မတရားချမှတ်ခံရတဲ့ ဦးဖေမောင်စိမ်းဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးရွားလှတဲ့ အကျဥ်းထောင်ထဲမှာ စိတ်ဓာတ် ခိုင်ကျည်စွာနဲ့ စာပေ၊ အနုပညာနဲ့ ဘာသာရေးအနှစ်သာရတွေကို သင်ကြားပေးခဲ့ပါတယ်။ သူ့ရဲ့သင်ကြားမှုကို နှစ်သက်လက်ခံခဲ့သူ လူငယ်အကျဥ်းသားဟောင်းတစ်ဦး ဖြစ်သူက သူ သင်ယူခဲ့ရတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျွန်တော့်နားမှာတော့ သူ့နား သင်ယူခဲ့ရတာ ၂ ချက် ရှိတယ်။ ပထမ တစ်ချက်ကတော့ အနုပညာ စာပေနဲ့ ပတ်သက်ပြီးတော့ ခွဲခြမ်းစိတ်ဖြာတတ်အောင်၊ ခံစားတတ်အောင် လမ်းကြောင်းပေးခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ လမ်းကြောင်းပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်လျှောက်နိုင်အောင် ကျွန်တော်တို့မှာ ရှိကြတယ်။ ဒါ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်ဖွဲ့လုံးပေါ့နော်။ သူနဲ့ အတူတူစားခဲ့တဲ့ ဒုက္ခအတူခံခဲ့တဲ့ လူအကုန်လုံးပေါ့နော်၊ အဲဒါက တစ်ချက်၊ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်အတွက်နဲ့ဆိုရင်တော့ ကျွန်တော်တို့တွေ ရိုးသားဖို့အတွက်၊ ကောင်းမွန်စွာ ဆက်ပြီး လျှောက်လှမ်းဖို့အတွက် ဘယ်တော့မှ နောက်မဆုတ်ဖို့အတွက်၊ မှန်မှန်ကန်ကန်နဲ့ လျှောက်ဖို့အတွက် သူ လမ်းကြောင်းချခဲ့တဲ့အတိုင်း၊ သူ ပြောပြခဲ့တဲ့အတိုင်း ဆက်လျှောက်ဖြစ်မှာပါ ”
မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ထူးချွန်တဲ့ အနုပညာရှင် ဦးဖေမောင်စိမ်းဟာ မတရားဖမ်းဆီး ထောင်ချပြီး သေသည်အထိ နှိပ်စက်ညှင်းပန်းခံခဲ့ရပေမယ့် အကြမ်းဖက်စစ်တပ်ကို နောက်ဆုံးအချိန်ထိ ဆန့်ကျင်ခဲ့သူဖြစ်ပြီး အနုပညာကို ခံစားတတ်ဖို့နဲ့ တိုင်းပြည်အတွက် ရိုးသားမှန်ကန်စွာ လျှောက်လှမ်းကြဖို့ သင်ကြားပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။
(ဦးဖေမောင်စိမ်း ဈာပနအခမ်းအနားကျင်းပနေစဥ်)

https://youtu.be/dVow5TyK3oo
FUNERAL DOCUMENT VIDEO BY RADIO NUG
FUNERAL DOCUMENT VIDEO BY RADIO NUG
Collection
Citation
“Pe Maung Sein ဖေမောင်စိမ်း,” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2783.