John Okell
Dublin Core
Title
Subject
Description
ဂျွန်အိုကဲလဲ မြန်မာစာပညာရှင်
Source
Kyaw Yin Myint
Publisher
Person Item Type Metadata
Birth Date
Death Date
3rd August 2020
Occupation
Biographical Text
ကျွန်တော့်ထက် မြန်မာစာပိုတတ်တဲ့ ဆရာဂျွန်အိုကယ်
By ကျော်ရင်မြင့် on Saturday, August 8, 2020 - 01:30
7 Day News Online
ဆရာ အိုကယ် ဩဂုတ် ၃ ရက် တနင်္ဂနွေနေ့က လန်ဒန်နေ အိမ်မှာ ကွယ်လွန်တယ်လို့ ပါ မောက္ခ ဆရာဂျပ်စတင်က သတင်းပေးပါတယ်။ ဆရာ အို ကယ်ဟာ အရင်ဘဝက မြန်မာ ဖြစ်ခဲ့သူလားလို့ ထင်ရတဲ့ အင်္ဂ လိပ်ကြီးတစ်ယောက်ပါ။ ပြော မယ့်သာ ပြောရတာ၊ အခု ဘဝ လည်း မြန်မာဖြစ်နေတဲ့ အင်္ဂလိပ် ကြီးလို့ ပြောရရင် ပိုမှန်ပါလိမ့် မယ်။
တကယ်လို့များ စားသောက် ဆိုင်တစ်ဆိုင်က ဟိုတစ်ဖက်စား ပွဲမှာ ကန့်လန့်ကာခြားပြီး ဆရာ အိုကယ်က ထိုင်ပြီးစကားပြောနေ မယ်၊ ကိုယ်က ဒီဘက်ကကြား နေရမယ်ဆိုရင် ကန့်လန့်ကာဟို တစ်ဖက်မှာ စကားပြောနေသူက မြန်မာစစ်စစ် ပညာတတ်ကြီး တစ်ယောက်လို့သာ မှတ်ထင်ဖို့ သေချာတယ်။ ဆရာအိုကယ်က မြန်မာစကားကို ပီသရုံမက ပုံတို ပတ်စ စကားပုံ အခိုင်းအနှိုင်းကြွယ်ကြွယ်ဝဝနဲ့ ဝေဝေဆာဆာ ပြောလေ့ရှိတယ်။ မြန်မာထဲက ကဗျာဆရာကြီး ဆရာအံ့မောင်နဲ့ ဆရာအိုကယ်က လေယူလေ သိမ်းနဲ့ စကားကြွယ်ဝပုံဆင်တူပါ တယ်။ မြန်မာပညာရှိတစ် ယောက်အဆင့် သူ့မှာရှိတယ်။
ဆရာ့နာမည်က Mr. John Okell ပါ။ မြန်မာနာမည် ဦးလှ သိန်းလို့ မှည့်ခေါ်ထားတယ်။ (ဒီ နာမည်ကို အမရပူရက ဘုန်းကြီး တစ်ပါးက ပေးထားတာပါ။) ဒါပေမဲ့ သူ့ကို ဆရာအိုကယ်လို့ သာ အသိများတယ်။ ဆရာက သူ့နာမည်ကို သူဖျက်လေ့ရှိပါ တယ်။ သူ့ကိုယ်သူ မိတ်ဆက်တဲ့ အခါ ဦးလှသိန်း ခေါ် John Okell ပါ။ ‘အုတ်ခဲ’ လို့ ခေါ်ရင်လည်းရ ပါတယ်လို့ အရွှန်းဖောက်လေ့ရှိ တယ်။ ဆရာက ဟာသလည်း ပြောတတ်တယ်။
ဆရာအိုကယ်ကို ကျွန်တော် စသိတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ကွန်ပျူတာ မြန်မာ စာလုံးရဲ့အဦးဆုံးဖြစ်တဲ့ ‘အင်းဝ စာလုံး’ ကို ဖန်တီးသူအနေနဲ့ပါ။ ကွန်ပျူတာမှာ မြန်မာစာလုံးရိုက် လို့ရအောင် Apple Macintosh အတွက် မြန်မာစာ Ava Laser Font ကို ဆရာ အိုကယ် တီထွင် ပေးခဲ့တယ်။
သူက လန်ဒန်တက္ကသိုလ်S O A S (School of Oriental and African Studies) မှာ မြန်မာစာပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ပြီး အငြိမ်းစားယူပါ တယ်။ ဆရာ ကွယ်လွန်တော့ အသက် (၈၇) နှစ်ရှိပါပြီ။ အငြိမ်း စားယူပြီးပေမယ့်လည်း ဆရာ အို ကယ်က နိုင်ငံခြားသားတွေကို မြန်မာစာသင်ပေးတဲ့အလုပ်ဆက် လုပ်တယ်။ မြန်မာနိုင်ငံကိုလည်း ပုံမှန်လာလေ့ရှိတယ်။
ဆရာအိုကယ်က မြန်မာမှု ကို မြတ်နိုးတယ်။ ကျွန်တော် လန် ဒန်ကိုရောက်စဉ်က ဆရာအို ကယ်တို့ရဲ့ လန်ဒန်တက္ကသိုလ် မြန်မာစာဌာနကို သွားလည်ပါ တယ်။ လျှောက်လမ်းနံရံထက်မှာ ပန်းချီကျော် ပေါ်ဦးသက်ရဲ့ပန်းချီ ကား ချိတ်ထားတာတွေ့တော့ အံ့ဩရတယ်။ အဲဒီအချိန်က ဆရာပေါ်ဦးသက် ဆုံးပါးသွားပြီ။ ဆရာပေါ်ဦးသက်ရဲ့ ပန်းချီကား တွေက တန်ဖိုး သိန်းရာဂဏန်း ဖြစ်နေပါပြီ။ ဒီလိုတန်ဖိုးကြီးတဲ့ ပန်းချီကားကို တက္ကသိုလ်ကျောင်း က အများသူငါ ဝင်၊ ထွက်သွား လာတဲ့ လျှောက်လမ်းကနံရံမှာ ချိတ်ထားတော့ ပျောက်မှာ ကျွန် တော်ပူပန်တာပါ။ ဒီကိစ္စ ဆရာ အိုကယ်ကိုပြောတော့ မြန်မာ့ပန်း ချီလက်ရာမွန်ကို ကျောင်းသူ ကျောင်းသားတွေ ခံစားရစေချင် လို့ဆိုပြီး ဆရာအိုကယ်က ဖြေ တယ်။
ဆရာအိုကယ်က မြန်မာစ ကားကို လန်ဒန်မှာ ဆရာဒေါက် တာလှဖေထံက ဆည်းပူးလေ့ လာတယ်။ ၁၉၆၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကိုလာနေပြီး ဆက်လေ့လာပါတယ်။ ဆရာက မြန်မာစကားလေ့လာခဲ့ရတဲ့အ တွေ့အကြုံတွေ ကျွန်တော့်ကို ပြန်ပြောပြဖူးပါတယ်။
‘ကျွန်တော်က မတောက်တ ခေါက်တတ်ထားတဲ့ မြန်မာစကား လေးတွေကို သိပ်အသုံးချချင် တယ်။ ဒါပေမဲ့ ရန်ကုန်မှာ ကျွန် တော်တွေ့တဲ့ လူတိုင်းလိုလိုက အင်္ဂလိပ်လိုပဲ ပြောကြတယ်’ ဆရာအိုကယ်က မြန်မာစကား အပြောကျင့်ချင်တော့ တစ်ခါတစ် ရံမှာ သူမျက်စိလည်လမ်းမှားဟန် ဆောင်ပြီး တွေ့သူတွေကို မြန်မာ လိုမေးတယ်။ ‘ဟိုဘက်လမ်းက ဘယ်လမ်း လဲ။ များသောအားဖြင့် မြန်မာလိုမေးလိုက်ရင် သူတို့က ကျွန်တော့်ကို ကြည့်ပြီးတော့ what did you say? အင်္ဂလိပ်လိုပဲ ပြန်ပြောတယ်’ လို့ ဆရာက ပြောပြီးရယ်တာ ပြန်သတိရပါ တယ်။
ရန်ကုန်မှာနေပြီး မြန်မာစ ကားသင်ဖို့ မလွယ်ဘူးထင်တာနဲ့ ဆရာအိုကယ် အမရပူရကို သွား နေပါတယ်။ ဒေါက်တာညီညီက သူနဲ့ မယားညီအစ်ကိုတော်တဲ့ ရက်ကန်းထောင် ဆရာ ဦးညွန့်ရဲ့ အိမ်ကို ပို့ပေးတယ်။ ဦးညွန့်တို့ မိသားစုက အားလုံး တစ်ယောက် မှ အင်္ဂလိပ်လိုမတတ်ဘူး။ ဆရာ အိုကယ် အမရပူရရောက်မှ မြန် မာစကားကို အားပါးတရ လေ့ လာရတော့တယ်။
‘အမရပူရမှာ နေနေတုန်း မှာပဲ ဘုရားပွဲရှိတယ်။ ဘုရားပွဲမှာ ဇာတ်အဖွဲ့လာတယ်။ ဇာတ်ဆ ရာနာမည်က မေတ္တာစိန်တဲ့။ ကျွန် တော်က မေတ္တာစိန် ဇာတ်ကတာ ကို အသံဖမ်းထားတယ်။ သူတို့က လည်း သဘောကျတာပေါ့လေ’
ဆရာအိုကယ် မြန်မာစကား လေ့လာပုံက ဘာသာစကားတစ် ခု သင်ယူလိုသူတွေအတွက် နမူ နာကောင်းပါ။ ဆရာက ဇာတ်အ ဖွဲ့နဲ့ ခင်မင်သွားတယ်။ ဇာတ်အ ဖွဲ့က ကချင်ပြည်နယ်ကို သွားက ရာ တစ်လကြာလိုက်သွားတယ်။ အင်းတော်ကြီးဘုရားပွဲ၊ ဗန်းမော် ရွှေကျီးနားဘုရားပွဲ၊ မိုးညှင်း မိုး ကောင်းအနှံ့ရောက်တယ်။ ဘုရား ပွဲတစ်ပွဲမှာ သုံးလေးည ကပြီးရင် လော်ရီကားကြီးနဲ့ ပွဲကူးကြရ တယ်။ သူက ဇာတ်ထဲမှာနေပြီး ဇာတ်ထမင်းဟင်းကို စားရုံမက ဇာတ်ပါဝင်ကလိုက်သေးတယ်။
‘မေတ္တာစိန်က ရှေ့ပိုင်းပြ ဇာတ်ထဲမှာ မင်းပါရင်ကောင်း မယ်ဆိုပြီး တရားသူကြီးအဖြစ်နဲ့ ထွက်ခိုင်းတယ်’
‘‘ပွဲကြည့်ပရိသတ်က နိုင်ငံ ခြားသားမှန်းသိလား’’ လို့ သူ့ကို ကျွန်တော်မေးတယ်။
‘‘သိတာပေါ့။ မျက်နှာဖြူ တရားသူကြီးအနေနဲ့ သရုပ် ဆောင်ရတာ။ ခက်တာက ဇာတ် ဆရာက ပြောပြတာပေါ့လေ၊ မင်းပြောရမယ့်စကားက တရားခံ ကို တရားသူကြီးရှေ့ခေါ်လာ မယ်။ ထောင်ဒဏ်သုံးနှစ်ချမှတ် လိုက်ပါသည်လို့ပြောပြီးရင် ပြန် ဝင်ရုံပဲရှိတယ်။ ဒါပေမဲ့ တရားခံ လုပ်တဲ့သူက သနားတော်မူပါဘု ရား။ ကျွန်တော့်မှာ မယားရှိတယ်၊ ကလေးတွေရှိတယ် ဘာညာပြော ပြီး ငိုတယ်။ ကျွန်တော် ဘာလုပ်ရ မှာလဲ မသိတော့ဘူး’’ လို့ ဇာတ် ဝင်ကခဲ့တဲ့ အတွေ့အကြုံကို လည်း ဆရာအိုကယ်က ပြောပြဖူး တယ်။
ကျွန်တော်က ဆရာ့ကို ပေါက်ပေါက်ရှာရှာ စပ်စုပါတယ်။
‘‘ဇာတ်သမားတွေဆိုတာ အိမ်သာကိစ္စကို ကြုံသလိုဖြေရှင်း ရတာ။ ဆရာကော ဒုက္ခမရောက် ဘူးလား’’
‘‘ဒုက္ခမရောက်ဘူး။ တော ထိုင်တာ ပျော်စရာပဲ။ သဘာဝနဲ့ ပိုရင်းနှီးသွားတာပေါ့’’
ဆရာအိုကယ်က အင်္ဂလိပ် စစ်စစ်ဖြစ်လျက်နဲ့ ‘တောထိုင် တယ်’ ဆိုတဲ့ဝေါဟာရကို သုံးပြီး ဖြေသွားတယ်။
မြန်မာစကားကို ဆရာအို ကယ်လောက် ကျွန်တော်လေ့လာ တတ်ကျွမ်းပါရဲ့လားဆိုတာ မေး ခွန်းပြန်ထုတ်မိတာ အမှန်ပါပဲ။ သူပြောပြတာက ‘မြန်မာစကားရဲ့ မူကွဲတွေ၊ ဒေသိယစကားတွေ လေ့လာရရင် မြန်မာစကားကို ပိုပြီး လေးလေးနက်နက်သိရမယ် ဆိုပြီး ရခိုင်စကားရယ်၊ ထားဝယ် စကားရယ်၊ ယောစကားရယ်၊ အင်းသားစကားရယ် လျှောက်ပြီး လေ့လာခဲ့တာ’ ပါတဲ့။
အင်းသားစကားလေ့လာဖို့ ဆရာအိုကယ် အင်းလေးမှာ သွား နေခဲ့တယ်။
‘အဲဒီတုန်းက ကျွန်တော်က ငယ်သေးတော့ ငါးဖမ်းတာ ဝါသ နာပါတယ်။ သူတို့အရပ် ဘုန်းကြီး ကျောင်းဆရာတော်က ငါးဖမ်း တာကို ဘယ်နည်းနဲ့မှ သည်းခံလို့ မရဘူး။ အကြီးအကျယ်ကန့်ကွက် တယ်။ ပြဿနာက အကြီးဆုံးငါး တွေက အဲဒီဘုန်းကြီးကျောင်း အောက်မှာပဲ အောင်းလေ့ရှိ တယ်’
ဘုန်းကြီးကျောင်းအောက် ကို ညအချိန်မှာ စွန့်စွန့်စားစား လှေနဲ့သွားပြီး ငါးခိုးဖမ်းခဲ့ပုံကို ဆရာအိုကယ်ပြန်ပြောပြတယ်။
‘လှော်တက်ကိုင်တဲ့သူက အသံမမြည်အောင် ဖြည်းဖြည်း ချင်းလှော်ရတာ။ ညမှာ ဘုန်းကြီး ကျောင်းအောက်ကိုသွားရတယ်။ ပွဲစားဖူးက လှေဦးမှာ မှိန်းသုံးခွနဲ့ ထိုင်လာတယ်။ စကားလုံးဝ မပြောရဘူး။ အသက်ကိုတောင် သာသာလေးပဲ ရှူရတယ်။ လက် နှိပ်ဓာတ်မီးနဲ့ ရေထဲကိုထိုး၊ ငါးကို တွေ့တော့ ဖျောက်ခနဲထိုးလိုက် တာ၊ မှိန်းဖျားမှာ ငါးပါလာတယ်။ ငါးကို လှေဝမ်းထဲ ချလိုက်တော့ ဖလပ်ဖလပ်နဲ့ ကြားနေရတာ။ ဘုန်းကြီးကြားပါလိမ့်မယ် ဖိထား ဖိထား’
ဆရာအိုကယ်က အင်းထဲက ဘုန်းကြီးကျောင်းအောက်မှာ ငါး ခိုးဖမ်းရင်း မိတဲ့ငါးက တဖျပ်ဖျပ် ခုန်နေတာ ကျောင်းပေါ်ကဘုန်း ကြီးမကြားအောင် ငါးကို လက်နဲ့ ဖိကိုင်ထားပုံ ပြောလည်းပြော၊ ပုံစံလည်း လက်တွေ့ လုပ်ပြတာ မျက်စိထဲက မထွက်နိုင်ပါဘူး။
သူက ဂီတကိုလည်း ဝါသ နာပါတော့ စောင်းဆရာကြီး အင်းလေး ဦးမြင့်မောင်ထံမှာ ပတ္တလားနဲ့ စောင်းပညာသင်ယူ ပါတယ်။ အဲဒါ ၁၉၆၁ ခုနှစ်ကပါ။ ယခုအချိန်ဆိုရင် နှစ်ပေါင်း ၆၀ လောက်ပင်ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဆရာ အင်းလေးဦးမြင့်မောင်တို့၊ ဆရာမ ဒေါ်ခင်မေတို့နဲ့ သွေးသား ရင်းချာပမာ ချစ်ခင်ရင်းနှီးနေကြ ဆဲ။ ဆရာအိုကယ် မန္တလေး လာ တိုင်း စားအိမ်သောက်အိမ်အဖြစ် ဝင်ထွက်စားသောက်နေထိုင်ဆဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ မန္တလေးမြို့ခံဖြစ်တဲ့ ကျွန်တော်က ဆရာအိုကယ်နဲ့ ဧည့်မြှောင်လုပ် ပြီး ထမင်းဝင်နှိုက်စားဖူးပါတယ်။
ဆရာ အိုကယ် ကျန်းမာရေး ချူချာတဲ့အကြောင်း သတင်းတွေ ထွက်လာတယ်။ ဆရာ စောင်းဦး မြင့်မောင်ရဲ့သမီး ဒေါက်တာမြင့် မြင့်ချိုက ဆရာအိုကယ် သက်သာ တဲ့အကြောင်း ဆရာကတော် မစုက သူတို့မိသားစုကို ရေးလိုက် တဲ့စာ ကျွန်တော့်ဆီ မက်ဆင်ဂျာ က ပို့ပေးလို့ ‘တော်ပါသေးရဲ့’ ဆိုပြီး တွေးနေဆဲမှာ ဆုံးပြီဆိုတဲ့ သတင်းက နောက်ဆက်တွဲအဖြစ် ရောက်လာပါတယ်။
ဆရာ အိုကယ် ကွယ်လွန် တော့ ဇနီး မစုနဲ့ သမီး မမဉ္ဇူ၊ သား ကိုကျော်ဇေယျတို့ ကျန်ခဲ့ ပါတယ်။
နောက်ဘဝမှာ ဆရာဂျွန်အို ကယ် မြန်မာပြည်လာပြီး လူဝင် စားဖြစ်မှာပဲလို့ ကျွန်တော် တွေး ထင်နေမိတယ်။ သူ့ကြောင့် မြန်မာပြည် အကျိုးဖြစ်ဖို့သာရှိပါ တယ်။ ။
(ဆောင်းပါးရှင် ကျော်ရင်မြင့် သည် အောင်မြင်သူများ၏ ရုပ်ပုံလွှာများ၊ လူမှုဘဝဆောင်းပါးများ၊ အတွေးအမြင် ဆောင်းပါးများနှင့် ဝတ္ထုတိုများ ရေးသားနေသူဖြစ် သည်)

Collection
Citation
“John Okell,” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2760.