Ashin Dhamma Piya
Dublin Core
Title
Description
အရှင် ဒေါက်တာ ဓမ္မပီယ
Source
အရှင်သီရိ
Person Item Type Metadata
Death Date
10th August 2020
Biographical Text
ဒေါက်တာဘဒ္ဒန္တဓမ္မပီယ (သက်တော် ၆၅၊ ဝါတော် ၄၆) ပျံလွန်တော်မူခြင်း။
မဟာစည် ပြည်တွင်းပြည်ပ နာယက၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ကက်(စ်)ထရို ဗေးလီးဒေသ မေတ္တာနန္ဒကျောင်း၊ ရန်ကုန်မြို့ ငါးကျမ်းပြန်ကျောင်းတို့၏အဓိပတိ။ နိုင်ငံတကာမေတ္တာနန္ဒကျောင်းတည်ထောင်သူ၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခ မဟာဌာနမှူး ၊ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့ သီတဂူဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်ဓမ္မပိယ မထေရ်မြတ်သည် သာသနာတော်နှစ် ၂၅၆၄၊ ကော်ဇာသဣရာဇ် ၁၃၈၂၊ ဒုတိယဝါဆိုလဆုတ်(၇)ရက်၊ (၁၀.၈.၂၀၂၀) ရက် တင်္နလာနေ့ နံနက်ပိုင်း (၈) နာရီ အချိန်၌ အမေရိကန်နိုင်ငံ၌ (၉၆) ပါးရောဂါဖြင့် ဆေးရုံတွင် ဘဝနတ်ထံပျံလွန်တော်မူသွားပါကြောင်း ဝမ်းနည်းစွာဖြင့် ဆရာတော်သံဃာတော်အပေါင်း၊ တပည့်ဒကာ၊ ဒကာမအပေါင်းအားအသိပေးပါတယ်။
ဆရာတော်၏ စျာပန ဖြစ်မြောက်ရေးအတွက် အလှူရှင်များအနေဖြင့် သဒ္ဒါတရားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါကြောင်းတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ဆရာတော်၏ စျာပန အသေးစိတ်ကို နောက်မှထပ်တင်ပေးပါမယ်။
အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်၊ ကက်စထရိုဗယ်လီမြို့၊ မေတ္တာနန္ဒဝိဟာရဆရာတော် ဒေါက်တာဦးဓမ္မပိယအတွက် သက်ပျောက်ဆွမ်းတရားနာ
အရှင်ဦးသီရိ မေတ္တာနန္ဒဝိဟာရ
Myanmar American Buddhist Association (MABA)

Bibliography
သတင်းထုတ်ပြန်ကြေငြာခြင်း
-ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန်(ထားဝယ်)သာသနာ့ရိပ်သာ
-အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ကက်စထရိုဗယ်လီမြို့၊ မေတ္တာနန္ဒဝိဟာရဓမ္မရိပ်သာ
-မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ မေတ္တာနန္ဒဝိဟာရဓမ္မရိပ်သာ
-မန္တလေးမြို့၊ မေတ္တာနန္ဒဓမ္မဒူတကျောင်းတိုက်
-ထောက်ကြံ့မြို့နယ်၊ နွယ်ခွေကျေးရွာ၊ မေတ္တာနန္ဒပရဟိတကျောင်းတိုက်
-ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ဇေတဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
-ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မေတ္တာနန္ဒဓမ္မရိပ်သာ
-ဘုရားကြီးမြို့၊ ကံ့ကော်တစ်ထောင်ကျောင်းတိုက်
-ကန့်ဘလူမြို့၊ မေတ္တာနန္ဒသာမဏေကျော်ကျောင်းတိုက် ကြီးများ၏ ဦးဆောင်ပဓာန မဟာနာယကဆရာတော်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဗောဓိယာရာမရိပ်သာကြီး၏ ဩဝါဒါစရိယ
-ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာထေရဝါဒသာသနာပြုတက္ကသိုလ် ပါမောက္ခ ပရိယတ္တိဋ္ဌာန၊ မဟာဋ္ဌာနမှူး
-စစျကိုငျးမွို့၊ သီတဂူကမ်ဘာဗုဒ်ဓတက်ကသိုလျ ၊ ဂုဏျထူးဆောငျပါမောက်ခ
-ရန်ကုန်မြို့ မေတ္တာနန္ဒသာသနတက္ကသိုလ် ပါမောက္ခချု ပ်
-ကျွန်းလှမြို့ သီတဂူဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မပိယမထေရ်မြတ် Ph.D USA (သက်တော် ၆၆နှစ် သိက္ခာတော် ၄၆ဝါ)သည်
ခရစ် 2020ပြည့်နှစ်၊ ဩဂုတ်လ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၈နာရီခန့်တွင် အမေရိကန်နိုင်ငံ ဖရီးမောင့်မြို့ ဝါရှင်တန်ဆေးရုံ၌ တစ်ဘဝခန္ဓာ လွန်တော်မူပါကြောင်း ဝမ်းနည်းစွာဖြင့် သတင်းထုတ်ပြန်ကြေငြာအပ်ပါသည်။
ဆရာတော်ဒေါက်တာဘဒ္ဒန္တဓမ္မပိယမထေရ်မြတ်၏ ကျန်းမာရေးအတွက် ဆေးဝါးကုသနေစဉ်ကာလအတွင်း မိမိတို့ ကိုယ်အား ဉာဏ်အားအစွမ်းရှိသမျှ ကူညီ စောင့်ရှောက် ပြုစု လှူဒါန်းကြသည့် ဆေးပညာရှင်များဖြစ်ကြသော
Dr. Kevin Lee , Dr. David Chee, Dr. Myat Wai Robert Chong, Dr. Cho Cho Lay, Dr. Htay Htay than, Dr. Yin Yin Nu, Dr. Thomas Yu, Dr.Aung Ko Ko Naing, မနန်းဝိုးဖောင်း တို့အားလည်းကောင်း၊
ဆန်ဖရန်စစ္စကို ဗေးဧရိယာအတွင်းသီတင်းသုံးတော်မူကြကုန်သော ဆရာတော် သံဃာတော်များအားလည်းကောင်း၊
ဆရာတော်ဆေးဝါးကုသစဉ်အတွင်း ဝေယျာဝစ္စလိုက်ပါပြုလုပ်ပေးကြသော ကိုအောင်လှိုင် မိသားစု၊ ကိုလှမျိုး မိသားစုအားလည်းကောင်း ၊
ထေရဝါဒဓမ္မအသင်း အသင်းသူ အသင်းသားများအားလည်းကောင်း၊
ဆန်ဖရန်စစ္စကို ဗေးဧရိယာအတွင်းရှိ ပစ္စည်းလေးပါးအလှူရှင် ဒါယကာ ဒါယိကာမအပေါင်းအားလည်းကောင်း၊
မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ ကိုယ်အားဉာဏ်အား အစွမ်းရှိသမျှ ကူညီ ဖေးမ စောင့်ရှောက်တော်မူကြသော သံဃာတော်အရှင်မြတ်များအားလည်းကောင်း၊
မြန်မာပြည်အတွင်းရှိ ဆေးပညာရှင်များ၊
ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ကြသော ဒါယကာ ဒါယိကာမများအားလည်းကောင်း၊
မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတို့မှ ကိုယ်အား ဉာဏ်အား ပစ္စည်းလေးပါးတို့ဖြင့် အစွမ်းရှိသမျှ လှူဒါန်း ကူညီစောင့်ရှောက်ကြသော ဆရာတော်သံဃာတော်များ၊
ဆေးဘက်ဆိုင်ရာပညာရှင်များ မေတ္တာနန္ဒမိသားစုဝင်အလှူရှင် ဒါယကာ ဒါယိကာမများအားလည်းကောင်း၊ အထူးကျေးဇူးတင်ရှိပါကြောင်း မေတ္တာနန္ဒဝိဟာရရိပ်သာ ဓမ္မမိသားစုများမှ မှတ်တမ်းတင်အပ်ပါသည်။
ကျေးဇူးမှတ်တမ်းတင်ရာတွင် သတိမေ့လျော့၍ ကျန်ရစ်နေခဲ့သော အဖွဲ့အစည်းများ၊ အလှူရှင်များရှိပါက မေတ္တာရှေ့ထား၍ နားလည်ခွင့်လွှတ်ပေးကြပါရန် ကိုလည်း နူးညွတ်စွာ ပန်ကြားအပ်ပါသည်။
ဈာပနအစီအစဉ်အသေးစိတ်ကို ဆက်လက်ကြေငြာပေးသွားပါမည်။ — Mettananda Vihara တွင်။

Collection
Citation
“Ashin Dhamma Piya,” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2759.