Dr Maung Maung
Dublin Core
Title
Subject
Description
ဒေါက်တာမောင်မောင်
Source
Salai Thawng Hlaing Lung
Person Item Type Metadata
Biographical Text
ဒီနေ့ကတော့ ကျွန်တော့အဖေရဲ့ ၆၂ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်
အဖေ့မွေးနေ့လေးကို ဒီသမိုင်း၀င်ဓါတ်ပုံလေးနဲ့ Birthday Wish
လိုက်ပါတယ်။
ဓါတ်ပုံထဲက ပုဂ္ဂိုလ်တွေကတော့ မျက်မှန်တပ်အရပ်မြင့်မြင့်နှင့်သူမှာ ဒေါက်တာ မောင်မောင်ဖြစ်ပါတယ် သူကတော့ မြန်မာနိုင်ငံ၏ သတ္တမမြောက် နိုင်ငံတော်သမ္မတဖြစ်ပါတယ် (၁၉၈၈ Aug 19 ရက်နေ့မှ 1988 Sep 18 ရက်)နေ့အထိ ထူးဆန်းစွာ ၁ လတိတိ နိုင်ငံတော်သမ္မတတာ၀န်ထမ်းဆောင်ခဲ့သူပဲဖြစ်ပါတယ် ချင်တောင်တန်း ထုတ်လိုင်ရွာသို့ လာရသည့်အကြောင်း အရင်များစွာတော့ ရှိမည်ဖြစ်ပါသည်။
သေချာတာကတော့ဗိုလ်ချူပ်အောင်ဆန်းနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖြစ်သူ ပင်လုံစာချုပ်အတွက်ကြိုးပမ်းခဲ့သူ ချင်းကိုယ်စားလှယ် သံအမတ် စည်သူဒေါက်တာ၀မ်ကိုဟော၏ မွေးရပ်မြေဆိုပြီး လာလည်တာလဲ ဖြစ်ချင်ဖြစ်နေပါလိမ့်မည် အကြောင်းစုံနှင့် ထိုနေ့တွင် ဘာတွေပြောဖြစ်ကြလဲ သိချင်လျှင်တော့အဖေ့ကိုသာဆက်မေးရန်ဖြစ်ပါတယ်။
ပြီးတော့ ပုံထဲမှာ အဖေရယ်ကျွန်တော့အဖွား အဖေ၏မွေးမိခင်ကြီးဖြစ်ပါတယ်။အဖွားကတော့ စည်သူဒေါက်တာ ဝမ်ကိုဟော၏ ညီမအရင်းခေါက်ခေါက်ဖြစ်ပါတယ်။ ပြီးတော့ အဖွား၏အမျိုးသား
ဆရာ စီမန်ထောင်းဟာ အထက ထုတ်လိုင်ရဲ့ ပထမဆုံး တာ၀န်ထမ်းဆောင်ခဲ့သူ ကျောင်းအုပ်ဆရာကြီးလဲဖြစ်ခဲ့ပါတယ်။ အဖွားက ဗမာစကား မပြောတတ် နားမလည်ပါဘူး ဒီတော့ အဖေက အဖွားနှင့် သမ္မတကြီးတို့ အကြားဘာသာပြန် လုပ်ပေးနေစဥ် အခိုက်အတန့်အား ရိုက်ထားတဲ့ ပုံလဲ ဖြစ်ပါတယ်။
နေရာကတော့ ချင်းပြည်နယ်၊တီးတိန်မြို့ စီယင်း ချိုင့်၀ှမ်းဒေသ
ထုတ်လိုင် အ.ထ.ကကျောင်းမှာဖြစ်ပြီး ၆ရက် ၈လ ၁၉၈၁ ခုနှစ်မှာ ရိုက်ထားသောနှစ်ပေါင်း ၃၉ သက်တမ်းရှိ အဖြူအမဲ ဓါတ်ပုံလေးပါ။
လမ်းပန်းဆက်သွယ်ရေးမကောင်စဥ်ကာလ နိုင်ငံတော် သမ္မအဆင့်
တောင် လာလည်ခဲ့ဖူးသည့် ချင်းတောင်တန်းက ရွာလေးတစ်ရွာပါ။

Collection
Citation
“Dr Maung Maung,” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2750.