Ei Thinzar Maung
Dublin Core
Title
Description
အိသဉ္ဇာမောင်
Person Item Type Metadata
Birth Date
Occupation
Biographical Text
ကျမ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ကိုယ်စားပြုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ၊ပန်းဘဲတန်းမြို့နယ် (ပြည်သူ့လွှတ်တော်) နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ပါမယ်။
လူငယ်အမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အခက်အခဲတွေရှိပေမဲ့ ကြိုးစားယှဉ်ပြိုင်သွားပါမယ္။
လွှတ်တော်ထဲမှာ လူနည်းစုတွေရဲ့အသံ ၊ အဖိနှိပ်ခံတွေရဲ့အသံ ပေါ်လွင်စေရပါမယ်။
အိသဥ္ဇာမောင်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
လူငယ်အမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အခက်အခဲတွေရှိပေမဲ့ ကြိုးစားယှဉ်ပြိုင်သွားပါမယ္။
လွှတ်တော်ထဲမှာ လူနည်းစုတွေရဲ့အသံ ၊ အဖိနှိပ်ခံတွေရဲ့အသံ ပေါ်လွင်စေရပါမယ်။
အိသဥ္ဇာမောင်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
Bibliography
အမည် - အိသဥ္ဇာမောင်
အသက် - ၂၆
မွေးသက္ကရာဇ် - ၉.၅.၁၉၉၄
မဲဆန္ဒနယ် - ပန်းဘဲတန်းမြို့နယ် (ပြည်သူ့လွှတ်တော်)
ပါတီ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ပညာအရည်အချင်း - B.A (English) ၊ Political Management
လူမျိုး - ရှမ်းနီ
အလုပ်အကိုင် - သင်တန်းဆရာမ
လှုပ်ရှားခဲ့ဘူးသည့်အဖွဲ့အစည်းများ - ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ဥက္ကဋ္ဌ)
နိုင်ငံရေးလှုပ်ရှားမှုများ - ၂၀၁၂ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွင် စတင်ပါဝင်ခဲ့ပြီး ပညာရေးစနစ် ပြောင်းလဲမှုများ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေးများ၊ ပြည်တွင်းစစ် ရပ်စဲရေး လှုပ်ရှားမှုများ အတွက် ဦးဆောင်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ (ဥက္ကဋ္ဌ) အဖြစ် ဆောင်ရွက်ခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် ပထမဦးဆုံး အမျိုးသမီးကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုသပိတ်တွင် ပါဝင်ခဲ့သောကြောင့် ပုဒ်မ - ၁၄၃၊ ၁၄၅ ၊ ၁၄၇ ၊ ၃၃၂၊ ၅၀၅ (ခ) တို့ဖြင့် တရားစွဲခံခဲ့ရပြီး ၁၀.၃.၂၀၁၅ ခုနှစ်တွင် သာယာဝတီအကျဉ်းထောင် ၌ ထိန်းသိမ်းခံခဲ့ရသည်။
၂၀၁၆ ခုနှစ်တွင် ပြန်လည်လွှတ်မြောက်လာခဲ့ပြီး ၂၀၁၆ ကျောင်းသားထုညီလာခံဖြစ်မြောက်ရေးတွင် ရွေးကောက်ပွဲဆိုင်ရာသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသားသမဂ္ဂ မှထွက်ပြီးနောက် လူ့ဘောင်သစ်လူငယ် တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး လူငယ်အရေးကိုဆောင်ရွက်ခဲ့သည်။ ထို့နောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သို့ ဝင်ရောက်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် လူ့ဘောင်သစ်လူငယ် ၌ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၌ ဗဟိုကော်မတီဝင်ဖြစ်လာခဲ့သည်။ ၂၀၁၉ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အကြိုညီလာခံ၌ ရွေးကောက်ပွဲဆိုင်ရာကော်မရှင် အဖြစ် ဆောင်ရွက်ခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေး ၊ တိုင်းရင်းသားများအတွက် တန်းတူရေး၊ အဖိနှိပ်ခံ လူငယ်အရေး ဆောင်ရွက်မှုများကြောင့် ၃.၂.၂၀၁၉ ရက်နေ့တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေဖြင့် လည်ကောင်း၊ ကချင်စစ်ဘေး (၈) နှစ်ပြည့်အနေဖြင့် စစ်ပွဲများရပ်စဲရန် ဆောင်ရွက်မှုကြောင့် လည်ကောင်း ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေဖြင့် တရားစွဲခံရသည်။
လက်ရှိတွင် လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌ တာဝန် နှင့့် လူဘောင်ဒီမိုကရက်တစ်ပါတီတွင် ဗဟိုကော်မတီဝင် အဖြစ်တာဝန်ယူနေပြီး လူငယ်အရေး၊ လူမှု့ဖူလုံရေး ၊ ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်လျှက်ရှိပြီး ဖယ်ဒရယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ တွင် သင်တန်းဆရာမအဖြစ် ဆောင်ရွက်နေပါသည်။
"No Equality = No Union''
Collection
Citation
“Ei Thinzar Maung,” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2749.