<?xml version="1.0" encoding="UTF-8"?>
<item xmlns="http://omeka.org/schemas/omeka-xml/v5" itemId="2784" public="1" featured="0" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://omeka.org/schemas/omeka-xml/v5 http://omeka.org/schemas/omeka-xml/v5/omeka-xml-5-0.xsd" uri="https://moemaka.net/omeka2/items/show/2784?output=omeka-xml" accessDate="2026-09-10T09:29:33+00:00">
  <fileContainer>
    <file fileId="294">
      <src>https://moemaka.net/omeka2/files/original/b5cfbc2c5b404d858f3fd0c1233a228b.jpg</src>
      <authentication>44e8d31653eabdb2a70a10c0d7c658a9</authentication>
    </file>
  </fileContainer>
  <itemType itemTypeId="12">
    <name>Person</name>
    <description>An individual.</description>
    <elementContainer>
      <element elementId="34">
        <name>Occupation</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18525">
            <text>Poet</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="35">
        <name>Biographical Text</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18526">
            <text>ခင်ဇော်မြင့် (၁၉၇၀ -၂၀၂၄)</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="36">
        <name>Bibliography</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18527">
            <text>ခင်ဇော်မြင့်&#13;
(၁၉၇၀ -၂၀၂၄)&#13;
(ဘိုင်အိုဒေတာ အကြမ်းပါ။ ဖတ်ပြီး ပြင်၊ဖြည့် နိုင်ဖို့)&#13;
&#13;
အမည်ရင်းက ''ညွန့်ဝင်း''။ အဖဦးခင်ဇော်±အမိ ဒေါ်မြင့်မြင့်(ကဗျာဆရာမ မြင့်လေးဝေ - မန်းမြေ)တို့က ၁၉၇၀ ၊ သြဂတ်လ (၄)ရက်၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ မွေးဖွားခဲ့။&#13;
သားသမီး၆ ယောက်ထွန်းကားရာ (မခင်သီတာဇော်၊ ကိုဇော်ဝင်းနိုင်၊ကိုနေဝင်း (ကဗျာဆရာ ထက်တည်မြင့်)၊ညွန့်ဝင်း၊မကေသီဇော်၊ ကိုမျိုးမြင့်အောင်) ၄ယောက်မြောက် သားလတ်ဖြစ်။&#13;
မူလတန်းပညာကို အမှတ်(၄)အ.လ.က(ညောင်ပင်ဈေးကျောင်း)၊အလယ်တန်းနဲ့အထက်တန်းပညာကိုအမှတ်(၁) အ.ထ.က တို့တွင် ဆည်းပူးခဲ့။&#13;
ကဗျာနဲ့ကဗျာရေးသားခြင်းကို&#13;
ငယ်စဉ်ကတည်းက သက်ဝင်ခဲ့။ &#13;
၁၉၉၂၊ တရားမဝင်ထုတ်ဝေဖြန့်ချိ၊''အင်ကြင်းရောင်ပင်လယ်သေကမ်းခြေ''ဖယောင်းလှိမ့်၊စာကူးမှင်နှိပ် ကဗျာစာအုပ်ကို သူငယ်ချင်းဖြစ်တဲ့ အိမ်အိုညီ(စံညိမ်းဦး)နဲ့နှစ်ယောက်တွဲ ထုတ်ဝေခဲ့။ ထိုစဉ်က ကလောင်အမည်မှာ "မိုးစနေ"ဖြစ်။&#13;
၁၉၉၅၊ ဆရာမောင်သင်းခိုင်၊ဆရာမောင်ချောနွယ်တို့ကိုအမှူးထား၊ မကွေးသား ကဗျာဆရာတွေဖြစ်တဲ့ ထက်သစ်၊လေပြေသုန်၊ရိုးသက်၊တို့စီစဉ်တဲ့ ''အနှစ်စိမ်း''ကဗျာမဂ္ဂဇင်းကို စာမူများစတင်ပို့။၁၀ဇန္နဝါရီ၊၁၉၉၅ နေ့စွဲနဲ့ ကဗျာများရွေးချယ်ထားကြောင်း ပြန်စာရရှိ။(''အနှစ်စိမ်း''ကဗျာမဂ္ဂဇင်းမှာ နောင်တွင် ''ကဗျာနဲ့ကဗျာခံစားမှုဆောင်းပါးများ'' စာအုပ်ငယ်အနေနဲ့သာ ထွက်ရှိခဲ့။ စီစဉ်သူအဖြစ် ကဗျာဆရာဝေဖြိုးအေး ပါဝင်ခဲ့)။ထိုစဉ်က ကလောင်အမည် ''သလင်းဦး''ဖြစ်။&#13;
၁၉၉၆၊ နိုဝင်ဘာ၊ သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း( အယ်ဒီတာ-ကောက်နွယ်ကနောင်)မှာ ဖော်ပြတဲ့ ''ညနေ''ကဗျာဟာ ပထမဆုံး ပုံနှိပ်စာမူဖြစ်။&#13;
၁၉၉၆၊ တရားမဝင်ထုတ်ဝေဖြန့်ချိ၊ ကဗျာဆရာ ဝေးခေါင် စီစဉ်တဲ့ ''အချစ်'' ကဗျာစာအုပ်မှာ အခြားကဗျာဆရာများနဲ့အတူ ဖော်ပြခဲ့။( ထက်တည်မြင့်၊ဝေးခေါင်၊ဟိန်းမြတ်ဇော်၊ညိုမင်းထက်၊နိုင်းနိုင်၊စန်းယု၊ခင်ဇော်မြင့်၊စံညိမ်းဦး၊ထွဋ်မြတ်၊စသဖြင့်တို့နဲ့)။&#13;
၁၉၉၇၊တရားမဝင်ထုတ်ဝေဖြန့်ချိ၊ကဗျာဆရာ ဇော်အေးမြ စီစဉ်တဲ့' 'စကားလုံးများရဲ့အော်ပရာ '' ကဗျာစာအုပ်မှာ အခြားကဗျာဆရာများနဲ့အတူ ဖော်ပြခဲ့။&#13;
( ဟိန်းမြတ်ဇော်၊နိုင်းနိုင်၊ဇော်အေးမြ၊ဝေးခေါင်၊စံညိမ်းဦး၊ခင်ဇော်မြင့်၊ N-မင်းထက်)&#13;
အစောပိုင်းကာလတွေမှာ ''သောင်းပြောင်းထွေလာ ရယ်စရာ''မဂ္ဂဇင်း (အယ်ဒီ တာ-ကောက်နွယ် ကနောင်)၊''မြားနတ်မောင်'' မင်္ဂလာမမဂ္ဂဇင်း( အယ်ဒီ တာ-လွဏ်းဆွေ)၊''ရနံသစ်''မဂ္ဂဇင်း( အယ်ဒီတာ-ချစ်ဝင်းမောင်)၊''ရုပ်ရှင်တေးကဗျာ''မဂ္ဂဇင်း (အယ်ဒီတာ-ချစ်မောင်-အဝကျွန်း/ကဗျာအယ်ဒီတာ-မောင်သင်းခိုင်)၊''စတိုင်သစ်''မဂ္ဂဇင်း (အယ်ဒီတာ-အောင်စိုးသူ)၊''သရဖူ'' မဂ္ဂဇင်း(အယ်ဒီတာ- ငြိမ်းအေးအိမ်)တို့ရဲ့မဂ္ဂဇင်း များတွင် ရေးသားဖော်ပြခဲ့။&#13;
နောက်ပိုင်းတွင်''မန္တလေးအိုင်ကွန်'' မဂ္ဂဇင်း (အယ်ဒီ တာ-နိုင်းနိုင်)၊''ပိတောက်ပွင့်သစ်''မဂ္ဂဇင်း (အယ်ဒီ တာ-မောင်စိမ်းနီ၊ မောင်တင်သစ်)၊''လရောင်လမ်းချိုး(အယ်ဒီတာ- ကိုအိမ့်၊လွိုင်လွမ်း) ''မဂ္ဂဇင်း၊ရေဦးမဂ္ဂဇင်း၊''အောင်ပင်လယ်'' မဂ္ဂဇင်း (အယ်ဒီတာ-ကိုရိုးကွန့်၊ ကဗျာအယ်ဒီတာ-နေမျိုး၊ စံညိမ်းဦး)၊''ကဗျာ'' မဂ္ဂဇင်း( နာယက-ပိုင်စိုးဝေ၊အယ်ဒီတာအဖွဲ့ - မာန်ထက်သာ၊မင်းနဒီခ၊မောင်နိုင်လင်း-ကောလင်း၊ အွန်လိုင်းတာဝန်ခံ/ပြင်ပဆက်သွယ်ရေး-ထွဏ်းသွေး အိမ်၊နေမိုး၊ညီမင်းဝေ၊ ဧလွန်၊ကလင့်-မန္တလေး၊သုလှိုင်ထွန်း)၊''ကဗျာ့အသံ''( စီစဉ် - ကြည်ဇော်အေး၊ ဇေလင်းမောင်)၊ ''ကဗျာလောက''(စီစဉ်-ဇေယျာလင်း၊ဝေးခေါင်၊မိုးဝေး)၊ ''မြစ်'' မဂ္ဂဇင်း( ပျဉ်းမနား၊ အလယ်ရိုးမ) စသဖြင့် တို့တွင် ရေးသားဖော်ပြခဲ့။&#13;
၂၀ဝ၆၊လပွတ္တာမြို့နယ်၊စာပေချစ်မြတ်နိုးသူများက ''ရသကမ်းခြေ''၊ ၂၀ဝ၆ ဒုတိယနှစ် ဂိမန္တ အကြိုက်ဆုံးကဗျာအဖြစ်&#13;
၂၀ဝ၅၊မေလ၊ အမှတ် ၄ ၊ပိတောက်ပွင့်သစ်မဂ္ဂဇင်းပါ ''ဒီကမ္ဘာနဲ့ဇီဇဝါ''ကဗျာကို ချီးမြှင့်ဂုဏ်ပြု။&#13;
၂၀၁၉၊မတ်၂၁၊ ကျင်းပ ကမ္ဘာ့ကဗျာနေ့နဲ့ ကဗျာ ဆရာမောင်သင်းခိုင်မွေးနေ့၊ ၂၀၁၈အတွက် ''ဒီနေ့နေ့စွဲ''ကဗျာနဲ့ ''အလယ်ရိုးမခေတ်ပေါ်ကဗျာဆု''။&#13;
၂၀၁၉၊ နတ်မောက်ကဗျာဆု၊ရိုးရှင်းစွာ နေထိုင်ရှင်သန်မှုအတွက် လေးစားချစ်ခင် အသိအမှတ်ပြုသောအားဖြင့်"ရိုးရှင်းမှု" ဆု။&#13;
၂၀၁၉၊ ''ငရဲနဲ့နိဗ္ဗာန်''ကဗျာနဲ့&#13;
လားရှိုး၊''လရောင်လမ်းချိုးကဗျာဆု''။&#13;
၂၀၁၉ ကျောက်ဆည်ဧရာဝတီကဗျာဝိုင်း၏&#13;
''ကဗျာဆရာဘဝဖြတ်သန်းမှု''အထူးဆု။&#13;
၂၀၁၉၊ ရန်ကုန်ကဗျာဆု။&#13;
&#13;
၂၀ဝ၁၊စက်တင်ဘာ၊အားမာန်သစ်စာပေထုတ် (ကဗျာဆရာ အောင်ဝေး စီစဉ်ဟု ယူဆ)''ခေတ်ပေါ်ကဗျာဆရာ - ၁၀'' ကဗျာစာအုပ် မှာ အခြားကဗျာ ဆရာ ၉ယောက်( Kမြနွယ်၊ခင်ဇော်မြင့်၊စံညိမ်းဦး၊စည်သူငြိမ်း၊မိုးဝေး၊မြတ်၊လင်းတည်ဦး၊ဝေးခေါင်၊ဝင်းမြင့်၊အေးမင်းစော)တို့ နဲ့ ဖော်ပြခဲ့။ထင်ရှားတဲ့စာအုပ်ဖြစ်ခဲ့။&#13;
၂၀၁၄၊ ဇန္နဝါရီ ၊ နှစ်ကာလများ စာပေ ထုတ်ဝေ&#13;
''ခြောက်လုံးပတ်'' ကဗျာစာအုပ်( ကဗျာဆရာ ဧလွန် စီစဉ်၊ကဗျာဆရာ၅ယောက်( ခင်ဇော်မြင့်၊မောင်နိုင်လင်း-ကောလင်း၊စံညိမ်းဦး၊မင်းနဒီခ၊မိုးရင်ကြယ်)မှာ ပါဝင်ဖော်ပြခဲ့။&#13;
၂၀ဝ၄၊အောက်တိုဘာ၊''အညာသားယဉ်ကျေးမှု '' စာအုပ်တိုက်က(ပထမအကြိမ်)ထုတ်ဝေ၊''ကဗျာ ၂၁ ပုဒ် ''ကဗျာစာအုပ်၊တကိုယ်တော်လုံးချင်းကဗျာစာအုပ်၊(ဒုတိယအ​ကြိမ်)၂၀၁၉ ဇွန်၊ နှစ်ကာလများစာပေ။&#13;
၂၀၂၂၊ မတ်၊နှစ်ကာလများစာအုပ်တိုက်ကထုတ်ဝေ&#13;
''လွမ်းခန်း'' (ဟိန်းမြတ်ဇော်၊ခင်ဇော်မြင့်၊စံညိမ်းဦး)&#13;
ကဗျာစာအုပ်။&#13;
၂၀၂၄၊စက်တင်ဘာ၊ ဝိုင်းမော်စာအုပ်တိုက်က ထုတ်ဝေ၊ ''ကဗျာ''(ထက်တည်မြင့်၊ခင်ဇော်မြင့်)ကဗျာစာအုပ်၊ အစ်ကိုဖြစ်သူနဲ့ ပူးတွဲပြီး ရေးသားခဲ့။စာအုပ်မှာ မိခင်ဖြစ်သူကို ရည်ညွှန်း ဖော်ပြခဲ့။&#13;
ခင်ဇော်မြင့် အမည်မတိုင်ခင်က အသုံးပြုခဲ့တဲ့ကလောင်တွေက မိုးစနေ၊ သလင်းဦး ဖြစ်။&#13;
(အမိနဲ့အဖ အမည်များကို ယူကာ ''ခင်ဇော်မြင့်''ကလောင်အမည်နဲ့ကဗျာများရေးခဲ့။)&#13;
အိမ်နာမည်ကို ငယ်စဉ်က သောက်ခဲ့တဲ့ ကျောက်တိုင်တံဆိပ် ကော်ဖီမှုန့် ကိုအ စွဲပြု ပြီး ''ကျောက်တိုင်''လို့လည်းတွင်ခဲ့။&#13;
မိသားစု ညီအစ်ကို မောင်နှမသားချင်းများရဲ့ မေတ္တာကိုကွယ်လွန်သည်အထိ အပြည့်အဝ ရရှိခဲ့။&#13;
&#13;
၂၀၂၁နောက်ပိုင်းတွင် လည်းချောင်း ကင်ဆာဝေဒနါကို ပြင်းထန်စွာခံစားခဲ့ရ။ ခွဲစိတ်မှု၊ဓါတ်ရောင်ခြည်ကုသမှုများကို ဆောင်ရွက်ခဲ့။လည်ပင်းမှ ဖောက်လျှက် အစာသွင်းရတဲ့အခြေအနေကိုခံစားခဲ့ရ။အစာမစားနိုင်ခြင်း၊ စကားမပြောနိုင်ခြင်း များကို သည်းထန်စွာခံစားခဲ့ရ။&#13;
၁၃၈၆ ခုနှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်&#13;
၂၀၂၄၊ အောက်တိုဘာ ၁၀၊( ကြာသပတေးနေ့)&#13;
ညနေ ၅နာရီအချိန်မှာ သူချစ်တဲ့မိသားစု၊ သူချစ်တဲ့ သူငယ်ချင်းများ ၊မိတ်ဆွေများနဲ့ သူချစ်တဲ့ ကဗျာလောကကို ကျောခိုင်းထားရစ်ခဲ့။ မိခင်ဖြစ်သူနောက်ကို လိုက်ပါသွားခဲ့။&#13;
ဒဂုန်တာရာ၊ဖော်ဝေး၊အောင်ချိမ့်၊မောင်ချောနွယ်၊သုခမိန်လှိုင် ၊ ပိုင်စိုးဝေ စသဖြင့်တို့ကို နှစ်သက်။&#13;
ခင်ဝမ်း၊မွန်းအောင်၊ခင်မောင်တိုး၊ခိုင်ထူး၊ရာပြည့်၊ကိုနေဝင်း၊ကိုရဲလွင်၊မင်းမင်းလတ်၊ဘိုတောက်၊ဟယ်ရီလင်း၊ ပလေးဘွိုင်သန်းနိုင်၊တို့မှာ သူအနှစ်သက်ဆုံး ဂီတအနုပညာရှင်များဖြစ်။&#13;
မဂ္ဂဇင်း၊စာစောင်များ၊ စာအုပ်များမှာ ရေးသားဖော်ပြပြီးတဲ့ကဗျာများ၊အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ကဗျာများ၊ဘယ်နေရာမှာမှ မဖော်ပြရသေးဘဲ ရေးသားခဲ့သောကဗျာများ ရှိခဲ့ပြီး အများသိတဲ့ ကဗျာက ပုဒ်ရေ ၁၀ဝ ကျော်ခန့်ရှိမယ် ယူဆရ။ ထားရစ်ခဲ့တဲ့ ကျန်ရှိ ကဗျာများအပါဝင်နဲ့ စုစုပေါင်းကို ခန့်မှန်းမရသေး။ကဗျာပေါင်းချုပ်ထွက်ရှိဖို့ အများက သဘောထားပေးခံရသူလည်းဖြစ်။&#13;
ဘဝတသက်တာလုံး ကဗျာနဲ့အသက်ရှူ၊ကဗျာနဲ့နေထိုင်၊ကဗျာနဲ့ ထွက်ခွာသွားသူဖြစ်ပြီး ရိုးရှင်းသောဘဝနေထိုင်မှု၊ ရိုးဖြောင့်သော စိတ်နေသဘာဝကြောင့် လူချစ်လူခင်များပြားခဲ့။&#13;
ကဗျာနဲ့ပတ်သက်ပြီး အနုပညာတန်ဖိုးကြီးမားသလို ကိုယ်ပိုင်ဟန်တခု တည်ဆောက်နိုင်ခဲ့ပြီး ၊ သူ့ခေတ်ပြိုင်မျိုးဆက်များကြားမှာသာမက သူ့ ရှေ့ကမျိုးဆက်၊သူ့ နောက်ကမျိုးဆက်များကြားမှာပါ ထင်ရှားသူဖြစ်။ နှစ်သက် ချစ်ခင်ခြင်းခံရသူဖြစ်။&#13;
''ကျွန်တော်တို့ ကဗျာစီးဆင်းပုံက မေ့ချန်ထားလို့ မရဘူး။ ရန်ကုန်ဆိုရင် ကိုအောင်ချိမ့်တို့က စပြီး စီးဆင်းလာခဲ့ကြတာ။ မန္တလေးကဆိုရင်လည်း ပိုင်စိုးဝေတို့က စပြီး " အီကွေတာ အော်သံ " တို့ ဘာတို့က စပြီး နောက်မျိုးဆက်သစ်တွေ မွေးဖွားလာကြတာပဲ။ နေမျိုးတို့က စပြီး စံညိမ်းဦး၊ ခင်ဇော်မြင့်၊ ဝေးခေါင်၊ ဟိန်းမြတ်ဇော်တို့ အထိပါပဲ။'' လို့ &#13;
ကွယ်လွန်သူ ကဗျာဆရာ လှသန်း (၁၉၆၃ -၂၀၁၁)က "လက်မောင်သွေးကို ဖောက်ကြည့်ခြင်း "ဆိုတဲ့ (ကဗျာ ဆရာ/အယ်ဒီတာ - ကောက်နွယ်ကနောင်နဲ့ အင်တာ ဗျူးတခုမှာ ထည့်သွင်းပြောကြားခဲ့။&#13;
###&#13;
&#13;
အတိအကျမရသေးလို့&#13;
ဖြည့်ရမှာတွေ...&#13;
၁။&#13;
''မနေ့က ကြားတဲ့ သီချင်းသံ''&#13;
တရားမဝင်ထုတ်ဝေ၊စုပေါင်းကဗျာစာအုပ်&#13;
( ခင်ဇော်မြင့်၊ညိုမင်းထက်၊ညီမိုးအေး၊ထွဏ်းသွေးအိမ်၊စံညိမ်းဦး၊ကိုနှောင်း၊မျက်ရည်၊မှုန်းပြာမိုး၊လူသစ်၊ညီယွန်းပိုင်၊မျိုးနေနွယ်)&#13;
&#13;
ပါဝင်နာမည်တွေ အပြည့်စုံနဲ့&#13;
နဲ့ ထုတ်ဝေ ခုနှစ် လိုအပ်။&#13;
၂။&#13;
''ဖွင့်ဆိုမထားတဲ့လရောင်''&#13;
တရားမဝင်ထုတ်ဝေ စုပေါင်းကဗျာစာအုပ်&#13;
( ခင်ဇော်မြင့်(ပေါက်ပန်းလေးဆယ်)&#13;
၊ညိုမင်းထက်(မန္တလေးကိုလွမ်းတဲ့အခါ.. ???)&#13;
၊နိုင်းနိုင်( အသိုက်)၊  မှုန်းပြာမိုး၊ မိုးထက်နေ၊ ပိုင်ဦးငယ်၊ ညီမိုးအေး၊ထွဏ်းသွေးအိမ်၊ကိုနှောင်း၊အိုက်လူအောင်၊ညီယွန်းပိုင်၊လူသစ်၊မျိုးနေနွယ်၊သွေး- စစ်ကိုင်း)&#13;
&#13;
ပါဝင်နာမည်တွေ အပြည့်စုံနဲ့&#13;
နဲ့ ထုတ်ဝေ ခုနှစ် လိုအပ်။&#13;
၃။&#13;
''၁၉၉၇ မဂ္ဂဇင်းလက်ရွေးစဉ်ကဗျာများ''&#13;
(ကိုအောင်ဝေး စီစဉ်တယ်ထင်၊ရာပြည့်က ထုတ်တာ၊ ခေါင်းစဉ်အနည်းငယ်လွဲနိုင်၊ ထုတ်ဝေ ခုနှစ် နဲ့အမည်မှန်သိလိုပါတယ်။)&#13;
၄။&#13;
စိတ်ကူးချိုချိုထုတ်&#13;
''ခေတ်ပြိုင်ကဗျာများ ၆၀:၁၅:ဝ၃ ''&#13;
ထုတ်ဝေနှစ်????&#13;
၅။&#13;
ကျော်မွှေးတိုက်ထုတ်&#13;
''နှစ်ဆယ် နှစ်ဆယ်''&#13;
ခေတ်ပြိုင်ကဗျာ အနည်းငယ်&#13;
ထုတ်ဝေနှစ်????&#13;
၆။&#13;
''ဆောင်းမှာပွင့်တဲ့နေ''&#13;
(ကဗျာချစ်သူများ၏ ဝတ္ထုတို အစုအဝေး)&#13;
စုပေါင်း စကားပြေစာအုပ်&#13;
(သူ့ရဲ့ထင်ရှားတဲ့ ''အမေပြောခဲ့တာတွေ''စကားပြေ ဖော်ပြ)&#13;
ထုတ်ဝေခုနှစ် ??&#13;
၇။&#13;
ခင်ဇော်မြင့် ပါဝင်ခဲ့သော ကဗျာစာအုပ်များ ရှိသေးပါက&#13;
အ​ပြည့်အစုံ ပြောပြပေးပါရန်နှင့် ဖြည့်စရာ၊ပြင်စရာ များ၊ ပယ်စရာနဲ့ စာမချောမှုများ၊အထားအသိုများ ကိုထောက်ပြပေးပါရန်၊ &#13;
အကြမ်းခြစ်ထားတာမို့&#13;
သည်းခံပါရန်&#13;
လေးနက် လေးစားစွာ အသိပေးလိုပါတယ်။ အချိန်တိုတိုနဲ့ ရှာဖွေစုစည်းရတာမို့ အမှားပါနေနိုင်မှာပါ။&#13;
အကြမ်းဖြစ်တာမို့ ကော်ပီယူခြင်းသီးခံပါဦးလို့&#13;
စကားဆိုပါရစေ။&#13;
ကူပေးစေလို။</text>
          </elementText>
        </elementTextContainer>
      </element>
    </elementContainer>
  </itemType>
  <elementSetContainer>
    <elementSet elementSetId="1">
      <name>Dublin Core</name>
      <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
      <elementContainer>
        <element elementId="50">
          <name>Title</name>
          <description>A name given to the resource</description>
          <elementTextContainer>
            <elementText elementTextId="18520">
              <text>Khin Zaw Myint</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="49">
          <name>Subject</name>
          <description>The topic of the resource</description>
          <elementTextContainer>
            <elementText elementTextId="18521">
              <text>Poet</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="41">
          <name>Description</name>
          <description>An account of the resource</description>
          <elementTextContainer>
            <elementText elementTextId="18522">
              <text>ကဗျာဆရာ ခင်ဇော်မြင့် ၏ ကိုယ်ရေးအကျဉ်း၊ စံညိမ်းဦး၏ ဖေ့စ်ဘွတ်ကနေ ယူပါတယ်။</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="48">
          <name>Source</name>
          <description>A related resource from which the described resource is derived</description>
          <elementTextContainer>
            <elementText elementTextId="18523">
              <text>San Nyein Oo Facebook</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="40">
          <name>Date</name>
          <description>A point or period of time associated with an event in the lifecycle of the resource</description>
          <elementTextContainer>
            <elementText elementTextId="18524">
              <text>12th October 2024</text>
            </elementText>
          </elementTextContainer>
        </element>
      </elementContainer>
    </elementSet>
  </elementSetContainer>
</item>
