Poet Paing Soe Way (1944-2020)

Dublin Core

Subject

Description

ကဗျာဆရာ ပိုင်စိုးဝေ (၁၉၄၄ - ၂၀၂၀)

Person Item Type Metadata

Birth Date

Death Date

20, September 2020

Occupation

Biographical Text

နေမင်းပိုင်စိုးနှင့်တွေ့ဆုံခြင်း
ကတၱား
ဟောဒီကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့အတွက် ကျွန်တော် ကဗျာဆရာလုပ်ရမယ်။ အရာအားလုံးကို စွန့်လွှတ်ပြီးတော့ ကဗျာဆရာလုပ်ရမယ် အမေလို့ ကျွန်တော် ပြောဆိုတဲ့အချိန်မှာ အမေ့မျက်နှာပေါ်က မျက်ရည်စတွေ တလိမ့်လိမ့် စီးဆင်းကျလာပါတယ်။
အမေ့မျက်ရည်တွေ ခမ်းခြောက်သွားစေဖို့ စကားတစ်စုံတစ်ရာ ပြောလိုပေမဲ့ ရှာမရခဲ့ပါဘူး။ ဒီလိုနဲ့ အမေ့ရဲ့မွေးကျေးဇူးကို မဆပ်နိုင်တဲ့သားတစ်ယောက်အဖြစ် ကမ္ဘာထဲမှာ ပူလောင်စွာ စီးဆင်းခဲ့ပါတယ်။
ကမၼ
ခေတ်ပေါ်ကဗျာဟာ အရေပြားပေါ်မှာတည်ရှိနေတဲ့ လှပမှုတွေကို ကျောခိုင်းပြီး ဘဝရဲ့ အနက်ရှိုင်းဆုံး အတ္တတရားကို ရှာဖွေတူးဖော်ခဲ့ကြပါတယ်။ ကဗျာဆရာရဲ့ ခန္ဓာကိုယ်မှာ ဖွဲ့စည်း တည်ဆောက်ထားတဲ့ ဝိညာဉ်တွေဟာ အာရုံတရားတွေနဲ့ သာမန်ထိတွေ့မှုပေါ်မှာ ကဗျာဖွဲ့လို့ မရနိုင်ပါဘူး။ ထိတွေ့ခံစားမှုကို အခြေခံတဲ့ ကဗျာဆရာရဲ့ ဒဿနဟာ ကဗျာတစ်ပုဒ်ရဲ့ အသွေးအသားပါပဲ။
ကျွန်တော်တို့ဟာ နေမင်းပိုင်စိုးရဲ့ ရိုးသားမှုနဲ့ နေမင်းပိုင်စိုးရဲ့အတ္တတရားကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
ကတၱား
မှားယွင်းမှုများစွာနဲ့ ငါ လူဖြစ်ခဲ့ပါသလား။ ရူးသွပ်မိုက်မဲစွာ ကဗျာဆရာအဖြစ်ကို ရွေးချယ်ခဲ့ပါ သလား။
“မဟုတ်ဘူး၊ မဟုတ်ဘူး” လို့ ငါ့ကိုယ်ငါ ငြင်းဆိုခဲ့တဲ့အချိန်မှာ ဒဏ်ရာအနတရတွေနဲ့ ဟောဒီ ကမ္ဘာမြေကြီးရဲ့ ငိုကြွေးသံတွေ တိတ်ဆိတ်သွားပါတယ်။
“ရှက်ကြတော့ဟေ့၊ ရှက်ကြတော့” လို့ ငါထပ်ပြီး ရွတ်ဆိုလိုက်တဲ့အချိန်မှာ အမှန်တရားတွေ ငိုကြွေးကုန်ကြပြီ။
ကမၼ
ထင်ရှားကျော်ကြားမှုနဲ့ ပုံနှိပ်စာလုံးအဖြစ် ဖော်ပြခံရမှုကို ဦးတည်ပြီး ကဗျာကို သေးသိမ်စွာ တွက်ချက်နေသူ တွေကိုတော့ ကျွန်တော်တို့က ရယ်မောပစ်လေ့ရှိပါတယ်။ ကဗျာရဲ့ အဓိပ္ပာယ်ဟာ ဒီ့ထက် ပိုမို ကျယ်ဝန်း ခဲ့ပါပြီ။ ဘဝရဲ့ ဝေဒနာကို အနက်ရှိုင်းဆုံးဟု ဖော်ပြနိုင်တဲ့ ကဗျာဆရာသာ သမိုင်းရဲ့ စာမျက်နှာ ပေါ်မှာ လှပစွာ ကျန်ရှိပေလိမ့်မယ်။
ဒီအကြောင်းကို ပြောဆိုဆွေးနွေးကြတဲ့အခါတိုင်းမှာ နေမင်းပိုင်စိုးဟာ ကျွန်တော်တို့အတွက် ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ကတၱား
ကျွန်တော့်အတ္တနဲ့ ထုလုပ်ထားတဲ့ စာအုပ်ငယ်လေးပါ။ အမေ့မွေးကျေးဇူးကို မဆပ်နိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ကိုယ်စား ကမ္ဘာမြေကြီးက အမေ့ကို ဦးညွတ်အလေးပြုတော့မယ်။
ကဗျာခရီးသွားတစ်ဦးနှင့် နေမင်းပိုင်စိုး
၂၊ ၅၊ ၁၉၇၈။

Citation

“Poet Paing Soe Way (1944-2020),” MoeMaKa Online Library Archives, accessed October 9, 2025, https://moemaka.net/omeka2/items/show/2780.