<?xml version="1.0" encoding="UTF-8"?>
<item xmlns="http://omeka.org/schemas/omeka-xml/v5" itemId="2776" public="1" featured="0" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://omeka.org/schemas/omeka-xml/v5 http://omeka.org/schemas/omeka-xml/v5/omeka-xml-5-0.xsd" uri="https://moemaka.net/omeka2/items/show/2776?output=omeka-xml" accessDate="2026-09-10T09:29:01+00:00">
  <fileContainer>
    <file fileId="217">
      <src>https://moemaka.net/omeka2/files/original/b1963925fcb1ec2bb1512cdc3c44ca39.jpg</src>
      <authentication>72d8d80d8268cd94f8b852b753bcf99f</authentication>
    </file>
  </fileContainer>
  <collection collectionId="6">
    <elementSetContainer>
      <elementSet elementSetId="1">
        <name>Dublin Core</name>
        <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
        <elementContainer>
          <element elementId="50">
            <name>Title</name>
            <description>A name given to the resource</description>
            <elementTextContainer>
              <elementText elementTextId="18174">
                <text>2020 Reports on Burma</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="49">
            <name>Subject</name>
            <description>The topic of the resource</description>
            <elementTextContainer>
              <elementText elementTextId="18175">
                <text>Event, Report, Obit, Bio</text>
              </elementText>
            </elementTextContainer>
          </element>
        </elementContainer>
      </elementSet>
    </elementSetContainer>
  </collection>
  <itemType itemTypeId="1">
    <name>Text</name>
    <description>A resource consisting primarily of words for reading. Examples include books, letters, dissertations, poems, newspapers, articles, archives of mailing lists. Note that facsimiles or images of texts are still of the genre Text.</description>
    <elementContainer>
      <element elementId="1">
        <name>Text</name>
        <description>Any textual data included in the document</description>
        <elementTextContainer>
          <elementText elementTextId="18453">
            <text>ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြောကြားသည့် အမှာစကား&#13;
 Thu, 08/20/2020 - 11:56  Posted in: &#13;
News&#13;
Speeches and Remarks&#13;
  0 comments&#13;
&#13;
(၂၀၂၀ ပြည့်နှစ် ၊ ဩဂုတ်လ ၁၉ ရက်)&#13;
&#13;
ညီလာခံကို တက်ရောက်လာကြတဲ့ လူကြီးမင်းများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။&#13;
&#13;
ကျွန်တော်ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင် ဖြစ်ပါတယ်။ အခုလို ပြည်‌ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (စတုတ္ထအစည်းအ‌ဝေး)မှာ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလှည့်ကျ ပြောခွင့်ရပါတီ ဖြစ်တဲ့ “ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်”ကိုယ်စားပြု စကားပြောခွင့်ရတဲ့ အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။&#13;
&#13;
အခုကျင်းပနေတဲ့ (၂၁) ရာစုပင်လုံ ငြိမ်းချမ်း‌ရေးညီလာခံဆိုတာဟာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ကာလကြာရှည်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲများကို အဆုံးသတ်သွားစေဖို့အတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အဓိကထား ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်မိပါတယ်။ အဲဒီကမှတစ်ဆင့် တိုင်းပြည်ရဲ့ နှောင့်နှေးနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ပြန်လည်တည့်မတ်ပြီး ဖွံ့ဖြိုး တိုးတက်လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့လည်း ရိုးရိုးရှင်းရှင်းပဲ နားလည်မိ ပါတယ်။&#13;
&#13;
(၂၁) ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပခဲ့တာ အခုအကြိမ်နဲ့ ပါဆိုရင် စတုတ္ထအကြိမ် ရှိခဲ့ပါပြီ။ ခရီးတွေလည်း ရောက်သင့်သလောက် ရောက်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မျှော်မှန်းထားသလောက်တော့ ခရီးမပေါက်သေးဘူးလို့ ဆိုရင်လည်း မှားလိမ့်မယ်မထင်ပါဘူး။ ကျွန်တော်တို့ တစ်တွေ ဆက်လက်ပြီးတော့ ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်နေ ပါသေးတယ်လို့လည်း သဘောပေါက်မိပါတယ်။&#13;
&#13;
ကျွန်တော်တို့ဟာ အိမ်နီးနားချင်းနိုင်ငံတွေကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်မရှိကြဘူး ဆိုတာ အားလုံးလိုလိုသိထားကြပါတယ်။ ဒါပေမယ့် ၁၉၄၇ ခုနှစ်ဆီတုန်းက ကျွန်တော်တို့ အဘိုးအဘွားတွေဟာ သူတို့စိတ်ကြိုက် အိမ်နီးချင်းတွေကို ရွေးချယ်ခဲ့ပြီး တစ်နိုင်ငံ တည်း၊ တစ်အိမ်တည်းနေတဲ့ အတူနေညီအစ်ကိုတွေအဖြစ် ပေါင်းစည်းကြဖို့ ဆုံးဖြတ်ခဲ့ ကြတာဟာ မြန်မာ့သမိုင်းမှာ အင်မတန်မှ သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်း တစ်ခုဖြစ်ခဲ့ပါတယ်။&#13;
&#13;
အတူတကွယှဉ်တွဲနေထိုင်&#13;
&#13;
အိမ်နီးချင်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုနိုင်ငံတစ်ခုကို ပူးပေါင်း ထူထောင်ကြဖို့ ၁၉၄၇ ခုနှစ်မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ အခုကျွန်တော်တို့ မှီတင်းနေထိုင်နေကြတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အသစ်ကို စတင်ထူထောင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစတင်ပြီး ကျွန်တော်တို့တစ်တွေ ဟာ တစ်အိမ်တည်း အတူနေခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေဘဝကို ရောက်ရှိခဲ့ကြတယ် လို့လည်း ဆိုနိုင်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့ အိမ်သစ်ကြီးတစ်အိမ်အတွင်းမှာ အတူတကွ မှီတင်းနေထိုင်နေကြတဲ့ လူမျိုးအားလုံးဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိမိတို့အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ အတူတကွ ယှဉ်တွဲနေထိုင် သွားကြဖို့ပဲ ရှိပါတော့တယ်။ ချစ်ချစ်ခင်ခင် အတူတကွ ယှဉ်တွဲနေထိုင်သွားနိုင်ကြဖို့ ဆိုတာ တစ်စုနဲ့တစ်စု၊ တစ်မျိုးနဲ့တစ်မျိုးဟာ အခွင့်အရေး အရာမှာဖြစ်ဖြစ်၊ တန်းတူညီမျှမှုအရာမှာဖြစ်ဖြစ်၊ လွတ်လပ်မှုအရာမှာဖြစ်ဖြစ်၊ လုပ်ပိုင်ခွင့်အရာမှာဖြစ်ဖြစ် တစ်ပြေးညီဖြစ်နေဖို့ဆိုတာ သိပ်ကိုအရေးကြီး လှပါတယ်။ အခုပြောပြောနေကြတဲ့ တန်းတူညီမျှရေးဆိုတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ တကယ်တော့ အခုကျွန်တော်တို့ တစ်တွေ မှီတင်းနေထိုင်နေကြတဲ့ ပြည်ထောင်စုနိုင်ငံဆိုတာ ၁၉၄၇ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ အသစ်စက်စက် မွေးဖွားပေါ်ပေါက်လာတဲ့ ပြည်ထောင်စု နိုင်ငံသစ်တစ်ခုသာလျှင် ဖြစ်ပါတယ်။ တကောင်း၊ ပုဂံဆိုတာဟာ တိုင်းရင်းသားလူမျိုး တစ်ခုရဲ့ အရင်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းတစ်ခုသာဖြစ်ပြီး အဲဒီတိုင်းရင်းသား လူမျိုးတစ်ခုရဲ့ သမိုင်းသက်သက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ အတူတကွနေကြတဲ့ အခြားလူမျိုးတွေမှာလည်း သူ့သမိုင်းကြောင်းနဲ့သူ၊ သူ့ဖြစ်စဉ်နဲ့သူ သမိုင်းကြောင်း အသီးသီးရှိနေခဲ့ကြလို့ပဲ ဖြစ်ပါ တယ်။ မြောက်ဦးလိုမျိုး၊ ဥဿပဲခူးလိုမျိုး သမိုင်းတွေဟာလည်း အထင်အရှား ဖြစ်ပါတယ်။ အဲဒီသမိုင်းနဲ့ သက်ဆိုင်တဲ့ လူမျိုးတွေ ဟာ အခုဆိုရင် ပြည်ထောင်စုအသစ်ထဲမှာ သမိုင်းအသစ်တွေကို အတူတကွ ‌ရေးထိုးနေ ကြတဲ့ ညီအစ်ကိုတွေ ဖြစ်နေကြပါပြီဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်ကြဖို့ ပြောကြား လိုပါတယ်။ အခုလို အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းတွေကို အားစိုက်ဆောင်ရွက် နေတဲ့ အချိန်မျိုးမှာ ပိုလို့တောင်မှ သတိပြုသင့်ပါကြောင်း လေးလေးနက်နက်ထား တင်ပြလိုပါတယ်။&#13;
&#13;
တိုင်းပြည်တစ်ခုတည်းမှာ အတူနေထိုင်ကြဖို့ ကိုယ်နဲ့မတူတဲ့ အခြားတိုင်းရင်းသား လူမျိုးတွေနဲ့ နေကြဖို့ကို ရွေးချယ်ခဲ့ကြပြီးပြီမို့ နောက်ထပ် တစ်မျိုး ပြန်လည် ရွေးချယ်ဖို့ဆိုတာ မလွယ်ကြတော့ပါဘူး။ ၁၉၄၈ ခုနှစ် ကတည်းက အတူလက်တွဲ နေထိုင်ကြဖို့ ရွေးချယ်ခဲ့ကြပြီးပြီမို့ ရှေ့လျှောက် ကာလတွေမှာလည်း ကျွန်တော်တို့ အားလုံးဟာ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်သွားကြဖို့ကလွဲရင် အခြား နည်းလမ်းမရှိတော့ပါဘူး။ မြန်မာ့လူ့အသိုင်းအဝိုင်းထဲမှာရှိနေကြတဲ့ အဖွဲ့အစည်း တစ်ခုကိုပဲ ဖြစ်ဖြစ်၊ လူမျိုးစု တစ်ခုကိုပဲဖြစ်ဖြစ် ပစ်ပယ်လိုက်ဖို့ဆိုတာလည်း လုံးဝ မဖြစ်သင့်ပါဘူး။ ဒါမျိုးက လုပ်ကောင်းတဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ ဘယ်သူကမှ လည်း လက်ခံကြမှာ မဟုတ်ပါဘူး။&#13;
&#13;
နိုင်ငံချစ်စိတ်&#13;
&#13;
တိုင်းပြည်ကို ချစ်တတ်ဖို့ မျိုးချစ်စိတ်မှတစ်ပါး အခြားမရှိဆိုတဲ့ အမြင် တွေကို ပြောဆိုနေကြတာလည်း သတိထားမိပါတယ်။ မျိုးချစ်စိတ်ဟာ ရှိသင့် ရှိအပ်တဲ့ စိတ်ဓာတ်မျိုးဖြစ်ပါတယ်။ မျိုးချစ်စိတ်ဆိုတာ လူမျိုးတိုင်းရဲ့ မွေးရာပါ ဖွားဖက်တော် လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လို လူမျိုး ပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံမှာ မျိုးချစ်စိတ်ဟာ လူမျိုး တိုင်းမှာ ရှိနေကြတာမို့ မျိုးချစ်စိတ်တွေ တကွဲတပြားစီနဲ့ မတူမညီ ပြန့်ကျဲ နေကြမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ သူကလည်း သူ့မျိုးချစ်စိတ်နဲ့သူ၊ ငါကလည်း ငါ့မျိုးချစ်စိတ်နဲ့ငါဆိုရင် ပြန်လည်နီးစပ်သွား ကြဖို့ကတော့ အတော်ကို ခက်ခဲနေကြဦးမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးအသီးသီးမှာ ရှိနေကြတဲ့ မျိုးချစ်စိတ်တွေကို စုစည်းနိုင်တဲ့၊ စည်းနှောင် ထားနိုင်တဲ့ “တစ်ခုတည်း” သော စိတ်ဓာတ်ကတော့ “ပြည်ထောင်စုကို ချစ်မြတ်နိုးတဲ့ နိုင်ငံချစ်စိတ်” ဆိုတာပဲ ဖြစ်ပါတယ်။ ဆိုချင်တာက “ပြည်ထောင်စုကို ချစ်မြတ်နိုးတဲ့ နိုင်ငံချစ်စိတ်”ကိုသာ ပထမဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပြီး “ မျိုးချစ်စိတ် ” ကိုတော့ ဒုတိယဦးစားပေးနေရာမှာ ထားဖို့လိုတယ်လို့ ပြောကြား လိုပါတယ်။&#13;
&#13;
မျိုးချစ်စိတ်ထက်စာရင် ပြည်ထောင်စုကို ချစ်မြတ်နိုးတဲ့ နိုင်ငံချစ်စိတ်က သာလျှင် အမျိုးသား ရင်ကြားစေ့ရေးကို ဦးစီးရှေ့ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်း ညီညွတ်ရေးကို တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ အဲဒီလို အခြေအနေကတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးကို ထူထောင်နိုင်မယ်လို့ ကျွန်တော်တို့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။&#13;
&#13;
တစ်စုတစ်ဖွဲ့တည်းက နိုင်ငံတစ်ခုလုံးကို ကြီးစိုးချုပ်ကိုင်ခြယ်လှယ်သွားတာမျိုး ဆိုတာလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ စုဝေးနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံမို့ ပိုပြီး မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။ ဘယ်လိုလူမျိုးပဲဖြစ်ပါစေ၊ အရည် အချင်းရှိသူ ဘယ်သူမဆို ခေါင်းဆောင်ခွင့်ပေးရမယ့် အခြေအနေ ဖြစ်ပါတယ်။ အတူနေသူ တိုင်းရင်းသားအားလုံးရဲ့ အများပိုင် တိုင်းပြည်တစ်ခုအဖြစ်သာ ပုံဖော်ဖို့ ကြိုးစားအားထုတ်သင့်ပါတယ်လို့ တိုက်တွန်းလိုပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းကိုပဲ မဏ္ဍိုင်ပြုတဲ့ လက္ခဏာ တွေကိုသာ ဖော်ပြနေရင် ကျန်တဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်လက္ခဏာ (Identity) တွေကို လျစ်လျူရှုထားခဲ့တာ ကာလကြာညောင်းလာ တာနဲ့အမျှ ယနေ့ခေတ်လို အသိအမြင်ကျယ်ပြန့်လာတဲ့ ဒီဘက်ခေတ်အခါမှာ ဖုံးဖိထားလို့ မရနိုင်တော့ပါဘူး။ တိုင်းရင်းသားလူမျိုးတစ်ခုတည်းရဲ့ မျိုးချစ်စိတ်နဲ့ သရုပ် သကန်ကိုပဲ မြှင့်တင်လာတာများလာတဲ့အခါ ကျန်တဲ့တိုင်းရင်းသားလူမျိုးစုငယ်လေး တွေဟာလည်း မိမိတို့ရဲ့ ယဉ်ကျေးမှုနဲ့ မျိုးချစ်စိတ်တွေကို အသီးသီး ပြန်လည်ထူထောင်လာကြတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒါက ကောင်းတဲ့ လက္ခဏာ တစ်ခု အဖြစ် မြင်နိုင်ပေမယ့် အခုအချိန် ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အဓိက ကျတဲ့ ပြည်ထောင်စုအရေးကိစ္စက ပထမဦးစားပေး မဟုတ်တော့ဘဲ၊ မိမိတို့လူမျိုး မိမိတို့ကိစ္စကသာလျှင် ပထမဦးစားပေးဆိုတဲ့ အခြေအနေတွေကို ရောက်နေကြတာ အားလုံးသိမြင် ကြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအရေးက အမြဲတမ်းပထမ ဖြစ်နေရမယ့်အစား အဖွဲ့အစည်းတွေ၊ လူမျိုးရေး လက္ခဏာတွေက ပထမနေရာကို ဝင်ယူနေတာဟာ ညီညွတ်မှုအတွက် အခက်အခဲကြီး ဖြစ်နေတယ်ဆိုတာ သတိထား မိကြဖို့ တင်ပြလို ပါတယ်။၊ တကယ်တော့ တိုင်းရင်းသားလူမျိုးစုတွေ လိုလားနေကြတာက တန်းတူညီမျှရေးလောက်ပဲ ဖြစ်ပါတယ်။ အဲဒါလောက်ကလေး တောင်းတာ တောင် မအောင်မမြင်ဖြစ်လာတဲ့အတွက် တောင်းဆိုမှုတွေက တဖြည်းဖြည်း ကြီးထွားလာရတာ ဖြစ်တယ်လို့ မြင်မိပါတယ်။ တန်းတူအခွင့်အရေး လောက်ကို စဉ်းစားပေးရုံနဲ့လည်း ကိုယ့်အထဲက ဘာမှလျော့ကျသွားစရာ မရှိပါဘူးလို့ ထင်ပါတယ်။ စိတ်စေတနာကောင်း တွေ ရှိနေဖို့ပဲ လိုအပ်ပါတယ် ဆိုတာ တင်ပြလိုပါတယ်။&#13;
&#13;
သွေးစည်းညီညွတ်ရေး&#13;
&#13;
အခု ငြိမ်းချမ်းရေးညီလာခံဟာ ၁၉၄၇ ခုနှစ် ပင်လုံမှာချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက်အလက်တွေကို ပြည့်ပြည့်ဝဝ အသက်ဝင်အောင် အကောင် အထည်ဖော်ဖို့ ဆောင်ရွက်နေတဲ့ ညီလာခံလို့သာ မှတ်ယူချင်ပါတယ်။ အချို့သော ပုဂ္ဂိုလ်တွေ စိုးရိမ်နေသလို ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို လွှမ်းမိုးပယ်ဖျက်ဖို့ ထပ်မံလုပ်ဆောင်နေတဲ့ ညီလာခံတစ်ရပ်မျိုး မဖြစ်စေချင်ပါဘူး။ မဖြစ်ရ‌လေအောင် လည်း သတိပြုပေးကြဖို့ကိုလည်း အလေးအနက်ထား တောင်းဆို တိုက်တွန်းလိုပါတယ်။&#13;
&#13;
ဒီကနေ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ သွေးစည်းညီညွတ်ရေးလိုအပ်ချက်ကို အမြန်ဆုံး မဖြစ်မနေ တည်ဆောက်ရမယ့် အချိန်ဖြစ်နေတယ်လို့လည်း ယူဆမိပါတယ်။ COVID-19 ကြောင့် သက်ရောက်လာမယ့် စီးပွားရေးနှောင့်နှေးမှုကြီးတွေ တင်မကဘဲ ယခုအချိန်တွင် ပထဝီနိုင်ငံရေးအရ အင်အားကြီး (နှစ်) ခုရဲ့ အားပြိုင်မှုအကြား ကျရောက်နေရတဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာ လည်း အားလုံးသိထားကြပြီးဖြစ်ပါတယ်။ ပဋိပက္ခတွေ များလွန်းနေတဲ့ ကျွန်တော်တို့ ပြည်ထောင်စုအတွက် စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။ ကိုယ်ခံ အားနည်းနေတဲ့အချိန်မျိုးမှာ ပြင်ပက ရောဂါတွေ ကူးစက်လွယ်တဲ့ သဘောမျိုးပါ။ ကျွန်တော်တို့ ကိုယ်ခံအား၊ ခုခံအားကောင်းအောင်လုပ်ဖို့ လိုပါတယ်။ အဲဒါကတော့ အမျိုးသားညီညွတ်ရေးကို အမြန်ဆုံးတည်ဆောက် ရေးပဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။&#13;
&#13;
ပြည်ထောင်စုကြီးရဲ့ စည်းလုံးညီညွတ်မှုကို အမြန်ဆုံးတည်ဆောက် နိုင်ပါစေ။&#13;
&#13;
ငြိမ်းချမ်းရေးညီလာခံမှာ ငြိမ်းချမ်းရေးစကားကိုဆိုရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။&#13;
&#13;
အားလုံးကို ကျေးဇူးတင်ပါတယ်။&#13;
&#13;
မိုင်ဆုန်ခ</text>
          </elementText>
        </elementTextContainer>
      </element>
    </elementContainer>
  </itemType>
  <elementSetContainer>
    <elementSet elementSetId="1">
      <name>Dublin Core</name>
      <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
      <elementContainer>
        <element elementId="50">
          <name>Title</name>
          <description>A name given to the resource</description>
          <elementTextContainer>
            <elementText elementTextId="18448">
              <text>Sai Nyunt Lwin Speech at 21st Pinlon (Aug 20th 2020)</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="49">
          <name>Subject</name>
          <description>The topic of the resource</description>
          <elementTextContainer>
            <elementText elementTextId="18449">
              <text> Politician</text>
            </elementText>
            <elementText elementTextId="18450">
              <text>Shan Ethnic</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="41">
          <name>Description</name>
          <description>An account of the resource</description>
          <elementTextContainer>
            <elementText elementTextId="18451">
              <text>စိုင်းညွန့်လွင်၊ ၂၁ ရာစု ပင်လုံ၊ ဩဂုတ် ၂၀၊ ၂၀၂၀</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="48">
          <name>Source</name>
          <description>A related resource from which the described resource is derived</description>
          <elementTextContainer>
            <elementText elementTextId="18452">
              <text>mm.gov</text>
            </elementText>
          </elementTextContainer>
        </element>
      </elementContainer>
    </elementSet>
  </elementSetContainer>
  <tagContainer>
    <tag tagId="229">
      <name>21st Pinlon</name>
    </tag>
    <tag tagId="228">
      <name>Civil War</name>
    </tag>
    <tag tagId="227">
      <name>Sai Nyunt Lwin</name>
    </tag>
  </tagContainer>
</item>
