Dr Zaw Min

Dublin Core

Title

Subject

Description

ဒေါက်တာဇော်မင်း

Source

Moe Thee Zun

Person Item Type Metadata

Occupation

Biographical Text


သူဟာ ကျနော်ရဲ့ သူရဲကောင်းတဦး။ ညီအကို မောင်နှမ ၅ ယောက်ရှိတယ်။ သူက အကြီးဆုံး။ အားလုံးဆေးကျောင်းသားတွေဖြစ်တယ်။ ညီနှစ်ယောက်က တော်လှန်ရေးမှာ အသက်ပေးခဲ့ရတယ်။ ဒေါက်ဇော်ထွန်း နဲ့ ကိုဇော်ခိုင် တို့ဖြစ်တယ်။ သူကိုယ်တိုင်က ဦးခင်ညွန်ဒေါက်လှမ်းရေးအဖွဲ့ရဲ့ နိပ်စက်ညှင်းပန်းမှုကို အဆိုးဝါးဆုံးခံခဲ့ရတယ်။
စိတ်ပိုင်ဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ခံခဲ့ရတယ်။
သူဟာ ၈၈ ကျောင်းသား တွေထဲမှာ အတော်ဆုံး၊ စာအဖတ်ဆုံး၊ အထက်မြက်ဆုံးကျောင်းသားတဦးဖြစ်တဲ့သူဟာ အရပ်မြင့်မြင့်၊ အသားလတ်လတ်
အနေထိုင်သန့်ရှင်းသန့်ပြန့်တယ်။ ရိုးသားတယ်။ တည်ကြည်တယ်။ အရက်သောက် ဆေးလိပ်ကွမ်း ကင်းရှင်းသူတဦးဖြစ်တယ်။ စကားကိုဟောဟောဒိုင်းဒိုင် ပြောတတ်သူတဦးဖြစ်ပြီး ခင်မင် နှစ်လိုဖွယ်ကောင်းသူတဦးပါ။
၁၉ ၇၉ ခုနစ်မှာ သူနဲ့ကျနော်စတင်တွဲခဲ့ကြတယ်။
ကျနော်က အထက်တန်းကျောင်းသားပါ။ စာအတူဖတ်ခဲ့ကြတယ်။ သူက ဆေးတက္ကသိုလ် ၂မှာ
ပညာသင်နေတယ်။ ဆေး ၂ မဂဇင်းအယ်ဒီတာလုပ်နေတယ်။
၁၉ ၈၅ ခုနစ်မှာ ကျောင်းထဲမှာ မြေအောက်လှုပ်ရှားမှုတွေ စတင်လုပ်ဆောင်ခဲ့ကြတယ်။
အထွေထွေ လူထုလှုပ်ရှားမှုကြီးဖြစ်တော့မယ်လို့ အစောဆုံး ဟောကိန်းထုတ်ခဲ့သူဖြစ်ပါတယ်။
သူနဲ့ပတ်သက်လို့ ရဲဘော်မောင်မောင်ကျော် က
'' သူဟာ လူထုတိုက်‌ပွဲကိုထိထိ‌ရောက်‌‌ရောက်‌ဦး‌ဆောင်‌မှု‌ပေးနိုင်‌တဲ့ ရဲဘော်တဦး '' လို့ ဆိုတယ်။
သူအခု အင်စိန်မြို့နယ်မှာနေတယ်။ ဆေးခန်းလေးဖွင့် ထားပြီး မိခင်အိုကိုလုပ်ကြွေးနေတယ်။
ကိုဇော်မင်း မပါပဲ နဲ့ ကျောင်းသားလှုပ်ရှားမှုကြီးနဲ့ ၈လေးလုံးလှုပ်ရှားမှုကြီး သမိုင်းဟာ
ပြည့်စုံမယ်မထင်ဘူး။
သူမိသားစု တခုလုံးဟာ ၈၈ အရေးတော်ပုံ ကြီးအတွက်ပေးဆပ်ခဲ့တယ်။ ကျနော်သူကိုဂုဏ်မပြုနိင်သေးဘူး။ ၂၀၀၁ ခုနစ်မှာ ကျနော်အမေရိကန် ပြည်ထောင်စုကို
ရောက်တယ်။ ရဲဘော်ကိုကိုဦး က ကားတစီးလက်ဆောင်ပေးတယ်။ သူကိုဂုဏ်ပြုသောအားဖြင့်
ဒီကားနံပတ်ကို ZAWMIN လို့ ပေးခဲ့တယ်။ ( အမေရိကန် ပြည်ထောင်စုမှာ ကိုယ်ကားနံပတ်ကိုကိုယ်ပေးလို့ရတယ်။ ကားနံပတ်မဟုတ်ပဲ
ကိုယ်ချစ်ခင် တဲ့သူ တွေရဲ့အမည်ကိုလဲ ပေးလို့ရတယ်။ ကားပုံကို အောက်မှာဖေါ်ပြထားပါတယ်။ )
သူရဲ့ဖေစ်ဘုတ် https://www.facebook.com/zm.isn?fref=ts
မှာ သူကိုမိတ်ဆွေ ဖွ ဲ့နိင်ပါတယ်။
မိုးသီးဇွန်
(ညီအငယ်ဆုံး ဇော်ခိုင်က တိရိစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ်ကျောင်းသားပါ။ ကျန်လေးယောက်က ဆေးကျောင်းကပါ။)

Citation

“Dr Zaw Min,” MoeMaKa Online Library Archives, accessed October 9, 2025, https://moemaka.net/omeka2/items/show/2774.