<?xml version="1.0" encoding="UTF-8"?>
<item xmlns="http://omeka.org/schemas/omeka-xml/v5" itemId="2772" public="1" featured="0" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://omeka.org/schemas/omeka-xml/v5 http://omeka.org/schemas/omeka-xml/v5/omeka-xml-5-0.xsd" uri="https://moemaka.net/omeka2/items/show/2772?output=omeka-xml" accessDate="2026-09-10T03:01:09+00:00">
  <fileContainer>
    <file fileId="200">
      <src>https://moemaka.net/omeka2/files/original/91071301e5b015f857d80df009a30552.jpg</src>
      <authentication>5fca0f219c42eb53ad33b8d431d832d9</authentication>
    </file>
    <file fileId="201">
      <src>https://moemaka.net/omeka2/files/original/6a3a089e8b05abd3b54abb5d2ec43bfb.jpg</src>
      <authentication>ebca9684b0ba5807902523cade922066</authentication>
    </file>
    <file fileId="202">
      <src>https://moemaka.net/omeka2/files/original/429d6c3539c87a54b3379cc621ecb35b.jpg</src>
      <authentication>c2f3f549138fbcdf2ee72a5421a787af</authentication>
    </file>
    <file fileId="203">
      <src>https://moemaka.net/omeka2/files/original/bf4f469a51396c971172075658f1d149.jpg</src>
      <authentication>38980f488dcc0dd26c438528c2887abf</authentication>
    </file>
    <file fileId="204">
      <src>https://moemaka.net/omeka2/files/original/848f99fb7ae12d1bdc7c61242cbf150c.jpg</src>
      <authentication>5785e1edc1a6865bedb43a5308f1c7b3</authentication>
    </file>
    <file fileId="205">
      <src>https://moemaka.net/omeka2/files/original/777b1ffc2cc631d34c1f1bb675bae0c7.jpg</src>
      <authentication>7f5104c1c2c010baa159c445c8fbea8f</authentication>
    </file>
  </fileContainer>
  <collection collectionId="6">
    <elementSetContainer>
      <elementSet elementSetId="1">
        <name>Dublin Core</name>
        <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
        <elementContainer>
          <element elementId="50">
            <name>Title</name>
            <description>A name given to the resource</description>
            <elementTextContainer>
              <elementText elementTextId="18174">
                <text>2020 Reports on Burma</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="49">
            <name>Subject</name>
            <description>The topic of the resource</description>
            <elementTextContainer>
              <elementText elementTextId="18175">
                <text>Event, Report, Obit, Bio</text>
              </elementText>
            </elementTextContainer>
          </element>
        </elementContainer>
      </elementSet>
    </elementSetContainer>
  </collection>
  <itemType itemTypeId="12">
    <name>Person</name>
    <description>An individual.</description>
    <elementContainer>
      <element elementId="34">
        <name>Occupation</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18425">
            <text>Architect</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="35">
        <name>Biographical Text</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18426">
            <text>မည်သည့်ပုံနှိပ်စာအုပ်တွင်မှ မဖော်ပြ&#13;
ရသေးသော ရှားပါးဆောင်းပါးတပုဒ်ပါ။&#13;
ဖြတ်ပိုင်းအဖြစ်သိမ်းယူထားပြီး &#13;
အထားမှားသဖြင့်  ပြန်ရှာမရပဲ ကိုဗစ်ကာလတွင်မှ ပြန်လည်ရှာတွေ့မိသော &#13;
စိတ်ဝင်စားစရာ အညတရ သူရဲကောင်း&#13;
တဦး၏ ခါးသီးသော ဘဝဖြတ်သန်းမှုပေတည်း။ &#13;
&#13;
&#13;
၂၀၁၆ ခုနှစ် သြဂုတ်လ &#13;
ဒုတိယပတ်အတွင်းက&#13;
စံတော်ချိန်သတင်းစာမှာ ဆရာဖေဒီ&#13;
ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးပါ။&#13;
&#13;
ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည် အုတ်ဂူ၏နောက်ကွယ်က ဘဝတစ်ခု&#13;
(၁)&#13;
မကြာသေးမီ ကာလများက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများ၏ အာဇာနည်ဗိမာန်နှင့် ပတ်သက်သောဇာတ်လမ်းများကို ကြားသိခဲ့ရသည်။ ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ဂူဗိမာန် ရွှေရတု အခမ်းအနားလည်း ကျင်းပခဲ့ကြသည်။ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ ဂူဗိမာန်များနှင့် ပတ်သက်သည်များကို ကြားသိရသည့်အခါတွင် ဗိုလ်ချုပ်ကတော် &#13;
ဒေါ်ခင်ကြည်၏ ဂူဗိမာန်နှင့် &#13;
ပတ်သက်ပြီး ပြောစရာရှိသည်များကို ပြောချင်စိတ်ဖြစ်လာပါသည်။&#13;
(၂)&#13;
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်၊ နံနက် ၇ နာရီ၊ ၁၇ မိနစ်တွင် ဆုံးပါးကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်က ၇၆ နှစ် ရှိပြီ ဖြစ်သည်။ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပေါ်မှာပင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ &#13;
ရပ်ဝေးမှဆွေမျိုးမိတ်သင်္ဂဟများ၊ ပြည်သူလူထုများ နောက်ဆုံးဂါရဝပြုနိုင်ရန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာပင် ရုပ်ကလပ်ကို ခုနစ်ရက် ထားခဲ့သည်။ နဝတအဖွဲ့မှ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ လာရောက်ပြီးဂါရဝ ပြုခဲ့ကြသည်။ ဇန်နဝါရီလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် စျာပနအခမ်းအနား ပြုလုပ်ခဲ့ရာ ပြည်သူလူထု ငါးသိန်းခန့် လာရောက်ပြီး ဂါရဝပြုခဲ့ကြသည်။ &#13;
ဂူဗိမာန် နေရာကို နဝတအစိုးရ၏သဘောတူညီချက်အရ ရွှေတိဂုံစေတီတော် တောင်ဘက် မုခ်ရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်တို့၏ ဂူဗိမာန်နှစ်ခုအကြားတွင် တည်ထားခဲ့လေသည်။&#13;
(၃)&#13;
ဗိုလ်ကတော်၏ ဂူဗိမာန်ဗိသုကာဒီဇိုင်းပုံစံမှာ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့ဆင်ဝင်ပုံစံကို ယူ၍ ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ကူးဟုလည်း ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်က 'အမေ &#13;
မကွယ်လွန်ခင်မှာ ဒီအိမ်ဆင်ဝင်အောက်မှာထိုင်ပြီး&#13;
အမြဲပုတီးစိပ်၊ တရား မှတ်လေ့ရှိတယ်။ အဲဒီမှာ အမေ ထိုင်ရတာ သဘောကျပုံ ရတယ်။ အဲဒီဒီဇိုင်းလေးများ&#13;
ရနိုင်မလား'ဆိုပြီး ထိုဆင်ဝင်ဒီဇိုင်းအတိုင်း ရေးဆွဲပြုလုပ်စေခဲ့ခြင်း ဖြစ်သည်။&#13;
သို့ဆိုလျှင် ဗိုလ်ချုပ်ကတော်၏ ဂူဗိမာန် ဗိသုကာဒီဇိုင်းကို မည်သူရေးဆွဲခဲ့သနည်း။&#13;
(၄)&#13;
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုသတင်းနှင့်ပြန်ကြားရေး ကော်မတီက နသ-ဝ၈၄ ဖြင့် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလက ဒုတိယအကြိမ် ထုတ်ဝေခဲ့သော&#13;
မုံရွာ အောင်ရှင် ရေးသားသည့် 'အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရက်စွဲမှတ်တမ်း (ပထမတွဲ)'စာအုပ်၊ စာမျက်နှာ ၂၉ မှ ၃၄ အထိ ဖော်ပြထားသော 'မဟာသီရိ သုဓမ္မဒေါ်ခင်ကြည်ရာပြည့် (သို့မဟုတ်) မဟာမိခင်သို့ တမ်းချင်းတစ်ပုဒ်' အမည်ရှိ ဆောင်းပါး၊ စာမျက်နှာ ၃၄ တွင်-&#13;
'ဂူဗိမာန်နေရာကို နဝတအစိုးရ၏ သဘောတူညီချက်အရ ရွှေတိဂုံ&#13;
စေတီတော် တောင်ဘက်မုခ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်တို့၏ဂူဗိမာန်အကြားတွင် တည်ထားခဲ့သည်။ ဂူဗိမာန်၏ ပုံသဏ္ဌာန်ကို ဗိသုကာဦးရွှေနှင့် ဗဟိုကော်မတီဝင် ဦးကျော်မင်းတို့က ပုံဖော်ခဲ့သည်။ မဟာမိခင်ကြီး သက်ရှိထင်ရှားရှိစဉ် အမြဲထိုင်လေ့ရှိသော အင်းလျားကန်ဘက်သို့ မျက်နှာမူသည့် ပေါ်တီကိုကလေးကို အခြေခံလျက် ကောင်းကင်သို့ &#13;
လက်အစုံ ကြာငုံပုံပြုသော ခံ့ညား၍ လက်ရာမြောက်သည့် ခေတ်သစ်ဒီဇိုင်းဖြစ်သည်။'ဟူ၍ ရေးသားထား&#13;
သည်ကို တွေ့ရသည်။&#13;
ဆရာမုံရွာအောင်ရှင်၏ ထိုဆောင်းပါးမှာ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ထုတ်၊ အတွဲ ၁၊ အမှတ် ၁၄ ဒီလှိုင်းဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်ကို သတိပြုမိသည်။&#13;
နောက်တစ်ပတ် ဧပြီလ ၃ဝ ရက်နေ့ ထုတ် ဒီလှိုင်းဂျာနယ်တွင် ထိုဆောင်းပါးအတွက် ပြင်ဆင်ချက်ထည့်သွင်းပေးထားသည်ကိုလည်း အောက်ပါအတိုင်း တွေ့ရသည်။&#13;
'ဒီလှိုင်းစာစောင် အတွဲ ၁၊ အမှတ် ၁၄ တွင် ဖော်ပြခဲ့သော NLD ရက်စွဲမှတ်တမ်းအဖြစ် ဖော်ပြခဲ့သည့် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရာပြည့် (သို့မဟုတ်) မဟာမိခင်သို့ တမ်းချင်းတစ်ပုဒ်ဆောင်းပါးတွင် အောက်ပါ အတိုင်း ဖြည့်စွက်ဖတ်ရှုပါရန်။ &#13;
". . .ဒေါ်ခင်ကြည်၏ဂူဗိမာန်ကို ဒေါ်အောင်ဆန်း စုကြည်၏စိတ်ကူးအတိုင်း မိခင်ကြီးအမြဲထိုင်နေကျ ပေါ်တီကိုဒီဇိုင်းပုံ သဏ္ဌာန်အဖြစ် ဗိသုကာ ဦးရွှေနှင့် ဦးကျော်မင်းတို့က ပုံဖော်ကြပါသည်။ ဆောက်လုပ်ရေး တာဝန်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာ ဦးဘိုကြီးက တာဝန်ယူ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါသည်။'&#13;
ဤပြင်ဆင်ချက်ကို စာအုပ်ထဲတွင် ထည့်သွင်းဖော်ပြထားခြင်း မတွေ့ရပါ။&#13;
ဆရာမုံရွာအောင်ရှင်၏ မူလဆောင်းပါးနှင့် ဤပြင်ဆင်ချက်အရဆိုလျှင် ဂူဗိမာန် ဗိသုကာဒီဇိုင်းမှာ ဗိသုကာဦးရွှေနှင့် ဦးကျော်မင်းတို့၏ လက်ရာဖြစ်ပြီး ဦးဘိုကြီးသည် ဆောက်လုပ်ရေးတာဝန်ခံ ဖြစ်သည်။&#13;
မက်ဆင်ဂျာ ဂျာနယ် အတွဲ ၃၊ နံပါတ် ၁ဝ တွင် ဖော်ပြပါရှိသော ဟာကျူလီ (ကသာ)၏ 'ရင်သွေးတွေကို ဖခင်ခြေရာ နင်းစေချင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ မဟေသီ မဟာသီရီသုဓမ္မ ဒေါ်ခင်ကြည်' အမည်ရှိ ဆောင်းပါးတွင်မူ ဗိမာန်ဗိသုကာ ဒီဇိုင်းမှာ ဦးဘိုကြီး၏ ဒီဇိုင်းဖြစ်ကြောင်း အောက်ပါအတိုင်း ရေးသားခဲ့သည်ကို တွေ့ရသည်။&#13;
'မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ တပ်မတော်ရဲ့ဖခင်ကြီး၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ စျာပနကို ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ လူထုအခမ်းအနားနဲ့ ပို့ဆောင်ကျင်းပခြင်း မပြုခဲ့ပေမယ့် ရွှေတိဂုံဘုရားလမ်းမှာ ရှိတဲ့ ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်နဲ့ သီပေါင်းမင်းရဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ်တို့ ဂူဗိမာန်နှစ်ခု ကြားမှာ ဂု ဏ်သိက္ခာ ထည်ဝါစွာ ဂူဗိမာန် တည်ဆောက်သင်္ဂြိုဟ်ခွင့် ပြုခဲ့ပါတယ်။ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ ဂူဗိမာန်ကို ဒီဇိုင်းဆွဲပေးခဲ့သူဟာ ရန်ကုန်တိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဘိုကြီး ဖြစ်ပါတယ်။ ဦးဘိုကြီး ဆွဲခဲ့တဲ့ အုတ်ဂူဗိမာန် ဒီဇိုင်းပုံစံဟာ ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့ဆင်ဝင် ဒီဇိုင်းအတိုင်းပဲ ဆွဲခဲ့တာ ဖြစ်ပါတယ်။'&#13;
ဆရာမုံရွာအောင်ရှင်၏ရေးသားချက်နှင့် ဆရာဟာကျူလီ(ကသာ)၏ ရေးသား ချက်နှစ်ခုမှာကွဲလွဲနေသည်။ NLD ရက်စွဲ မှတ်တမ်းကို စာအုပ်စာပေအဖြစ် &#13;
တခုတ်တရ ထုတ်ဝေထားရာ သမိုင်းအမှန်သည် အရေးကြီးသည်ဟု &#13;
ယူဆမိပါသည်။ ဗိုလ်ချုပ်ကတော်နှင့် ဆက်စပ်သော သမိုင်းမှတ်တမ်းလည်း ဖြစ်နေသဖြင့် သမိုင်းမှန်ဖြစ်ဖို့အတွက် ပို၍ပင် အရေးကြီးပါသည်။&#13;
(၅)&#13;
ဤအတွက် သက်ရှိထင်ရှား ရှိနေသေးသူ ဗိသုကာ ဦးဘိုကြီးနှင့် တွေ့ဆုံ၍ &#13;
သိသင့်သည်များကို တွေ့ဆုံမေးမြန်း ဖြစ်ပါသည်။ ဗိသုကာ ဦးဘိုကြီးမှာ ယခုအခါ အသက် ၈ဝ ကျော်အရွယ် ရှိနေပြီဖြစ်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်လျက် ဦးပဏ္ဍိတဘွဲ့ခံ ရဟန်းတော်တစ်ပါး ဖြစ်နေပါသည်။ &#13;
ဒေါ်ခင်ကြည်ကွယ်လွန်သည့်နေ့ နံနက်ကိုးနာရီလောက်မှာပင် ဦးဘိုကြီး &#13;
နေထိုင်ရာ မင်းမနိုင်အိမ်သို့ ကိုဆန်နီငြိမ်းနှင့် ကိုမျိုးမြင့်ညိမ်းတို့ ညီအစ်ကို နှစ်ယောက် ရောက်လာသည်။ ကိုဆန်နီငြိမ်းက 'ဒေါ်ခင်ကြည်၏ အုတ်ဂူဗိမာန် ဒီဇိုင်းကို ရေးဆွဲပေးနိုင်မလား'ဟု မေးရင်း 'သေသေချာချာတော့ စဉ်းစားနော်၊ ဦးဘိုကြီးက ဝန်ထမ်းဆိုတော့ အလုပ်ထိခိုက်နိုင်စရာ ရှိတယ်'ဟု ဆက်ပြောသည်။&#13;
မှန်သည်။ နဝတအစိုးရသည် မည်သည့်ဝန်ထမ်းမဆို ဒေါ်ခင်ကြည်၏စျာပနနှင့် မည်သို့မျှ မပတ်သက်ရဟု တစ်ချက်လွှတ် အမိန့်ကြေညာစာ ထုတ်ပြန်ထားသည်။ ဦးဘိုကြီးသည် ထိုအချိန်တွင် ရန်ကုန်တိုင်း ဆောက်လုပ်ရေးဌာနမှ ဦးစီးအရာရှိ ဝန်ထမ်းတစ်ဦး&#13;
ဖြစ်နေသည်။&#13;
ဦးဘိုကြီး၏ စိတ်ထဲတွင် ကိုဆန်နီငြိမ်း၏ စကားကို ကြားပြီးကတည်းက ဆုံးဖြတ်ပြီး ဖြစ်သည်။ သို့သော် ဇနီးဖြစ်သူ၏ သဘောကို သိလိုသေးသဖြင့် ဘယ်လိုလဲဟူသည့် အမေးပါသော အကြည့်ဖြင့် သူ့ဇနီးကို လှမ်းကြည့်လိုက်သည်။ ဇနီးဖြစ်သူ ဒေါ်ခင်ဆွေက&#13;
'စဉ်းစားမနေပါနဲ့။ အမြန်ဆုံး လုပ်ပေးလိုက်ပါ။ ဒေါ်ခင်ကြည်ဆိုတာ အမျိုးသား ခေါင်းဆောင်ကြီးရဲ့ဇနီး မုဆိုးမကြီးပါ။ ရှင် အလုပ်ပြုတ် သွားရင် ကျွန်မ စက်ချုပ်ပြီးကျွေးမယ်။ &#13;
စိတ်မပူနဲ့။ လုပ်ဖြစ်အောင်သာ &#13;
လုပ်ပေးလိုက်' ဟု အားတက်သရော အားပေးတော့ လုပ်ပေးမည်ဟု ကိုဆန်နီငြိမ်းကို ကတိပြုလိုက်သည်။ ကိုဆန်နီငြိမ်းက သူ၏ ဂျစ်ကားလေးဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဦးဘိုကြီးအား ခေါ်ဆောင်သွားခဲ့သည်။&#13;
(၆)&#13;
ဦးဘိုကြီးသည် ထိုတော့မှပင်&#13;
ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်တွေ့ဖူးသည်။ သူရောက်သွားချိန်တွင် ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်လည်း&#13;
ရှိနေသည်။&#13;
ဦးဘိုကြီးက 'ဘယ်လို ဒီဇိုင်းမျိုး &#13;
လိုချင်ပါသလဲ'&#13;
ဟု ဒေါ်စုကို မေးမြန်းသည့်အခါ &#13;
ဒေါ်စုက 'ဆင်ဝင်ပုံစံလေး လုပ်ရင် ကောင်းမယ်၊  အမေကဒီနေရာလေး&#13;
ကိုအတော်သဘောကျပုံရတယ်'ဟု သူ၏စိတ်ကူးကို ပြောပြသည်။ &#13;
ဒေါ်စုနှင့်တွေ့ပြီး ပြန်အလာတွင် &#13;
ဦးဘိုကြီးက အရာရှိဖြစ်သူ &#13;
တိုင်းအင်ဂျင်နီယာထံ သွားရောက် သတင်းပို့လိုက်သည်။ တိုင်းအရာရှိမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး 'ခင်ဗျားက ကျားအမြီးကို သွားဆွဲတာပဲ'ဟု မြည်တွန်တောက်တီးသည်။&#13;
'ခင်ဗျားကို လုပ်ပါလို့လည်း မပြောဘူး၊ မလုပ်ပါနဲ့လို့လည်း မတားဘူး၊ ခင်ဗျားသဘောပဲ'ဟု တဖျစ်ဖျစ်တောက်တောက်ဆိုရင်း တိုင်းအရာရှိသည် ရုံးချုပ်နှင့် ဝန်ကြီးထံသို့ ဖုန်းဆက်ပြီး သတင်းပို့လေသည်။&#13;
မကြာပါချေ။&#13;
ဦးဘိုကြီးထံသို့ ထုချေလွှာ တောင်းခံစာ ရောက်ရှိလာသည်။ ဦးဘိုကြီးသည် &#13;
ဒေါ်အောင်ဆန်းစုကြည်ထံ ချက်ချင်းသွားပြီး အကျိုးအကြောင်းတင်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းမှူးဗိုလ်ချုပ်မျိုးညွန့်ထံ ချက်ချင်း ဖုန်းဆက်ပြီးပြောရာ ဦးဘိုကြီးအား လုပ်ခွင့်ပြုကြောင်း စာထွက်လာလေသည်။&#13;
(၇)&#13;
"၂ဝ၁၂ ဧပြီလ ၃ဝ ရက်နေ့ထုတ် ဒီလှိုင်းဂျာနယ်ရဲ့ ပြင်ဆင်ချက်ထဲမှာတော့ အရှင်ဘုရားက ဗိသုကာဆရာ မဟုတ်ဘဲ ပန်းရံဆရာ ကြီးကြပ်သူလို &#13;
ဖြစ်နေတာ တွေ့ရပါတယ်ဘုရား"&#13;
လျှောက်တော့ ဦးဇင်းကြီး ဦးပဏ္ဍိတ (ဦးဘိုကြီး)က ပြုံးတော်မူပါသည်။ &#13;
ထိုအပြုံးသည် မချိတင်ကဲအပြုံးလား၊ ကျေနပ်ပြုံးလားတော့ မဝေခွဲတတ်ပါ။ ထို့နောက် ဇာတ်ကြောင်းစုံလင်ကို ရှင်းလင်းမိန့်ကြားပါသည်။&#13;
ဦးဘိုကြီးသည် အုတ်ဂူဗိမာန် ဗိသုကာဒီဇိုင်းကို ရေးဆွဲပေးရုံသာမကဘဲ ဗိမာန် တစ်ခုလုံး ပြီးစီးသည်အထိ အစမှ အဆုံး တာဝန်ယူခဲ့ရသူ ဖြစ်သည်။ မြေညှိခြင်း၊ ပန္နက်ရိုက်ခြင်းစသည့် အောက်ခြေသိမ်း အလုပ်များကစပြီး တာဝန်ယူ လုပ်ဆောင် ပေးခဲ့ရသည်။ ဗိသုကာဦးရွှေမှာ ဂူဗိမာန် ဆောက်လုပ်ရေးလုပ်ငန်းတွင် မည်သည့် နေရာတွင်မှ ပါဝင်ခဲ့ခြင်း မရှိပါဟု ဦးဇင်းကြီး (ဦးဘိုကြီး)က အခိုင်အမာ ဆိုခဲ့သည်။&#13;
မြေပြင်ခြင်း၊ မြေညှိခြင်း ကိစ္စတစ်ခုတည်းတွင်ပင် ၁၈ သိန်း ကုန်ကျခဲ့သည်ဟုလည်း ဦးဇင်းကြီး (ဦးဘိုကြီး)က &#13;
ဆိုပါသည်။&#13;
ဦးဘိုကြီး၏ဗိသုကာပုံစံကို တပ်မတော်အင်ဂျင်နီယာတပ်က တာဝန်ယူဆောက် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ဗိသုကာပုံစံနှင့် အတိမ်းအစောင်း အမှားအယွင်းမရှိရလေအောင် ဦးဘိုကြီးကို အင်ဂျင်နီယာတပ်က ကြီးကြပ်စေသည်။&#13;
အုတ်ဂူဆောက်လုပ်ရေးလုပ်ငန်းများကို နေ့ခင်းဘက်တွင် လုပ်ဆောင်ခြင်း &#13;
မရှိဘဲ ညဘက်ကျမှသာ လုပ်ဆောင်ကြသည်။ ညညတွင် စစ်ကားဖြင့် ဦးဘိုကြီးကို လာခေါ်သဖြင့် ရပ်ကွက်တွင်းရှိလူများက'ဦးဘိုကြီးကို ဖမ်းသွားပြီ'ဟုပင် ဆိုခဲ့ကြသည်။ &#13;
'ဒါဆိုရင် ဗိသုကာပုံ ရေးဆွဲခဲ့တာကိုလည်း မိန့်ပါဦးဘုရား။ ခွင့်ပြုချက်နဲ့&#13;
လုပ်ခွင့်ရခဲ့တာဆိုတော့ ရုံးမှာပဲ ဆွဲခဲ့တာလားဘုရား'ဟု လျှောက်တော့ ဦးဇင်းကြီးက ခေါင်းခါတော်မူပြီး 'ဗိသုကာဦးကျော်မင်းရဲ့ ရုံးခန်းမှာ ဆွဲခဲ့တာ'ဟု မိန့်တော်မူပါသည်။&#13;
ရုံးမှာလုပ်လျှင် အခြားသူများကို ထိခိုက်မည်စိုး၍ ဆူးလေဘုရားလမ်း မဟာဗန္ဓုလပန်းခြံအနီးတွင်ရှိသော ဦးကျော်မင်း၏ရုံးခန်းတွင် သွားရောက် လုပ် ကိုင်ခြင်း ဖြစ်သည်။&#13;
ဦးဘိုကြီးသည် ဦးကျော်မင်း၏ ရုံးခန်းသို့ အမြဲလိုလို ဝင်ထွက် သွားလာနေကျ ဖြစ်သည်။ နေ့မအိပ်ညမအိပ် သုံးရက်လောက် လုပ်ခဲ့ရသည် ထင်ကြောင်း၊ သိပ်တော့ မမှတ်မိတော့ကြောင်းလည်း ရှင်းပြသည်။ ဌာနမှဝန်ထမ်းအချို့ကလည်း အရဲစွန့်ပြီး ကူညီခဲ့ကြသည်ဟုလည်း သိရသည်။&#13;
'အရှင်ဘုရားရဲ့ ဗိသုကာပုံစံကို ဒေါ်အောင်ဆန်းစုကြည်က ဘာတွေပြင်ခဲ့သေးလဲ ဘုရား'ဟု မေးလျှောက်သည့်အခါ ဦးဇင်းကြီးက&#13;
'ဘာမှအထူးအထွေ သိပ်မပြင် ခိုင်းခဲ့ဘူး။ သူ သိပ်သဘောကျသွားတယ်။ ဒါပေမဲ့ အမြင့်ပေတစ်ခုကိုတော့ ပြင်ခိုင်းလို့ ပြင်ပေးခဲ့ရတယ်'ဟု မိန့်တော်မူပါသည်။&#13;
ဗိုလ်ချုပ်ကတော်၏အုတ်ဂူဗိမာန် ဆောက်လုပ်မည့်ဘေးတွင် သခင်ကိုယ်တော် မှိုင်း၏ဂူဗိမာန် ရှိသည်။ ဦးဘိုကြီး၏ ဗိမာန်ဗိသုကာပုံစံမှာ အမြင့် ၄၅ ပေ ရှိသည်။ ထိုအမြင့်အတိုင်းဆိုလျှင် သခင်ကိုယ်တော်မှိုင်း၏ဂူဗိမာန်ထက် မြင့်နေသည်။ သည်အတွက် ဒေါ်အောင်ဆန်းစုကြည်က&#13;
'သခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူထက် မြင့်လည်း မမြင့်ပါစေနဲ့၊ အမြင့်ချင်းလည်း မတူပါစေနဲ့'ဆိုပြီး ပြင်ခိုင်းခဲ့သည်။ ကျန်တာတွေကို ဘာမှ မပြင်ခဲ့ရ။&#13;
'အသုဘချတဲ့နေ့က ဦးဇင်းက အခေါင်းပိတ်ဖို့ သံလက်ကိုင်ပြီး စောင့်နေတယ်။ ဒီအချိန်မှာပဲ အခေါင်းကို သယ်လာတဲ့ စစ်သားတွေရဲ့ လက်ထဲကနေ ကျောင်းသားတွေက ဝင်လုကြတယ်။ သံအမတ်တွေ၊ အခြားဧည့်သည်တွေရဲ့ ရှေ့မှာဖြစ်ကြတာ။ နောက်ဆုံး အခေါင်းကို ဘိလပ်မြေမဆလာနဲ့ ဦးဇင်း ပိတ်ပေးခဲ့ရတာ။ အဲဒီတုန်းက ဗီဒီယိုတွေထဲမှာဦးဇင်းပုံတွေ ပါတယ်'&#13;
ဦးဇင်းကြီးဦးပဏ္ဍိတမှာ ရင်နာစရာတွေ မေ့ပျောက်ပြီး လုပ်ခွင့်ရခဲ့သည်ကိုပဲ ကျေနပ်ဝမ်းမြောက်ဟန်ဖြင့် သူလုပ်ခဲ့ရသည်တို့ကို ပြောပြပါသည်။ &#13;
ထို့နောက် ဦးဇင်းကြီးက ဂူဗိမာန်ဗိသုကာပုံစံစာရွက်ကြီးကိုထုတ်ပြီး &#13;
ဖြန့်ပြသည်။ ပုံစံအောက်တွင် &#13;
အာခီတက်အဖြစ် ကျော်မင်းနှင့်ဘိုကြီးဟု စာရေးထားသည်ကို တွေ့ရပြီး ရက်စွဲကို ၁၉၈၉ ဇန်နဝါရီ ၂၆ ရက် &#13;
တပ်ထားသည်။&#13;
"ဦးကျော်မင်းက ဦးဇင်းရဲ့ဆရာပါ။ အင်ဂျင်နီယာကျောင်း တတိယနှစ်နဲ့ စတုတ္ထနှစ်တွေမှာ ဦးကျော်မင်းနဲ့ သင်ခဲ့ရဖူးတယ်။ နောက်ပြီးတော့ ဒီပုံစံကို ဆွဲခိုင်းဖို့ စတင်ရည်စူးခဲ့ကြတာက &#13;
ဦးကျော်မင်းပါ။ သူက အကြောင်းမညီလို့ မဆွဲဖြစ်တော့မှ ဦးဇင်းက ဆွဲခွင့်ရခဲ့တာ။ ဒါ့ကြောင့် ဦးကျော်မင်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ကိုပါ ထည့်ပေးထားတာ"&#13;
(၈)&#13;
တကယ်တော့ ဗိုလ်ချုပ်ကတော်၏&#13;
အုတ်ဂူဒီဇိုင်းမှာ ဦးဘိုကြီးအတွက် &#13;
ဘဝတစ်ခုပဲ ဖြစ်သည်။&#13;
တတ်သောပညာဖြင့် ဗိုလ်ချုပ်ကတော်၏ ထာဝရနားခိုရာ &#13;
ကွန်းရိပ်သာကို လုပ်ခွင့်ရတာလောက် ကံထူးတာ ဘာများ ရှိဦးမည်နည်း။ &#13;
သို့သော်လည်း သူ၏နာမည်က &#13;
သမိုင်းတွင် ကံဆိုးစွာ ပျောက်ဆုံးမှားယွင်းနေပြန်သည်။ &#13;
ဒေါ်အောင်ဆန်းစုကြည်နှင့်&#13;
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။&#13;
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာပြည်။&#13;
ဘယ်တော့မှဖျောက်ဖျက်လို့ &#13;
မရတော့သော သံမဏိကွင်းဆက်သမိုင်းများ။&#13;
ထိုသံမဏိကွင်းဆက်များအကြောင်းကို သမိုင်းတင် ဖော်ညွှန်းထားသော 'အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရက်စွဲ မှတ်တမ်းများ'သမိုင်းစာအုပ်တွင် မှားယွင်းပါရှိနေသည်။&#13;
အမှားကြာလျှင် အမှန် ဖြစ်တတ်သည်။ ထို့ကြောင့် အမှားကို အမှားအတိုင်း&#13;
ရှိမနေစေသင့်။&#13;
ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကြောင့် နဝတအစိုးရက ခြွင်းချက်&#13;
အနေဖြင့် ဗိသုကာပုံစံရေးဆွဲခွင့် ပြုခဲ့သော်လည်း စျာပနကိစ္စပြီးဆုံးသည့်နောက်တွင် ဇာတ်လမ်းကစလာသည်။&#13;
လုပ်သက်အရရော၊ စီနီယာအရပါ &#13;
သူရရှိသင့်သည့် ရာထူးများကို &#13;
ဦးဘိုကြီးတ‌ယောက် မရရှိခဲ့ချေ။&#13;
သူသည် ၁၉၅၉ ခုနှစ်က ဘီအိုစီကျောင်းမှ ဆင်းလာသူ ဗိသုကာအင်ဂျင်နီယာ တစ်ယောက် ဖြစ်သည်။ သို့သော် &#13;
အညှိုးအတေး အာဃာတများဖြင့် သက်ဆိုင်ရာလူကြီးများသည် &#13;
သူ့အောက်က တပည့်များကိုသာ &#13;
သူ့ထက် ကြီးသော (သူ ရရမည့်)&#13;
ရာထူးများ တိုးပေးခဲ့သည်။&#13;
ရာထူးအရ တပည့်က ဆရာဖြစ်၊&#13;
ဆရာက တပည့်ဖြစ်ရသည့်ဘဝ။ &#13;
သူကိုယ်တိုင်လည်း&#13;
နေရထိုင်ရလုပ်ရကိုင်ရတာ &#13;
အဆင်မပြေ။ အရာရှိဖြစ်သွားသည့် တပည့်တွေကလည်း မျက်နှာပူနှင့် နှစ်ဦးနှစ်ဖက် နေရထိုင်ရ&#13;
ခက်လာကြသည်။ &#13;
သက်ဆိုင်ရာလူကြီးများကမူ သူ၏အလုပ်ထွက်စာ တင်လာမှုကို စောင့်နေမျှော်သည့်ပုံစံမျိုး။ ထွက်စာတင်လာလျှင် ချက်ချင်း လက်မှတ် ရေးထိုးပြီး ထွက်ခွင့်ပေးမည့်ပုံစံ။&#13;
ဦးဘိုကြီးသည် လူကြီးများက သူ့ကို ထွက်စေချင်နေမှန်း သိသည့် အတွက် &#13;
ဒီအတိုင်း ထွက်လိုက်လျှင် သူရှုံးမည်။&#13;
ဒီလိုတော့ အရှုံးမပေးနိုင်။&#13;
နောက်ဆုံးတွင် ပင်စင်ယူရန် &#13;
ဆုံးဖြတ်လိုက်သည်။ &#13;
အသက်က ၅၇ နှစ်သာ ရှိသေးရာ&#13;
လုပ်သက်အရရော သက်ပြည့်အရပါ &#13;
လိုနေသေးတော့ ပင်စင်က ယူရခက်နေပြန်သည်။ ဆေးပင်စင်နည်းလမ်းတစ်ခုသာ ရှိတော့သည်။ ဆေးပင်စင် ယူဖို့ ဆိုသည်မှာလည်း ကျန်းမာရေးက ကောင်းနေပြန်သည်။ &#13;
ဘာလုပ်ရ မည်မသိ။&#13;
ဒီအတိုင်းတော့ အရှုံးမပေး၊&#13;
မရ ရသည့်ပင်စင်ကိုတော့ ယူသွားမည်ဆိုသော ဆုံးဖြတ်ချက်ချကာ ၁၉၉၁ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ကျန်းမာရေးပင်စင် တင်လိုက်သည်။&#13;
ရယ်စရာကောင်းသည်မှာ&#13;
ဆေးမကျကျအောင် ဆေးဘုတ်အဖွဲ့ကို မေတ္တာရပ်ခံရခြင်း ဖြစ်သည်။ Chronic Alcoholism ဆိုသောရောဂါ (နာတာရှည် အရက်စွဲရောဂါရှင်)&#13;
အမည်ဖြင့် ၁၉၉၁ ခုနှစ်၊ သြဂုတ်လ&#13;
၁၅ ရက်နေ့တွင် ဆေးအဖွဲ့၏ &#13;
ထောက်ခံချက် ရပါပြီ။ &#13;
ဦးဘိုကြီးကား အရက်ကို မသောက်မဟုတ်ပါ။ သောက်တတ်ပါသည်။ သို့သော် ဇနီးဖြစ်သူ၏ ပက်ချင်လစ်မစ် စည်းမျဉ်းစည်းကမ်းများဖြင့်သာ သောက်ရခြင်း ဖြစ်သည်။ &#13;
သို့အတွက် သူသည် အရက်ကို&#13;
မသောက်ရမနေနိုင် စွဲလမ်းနေသူမျိုး မဟုတ်။ အရက်နာကျနေသူမျိုး မဟုတ်။ သို့သော် သူ ပင်စင်ရဖို့အတွက် ဒီ အကြောင်းတစ်ခုသာလျှင် ခိုင်မာသော အကြောင်း ဖြစ်နေသည်။ &#13;
ဘဝ၏ဒဏ်ရာ ဒဏ်ချက်တွေအတွက် ဘဝ၏သိက္ခာတွေ၊ ဂုဏ်တွေကို &#13;
ထည့်တွက်နေ၍ မဖြစ်တော့။&#13;
ထည့်တွက်နေမည်ဆိုလျှင်&#13;
ဒဏ်ရာဒဏ်ချက်များက သည်ထက်&#13;
ပိုမို လာဖို့ပဲ ရှိတော့သည်။&#13;
"ဒါဆိုရင် ဗိုလ်ချုပ်ကတော် ဂူဗိမာန်ဒီဇိုင်း လုပ်ခဲ့မိလို့ နောင်တများ ရနေလား ဘုရား"&#13;
ဆိုတော့ ဦးဇင်းကြီးဦးပဏ္ဍိတက &#13;
'ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြည်အတွက် အလုပ်ကောင်းကောင်း &#13;
လုပ်နိုင်ခဲ့တာဟာ&#13;
ဒေါ်ခင်ကြည်ရဲ့ ပံ့ပိုးမှုတွေ၊ &#13;
ထောက်ပံ့မှုတွေ၊ ပြုစုစောင့်ရှောက်မှုတွေလည်း ပါခဲ့တယ်ဆိုတာ ငြင်းနိုင်လို့လား။ ဗိုလ်ချုပ်ကတော်ရဲ့ တိုင်းပြည်အပေါ် ရှိတဲ့ ကျေးဇူးဟာဆပ်လို့ မကုန်နိုင်ဘူး။ ဒီလိုကျေးဇူးရှင်အတွက် လုပ်ပေးရတာ ကျေးဇူးကြွေးတောင် မကျေပါဘူး။ ဒီတော့ ဘာအတွက် နောင်တ &#13;
ရစရာ ရှိမလဲ'&#13;
ဦးဇင်းကြီး ဦးပဏ္ဍိတ၏ မိန့်ကြားချက်မှာ သွေးထွက်အောင် မှန်လှသည်။ &#13;
တိုင်းပြည်၏အလုပ်တွေကို မကြောင့်&#13;
မကျနှင့် ကောင်းကောင်းမွန်မွန် &#13;
လုပ်နိုင်ရန် ဒေါ်ခင်ကြည်သည် &#13;
ဗိုလ်ချုပ်ကို သားတစ်ယောက်&#13;
ကဲ့သို့ပင် ကြီးမားသော မေတ္တာ စေတနာ အကြင်နာများဖြင့် ပြုစုစောင့်ရှောက်ခဲ့သည်။&#13;
တိုင်းပြည်၏လွတ်လပ်ရေး လမ်းစဉ်များကနေ လမ်းလွဲသွားအောင် ဗိုလ်ချုပ်ကို မိန်းမမာယာ အလိုဆန္ဒများဖြင့် &#13;
မသိမ်းသွင်းခဲ့။&#13;
ဗိုလ်ချုပ်၏ အရိပ်တစ်ခုအဖြစ်သာ နောက်ကနေပဲ အစဉ်တစိုက် &#13;
လိုက်ခဲ့သည်။ &#13;
ဗိုလ်ချုပ်ကို လမ်းလွဲအောင် မလုပ်တာတစ်ခုတည်းနှင့်ပင် တိုင်းပြည် အပေါ်တွင် ဒေါ်ခင်ကြည်၏ ကျေးဇူးများမှာ ကြီးမားစွာ တည်ရှိခဲ့သည်။&#13;
"အခု ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့အနေနဲ့ လုပ်ကိုင်နိုင်ပြီ ဆိုတော့ အရှင်ဘုရားမှာ မျှော်လင့်ချက်တစ်စုံတစ်ခု ဖြစ်ပေါ်လာမိသေးလားဘုရား"ဆိုသည့် မေးခွန်းကိုလည်း ခေါင်းခါပြသည်။ &#13;
"အမှန်အတိုင်း ဝန်ခံရရင် ဒီဂူဗိမာန်အတွက် ဒေါ်စုဆီက အသိအမှတ်ပြုတဲ့ စာလေးတစ်ကြောင်း နှစ်ကြောင်းလောက် ရမယ်ဆိုရင်တော့ လိုချင်မိတယ်။ ဒါဟာလည်း ဦးဇင်းရဲ့ နောင်လာ နောက်သား သားသမီးမြေးမြစ်တွေ&#13;
ဂုဏ်ယူနိုင်စေဖို့အတွက်လောက်ပါပဲ။&#13;
အစကတည်းက ပေးဆပ်တဲ့ရည်ရွယ်ချက်နဲ့ပဲ လုပ်ခဲ့တာဆိုတော့ အခြား မျှော်လင့်ချက်တော့ &#13;
ဘာမှ မရှိဘူး'&#13;
ဒါလောက်ဆိုရင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ ဂူဗိမာန်၏နောက်ကွယ်က ဘဝတစ်ခုအကြောင်းကို သိရှိနားလည်နိုင်ကြလောက်ပါပြီ။ &#13;
ဗိသုကာဒီဇိုင်း ရေးဆွဲ ပေးခဲ့ရုံသာမက ဂူဗိမာန်ဆောက်လုပ်ရေးလုပ်ငန်းတွင် အစမှအဆုံးအထိ ဆောင်ရွက်ခဲ့သည့်အတွက် ဦးဘိုကြီးမှာ ဌာနအလုပ်အကိုင်တွင် အတွင်းစည်းအောက်လမ်းနည်းများဖြင့် နှိပ်ကွပ်ခြင်းကို ကော့နေအောင် ခါးစီးခံခဲ့ရသည်။&#13;
အရှုံးပေး စေလိုသူတွေ စိတ်ကြိုက်မဖြစ်စေဖို့အတွက် ပင်စင်ကို ရအောင်ယူ၍ အရှုံးကို သက်သာအောင် ကြိုးစားခဲ့သော်လည်း အချိန်မတိုင်မီ ပင်စင်ယူလိုက်ရခြင်းကပင်လျှင် အရှုံးပေးရခြင်းပဲ ဖြစ်သည်။ &#13;
သို့ရာတွင် ယခုအချိန်တွင်မူ ဦးဇင်းကြီး ဦးပဏ္ဍိတအဖြစ် ငြိမ်းချမ်းသော &#13;
သာသနာ့အရိပ်တွင် ခိုလှုံလျက် အေးချမ်းသော ဘဝတစ်ခုကို &#13;
ပိုင်ဆိုင်နေပြီလည်း ဖြစ်ပါသည်။ &#13;
"ပူလောင်သော၊ ဆူပွက်သော အာဃာတဒေါသများကို မေတ္တာဖြင့် ချွေးသိပ်ဖြေခြင်းလားဘုရား"&#13;
ဟု မေးလျှောက်လိုသော်လည်း &#13;
မသင့်လျော်ဘူးထင်သဖြင့် &#13;
မလျှောက်ဖြစ်ခဲ့ပေ။&#13;
အသက် ၈ဝ ကျော် အရွယ်တော် &#13;
ဆိုသော်ငြားလည်း ဦးဇင်းကြီး&#13;
ဦးပဏ္ဍိတ၏ မျက်နှာတော်နှင့်အသား အရေတို့မှာ ကြည်လင် ဝင်းပလျက် ရှိသည်ကိုမူ သတိထားလိုက်မိပါသည်။&#13;
မေတ္တာဓာတ်များ၏&#13;
အသွေးအရောင်များပဲ ထင်ပါရဲ့။&#13;
Credit:- Pe De&#13;
စကားချပ်။ ဦးပဇင်းကြီး ဦးပဏ္ဍိတမှာ&#13;
ယခုလက်ရှိ သက်တော် ၈ရ နှစ်ရှိပြီဖြစ်ပြီး လူကြီးရောဂါအချို့မှလွှဲ၍ ကျန်းမာစွာ နေထိုင်လျှက်ရှိကြောင်း မိသားစုဝင်တဦး၏ ပြောဆိုချက်အရ သိရှိရပါသည်။&#13;
ဦးပဇင်းကြီး သက်တော်ငယ်ရွယ်စဉ်က&#13;
ပန်းချီပေါ်ဦးသက် ပန်းချီခင်မောင်ရင်&#13;
ဒါရိုက်တာဦးဝင်းဖေတို့နှင့် နှစ်ပေါင်းမနည်း အလွန်ရင်းနှီးစွာ ခင်မင် ပေါင်းသင်းခဲ့ကြဖူးကြောင်း ပေါ်ဦးသက်ခင်မောင်ရင် အကြောင်း စာအုပ်မှတ်တမ်းအချို့တွင် တွေ့မြင်ရနိုင်ပါသည်။&#13;
ကို Sai Kenneth Facebook စာအုပ်စင်မှ ယူလာပါသည်။&#13;
Credit Sann Maung Maung </text>
          </elementText>
        </elementTextContainer>
      </element>
    </elementContainer>
  </itemType>
  <elementSetContainer>
    <elementSet elementSetId="1">
      <name>Dublin Core</name>
      <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
      <elementContainer>
        <element elementId="50">
          <name>Title</name>
          <description>A name given to the resource</description>
          <elementTextContainer>
            <elementText elementTextId="18422">
              <text>U Bo Gyi (Architect)</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="41">
          <name>Description</name>
          <description>An account of the resource</description>
          <elementTextContainer>
            <elementText elementTextId="18423">
              <text>ဦးဘိုကြီး (ဗိသုကာပညာရှင်)။ ဒေါ်ခင်ကြည်ဗိမာန် ဗိသုကာပညာရှင်။</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="49">
          <name>Subject</name>
          <description>The topic of the resource</description>
          <elementTextContainer>
            <elementText elementTextId="18424">
              <text>Architect, Daw Khin Kyi Memorial Building</text>
            </elementText>
          </elementTextContainer>
        </element>
      </elementContainer>
    </elementSet>
  </elementSetContainer>
  <tagContainer>
    <tag tagId="224">
      <name>Architect</name>
    </tag>
    <tag tagId="43">
      <name>Daw Khin Kyi</name>
    </tag>
  </tagContainer>
</item>
