Poem that cost 3 people in prison in Burma - Min Lu, Myo Myint Nyein, Sein Hlaing

Dublin Core

Subject

Description

လူ ၃ ဦး ထောင် ကျစေတဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာအကြောင်း ။ မင်းလူ၊ မျိူးမြင့်ညိမ်း၊ စိန်လှိုင်။

Source

Yu Ya (Daughter of Writer Min Lu)

Text Item Type Metadata

Text

ဘာတွေဖြစ်ကုန်ကြပြီလဲ ကို အဖေကရေး ဦးမျိုးမြင့်ညိမ်းကအယ်ဒီတာလုပ်ပြီး ဦးစိန်လှိုင်က ဖြန့်ပါတယ်
ဦးမျိုးနဲ့ ဦးစိန်လှိုင်က အရင် အဖမ်းခံရပါတယ်
အဖေရေးတယ်လို့ ဦးမျိုးရော ဦးစိန်လှိုင်ရောက မဖော်ပါ မပြောပါ ဝန်မခံပါ နှစ်ယောက်စလုံး ထောင်ထဲမှာ ဘယ်လောက်အဆော်ခံရမလဲ မတွေးရဲဘူး(ဒါလည်း အဖေ့ပြောစကားအရ သိရခြင်းပါ၊ ထောက်လှမ်းရေးက အဖေ့ကို မိတော့ ခင်ဗျားတို့သုံးယောက်လုံးတော်တော်နုတ်လုံကြတယ်လို့ ပြောလို့ပါ)
နောက်ဆုံး အဖေရယ် ဦးမျိုးရယ် ဦးစိန်လှိုင်ရယ်အပြင် ဒီကိစ္စကိုသိတဲ့ အခြား တစ်ယောက်ယောက်ကြောင့် ဒီကဗျာ အဖေရေးတယ်ဆိုတာ ထောက်လှမ်းရေးက သိသွားပါတယ် (ဒါက အဖေ့ပြောစကားအရပါ ကျွန်မကတော့ ဘယ်သူဘယ်ဝါရယ်မသိပါ အဖေကလည်း သူသိပေမယ့် မပြောပြခဲ့ပါ အပြစ်တင်စရာလည်းမရှိပါ)
ဘာတွေဖြစ်ကုန်ကြပြီလဲကြောင့် ဦးမျိုးမြင့်ညိမ်း ဦးစိန်လှိုင် အဖေ ထောင်၇ နှစ်စီကျပါတယ်
အဖေက အကြောင်းမျိုးမျိုးကြောင့် ၂နှစ်နဲ့ပြန်ထွက်လာပါတယ် နောက်တစ်ခါနိုင်ငံရေး ကိစ္စမရေးပါဘူးဆိုတဲ့ ခံဝန်မျိုးနဲ့ပါ ဦးမျိုးက ခင်ဗျားကလေးတွေ ငယ်သေးတယ် မရှန်က အေးတယ် ခင်ဗျားလုပ်တာမှန်ပါတယ်လို့ ထောက်ခံအားပေးပါတယ် ဦးမျိုးရော ဦးစိန်လှိုင်ရော ထောင်၇နှစ်အပြင်ထပ်တိုး ထပ်ကျပါတယ် အဲဒါကြောင့်လည်း အဖေက ထောင်ကျတာနဲ့ပတ်သက်ပြီး သိပ်မပြောတာနေမယ်ရေးလည်းလုံးဝမရေးခဲ့ပါဘူး
သူအပြည့်အဝတာဝန်မကျေဘူးလို့ ခံယူပုံရပါတယ်
ဦးမျိုး၊ ဦးစိန်လှိုင်ထောင်ကထွက်တော့ အဖေတအားပျော်တာကို ကျွန်မမြင်ခဲ့ရတယ်

အရေးကြီးဆုံးအချက်

ဘယ်သူက စလိုက်တယ်မသိပါ ထောက်လှမ်းရေးက လာခေါ်တော့ အဖေက မျက်နှာဖုံးစွပ်ကို တောင်းပန်ပြီးချွတ်ခိုင်း
သူ့ဘာသာချုပ်ထားတဲ့ မျက်နှာဖုံးကိုစွပ်တယ်ဆိုတာ လုံးဝ လုံးဝ မဟုတ်ပါဘူး (အဲဒီအကြောင်းအရာက ပြောနေကြတာတော်တော်ကြာပြီ မရှင်းဘဲထားရာက အမှန်ဖြစ်လာမှာစိုးလို့ပါ ) ဆရာဥက္ကာကြည်ဝင်းတို့ကလည်း အဖေ့အကြောင်းကို ဂုဏ်ယူပြီးရေးထားပေးတာတွေ့ရပါတယ်
ဆရာနဲ့ ဖရန့်မဖြစ်တော့ ဒီကပဲ ဆရာအပါအဝင် တခြားသူတွေ လွဲမှားပြီးသိနေတာလေးကိုရှင်းပြတာပါ

အဖေ့ကို လာခေါ်တဲ့အချိန်က ည၁၁နာရီလောက်ပါ အဖေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ လိုက်သွားခဲ့ရတာပါ
ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာလိုလည်း အဖေသွားတော့မယ်နော်လို့ မနှုတ်ဆက် မကြာခင်ပြန်လာမှာပါလို့လည်းမပြောခဲ့ပါဘူး
သာမန် အဖမ်းခံနေရကျ နိုင်ငံရေးသမားတွေလိုပဲ အဖမ်းခံခဲ့ရတာပါ ဘာမှမထူးခြားပါဘူး ကံကောင်းထောက်မစွာ
ဦးမျိုးတို့ ဦးစိန်လှိုင်တို့လောက် အဆော်မခံရတာပဲရှိတာပါ

ဘာတွေဖြစ်ကုန်ကြပြီလဲ ၁ ၂ ၃ ရှိပါတယ်

အခုတလော အဲဒီကဗျာကို ပြန်ရှယ်ကြပါတယ် ကျေးဇူးတင်ပါတယ် ဝမ်းသာပါတယ် ဒါပေမယ့် တစ်ယောက်ယောက်ကို ဖိနှိပ်ဖို့ ဒီကဗျာကို မရှယ်ဖို့ မေတ္တာရပ်ခံပါရစေ (အဖေကိုယ်တိုင်လည်း ကျွန်မဆန္ဒနဲ့ တစ်ထပ်တည်း ရှိမယ်ဆိုတာ ကိုယုံပါတယ်)
သတိတရ အမှတ်တရ ရှယ်ပါ ဂုဏ်ယူစွာလက်ခံပါတယ်

ဒီထက်ပိုပြောရရင်တော့ ဒီကဗျာကိစ္စမှာ ကျွန်မအဖေထက် ဦးမျိုးနဲ့ ဦးစိန်လှိုင်ကို ကျွန်မပိုလေးစားတယ် ။ နောက်ပြီး အဖေ့ကဗျာဝေပြီး ထောင်ကျခဲ့ရတဲ့ ကျောင်းသားတွေရောပေါ့့့။

ဒါလည်း ကျွန်မအဖေရဲ့စကားတွေကြောင့်ပါ
အဖေက ဒီကိစ္စ မှာ ဦးမျိုး ဦးစိန်လှိုင် ကျောင်သားတွေလောက် အထုအထောင်း မခံလိုက်ရဘူးလို့ အဖေခဏခဏပြောတယ် ကျွန်မနားထဲစွဲနေရောပဲ

ဒီဓာတ်ပုံကလည်း ကျွန်မကိုယ်တိုင်ရိုက်ထားတာပါ အဖေဆုံးတော့ စာရွက်တွေပြန်ရှာရင်းတွေ့လို့ ရိုက်ထားတဲ့ပုံပါ
တော်ကြာ ပုံကို credit မပေးဘူးထင်မှာစိုးလို့

Citation

“Poem that cost 3 people in prison in Burma - Min Lu, Myo Myint Nyein, Sein Hlaing,” MoeMaKa Online Library Archives, accessed October 9, 2025, https://moemaka.net/omeka2/items/show/2758.