<?xml version="1.0" encoding="UTF-8"?>
<item xmlns="http://omeka.org/schemas/omeka-xml/v5" itemId="2756" public="1" featured="0" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://omeka.org/schemas/omeka-xml/v5 http://omeka.org/schemas/omeka-xml/v5/omeka-xml-5-0.xsd" uri="https://moemaka.net/omeka2/items/show/2756?output=omeka-xml" accessDate="2026-09-11T03:14:07+00:00">
  <fileContainer>
    <file fileId="144">
      <src>https://moemaka.net/omeka2/files/original/490dfddec0b92f397ccbaf3998d222a8.jpg</src>
      <authentication>3f0bc636074de27dbee6ff0f956bee60</authentication>
    </file>
  </fileContainer>
  <collection collectionId="8">
    <elementSetContainer>
      <elementSet elementSetId="1">
        <name>Dublin Core</name>
        <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
        <elementContainer>
          <element elementId="50">
            <name>Title</name>
            <description>A name given to the resource</description>
            <elementTextContainer>
              <elementText elementTextId="18246">
                <text>1988 Burmese Democracy Uprising</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="49">
            <name>Subject</name>
            <description>The topic of the resource</description>
            <elementTextContainer>
              <elementText elementTextId="18247">
                <text>Revolution</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="41">
            <name>Description</name>
            <description>An account of the resource</description>
            <elementTextContainer>
              <elementText elementTextId="18248">
                <text>8888 - ၈လေးလုံး အရေးတော်ပုံ</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="40">
            <name>Date</name>
            <description>A point or period of time associated with an event in the lifecycle of the resource</description>
            <elementTextContainer>
              <elementText elementTextId="18249">
                <text>1988 - </text>
              </elementText>
            </elementTextContainer>
          </element>
        </elementContainer>
      </elementSet>
    </elementSetContainer>
  </collection>
  <itemType itemTypeId="1">
    <name>Text</name>
    <description>A resource consisting primarily of words for reading. Examples include books, letters, dissertations, poems, newspapers, articles, archives of mailing lists. Note that facsimiles or images of texts are still of the genre Text.</description>
    <elementContainer>
      <element elementId="1">
        <name>Text</name>
        <description>Any textual data included in the document</description>
        <elementTextContainer>
          <elementText elementTextId="18324">
            <text>&#13;
( ၉.၈.၈၈ ) စစ်ကိုင်း အမှတ်တရ&#13;
၈၈၈၈ ဆိုတဲ့ရက်ကိုမြန်မာတနိုင်ငံလုံးမေ့မရကြပါဘူး၊အတိတ်ရဲ့ရက်စက်ခါးသီးခဲ့တဲ့&#13;
အရိပ်မဲတွေဟာနှစ်စဉ်တစ္ဆေချောက်သလိုဘဲအမြဲပြန်မြင်ယောင်ပြီးခြောက်လှန့်လို့ရှိနေမှာပါ၊&#13;
&#13;
စစ်ကိုင်းမြို့သူမြို့သားများကတော့ ၈၈၈၈ ရဲ့နောက်တရက်ဖြစ်တဲ့ ၉.၈.၈၈ ရဲ့နှစ်ပတ်လည်ကိုရောက်ပြီဆိုတာနဲ့စစ်ကိုင်းမြို့ရဲ့ကတ္တရာလမ်းတွေဟာသွေးညှီနံ့တွေ&#13;
မပျောက်သေးသလိုဘဲစိတ်ချောက်ခြားနေကြရတာယနေ့အချိန်ထိပါ၊&#13;
&#13;
၈.၈.၈၈-နေ့မှာအားလုံးသပိတ်မှောက်ကြမယ်ဆိုတဲ့သတင်းကတနိုင်ငံလုံးမှာ&#13;
ပြန့်နှံ့နေခဲ့တဲ့နည်းတူ စစ်ကိုင်းမြို့ရဲ့အနေထားကတော့ဟိုနားကတွတ်တွတ်၊&#13;
ဒီနားကတွတ်တွတ်နဲ့သု့ဝိုင်းနဲ့သူဖြစ်နေကြတာ၊ အဲဒီတုန်းကစစ်ကိုင်းမှာနောင်ရိုးလ္ဘက်ရည်ဆိုင်ဆိုတာရှိခဲ့တယ်၊ပိုးတန်းရပ်ကွက်မှာ၊&#13;
ဦးတင်ဝင်းဖွင့်ထားတဲ့လ္ဘက်ရည်ဆိုင်ပါ၊အဲဒီမှာကျောင်းသားတွေအများဆုံးထိုင်ကြတာ၊&#13;
ဦးတင်ဝင်းကလည်းအရင်နိုင်ငံရေးသမားကြီးဆိုတော့အားလုံးကတလေးတစားတည်း ရှိနေကြတာ၊ ဒီလိုနဲ့နောက်ပိုင်းမှာစစ်ကိုင်းကိုရောက်လာတဲ့ ဦးအောင်ကြီးရဲ့(၄၂)မျက်နှာစာတမ်းကို ဦးတင်ဝင်းရဲ့သား ကိုမိုးနဲ့ ကိုထွဋ်ဦးလှိုင်တို့ကရွှေပန်းကုန်းရွာကိုသွား ပြီးစာရွက်တွေပွား၊ ဖြန့်ကြတာ၊နောက်ပိုင်းအမှတ်(၂)အထက၊ကျောင်းမှာစာတွေကပ်တာတွေပါ ဆက်ဖြစ်လာတယ်။&#13;
&#13;
ရန်ကုန်ကျောင်းသား(မျိုးချစ်လူငယ်တပ်ဦး)တွေလည်းစစ်ကိုင်းရောက်လာကြတယ်၊ မှတ်မိသလောက်ဆိုရင်အောင်သိုက်၊မောင်ချစ်၊ကရင်လေး နဲ့ ကျောင်းသူတွေ။ အဲဒီမှာတင် (၆)တန်း ကျောင်းသား သံချောင်း(ခ)မောင်အောင်မင်းသိန်းကိုရဲက စမိသွားပြီး နံရံကပ်ပိုစတာတွေ၊ အနီရောင်နဖူးစီး တွေ၊ ဖြန့်ဝေစာရွက်တွေကို သိမ်းမိကာ နောင်ရိုးဦးတင်ဝင်း၏သား ကိုတင်မောင်ထွေး ထံမှ ရသည်ဟုထွက်ဆိုခဲ့ရာမှု(၆.၈.၈၈) တွင်ကြိုတင်လှုပ်ရှားသူများဆိုပြီး ဇော်ဝင်း(ခ) ဂျစ်ဇော်၊လည်းကောင်း၏ညီဖြစ်သူ နိုင်ဝင်း၊ နှင့် မျိုးမြင့်( RIT ) ဇော်လွင်တို့ကိုဖမ်းစီး စစ်ဆေးကာ ဦးတင်ဝင်း၏သား ကိုမိုး၊ကိုတင်မောင်ထွေး ဦးမျိုးညွန့် နဲ့ ကိုအောင်ညွန့်တို့ ကိုဆက်လက်ဖမ်းမိပါတယ်။ဦးတင်ဝင်းတို့အုပ်စု ဖြစ်တဲ့ ဦးတင်ဝင်းရယ် သူ့ချွေးမ မနိုင် ရယ် ကိုထွဋ်ဦးလှိုင်၊ ကိုခင်မောင်ရီ၊(မှတ်မိသလောက်) တို့အင်းဝဖက်ကို ရှောင်ထွက်သွားပြီး(၇.၈.၈၈) နေ့မှာ စစ်ကိုင်းဖက်ကို ရေလမ်းကနေပြန်ဝင်လာကြပါတယ်။&#13;
&#13;
အဲဒီတုန်းက စစ်ကိုင်းမှာသူ့အစုဖွဲ့နဲ့သူလှုပ်ရှားနေတာတွေလဲ ရှိနေကြတယ်၊&#13;
အသံတွေကလည်းထွက်လာတယ် (၈)ရက်နေ့ (၈)နာရီမှာ သပိတ်စမယ်ဆိုတဲ့&#13;
သတင်းကလည်းတယောက်စကား တယောက်နား နဲ့ပြန့်ခဲ့ပါတယ်။&#13;
&#13;
(၈) ရက်နေ့နံနက်(၈) နာရီလောက်မှာ အထက(၁)ထဲကို ဦးတင်ဝင်း ကကြယ်ပွင့်တပ်ထားတဲ့ ခေါင်းစီးအနီနဲ့ရောက်ရှိလာပြီး တရားဟောရာ ကျောင်းတွင်အသင့်စောင့်နေသောရဲများက လိုက်လံဖမ်းဆီးပြီးသေနတ်ပစ်ဖေါက်ခဲ့ပါတယ်။ဦးတင်ဝင်းကိုဖမ်းမိသွားခဲ့ပါတယ်။&#13;
&#13;
ဦးတင်ဝင်းကိုဖမ်းမိပြီးနောက်ပိုင်း(၉)နာရီဝန်းကျင်လောက်မှာ အထက(၁)တောင်ဖက် ဘော်လုံးကွင်းဖက်တွင်လူများစုရုံးရောက်ရှိလာကြပါတယ်၊ထိုအချိန်တွင်မီးသတ်ကားရောက်လာပြီးရေပက်လူစုခွဲကာသေနတ် မိုးပေါ်ထောင်ဖောက်ခဲ့ပါတယ်။&#13;
&#13;
ရဲများဘော်လုံးကွင်းတောင်ဖက်ဂျုံရုံးထဲဝင်ပြေးပြီးအပြင်ဖက်ရှိလူအုပ်ကိုပစ်ခတ်ရာ(၈)ရက်နေ့တွင်ပထမဆုံး မိုးကျော်ဆိုသူကိုထိမှန်ခဲ့ပါတယ် ၊ဘော်လုံးကွင်းတောင်ဖက်လမ်း အနောက်ဖက် သုဓမ္မာ ဓမ္မာရုံဖက်တွင်လည်း စားပွဲခုံပေါ်မှနေပြီး ဥူးပဇင်းတပါးနှင့် အနီရောင်ခေါင်းစီးများ&#13;
ပတ်ထားသည့် ရန်ကုန်ကျောင်းသားများကနိုင်ငံရေးတရားဟောရာ လမ်းတလျှောက်လူများပိုမိုပြည့်နှက်လာပါတော့တယ်။&#13;
&#13;
လူများစုရုံးမိပြီးလမ်းလျှောက်ထွက်လာကြစဉ် မမင်းမင်း က အလံထောင်ပြီးစနစ်တကျလုပ်ကြဖို့၊စည်းကမ်းရှိကြဖို့အော်ပြောကာ - -&#13;
သည်မှနေ ၍ဆန္ဒပြပွဲကြီးစတင်ပါတော့တယ်၊ တံမျက်စီးကို ကိုင်ထားတာများလို့ တံမျက်စီးကိုယ်တော်လို့ခေါ်ကြတဲ့ဥူးပဇင်းရယ် နောက်ဥူးပဇင်းကုလား လည်းပါတယ်၊ (၈)ရက်နေ့တနေ့လုံးစစ်ကိုင်းလမ်းများပေါ်တွင် လှည့်လည်ဆန္ဒပြကြရာဒို့အရေး၊ဒို့အရေး အသံများမိုးထိညံနေပါတော့တယ်။&#13;
&#13;
(၉)ရက်နေ့သို့ရောက်လာသောအခါလှည့်လည်ဆန္ဒပြမှုများမြို့အနှံ့ပိုမိုများလာပြီး အထက(၂)သည်သပိတ်စခန်းဖြစ်လာပါသည်၊ဆန္ဒပြသူများသည်ကျောင်းဝင်းအတွင်းပြည့်နှက်လျှက်ရှိပါတယ်၊ အဲဒီ(၉)ရက်နေ့နံနက်ပိုင်း(၁၀)နာရီလောက်ကစပြီး ‘ ဒီနေ့ ပစ်မိန့်ပေးထားတယ်’ ဆိုတဲ့သတင်းကတော့ လူထုကြားမှာဘယ်ကနေရောက်လာမှန်း&#13;
မသိပေမယ့် အတော်လေးပျံ့နှံ့ခဲ့ပါတယ်။&#13;
ပစ်မိန့်ပေးထားတယ်ဆိုတဲ့သတင်းက အရမ်းကိုတက်ကြွနေကြတဲ့ ဆန္ဒပြသူတွေ ကိုနဲနဲလေးမှမတုန်လှုပ်စေခဲ့ပါဘူး။&#13;
&#13;
ဒါနဲ့တဆက်တည်းဘဲ အမှတ်(၁)ရဲစခန်းရဲ့အချုပ်ထဲမှာဖမ်းထားတဲ့ ဦးတင်ဝင်းနဲ့ လူထုကို ရဲက ပေးတွေ့မယ်ဆိုတာလည်းကြားရပြန်ပါတယ်။&#13;
အဲဒီတုန်းက နောင်ရိုးဦးတင်ဝင်းဟာ စစ်ကိုင်းရဲ့ Hero ဖြစ်ပါတယ်၊ တမနက်လုံးလှည့်လည်ဆန္ဒပြကြ၊အထက(၂)သပိတ်စခန်းမှာစုကြနဲ့၊&#13;
နေ့လည်ပိုင်းမှာဦးတင်ဝင်းကိုမြင်တွေ့ချင်သူတွေကလည်းရဲစခန်းဖက်မှာသွားစုနေကြပါတယ်၊&#13;
&#13;
ဒီလိုနေ နေရင်း (၂)နာရီဝန်းကျင်လောက်မှာ အုန်းတော စစ်ကြောင်း စစ်ကိုင်းကိုရောက်လာပါတယ်၊ အထက(၂)ထဲမှာနားဖို့ စီစဉ်ပြီးနေ့လည်စာ ကျွေးဖို့စီစဉ်ကြတာ၊ ဒါနဲ့အချိန်အတူလောက်မှာဘဲ ရဲစခန်းမှာ ဦးတင်ဝင်းကို အချုပ်အပြင် အောက်ဖက်ကိုထုတ်ပြီးလူထုနဲ့ စကားပြောခွင့်ပေးပါတယ်၊ လက်ထိပ်ခတ်ထားတဲ့ ဦးတင်ဝင်းကို လက်ထိပ်ဖြုတ်ပေးဖို့ လူထုကတောင်းဆိုပြီး ဦးတင်ဝင်းကိုလွှတ်ပေးဖို့တောင်းဆိုကြပါတယ်၊&#13;
&#13;
ဦးတင်ဝင်းက ရဲစခန်းရဲ့အလယ် လောက်မှာ၊ လူထုက ရဲစခန်းရဲ့ သံစူးကြိုးဝင်း အပြင်ဖက်မှာပါ၊ ကျနော်က အဓိက မဟုတ်ပါဘူး၊ လုပ်စရာရှိတာဆက်လုပ်ကြပါ၊ ပြန်ကြပါ၊ ကျနော့်လူတွေကို ဆူးတချောင်းအငြိမခံနိုင်ပါဘူး၊ မှဲ့တပေါက်အစွန်းမခံနိုင်ပါဘူး၊ ပြန်ကြပါ၊ ပြန်ကြပါ လို့ မိုက်ကရိုဖုန်းကိုင်ပြီး ပြောပါတယ်၊&#13;
(ရဲစခန်းအထဲကနေ ဦးတင်ဝင်း ကို သေနတ်နဲ့ ချိန်ထားတယ်လို့ အဲဒီအချိန် အချုပ်ခန်းပေါ်မှာဖမ်းခံနေရတဲ့ ဦးတင်ဝင်းရဲ့သား ကိုမိုးကပြောပါတယ်) ။&#13;
&#13;
ဦးတင်ဝင်းက ပြန်ကြပါ လို့ပြောနေလည်းလူထုက နားမဝင်ပါဘူး၊ အလွမ်းသယ်လို့ကောင်းနေတာပေါ့၊ ဦးတင်ဝင်းကိုပြန်သွင်းပြီးချိန် ရဲစခန်းအရှေ့ဖက် လမ်း ထူပါရုံဘုရားဖက်ကနေ အုန်းတောတပ်ကြီးချီတက်လာပါပြီ ဆိုပြီး ဖျာပေါ်မှာရေးထားတဲ့ အုန်းတော ဆိုင်းဘုတ်ကြီးရောက်လာပြီးမကြာခင်- (၂)နာရီ(၃၅)မိနစ်လောက်မှာ သေနတ်သံတွေထွက်ပေါ်လာပါတယ်၊ ရဲစခန်းရဲ့ အနောက်ဖက်မျက်နှာပြု ဖက်ကစတင်ပစ်တယ်လို့သိရပါတယ်။&#13;
&#13;
ပထမဆုံး ကျည်ဆံ ပစ်သူက ဒလမ သန်းနိုင် လို့ပြောကြပါတယ်၊ လူအုပ်ထဲကို အရင်ကတည်းအစီအစဉ်နဲ့နေရာယူထားတဲ့ ရဲတွေရဲ့သေနတ်က ကျည်ဆံတွေ ဆက်တိုက် ပစ်သွင်းပါတယ်၊ ဘရင်းဂန်း ပူပြီးပွင့်တဲ့အထိ ရက်ရက်စက်စက် ပစ်သတ်တာလို့ သိရပါတယ်၊ ရဲစခန်းရှေ့ လမ်းနှစ်ဖက်စလုံး သေနတ်မှန်သူတွေ အတုံးအရုံး နဲ့ လမ်းအပြည့်ပါဘဲ၊ ဖိနပ်တွေကလဲ ပွစနာတက်နေတာ၊&#13;
ရဲစခန်းက ပစ်နေလို့ အသက်လုပြေးတဲ့ သူတွေကိုပြေးလမ်း ကထပ်ပြီး ပစ်တာ ဘာကြောင့်ရယ်၊ ဘယ်သူ့ အငြိုးရယ်မသိပါဘူး။&#13;
&#13;
အခုလိုသေကုန်တာကြောင့် ကျောင်းသားအဖွဲ့တွေက စစ်ကိုင်း မှာရှိတဲ့ စစ်တပ်ကို သွားခေါ်ပါတယ်၊ အဲဒီတုန်းက စစ်ကိုင်း ကတပ်ရဲ့ တပ်ရင်းမှူးဟာ စစ်ကိုင်းသား ဗိုလ်မှူးမျိုးဝင်း နဲ့ ဒုတပ်ရင်းမှူးကတော့ ဗိုလ်မှူးဇော်ထွန်း(နောင် ဒုဝန်ကြီးဖြစ်သူ) တို့ဖြစ်ပါတယ်။ ရဲတွေက လမ်းပေါ်မှာ ပွစနာတက်နေတဲ့ အလောင်းတွေကို စစ်တပ် မလာခင် ရဲစခန်းဝင်းထဲဆွဲသွင်းပြီး ‘ ရဲစခန်းကိုဝင်စီးသလို'&#13;
ဖြစ်အောင်လုပ်ခဲ့ပါသေးတယ်၊ ရဲစခန်း ဝင်းအပေါက်မှာ ဒရွတ်ဆွဲထားတဲ့ အရာတွေကတော့ အထင်းသားပါ၊။&#13;
အပြာရောင်ဟီးနိုးရိန်းဂျားကားပက်လက် ရဲကားကြီးက ရဲစခန်းလမ်းဆုံကနေ ထူပါရုံကျောက်စာတိုက်ဖက်ကိုဖင်ပေး ပြီးနောက်ဆုတ် နောက်ဆုတ်ရင်း အလောင်းတွေရော အသက်မသေသေးတဲ့သူတွေရော ကို လက်ကတစ်ယောက် ခြေထောက်ကတစ်ယောက် ဆွဲပြီးကားပေါ် ပစ်တင်ကြပါတယ်။&#13;
သေနေတဲ့ အလောင်းတွေကြားမှာအသက်မဲ့မိဘနှစ်ပါးကြားထဲက ငိုနေတဲ့ ကလေးငယ် လေးတွေ့ရပါတယ်။&#13;
ကားပေါ်မှာအသက်မသေသေးလို့ ထထိုင်ပြီးအော်တဲ့သူတွေလဲပါ ပါတယ်၊ အဲဒီဖြစ်စဉ်နားမှာ အဲဒီတုံးက ထောက်လှမ်းရေးခေါ်မလားဘဲ အောင်ဘော် ဆိုသူကိုမြင်တွေ့ရတယ်လို့&#13;
သိရပါတယ်။&#13;
&#13;
အချုပ်ကား နဲ့ ရိန်းဂျားကားတစ်စီးတွေ့ရတယ်လို့လည်းသိရပါတယ်၊အလောင်းတွေ၊ မသေမရှင်တွေ တင်ထားတဲ့ကားတွေကိုရဲက ည(၁၂)လောက်ထိရဲစခန်းရှေ့မှာဘဲ ထား ထားတယ်လို့သိရပါတယ်။ မျက်မြင်တွေရဲ့ပြောစကားအရ တင်ထားတဲ့အလောင်းတွေဟာ ကားဘော်ဒီရဲ့အပေါ်ဖက်ထိ မောက်ထွက်နေတယ်လို့သိရပါတယ်။&#13;
ည(၁၂)နာရီခွဲ(၁)နာရီဝန်းကျင်မှ မောင်းထွက်သွားပြီး လမ်းတွေကို မီးသတ်ကားနဲ့ ရေလာဆေးတယ်လို့သိရပါတယ်၊ နောက်တစ်နေ(၁၀)ရက်နေ့မှာ ဆေးရုံကနံပါတ် တပ်ထားတဲ့ အလောင်းတွေထုတ်ပေးတော့ ရရှိတဲ့ အလောင်းတွေမှာ သေနတ်ဒဏ်ရာထက် ထုထောင်း ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကပိုများနေတာ တွေ့ရပါတယ်။&#13;
&#13;
သေဆုံးသူ အရေအတွက်မှာ မြို့ပေါ်ကသူတွေ လောက်ဘဲသိကြရပြီး အတိအကျမသိရသေးပါ။ အစိုးရ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကတော့(၄၀)ဦးလို့ ဖော်ပြထားပေမယ့် မြို့ခံတွေကတော့ အဲဒီစာရင်းထက်မကဘူးလို့ ယုံကြည်နေကြပါတယ်။&#13;
ဆေးရုံမရောက်ဘဲ ဘယ်မှာ ဘယ်နှစ်လောင်းပျောက်တယ်ဆိုတာ ယခုအချိန်ထိ အတိအကျမသိရသေးပါဘူး။&#13;
&#13;
အဲဒီအချိန်တုန်းက တိုင်းကောင်စီဥက္ကဌ သူရကျော်စွာ ဆိုတာ ရပ်ကွက်ပေါင်းစုံဘော်လုံးပွဲ&#13;
တွေမှာတောင် ဘယ်သူ့ကို ဖမ်းချုပ်၊ဘယ်ရပ်ကွက် ကိုဆန်ဖြတ်နဲ့ ဒေါသတကြီးနဲ့အားပေးတဲ့&#13;
သူပါ၊ နောက်ပြီး ‘ စစ်ကိုင်းမှာဆန္ဒပြရဲတဲ့ကောင် ပြကြည့် ငါကိုယ်တိုင်ပစ်မယ် ‘ လို့&#13;
ပြောထားသူလို့လဲ သိရပါတယ်။&#13;
&#13;
ပစ်ခတ်သူတွေရဲ့ စာရင်း လူထုထဲ ထွက်လာတာကတော့ သန်းနိုင်၊ မောင်ခင်၊ ဒေးဗစ် တို့လောက်ဘဲ မှတ်မိပါတယ်၊&#13;
နောက်ဆုံးဒီဖြစ်စဉ်ကိုကြည့်ရင် လူထုကို ဦးတင်ဝင်းနဲ့ ထောင်ချောက်ဆင်ထားတယ်ဆိုတာ&#13;
ပေါ်လွင်နေပါတယ်။&#13;
ပစ်မိန့်ပေးထားတယ်ဆိုတဲ့ထဲမှာ လူထုနဲ့ ဦးတင်ဝင်း တွေ့ခွင့်ပေးထားတာနဲ့ အချိန်တထပ်တည်းဖြစ်နေတာကြောင့် မရိုးသားတဲ့၊ ကြိုတင်အစီအမံတွေရှိနေတယ်လို့&#13;
မြင်ရပါတယ်။&#13;
&#13;
ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာတွေကို တွေးမိတိုင်း ယနေ့အထိယူကျုံးမရ ဖြစ်နေရဆဲပါ။&#13;
မြင်တတ်ရင် ဘယ်သူမဆို သင်ခဏ်းစာယူရမှာပါ။&#13;
&#13;
ဖြစ်ခဲ့တာတွေလည်း အခုဆို(၂၇) နှစ်တင်းတင်းပြည့်ခဲ့ပြီဆိုပေမယ့် စစ်ကိုင်းသူ၊စစ်ကိုင်းသား တွေရဲ့ရင်ထဲမှာ ဒီနေ့ကို ဘယ်တော့မှ မေ့ပျောက်နိုင်မှာမဟုတ်ဘူးဆိုတာ တထစ် မက နှစ်ထစ်ချ ယုံကြည်နေလျှက်ပါ။</text>
          </elementText>
        </elementTextContainer>
      </element>
    </elementContainer>
  </itemType>
  <elementSetContainer>
    <elementSet elementSetId="1">
      <name>Dublin Core</name>
      <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
      <elementContainer>
        <element elementId="50">
          <name>Title</name>
          <description>A name given to the resource</description>
          <elementTextContainer>
            <elementText elementTextId="18319">
              <text>August 9th, 1988 - Sagaing Event</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="49">
          <name>Subject</name>
          <description>The topic of the resource</description>
          <elementTextContainer>
            <elementText elementTextId="18320">
              <text>88 Uprising</text>
            </elementText>
            <elementText elementTextId="18321">
              <text>Sagaing</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="41">
          <name>Description</name>
          <description>An account of the resource</description>
          <elementTextContainer>
            <elementText elementTextId="18322">
              <text>ဩဂုတ် ၉၊ ၁၉၈၈ - စစ်ကိုင်းမြို့ အရေးအခင်းမှတ်တမ်း</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="48">
          <name>Source</name>
          <description>A related resource from which the described resource is derived</description>
          <elementTextContainer>
            <elementText elementTextId="18323">
              <text>Aung Myo, Facebook</text>
            </elementText>
          </elementTextContainer>
        </element>
      </elementContainer>
    </elementSet>
  </elementSetContainer>
  <tagContainer>
    <tag tagId="203">
      <name>88 Uprising</name>
    </tag>
    <tag tagId="182">
      <name>Sagaing</name>
    </tag>
  </tagContainer>
</item>
