Sagaing Naung Yoe U Tin Win & 1988

Dublin Core

Description

စစ်ကိုင်း နောင်ရိုး ဦးတင်ဝင်းနဲ့ ၁၉၈၈ အရေးတော်ပုံ

Source

Aung Myo, Facebook

Person Item Type Metadata

Biographical Text

ဒီရက်လိုမျိုး ၉.၈.၈၈ နေ့က စစ်ကိုင်းမြို့မှာ-
တစ်ပါတီအာဏာရှင်စနစ်နဲ့ မဆလ အစိုးရပြုတ်ကျဖို့ တော်လှန် သပိတ်မှောက်၊တွန်းလှန်ရင်း စစ်ကိုင်းအမှတ်(၁)ရဲစခန်းရှေ့မှာ ရဲတွေက သေနတ်နဲ့ ဒဲ့ပစ်လို့ စစ်ကိုင်းသပိတ်ခေါင်းဆောင် ဦးတင်ဝင်းကို ချစ်ခင်၊ ဝန်းရံကြတဲ့ ဒီမိုကရေစီဘက်တော်သား ၈၈၈၈ သပိတ်အဖွဲ့များ အတုံးအရုံးနဲ့ သွေးချောင်းစီးခဲ့ရပါတယ်။

မောင်ခင်၊ ဒေးဗစ်၊ လက်ကောက်ဇော်ဝင်းဆိုတဲ့ ရဲတွေရဲ့ နာမည်တွေ စစ်ကိုင်း ရင်ပြင်နီဆိုတဲ့ တံတားဂုံးအောက်က နံရံကြီးမှာ ကပ်တဲ့ စာရွက်တွေမှာ ထပ်တလဲလဲတွေ့ခဲ့ရပါတယ်။

ကွင်းထဲဘောလုံးကန်နေတဲ့ ဘောလုံးသမားတွေကိုတောင် စိတ်မထင်ရင် ဆီဖြတ်မယ်၊ ဆန်ဖြတ်မယ်၊ ဖမ်းချုပ်မယ်ဆိုပြီး စင်ပေါ်ကနေ အမိန့်ပေးလေ့ရှိတဲ့ စစ်ကိုင်းတိုင်းကောင်စီဥက္ကဋ္ဌ ဦးသူရကျော်စွာကို မုံရွာဖက်က အပြန် လမ်းက သပိတ်စခန်းတစ်ခုမှာ ဖမ်းမိခဲ့ပေမယ့် ဘုန်းတော်ကြီးတစ်ပါးရဲ့ မေတ္တာရပ်ခံ အသက်အလှူခံ ခဲ့တာကြောင့် အသက်ဘေးမှ လွတ်ခဲ့ရပါတယ်။

မြန်မာလူမျိုးတွေ၊ ဗုဒ္ဓဘာသာတွေဟာ ကံကိုယုံကြတယ်၊ ဝဋ်ကိုကြောက်ကြတယ်၊ တဖက်သားကို သနားတတ်ကြတယ်။

အာဏာရှင်တွေကတော့ နောက်ကြောင်းမပြန်ရဆိုတဲ့ ဥပဒေကြီးနဲ့ မျက်စိမှိတ်ပြီး အတိတ်ကံကိုဖျောက်ဖျက်ဖို့ ကြိုးစားကြပေမယ့် ဝဋ်ဆိုတဲ့သံသရာ စက်ဝိုင်းဟာ သူတို့ရဲ့ အကုသိုလ်အကျိုးပေးတွေကုန်တဲ့နေ့မှာ သူတို့အလှည့် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာ မလွဲမသွေပါဘဲ။

Citation

“Sagaing Naung Yoe U Tin Win & 1988,” MoeMaKa Online Library Archives, accessed October 9, 2025, https://moemaka.net/omeka2/items/show/2755.