<?xml version="1.0" encoding="UTF-8"?>
<item xmlns="http://omeka.org/schemas/omeka-xml/v5" itemId="2751" public="1" featured="0" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://omeka.org/schemas/omeka-xml/v5 http://omeka.org/schemas/omeka-xml/v5/omeka-xml-5-0.xsd" uri="https://moemaka.net/omeka2/items/show/2751?output=omeka-xml" accessDate="2026-09-09T04:13:11+00:00">
  <fileContainer>
    <file fileId="112">
      <src>https://moemaka.net/omeka2/files/original/feb404a4db54665e6167b8b0ef558990.jpg</src>
      <authentication>2f3e993f488e4e15a029c22b620f510b</authentication>
    </file>
    <file fileId="113">
      <src>https://moemaka.net/omeka2/files/original/ea3a40611cb75203886a29c3b0200261.jpg</src>
      <authentication>fae41d6e8ab7fda21770e4103c0ad7ce</authentication>
    </file>
  </fileContainer>
  <collection collectionId="3">
    <elementSetContainer>
      <elementSet elementSetId="1">
        <name>Dublin Core</name>
        <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
        <elementContainer>
          <element elementId="50">
            <name>Title</name>
            <description>A name given to the resource</description>
            <elementTextContainer>
              <elementText elementTextId="23">
                <text>Burmese 100 Year People</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="49">
            <name>Subject</name>
            <description>The topic of the resource</description>
            <elementTextContainer>
              <elementText elementTextId="24">
                <text>20th Century Icons</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="41">
            <name>Description</name>
            <description>An account of the resource</description>
            <elementTextContainer>
              <elementText elementTextId="25">
                <text>Burmese 100 Year People - 20th Century Icons</text>
              </elementText>
            </elementTextContainer>
          </element>
        </elementContainer>
      </elementSet>
    </elementSetContainer>
  </collection>
  <itemType itemTypeId="12">
    <name>Person</name>
    <description>An individual.</description>
    <elementContainer>
      <element elementId="31">
        <name>Birth Date</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18286">
            <text>1932</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="32">
        <name>Birthplace</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18287">
            <text>Mandalay</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="33">
        <name>Death Date</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18288">
            <text>1988</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="34">
        <name>Occupation</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18289">
            <text>Activist</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="35">
        <name>Biographical Text</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18290">
            <text>ဦးစောလွင်(၁၉၃၂-၁၉၈၈)&#13;
တက္ကသိုလ်မောင်စောလွင်&#13;
မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ(၁၉၅၇-၅၈)&#13;
၂ ဩဂုတ် ၁၉၈၈ နံနက်ပိုင်းတွင် ကွယ်လွန် ။&#13;
</text>
          </elementText>
          <elementText elementTextId="18291">
            <text>မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(မတကသ)၏ ရွေးကောက်ပွဲမှာ လွန်ခဲ့သောနှစ်များက ကျောင်းသားညီညွတ်ရေးတပ်ဦးနှင့် ဒီအက်စ်အို နှစ်ဖွဲ့တည်းသာ ယှဉ်ပြိုင်ကြခဲ့ရာမှ ၁၉၅၇ ခုနှစ်တွင် ရဲခေါင်နှင့် တသီးပုဂ္ဂလ ၂ ဖွဲ့ ထပ်တိုးလာပြီး အဖွဲ့ ၄ ဖွဲ့ ယှဉ်ပြိုင်အရွေးခံရခြင်းဖြစ်သည်။ တပ်ဦး ကိုစောလွင် ၈၆၃၊ ဒီအက်စ်အို ကိုရှဖီး ၃၇၃၊ ရဲခေါင် ကိုကိုလေး ၅၅၊ တသီးပုဂ္ဂလ ကိုအောင်သန်း ၇၃ မဲ ဖြစ်သည်။ မဲပေးနိုင်သူပေါင်း ၁၉၁၇ ရှိသည့်အနက် ၁၃၉၅ မဲပေးကြပြီး ကိုစောလွင်မှာ ၈၆၃ မဲဖြင့် (၁၉၅၇-၅၈) မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ဖြစ်လာသည်။)&#13;
</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="36">
        <name>Bibliography</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18292">
            <text>ကိုစောလွင်နဲ့ကျနော်&#13;
&#13;
ရေးသူ- ဖိုးသံ(လူထု)&#13;
&#13;
ကျနော်တို့ လူထုသတင်းစာတိုက်မှာ စစ်ပြီးကာလကစပြီး ၆ဝစုနှစ်ပိုင်းအထိ စာအုပ်လည်းရောင်း ပါတယ်။ အစောပိုင်းကဆိုရင် လူထုတိုက်ထုတ်စာအုပ်တွေသာမက စာပေဗိမာန်တိုက်ထုတ် စာအုပ်တွေနဲ့ အနောက်နိုင်ငံကထုတ်တဲ့ မဂ္ဂဇင်း၊ ဂျာနယ်၊စာအုပ်တွေလည် ရောင်းပါတယ်။ နောက်မှာတော့ အနောက်နိုင်ငံက ထုတ်တဲ့စာအုပ်တွေ မတင်တော့ပဲ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ပြည်ကထုတ်တဲ့ စာအုပ်တွေရောင်းပါတယ်။ စာအုပ်ဆိုင်တိုင်းမှာ ပုံမှန်စာအုပ်လာဝယ်သူတွေ ရှိစမြဲပါ။&#13;
&#13;
ကျနော်ငယ်ငယ်တုန်းက ကျောင်းအားရင် အောက်ထပ်ဆင်း၊ စာအုပ်ရောင်းသူကို ဆော့ရင်းကူ၊ ကူရင်းဆော့ ဆိုသလို တခါတလေဘောက်ချာ(အင်္ဂလိပ်လို၊ ဗမာလို) ကူရေးပေး၊ စာအုပ်သစ်တွေရောက်လာရင် ကူပြီးစင်ပေါ်တင်ပေး၊ စတာတွေလုပ်ပေးလေ့ရှိပါတယ်။ အဲဒီလိုနေရင်းနဲ့ပဲ ကျနော်တို့ စာအုပ်ဆိုင်ကို ပုံမှန်လာပြီး ဝယ်သူတွေထဲမှာ လူငယ်အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကို သတိထားမိနေပါတယ်။ လူငယ်လို့ သာဆိုတာ၊ အဲဒီတုန်းက ကျနော့်ထက် အသက်အများကြီးကြီးပါတယ်။&#13;
&#13;
သူတို့နှစ်ယောက်စလုံးဟာ တက္ကသိုလ် ကျောင်းသားတွေဖြစ်ပြီး နှစ်ယောက်စလုံး မျက်မှန်တပ်ကြပါတယ်။ တကယ့်စာသမား၊ စာဂျပိုးပုံတွေပါ။ ကျနော်သတိထားမိတာ သူတို့ချင်းလည်းသိကြပြီး သူတို့နှစ်ယောက်စလုံးဟဟာ ကျနော့်မိဘများနဲ့လည်း ရင်းရင်းနှီးနှီး သိကြရုံမက တွေ့တိုင်း သူတို့ရဲ့ မိဘတွေ သာကြောင်းမာကြောင်း မေးလေ့ဖြေလေ့ ရှိကြပါတယ်။ ဒါဟာ ၁၉၅၆-၅၇ ဆီလောက်က ဖြစ်ပါလိမ့်မယ်။ အတိအကျတော့ မမှတ်မိတော့ပါဘူး။&#13;
အဲဒီ နှစ်ယောက်ထဲမှာ အမျိုးသမီးရဲ့ နာမည်က မခင်အေးမွန်ဖြစ်ပြီး အမျိုးသားနာမည်က ကိုစောလွင်ဖြစ် ပါတယ်။ နောင်မှာ မခင်အေးမွန်က မန ္တလေးတက္ကသိုလ် ကျောင်းသား သမဂ္ဂအမှုဆောင်အဖွဲ့ဝင်ဖြစ် လာပြီး ကိုစောလွင်ကတော့ ၁၉၅၈-၅၉ခုနှစ် မန ္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။&#13;
&#13;
ကျနော်အခုရေးပြမှာ ကိုစောလွင်အကြောင်းဖြစ်ပါတယ်။&#13;
မန ္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ၊ လူထုသတင်းစာအယ်ဒီတာအဖွဲ့ဝင်စတာ တွေဖြစ် ဖူးတဲ့၊ စာရေးဆရာတက္ကသိုလ်မောင်စောလွင် ခေါ် ကိုတောလူပါ။ သူ့အိမ်က မန ္တလေးရှမ်းပွဲရပ်မှာ ဖြစ်ပါတယ်။ တံတားဦး (အင်းဝ) အဆက်တွေပါ။ သူ့ရဲ့ စိန်ပီတာကျောင်းသားဘဝ နာမည်က ပီတာဘသန်းပါ။ ဒါကြောင့် ကျနော်နဲ့ လူထုကိုစိန်ဝင်းက သူ့ကို "ကိုပီ" လို့ခေါ်လေ့ ရှိကြပါတယ်။&#13;
အသားဖြူဖြူ၊ အရပ်မြင့်မြင့်- ငါးပေရှစ်လက်မ၊ ကိုးလက်မလောက်။ မျက်နှာသွယ်သွယ်၊ ဆံပင်က သခင်ဗဟိန်းလို လှိုင်းတွန့်လေးတွေနဲ့။ စကားပြောရင် လေအေးအေးနဲ့ ပြုံးပြီး ပြောတတ်သူ။&#13;
&#13;
အထက်မှာ ကျနော်သူ့ကို စတွေ့ဖူးခဲ့ပုံကို ပြောပြပြီးပါပြီ။ ဆက်ရရင် နောက်မှာတော့ သူက ကျနော်တို့ လူထုသတင်းစာတိုက်ရဲ့ အယ်ဒီတာ အဖွဲ့ထဲမှာ ဝင်လုပ်ပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီခေတ်က ကျောင်းသားလှုပ်ရှားမှုထဲမှာ တက်တက်ကြွကြွပါဝင် လှုပ်ရှားသူ အများအပြားဟာ လူထုတိုက်ကို စာအုပ် ဝယ်ရင်းဖြစ်စေ အလည်လာရင်းဖြစ်စေ၊ ဝင်ထွက် သွားလာလေ့ရှိကြပါတယ် (ဒါကိုပဲ အဲဒီတုန်းက ဖဆပလ အစိုးရက လူထုဇနီးမောင်နှံဟာ ကျောင်းသားတွေကိုသွေးထိုးပေးတယ်၊ အရောင်ဆိုးပေးတယ်လို့ အညှိုးထား၊ လက်စားချေခဲ့ပါတယ်)။ အဲဒီလို ကျောင်းသားတွေထဲမှာ ကိုသာနိုး (မန ္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း)၊ ကိုမြင့်သိန်း(မန ္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်ဟောင်း)၊ ကိုစောလွင် (မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်း)၊ ကိုကျော်စိုး (တပ်ဦးသစ်အဖွဲ့ဥက္ကဋ္ဌဟောင်း)၊ ကိုခင်မောင်လွင် (မော်လမြိုင် ကောလိပ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်း) နဲ့ ကိုစွမ်းရည် (မန ္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူးဟောင်း) ၊ မန ္တလေးခရိုင် ဗကသ အမှုဆောင် ကို(ဂလိ) တင်ဝင်း တို့ဟာ လူထုအယ်ဒီတာ အဖွဲ့ဝင်တွေတောင် ဖြစ်ဖူးကြပါတယ်။&#13;
&#13;
ဒါ့အပြင် တခြားကျနော်မေ့တာ၊ မသိတာတွေလည်း ကျန်ကောင်း ကျန်နိုင်ပါသေးတယ်။&#13;
သူ မတကသ (မန ္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) ဥက္ကဋ္ဌဖြစ်တဲ့ ကာလတွေတုန်းက ကျောင်းသား သမဂ္ဂတွေဟာ တိုင်းပြည်မှာ အရှိန်သြဇာ အလွန်မြင့်မားပါတယ်။ အုပ်စိုးသူများကလည်း တလေးတစား ဆက်ဆံသလို မီဒီယာများကလည်း အလွန်အလေးထားကြပါတယ်။ မန ္တလေးတက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ် လက်အောက်ကခွဲထုတ်ပြီး သီးခြားတက္ကသိုလ်အဖြစ် အသိအမှတ်ပြု ဖွဲ့စည်းခဲ့တာကို ကြိုဆိုကြတဲ့ သီးခြားတက္ကသိုလ် ပွဲတော်ကြီးကို မတကသ ကဦးစီး ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ပထစ အစိုးရတက်တော့ ဝန်ကြီးချုပ်ဦးနုဟာ ပညာရေးနှီးနှောဖလှယ်ပွဲကြီးကို ကျင်းပပေးခဲ့ပြီး သမဂ္ဂခေါင်းဆောင် တွေနဲ့ အစိုးရတာဝနရှိသူတွေ တက်ရောက် အမြင်ဖလှယ်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောင်ထဲမှာ ကွယ်လွန်သွားတဲ့ ကိုတင်ရွှေ(မုံရွာ) ဟာ ကိုစောလွင် ဥက္ကဋ္ဌလုပ်ခဲ့တဲ့ သမဂ္ဂမှာ အမှုဆောင်အဖွဲ့ဝင် (အတွင်းရေးမှူး ထင်ပါတယ်) တဦးပါ။ သူတို့ခေတ်မှာပဲ တရုတ် - ဗမာ ကျောင်းသားတွေ အပြန်အလှန် ချစ်ကြည်ရေး လည်ပတ်တဲ့ အစီအစဉ်လုပ်တော့ မန ္တလေးတက္ကသိုလ်က သူနဲ့ မုံရွာကိုတင်ရွှေ၊ ရန်ကုန်က ဗကသကိုသက် (တောထဲမှာ ကွယ်လွန်သွားသူ)နဲ့ ကိုစိုးသိန်း (မဆလလက်ထက်မှာ တက္ကသိုလ်မော်ကွန်းထိန်း ရာထူးယူသွား သူ) စသူတို့ လိုက်ပါသွားခဲ့ပါတယ်။&#13;
&#13;
ကိုစောလွင်ရဲ့ ထူးခြားချက်တခုက သူဟာဘယ်သူနဲ့ပဲတွေ့တွေ့၊ စကားပြောပြော အင်မတန်နှိမ့်ချပြီး အားနာတတ်တာဖြစ်ပါတယ်။။ ဆင်းရဲသူ ဆင်းရဲသားတွေနဲ့ ပဲဖြစ်ဖြစ်၊ အမျိုးသမီးတွေနဲ့ ပဲဖြစ်ဖြစ်၊ နောက်ဆုံး ကျနော်တို့လို ကလေးတွေနဲ့ပဲ ဖြစ်ဖြစ်ဆက်ဆံရာမှာ သူ့မာနကို နှမ်းတစေ့မှ မတွေ့ရပါဘူး။ သူ့အကြောင်း မသိသေး သူတွေကတော့ လူပုံကသန့်၊ စာတွေအများကြီး ဖတ်ထားသူမှန်းလည်း သူ့ကိုသိ နေကြပေမဲ့ သူက သူမသိရင်၊ နားမလည်ရင် နည်းနည်းမှ ဟန်မဆောင်ပဲ မေးတာကို ကြုံရလို့ အံ့သြကြရတာလည်း ခဏခဏပါ။ ဒါ့အပြင် သူ့ထက်ငယ်သူတွေအပါ၊ သူများတွေကို ချီးကျူးစရာရှိရင် မချွင်းမချန်၊ ရက်ရက်ရောရောကြီး ချီးကျူး တတ်တာဟာလည်း သူ့ရဲ့ ထူးခြားချက်ပါပဲ။ ကွယ်လွန်သူ ကဗျာဆရာကြီးများဖြစ်တဲ့ ကိုတင်မိုးနဲ့ ကိုကြည်အောင်တို့ကို သူအဲဒီလို ရက်ရက်ရောရော ချီးကျူးခဲ့လို့ သူ့အပေါ် တချို့က မကြည်မလင် ဖြစ်ခဲ့ကြဖူးပါတယ်။ သရော်တာ၊ တိုက်ခိုက်တာတွေလည်း လုပ်ကြပါတယ်။ သူကဒါတွေကို ဘာမှမ တုန့်ပြန်ပါဘူး။ ဒီလိုနဲ့ သူရေးတာ မမှားကြောင်း သမိုင်းက သက်သေပြသွားလေတော့ ဒီကိစ္စဟာ မေ့မေ့ ပျောက်ပျောက်ဆိုတာ မျိုးပဲ ဖြစ်သွားခဲ့ပါတယ်။ နောက်သူ့ထူးခြားချက်တခုကတော့ လောဘနည်းတာပါ။ ဆေးလိပ်မသောက်၊ အရက်မသောက်တာလောက် မကပဲ စီးပွားရေးလုပ်ရင် သူများအပေါ်က အညွန့်ခူးသလိုဖြစ်မှာစိုးလို့ ဆိုပြီး ဘာစီးပွားရေးမှ မလုပ်ပါဘူး။ အစိုးရအလုပ်ကျတော့လည်း ဒီအစိုးရတွေကိုတော့ ဘယ်လိုမှအလုပ်အကျွေး မပြုဘူးဆိုပြီး သူက စဉ်းစားတောင် မစဉ်းစားပါဘူး။ (တကယ်တော့ သူကလုပ်ချင်တယ် ဆိုဦးတော့ ဟိုက အလုပ်ပေးမယ် မထင်ပါဘူး)။ သူမက်မောတာ၊ လိုချင်စိတ်ရှိတာဟာ စာအုပ်နဲ့ စာအုပ်ပါပဲ။ သူ့တသက်မှာတခါလို့ ပြောရလောက်အောင် စီးပွားရေးလုပ်ခဲ့တာက မန ္တလေးတက္ကသိုလ် နဲ့ မဝေးတဲ့ ဗောဓိကုန်းမြောက်ဖျားနားမှာ "အရှေ့လေ" ဆိုတဲ့ စာအုပ်အငှားဆိုင် ဖွင့်ခဲ့တာစပါပဲ။ ကြာကြာမခံ လိုက်ပါဘူး။ တနှစ်တောင် မခံလိုက်ဘူး ထင်ပါတယ်။ သူ့မှာရှိတဲ့ စာအုပ်ကောင်းလေးတွေ တချို့ဆုံးကုန်တာပဲ အဖတ်တင်ပါတယ်။&#13;
&#13;
ဒါပေမဲ့ သူ့မှာ ကံကောင်းတဲ့ အချက်တချက် ရှိခဲ့ပါတယ်။ အဲဒါကတော့ သားသမီးကိုးယောက်နဲ့ အိမ်ထောင်ကြီးတခုလုံးကို ကျွေးမွေးသုတ်သင်ပြီး ကလေးတွေကို လူလားမြောက်တဲ့အထိ ပညာသင် ပြုစုတဲ့ အလုပ်အားလုံးကို တာဝန်ယူကုန်းရုန်း လုပ်ပေးခဲ့တဲ့ သူ့မိခင်ကြီး ဒေါ်ထိုက်ထိုက်နဲ့ ချစ်ဇနီး ဒေါ်စိန်စိန်ရီတို့ရဲ့ ပါရမီဖြည့် ခြင်းပဲဖြစ်ပါတယ်။ သူကတော့ သူလုပ်ချင်ရာ၊ ဝါသနာပါရာကိုပဲ တသက်လုံး တစိုက်မတ်မတ် လုပ်သွားတယ်လို့ ဆိုနိုင်ပါတယ်။ သူက ဝင်ငွေသာမရှာတတ်တာ သုံးတော့သုံး တတ်ပါတယ်။ မကြာခဏ ဆိုသလို အမေနဲ့ ဇနီးဆီကငွေကို ဆွဲပြီး ချို့တဲ့တဲ့၊ လိုအပ်နေတဲ့ ရဲဘော်တွေ၊ အပေါင်းအသင်းတွေကို ပေးတာပါပဲ။&#13;
&#13;
ငယ်ရွယ်စဉ်တုန်းက ကျောင်းသားအရေး လုပ်ငန်းတွေထဲမှာ တဘဝလုံးနှစ်ပြီး လုပ်ပါတယ်။ သူဟာ ကျောင်းက အထုတ်ခံရပြီး ဘွဲ့မရခဲ့ပါဘူး၊ နောက်တော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်ကျော်ဇောတို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ပါတယ်။ နောက် အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်း တက်ကြွစွာ လှုပ်ရှားနေနိုင်တဲ့ ကာလတွေမှာ အသင်းလုပ်ငန်းတွေကို ကုလားထိုင်စီတာကနေ ပတ်စာခွာ ဖျာသိမ်းတဲ့အထိ လုပ်ပါတယ်။ ဒါ့အပြင် မြေအောက်လုပ်ငန်းတွေကိုလည်း သူတတ်နိုင်သလောက် ကူညီခဲ့ပါတယ်။ ဒါကြောင့် သူ့ဘဝမှာ သူ့ဖို့ဆိုလို့ စာဖတ်တာပဲ လုပ်တယ်လို့ ဆိုရမှာပါ။ သူ့ဘဝရဲ့ နောက်ဆုံးပိုင်း နားရောက်တော့ သူအားတက်သရော လုပ်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ တိ-နိ သာသနာ့ တက္ကသိုလ် လုပ်ငန်းတွေလည်း ပါပါတယ်။&#13;
&#13;
သူ့အမေက သူ့ကို မန ္တလေးက မလွန်ရပ်ထဲမှာ တိုက်ကလေးတလုံး ပေးထားပါတယ်။ အဲဒီတိုက်ကလေး ရဲ့ နောက်ပိုင်းမှာလည်း တိုက်ခန်းလေးတွေရှိပါတယ်။ အဲဒီတိုက်ခန်းလေးတွေထဲမှာ ကိုသာနိုးနဲ့ ကိုလေးမောင်၊ ကိုအောင်ငြိမ်းစတဲ့ ကျနော်တို့ရဲဘော်တွေ နေကြပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းတွေ၊ အစည်းအဝေး လေး တွေလည်း လုပ်ကြပါတယ်။&#13;
ကျနော့် တဦးချင်းအနေနဲ့ သူ့ကိုမမေ့နိုင်တဲ့ အချက်တချက်တွေထဲမှာ ကျနော် ထောင်ကထွက်လာတဲ့ အချိန်တုန်းက သူ့ရဲ့ကြိုဆိုမှုလည်း ပါဝင်ပါတယ်။ လူတွေဟာ ကိုယ်ထောင်ထဲမှာ အကြာကြီးနေပြီးနောက် ထွက်လာတဲ့အခါ ကိုယ့်အပေါ်ကို ဘယ်သူတွေက ဘယ်လိုဆက်ဆံတယ်၊ ပြောဆိုတယ်ဆိုတာကို အင်မတန် ဂရုစိုက် သတိထားတတ်ပါတယ်။ မှတ်လည်းမှတ်မိနေမိပါတယ်။ ကျနော့်ခေါင်းထဲမှာ ကျနော်ထောင်က လွတ်လာစတုန်းက လာတွေ့သူတွေ၊ ပြောဆိုကြတာတွေ၊ မျက်ရည်ကျကြတာတွေကို အခုအချိန်အထိ မနေ့တနေ့ ကလိုပဲ ကောင်းကောင်း မှတ်မိနေပါတယ်။&#13;
ဥပမာဆိုရင် ကျနော့် မိဖများနဲ့ အင်မတန်ရင်းတဲ့၊ ဗိုလ်အောင်ကြီးနဲ့ ပတ်သက်ပြီးအဖမ်းခံခဲ့ရတဲ့ ဂါးဒီးယန်း ဦးစိန်ဝင်းက ကျနော့်မိဘများဆီကို လာလည်ရင်း ကျနော့်ကို တမင်မေးပြီး တွေ့တဲ့အခါမှာ "အေး၊ မင်းနဲ့ ငါနဲ့ အယူအဆ ချင်းတော့မတူဘူးပေါ့ကွာ၊ ဒါပေမဲ့မင်း မူပေါ်မှာ ကြံ့ကြံ့ခိုင်ရပ်ခဲ့တာကိုတော့ ငါ အသိအမှတ် ပြုပါတယ်၊&#13;
&#13;
ကွန်ဂရက်ကျူလိတ်လုပ်ပါတယ်" လို့ ပြောခဲ့တာမျိုးပါ။ နောက်ပြီး တုန်တုန်ရီရီနဲ့ "ငါ့သားကြီးပြန်လာပြီ" လို့ပြောပြီး မျက်ရည်တွေ တပေါက်ပေါက်ကျရင်း ပြုံးကြည့်နေတဲ့ ကျောက်ဆည်ဒေါ်မြရီ ရဲ့ မျက်နှာ (သူ့သား ကိုစိုးသိန်းနဲ့ ကျနော်က တက္ကသိုလ်ကို အတူရောက်ကြတာပါ)။ မန ္တလေးက ချမ်းမြသာစည် လေယာဉ်ကွင်းမှာ လေယာဉ်ထဲက ထွက်လိုက်တယ်ဆိုတာနဲ့ တွေ့လိုက်ရတဲ့ အမေ့အဖေ ကျနော့် အဖိုးခေါင်းဆောင်ပြီး ကျနော်ကို လာကြိုနေကြတဲ့ ကျနော့်ဦးလေး၊ အဒေါ်နဲ့ ညီအစ်ကို မောင်နှစ်မ အရင်း၊ တဝမ်းကွဲတွေအပါ စုစုပေါင်းလူနှစ်ကျိပ် လောက်ရဲ့ မျက်နှာတွေ။&#13;
&#13;
အဲဒါတွေအပြင် တချို့ တိုးတိုးတိတ်တိတ် လာနှုတ်ဆက်ကြပုံတွေကလည်း စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒီလိုနဲ့ ကျနော်အိမ်ပြန်ရောက်ပြီး ၂ရက်၊ ၃ရက်အကြာမှာ ကျနော်တို့ အိမ်အနားက ကိုတင်ဝင်းက ကျနော့်ကို "ဖိုးသံချောင်း၊ မင်းဒီနေ့ည ငါ့အိမ်မှာလာ ထမင်းစားကွာ၊ မင်းကို ငါနဲ့ ကိုစောလွင်က ထမင်းကျွေးမလို့" လို့လာပြောပါတယ်။ အဲဒီတုန်းက မန ္တလေး အတိုက်အခံ နိုင်ငံရေးသမားများ လောကမှာ တင်ဝင်းနှစ်ယောက် ရှိပါတယ်။ ဒါကြောင့် အထက်မှာပြောခဲ့တဲ့ အခု ပန်းချီဆရာ၊ ဒါရိုက်တာ ကိုဝင်းဖေရဲ့ညီ၊ ဆရာကြီး ရွှေပြည်ဦးဘတင်ရဲ့သား ကိုတင်ဝင်းကိုတော့ "ဂလိစာစောင်" ထုတ်ခဲ့တာ အကြောင်း ပြုပြီး "ဂလိကိုတင်ဝင်း" လို့ခေါ်ပါတယ်။ အခုတော့ ကွယ်လွန်သွားရှာပါပြီ။ နောက်တဦးဖြစ်တဲ့ ကျနော့်ကို ကိုစောလွင်နဲ့အတူ ထမင်းစားဖိတ်တဲ့ ကိုတင်ဝင်းကိုတော့ သူဖွင့်ထားတဲ့ "နဂါးနီဒန်ရောင်တင်လုပ်ငန်း"ကို အကြောင်းပြုပြီး နဂါးနီကိုတင်ဝင်းလို့ ခေါ်ကြပါတယ်။ သူက ပြည်သူ့တိုးတက်ရေး ပါတီထဲမှာလုပ်ဖူးပါတယ်။&#13;
&#13;
၁၉၈ဝ ခုနှစ်မှာ ကျနော့် မိဘများအဖမ်းခံရတော့ သူရော ကိုစောလွင်ပါ အတူတူ အဖမ်းခံခဲ့ကြရပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ကျနော့်ထက် အသက်လည်းအတော်ကြီး၊ နိုင်ငံရေးဝါလည်း အများကြီးရင့်တဲ့ သူတွေမို့ အခုလိုတကူးတကန့် ထမင်းဖိတ်ကျွေးတာကို အခုပြန်စဉ်းစားရင်တောင် ကြည်နူးမိပါသေးတယ်။ ထမင်းစား ပြီးတော့မှ သူတို့က ကိုကိုးကျွန်းတိုက်ပွဲတွေအကြောင်း၊ ကိုလေးမောင်အကြောင်း၊ ဗန်းမော်တင်အောင်-မြသန်းတင့် အကြောင်း စသဖြင့် မေးတော့တာကိုး။&#13;
&#13;
မီးရောင်လေး မှိန်မှိန် အောက်မှာ ထမင်းဆီလေးတရစ်ရစ်နဲ့ ပြန်ပြောခဲ့တာကိုလည်း ကျနော်မှတ်မိနေ ပါသေးတယ်။&#13;
ကိုစောလွင်ကွယ်လွန်တဲ့သတင်းကို ကျနော်ကြားတာက ရှစ်လေးလုံးအရေးတော်ပုံကြီး အရှိန်ကောင်းနေချိန်၊ ဝနယ်၊ ပန်ဆန်းမှာ တာဝန်ထမ်းနေတုန်းမှာပါ။ ကျနော်တို့မှာ 'ဟာ' ကနဲဖြစ်သွားပြီး ဒီလို အချိန်မျိုးမှာမှ ဖြစ်ရဖြစ်ရပလေလို့ အောက်မေ့ပူဆွေးမိခဲ့ပါတယ်။ သူကွယ်လွန်တာက ၁၉၈၈ခုနှစ်၊ သြဂုတ်လ ၂ရက်နေ့မှာ ဖြစ်ပေမဲ့ ကျနော်တို့ဆီကို သတင်းရောက်တာက နောက်ကျပါတယ်။ သူက လူထုအုံကြွမှုကြီး ပေါက်ကွဲလုလု၊ အထွတ်အထိပ် ရောက်ကာနီးမှာ ဆုံးသွားရှာတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်က ၅၆နှစ်ပဲ ရှိပါသေးတယ်။ သူကွယ်လွန်ပုံကြောင့်လည်း ပိုပြီးနှမျောကြေကွဲမိပါတယ်။ သူက အိမ်သုံးရေအတွက် ရေစက် နှိုးရင်း မတော်တဆဖြစ် ကွယ်လွန်သွားတာဖြစ်ပါတယ်။&#13;
&#13;
အဲဒီနောက် ရှစ်လေးလုံး အရေးတော်ပုံကြီး အရှိန်ကောင်းနေတဲ့ ကာလအတွင်းမှာပဲ ကျနော်တို့ရဲ့ မြေအောက်လုပ်ငန်း ရဲဘော်တွေက ပို့ပေးလို့ မန ္တလေးက ရှစ်လေးလုံးဆင်နွှဲသူတွေရဲ့ တိပ်ခွေတွေရခဲ့ပါတယ်။ အဲဒါတွေကို ဖွင့်နားထောင်လိုက်တော့ ကိုစောလွင်ရဲ့ တိုက်ဖော်တိုက်ဖက်၊ ရင်းနှီးလှတဲ့ရဲဘော်ကြီးတွေဖြစ်တဲ့ ကဗျာဆရာကိုကြည်အောင်တို့၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ရဲ့ မိန့်ခွန်းပြောသံတွေ ကြားရပြီး "သြော်၊ သူသာရှိနေရင်" လို့ပဲ တွေးနေခဲ့မိပါတယ်။&#13;
တကယ်တော့ သူလိုလူမျိုးကို ပြည်သူလူထုက အမြဲလိုအပ်နေမှာပါ။&#13;
&#13;
ဖိုးသံ (လူထု)&#13;
၂၀၀၉ ခု မေလ မာယာအွန်လိုင်းမဂဇင်းမှာ ဖော်ပြထားတဲ့ ဖိုးသံ(လူထု) ရဲ့ ဆောင်းပါးကို fb မိတ်ဆွေတို့အတွက် ဖော်ပြပေးပါတယ်။&#13;
&#13;
Sunday, May 31, 2009</text>
          </elementText>
        </elementTextContainer>
      </element>
    </elementContainer>
  </itemType>
  <elementSetContainer>
    <elementSet elementSetId="1">
      <name>Dublin Core</name>
      <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
      <elementContainer>
        <element elementId="50">
          <name>Title</name>
          <description>A name given to the resource</description>
          <elementTextContainer>
            <elementText elementTextId="18282">
              <text>Ko Saw Lwin</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="49">
          <name>Subject</name>
          <description>The topic of the resource</description>
          <elementTextContainer>
            <elementText elementTextId="18283">
              <text>Activist</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="41">
          <name>Description</name>
          <description>An account of the resource</description>
          <elementTextContainer>
            <elementText elementTextId="18284">
              <text>ကိုစောလွင်</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="48">
          <name>Source</name>
          <description>A related resource from which the described resource is derived</description>
          <elementTextContainer>
            <elementText elementTextId="18285">
              <text>ရဲဘော်ဖိုးသံချောင်း, Yebaw Po Than Joung</text>
            </elementText>
            <elementText elementTextId="18293">
              <text>Ko Aung Myint Oo (Ludu)</text>
            </elementText>
          </elementTextContainer>
        </element>
      </elementContainer>
    </elementSet>
  </elementSetContainer>
  <tagContainer>
    <tag tagId="208">
      <name>Mandalay</name>
    </tag>
  </tagContainer>
</item>
