David Hla Myint
Person Item Type Metadata
Occupation
Biographical Text
ကော့မှူး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်ရန် UNDP ပါတီဥက္ကဌ ဒေးဗစ်လှမြင့်ကို တာဝန်ပေး (ယနေ့ခေတ် ဖေ့စ်ဘွတ်)
ရန်ကုန် ၊ ဩဂုတ် ၂
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)ဥက္ကဌ ဦးဒေးဗစ်လှမြင့်အနေဖြင့် လာမည့် ရွေး ကောက်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှ ဝင် ရောက်အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) မှ ဦးဒေးဗစ်လှမြင့်အား ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက်ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့က တာဝန် ပေး အပ်လိုက်ခြင်းဖြစ်ကြောင်း ဩဂုတ် ၂ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိထားသည့် နေရာဖြစ်သည်။
UNDP ပါတီဥက္ကဌ ဒေးဗစ်လှမြင့်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသူဖြစ်သည်။
၁၉၉၀ ရွေးကောက်ခံအမတ်များနှင့် ဦးဆောင် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီသည် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တိုင်းဒေသကြီးအားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ပါတီထွေထွေအတွင်းရေးမှူး နော်အုန်းလှအား ဝင်ရောက် ယှဉ်ပြိုင်ရန် တာဝန်ပေးအပ်ထားသည်။

Collection
Citation
“David Hla Myint,” MoeMaKa Online Library Archives, accessed October 9, 2025, https://moemaka.net/omeka2/items/show/2748.